သခင်၊ ကိုယ်တော်သည် မည်သူနည်း
(၁၆)နှစ်အရွယ်တွင် Luis Rodriguez (လူးဝစ်ရိုဒရီဂက်ဇ်)သည် မူးယစ်ဆေးရောင်းချမှုဖြင့် ထောင်ကျခဲ့သည်။ ယခုတစ်ဖန် လူသတ်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရပြီး အချုပ်ကျနေကာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ချမှတ်ခံရနိုင်သည်။ သို့သော် ဘုရားသခင်သည် အပြစ်ရှိသည်ဟု သူခံစားရသည့်အခြေအနေများ၌ စကားပြောခဲ့သည်။ သံတိုင်များနောက်တွင်၊ လူငယ်လူးဝစ်သည် ငယ်ရွယ်စဥ်က သူ့မိခင် သူ့ကို ဘုရားကျောင်းသို့ သစ္စာရှိရှိ ခေါ်ဆောင်သွားသည့်နှစ်များကို သတိရနေခဲ့သည်။ ယခု ဘုရားသခင်သည် သူ့နှလုံးသားကို ဆွဲငင်နေကြောင်း ခံစားရပြီး လူးဝစ်သည် နောက်ဆုံးတွင် သူ၏အပြစ်များကို နောင်တရလျက် သခင်ယေရှုထံ လာခဲ့သည်။
တမန်တော်ဝတ္ထုတွင်၊ ပေါလုဟုလည်းခေါ်သော ရှောလုအမည်ရှိသည့် စိတ်အားထက်သန်သော ဂျူးလူမျိုးတစ်ဦးကို တွေ့ရပါသည်။ သူသည် သခင်ယေရှုကို ယုံကြည်သူများအား ကိုယ်ထိလက်ရောက်ညှဥ်းဆဲပြီး သူ့စိတ်နှလုံး၌ သူတို့ကိုသတ်ချင်နေသည့် အပြစ်ရှိသူဖြစ်သည် (တ ၉:၁)။ သူသည် ဂိုဏ်းခေါင်းဆောင်ကဲ့သို့ဖြစ်ပြီး သတေဖန်ကို ကွပ်မျက်သည့်ဖြစ်စဥ်တွင် ဆူပူသောင်းကျန်းသောလူအုပ်တွင် သူအပါအဝင်ဖြစ်ကြောင်း သက်သေရှိသည်…
ဘဝ၏အဓိပ္ပာယ်
အာဂျင်တီးနား စာရေးဆရာ Jorge Luis Borges (ဂျော့လူးဝစ်ဘော့ဂျက်စ်)ရေးသားသည့် ဝတ္ထုတို တစ်ပုဒ်မှာ “သေမျိုးဖြစ်သောလူသားတို့အား သန့်စင်ပေးသည့် လျှို့ဝှက်သောမြစ်တစ်ခုမှရေ”ကို သောက်သုံးသည့် ရောမစစ်သား Marcus Rufus (မားကပ်စ်ရုဖတ်စ်) အကြောင်းကို ဖော်ပြထားသည်။ မသေဆုံးနိုင်ခြင်းသည် အလွန်ထူးခြား ကောင်းမွန်သည့်အရာမဟုတ်၊ အကန့်အသတ်မရှိသောဘဝသည် ထူးခြားမှုမရှိသည့်ဘဝသာဖြစ်ကြောင်း အချိန်ကြာလာသည့်နှင့်အမျှ မားကပ်စ် သဘောပေါက်လာသည်။ အမှန်စင်စစ် သေခြင်းတရားကိုယ်၌ကပင် ဘဝအသက်တာကို အဓိပ္ပာယ်ရှိစေသည်။ သန့်ရှင်းသည့်စမ်းရေဟူသည့်ဖြေဆေးကို မားကပ်စ်တွေ့ရှိခဲ့ပြီး၊ ထိုရေကို သောက်သုံးပြီးနောက် ဆူးတစ်ချောင်းဖြင့် သူ့လက်ကို သွေးစက်ပုံခြစ်လိုက်ရာ သူ၏သေမျိုး/အနိစ္စကို ပြန်လည်ရယူနိုင်ခဲ့သည်။
မားကပ်စ်ကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း တစ်ခါတစ်ရံ ဘဝအရည်အသွေး ကျဆင်းမှုနှင့် သေခြင်းတရားကြောင့် စိတ်ပျက်မိကြသည် (ဆာ ၈၈:၃)။ သေခြင်းတရားက ဘဝအသက်တာကို ထူးခြားစေကြောင်း ကျွန်ုပ်တို့သဘောတူကြသည်။ သို့ရာတွင် ထိုနေရာ၌ ဘဝဇာတ်လမ်းများ ခြားနားကြသည်။ မားကပ်စ်ကဲ့သို့ မဟုတ်ဘဲ ခရစ်တော်၏အသေခံခြင်းအားဖြင့် ဘဝအသက်တာ၏…
ဘုရားသခင်၏ချစ်ခြင်းမေတ္တာ
၁၉၁၇ ခုနှစ်တွင် ငွေကြေးအဆင်မပြေဖြစ်နေသော အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ လုပ်ငန်းရှင် Frederick Lehman (ဖရက်ဒရစ်လီမန်)သည် “ဘုရားသခင်၏ချစ်ခြင်းမေတ္တာ” ဟူသော ဓမ္မသီချင်းစာသားကို ရေးစပ်ခဲ့သည်။ သူသည် စျာန်ဝင်နေချိန်၌ ပထမနှစ်ပိုဒ်ကို မြန်မြန်ဆန်ဆန် ရေးနိုင်ခဲ့သော်လည်း တတိယအပိုဒ်ကို ရေးမရ ဖြစ်နေခဲ့သည်။ ထိုအခါ ယခင်နှစ်များက ရှာတွေ့ရှိခဲ့သော ထောင်နံရံ၌ ရေးထားသည့် ကဗျာတစ်ပုဒ်ကို သူပြန်သတိရမိသည်။ အကျဉ်းသားတစ်ဦးသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို နက်ရှိုင်းစွာ သိရှိနားလည်ကြောင်း ကျောက်နံရံပေါ်တွင် ရေးခြစ်ကဗျာဖွဲ့ခဲ့သည်။ ကဗျာစာသားက လီမန်၏ဓမ္မသီချင်းနှင့် ကိုက်ညီနေသဖြင့် ထိုကဗျာကို သီချင်း၏တတိယအပိုဒ်အဖြစ် ရေးလိုက်သည်။
လီမန် နှင့် ထောင်ထဲမှ ကဗျာဆရာကဲ့သို့ ကျွန်ုပ်တို့၌ ခက်ခဲဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံရသောအချိန်များ ရှိကြသည်။ ထိုသို့ စိတ်ပျက်အားငယ်ချိန်တွင် “(ဘုရားသခင်၏) အတောင်တော်အရိပ်၌ ခိုလှုံပါ၏” (ဆာ ၅၇:၁)ဟူ၍ ဆာလံဆရာဒါဝိဒ်၏စကားအတိုင်း ပြောနိုင်ပါသည်။ ကျွန်ုပ်တို့၏အခက်အခဲများကို ဘုရားသခင်ထံ “အော်ဟစ်နိုင်ပါသည်”…
ဘဝသက်တမ်း
၁၉၉၀ ခုနှစ်တွင် ပြင်သစ်သုတေသီများသည် Jeanne Calment (ဂျင်းခလ်မန့်)၏ အသက်ကို ကွန်ပြူတာနှင့်ခန့်မှန်းရာတွင် အချက်အလက်မှားယွင်းမှုနှင့် ကြုံခဲ့သည်။ သူမအသက်သည် ဆော့ဖ်ဝဲလ်ပရိုဂရမ်၏ ကန့်သတ်ချက်ထက်ကျော်လွန်ကာ (၁၁၅)နှစ် ဖြစ်နေသည်။ ပရိုဂရမ်ကိုရေးဆွဲသူများက မည်သူမှ ဤမျှကြာကြာ အသက်မရှင်နိုင်ဟု ယူဆခဲ့ကြသည်။ ဂျင်းသည် အသက် (၁၂၂) နှစ်အထိ အမှန်တကယ်ပင် အသက်ရှင်နေထိုင်သွားခဲ့သည်။
ဆာလံဆရာက “အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏” (ဆာ ၉၀:၁၀) ဟုရေးသားခဲ့သည်။ ၎င်းသည် ဂျင်းခလ်မန့်၏အသက်အရွယ်ထိပင် အသက်ရှည်စေကာမူ လောက၌ ကျွန်ုပ်တို့နေထိုင်ခွင့်ရသောအချိန် အကန့်အသတ်ရှိခြင်းကို ဥပမာပြတင်စားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝသက်တမ်းသည် အလုံးစုံကိုပိုင်သသော ချစ်မေတ္တာရှင် ဘုရားသခင်၏လက်တော်၌သာ ရှိသည် (:၅)။ ဝိညာဉ်ရေးနယ်ပယ်တွင် ဘုရားသခင်၏အချိန်မှာ “ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏”…
အချိန်မျိုးစေ့များ
၁၈၇၉ ခုနှစ်က William Beal (ဝီလီယမ်ဘီးလ်) ကိုကြည့်ပြီး သူ့ကိုစိတ်မနှံ့သူဟု လူတို့ထင်ကောင်းထင်ကြလိမ့်မည်။ ရုက္ခဗေဒပါမောက္ခက ပုလင်းအလုံး (၂၀) တွင် အစေ့မျိုးစုံထည့်ပြီး၊ မြေကြီးနက်နက်တွင် မြှုပ်နေသည်ကို လူတို့တွေ့မြင်ခဲ့သည်။ သက်တမ်းရာစုနှစ်များစွာ ရှင်သန်နိုင်မည့် မျိုးစေ့စမ်းသပ်မှုကို ဘီးလ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကို လူတို့မသိပါ။ အနှစ် (၂၀) ပြည့်တိုင်း ပုလင်းတစ်လုံးကို တူးယူပြီး မည်သည့်အစေ့များက အပင်ပေါက်မည်ကို ကြည့်သည်။
သခင်ယေရူသည် မျိုးစေ့စိုက်ခြင်းနှင့်ပတ်သက်သော အကြောင်းအရာများစွာကို ပြောဆိုခဲ့ပြီး မျိုးစေ့ကြဲခြင်းကို နှုတ်ကပတ်တော်ပြန့်ပွားခြင်းနှင့် နှိုင်းယှဉ်လေ့ရှိသည် (မာ ၄:၁၅)။ မျိုးစေ့အချို့သည် စာတန်၏လုယူခြင်းကို ခံရပြီး အချို့မှာ အခြေခံအုတ်မြစ်မရှိ၍ အမြစ်မစွဲ၊ အချို့မှာ ပတ်ဝန်းကျင်ကြောင့် အဟန့် အတားဖြစ်ပြီး အသီး မသီးနိုင်ဟု သခင်ယေရှု သွန်သင်ခဲ့သည် (:၁၅-၁၉)။ သတင်းကောင်းကို ကျွန်ုပ်တို့ကြဲဖြန့်သောအခါ မည်သည့်မျိုးစေ့ ရှင်သန်မည်က ကျွန်ုပ်တို့အပေါ်…
ခရီးသွားခြင်းကရုဏာ
အမေရိကန်ပြည်ထောင်စု အနောက်တောင်ဘက် အရီဇိုးနားပြည်နယ်ရှိ ဖုန်ထူသောမြို့ဖြစ်သည့် ‘Why’ (အဘယ့်ကြောင့်)မှ ခရီးစတင်သည်ဆိုကြပါစို့။ တောလမ်းခရီးကြမ်းကိုဖြတ်ပြီး တက္ကဆက် ပြည်နယ်ရှိ ‘Uncertain’ (မရေရာသော)မြို့သို့ ရောက်ရှိလိမ့်မည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ခရီးဆက်ပါက တဲနဆီပြည်နယ် ‘Dismal’ (စိတ်ပျက်စေသော)မြို့တွင် တစ်ထောက်နားရမည်။ နောက်ဆုံးတွင် ပန်းတိုင်လမ်းဆုံး ပင်ဆာဗေးနီးယားပြည်နယ် ‘Panic’ (ထိတ်လန့်စေသော)မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ၎င်းသည် အမေရိကရေမြေ၌ အမှန်တည်ရှိသည့်မြို့များဖြစ်ပြီး ထိုခရီးစဉ်ကိုသွားရန် သင့်အနေဖြင့် ရွေးချယ်မည် မဟုတ်ပါ။
တစ်ခါတစ်ရံ ဘဝခရီးက ထိုအတိုင်းပင်။ ဘဝလောကဓံ၏ ခက်ခဲမှုကို ကန္တာရတွင် ဣသရေလလူမျိုးတို့ရင်ဆိုင်ခဲ့ရသည့် ကြမ်းတမ်းသောဘဝနှင့် ကျွန်ုပ်တို့ အလွယ်တကူ ကိုယ်ချင်းစာနိုင်သည် (တရား ၂:၇)။ သို့ရာတွင် အခြားတူညီချက်များကိုရော မြင်ပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လမ်းမှ သွေဖယ်ကာ ကိုယ်ပိုင်လမ်းကို ဖန်တီးကြသည် (၁:၄၂-၄၃)။ လိုအပ်ချက်များ ဖြည့်ဆည်းပေးပုံနှင့်စပ်လျဥ်း ၍ ဣသရေလလူမျိုးတို့နည်းတူ မကြာခဏ…
ကောင်းသောအလုပ်
ဆယ်ကျော်သက် Charles Spurgeon (ချားလ်စ် စပါဂျင်) သည် ဘုရားသခင်နှင့်နပန်းလုံးခဲ့ရသည်။ အသင်းတော်၌ ဝတ်ပြုပါဝင်လျက် ကြီးပြင်းခဲ့သော်လည်း တရားဒေသနာများက သူ့အတွက် အဓိပ္ပာယ်မရှိ၊ အရေးမပါသောအရာများသာ ဖြစ်သည်။ သူ့အနေဖြင့် ဘုရားရှင်ကိုယုံကြည်ရန် ခက်ခဲနေပြီး သူ့စကားအရ သူသည် “တော်လှန်ပုန်ကန်” ခဲ့သည်။ ညတစ်ည၌ နှင်းမုန်တိုင်းထန်သဖြင့် (၁၆) နှစ်အရွယ် ချားလ်စ် မှာ မက်သဒစ်ဘုရားကျောင်းလေးတစ်ခု၌ သွားရောက်ခိုလှုံခဲ့သည်။ သင်းအုပ်ဆရာ၏ဒေသနာသည် သူတစ်ဦးတည်းအတွက် ရည်ညွှန်းနေသကဲ့သို့ ခံစားခဲ့ရသည်။ ထိုအခိုက်အတန့် နပန်းလုံးပွဲတွင် ဘုရားရှင်အနိုင်ရခဲ့ပြီး ချားလ်စ်သည်လည်း သူ့နှလုံးသားကို ယေရှုခရစ်တော်ထံ ပေးအပ်ခဲ့သည်။
ချားလ်စ် စပါဂျင်က “ခရစ်တော်နဲ့ ကျွန်ုပ်အစမပြုခင်မှာပဲ ခရစ်တော်က ကျွန်ုပ်နဲ့အစပြုခဲ့တယ်” ဟုရေးခဲ့သည်။ ကျွန်ုပ်တို့ ဘုရားရှင်နှင့်အတူလျှောက်လှမ်းမှု ဘဝသည် ကယ်တင်ခြင်းရသည့် အခိုက်အတန့်မှသာ အစပြုခြင်း မဟုတ်ပါ။ ဆာလံဆရာက “ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ…
အတူတကွ တည်ဆောက်ခြင်းဖြင့် အစေခံပါ
ကျေးလက် Amish (အားမစ်ရှ်)လူမျိုးတို့၏ယဉ်ကျေးမှုတွင် ကျီတစ်ခုတည်ဆောက်ခြင်းသည် လူအများ စုပေါင်းလုပ်ဆောင်သောအလုပ် ဖြစ်သည်။ လယ်သမားမိသားစု တစ်ခုအတွက် ကျီတစ်ခုတည်ဆောက်ရန် လနှင့်ချီကြာမြင့်နိုင်သော်လည်း အားမစ်ရှ်များအတွက်မူ အတူတကွလုပ်ဆောင်ခြင်းဖြင့် စောလျင်စွာ ပြီးမြောက်စေသည်။ သစ်များကို အချိန်မီစုထားပြီး ကိရိယာများကိုလည်း ကြိုတင်ပြင်ဆင်ထားသည်။ သတ်မှတ်ထားသည့်ရက်ရောက်သော် တစ်ရွာလုံး နံနက်စောစောစုဝေးကာ ကျီဆောက်ရန်အတွက် ကိုယ်စီတာဝန်များ ခွဲဝေယူကြပြီး ဝိုင်းဝန်းကူညီကြသည်။ တစ်ခါတစ်ရံ တစ်ရက်တည်းနှင့်ပင် အလုပ်ပြီးမြောက်တတ်သည်။
၎င်းသည် အသင်းတော်နှင့် အသင်းတော်ရှိ ကျွန်ုပ်တို့၏အခန်းကဏ္ဍအပေါ် ဘုရားသခင်ထားရှိသော အမြော်အမြင်ပင်ဖြစ်သည်။ သမ္မာကျမ်း၌ “သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီးအင်္ဂါတော်ဖြစ်ကြ၏” (၁ ကော ၁၂:၂၇) ဟုဖော်ပြထားသည်။ သခင်သည် ကျွန်ုပ်တို့အတွက် အစွမ်းအစများကို ကွဲပြားစွာ ပြင်ဆင်ပေးထားပြီး၊ ကိုယ်လက်အစိတ်ပိုင်း တစ်ခုစီသည် ခန္ဓာကိုယ်တွင် အံဝင်ခွင်ကျ ဖြစ်သကဲ့သို့ (ဧဖက် ၄:၁၆) မိမိကျွမ်းကျင်ရာလုပ်ဆောင်ရန် ကျွန်ုပ်တို့အား သင့်လျော်သည့်တာဝန်များကို ပေးအပ်ထားသည်။ “ထမ်းရွက်စရာဝန်ချင်းတို့ကို…