စာရေးသူ

အားလုံးမြင်နိုင်ရန်
Kirsten Holmberg

ခါစတန်ဟုမ်းဘာ့ဂျ်

ခါစတန်ဟုမ်းဘာ့ဂျ် (Kirsten Holmberg) သည် စာရေးဆရာ၊ ဟောပြောပို့ချသူနှင့် နည်းပြဆရာမ ဖြစ်ပြီး ပစိဖိတ် အနောက်တောင်အရပ်၌ နေထိုင်သည်။ သူမသည် Advent with the Word: Approaching Christmas Through the Inspired Language of God စာအုပ်နှင့် သမ္မာကျမ်းစာလေ့လာခြင်းစာစောင်များကို ရေးသားခဲ့သည်။ စီးပွားရေးအဖွဲ့အစည်းများ၊ အသင်းတော်များနှင့် ရပ်ကွက်အစီအစဥ်များတွင် ဟောပြောလေ့ရှိသူတစ်ဦးဖြစ်ပြီး သူမသည် အခြားသူများကို သခင်ယေရှုထံသို့ ခြေတစ်လှမ်းပိုနီးလာအောင် တိုးဝင်ချဥ်းကပ်ရန်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော် အားဖြင့် ကိုယ်တော်၏မေတ္တာတော်ကို ပိုသိနိုင်ရန် တိုက်တွန်းနှိုးဆော်သည်။ သူမ၏အကြောင်းကို www.kirstenholmberg.com သို့မဟုတ် Facebook၊ Twitter နှင့် Instagram (@kirholmberg) တို့တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ ခါစတန်ဟုမ်းဘာ့ဂျ်

ဘုရားသခင်၏လက်တော်ထဲတွင်

အသက် (၁၈) နှစ် ပြည့်သွားသော ကျွန်မသမီးလေး၏ဘဝတွင် ဘဝသစ်စတင်လာပါပြီ။ ယခု တရားဝင်အသက်ပြည့်ပြီဖြစ်၍ သူမသည် နောင်လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြီး အထက်တန်းကျောင်းပြီးလျှင် ဘဝကို စတင်တော့မည်ဖြစ်သည်။ လောကကြီးကို သူမဘာသာရင်ဆိုင်ရသည့်အခါ ငွေရေး ကြေးရေးစီမံရန်၊ ကမ္ဘာ့ရေးရာများကို နိုးနိုးကြားရှိရန်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်ချရန် စသည်တို့အတွက် လိုအပ်မည့်ဉာဏ်ပညာများကို သူ့အားမျှဝေရန် ကျွန်မနှင့်အတူ တစ်မိုးအောက်တည်း၌ သူရှိနေမည့် အဖိုးတန်အချိန်များစွာမရှိတော့ဟု ဤပြောင်းလဲမှုက ကျွန်မ၏စိတ်၌ အရေးတကြီးခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။

သမီးလေးက သူ့ဘဝကို ကိုင်တွယ်နိုင်ရန်အတွက် ပြင်ဆင်ပေးရမည့်ကျွန်မ၏တာဝန်ကို နားလည်နိုင်ပါသည်။ တကယ်တော့ ကျွန်မ သူမကို ချစ်ပြီး သူမကို တိုးတက်အောင်မြင်စေချင်သည်။ သို့သော် အရေးကြီးသည့်အခန်းကဏ္ဍ၌ ကျွန်မရှိနေသော်လည်း ၎င်းသည် ကျွန်မ၏တစ်ခုတည်းသော (သို့) အဓိကအလုပ်မဟုတ်မှန်း ကျွန်မသိသည်။ သခင်ယေရှုအကြောင်းကို သူသင်ပေးခဲ့၍ ယုံကြည်ခြင်း၌ သူ၏သားသမီးများသဖွယ်ဖြစ်သည့် သက်သာလောနိတ်မြို့သားများအား မိန့်ကြားသောစကားတွင် အချင်းချင်းကို…

ယုံကြည်ခြင်းမျိုးစေ့များ

လွန်ခဲ့သည့်နွေဦးကာလက ကျွန်မတို့၏မြက်ခင်းပြင်ကို မြေမဆွပေးမီ တစ်ညတွင် ပြင်းထန်သောလေမုန်တိုင်းကျရောက်ပြီး၊ လေတစ်ဝှေ့၌ မေပယ်ပင်မှ အစေ့များ ဖွားကနဲ လွင့်စင်ကျကုန်သည်။ ထို့နောက် ကျစ်လစ်သောမြေပြင်မှ မြေဆီလွှာကို မြေဆွစက်ဖြင့် ကုတ်လိုက်သည်အခါ ခြံဝင်းအတွင်း ရာနှင့်ချီသော မေပယ်စေ့များကို စိုက်ပြီးသားဖြစ်သွားသည်။ တိုတောင်းသော ရက်သတ္တပတ်နှစ်ပတ်အတွင်း ကျွန်မတို့၏ခြံဝင်းရှိ မြက်ခင်းပြင်သည် မေပယ်တောကြီး ဖြစ်သွားသည်။

နေရာမှား၍ ပေါက်နေသောအပင်အရွက်လေးများကို စိတ်ရှုပ်ရှုပ်ဖြင့် လေ့လာသုံးသပ်စဉ်၊ အပင်တစ်ပင်တည်းမှ အသစ်သော၊ များစွာသောအပင်များ လှိုင်လှိုင်ရှင်သန်ပွားများလာသည်ဟူသည့် အတွေးတစ်စ ကျွန်မ၏စိတ်ထဲ၌ဖြစ်ပေါ်လာသည်။ ထိုနမူနာပုံစံငယ် အပင်တစ်ပင်စီက လူသားတစ်ဦးမျှသာဖြစ်သည့် ကျွန်မသည် သခင်ခရစ်တော်၌ရှိသော အသစ်သောအသက်တာကို အခြားသူများနှင့် မျှဝေနိုင်သည့် သရုပ်သဏ္ဌာန်ကို မြင်စေပါသည်။ ကျွန်မတို့၏အသက်တာ လမ်းခရီးတွင် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းအကြောင်းကို ဖော်ပြရန် (၁ ပေ ၃:၁၅) ကျွန်မတို့ တစ်ဦးချင်းစီ၌ မရေတွက်နိုင်သည့် အခွင့်အရေးများစွာ ရှိပါသည်။

သခင်ယေရှုအား မျှော်လင့်လျက် “ဖြောင့်မတ်ခြင်းတရားကြောင့်…

ဖန်ဆင်းခြင်းကို ရှာဖွေတွေ့ရှိခြင်း

ဥရောပ-အာရှတိုင်းပြည်ဖြစ်သည့် ဂျော်ဂျီရာနိုင်ငံရှိ Krubera-Voronja (ခရူဘရာ ဗရော်န်ဂျာ) လှိုဏ်ဂူသည် ကမ္ဘာဂြိုဟ်တွင် လေ့လာတွေ့ရှိရသမျှသော အနက်ဆုံးဂူများထဲမှ ဂူတစ်ဂူဖြစ်သည်။ စူးစမ်းလေ့လာသူ အဖွဲ့တစ်ဖွဲ့သည် မှောင်မဲ၍ ကြောက်စရာကောင်းသော ကမ္ဘာမြေကြီးနက်နဲရာထဲသို့ ၂,၁၉၇ မီတာ (၇,၂၀၈ ပေ) မတ် စောက်၍ တိုးဝင်သွားသော ထိုလှိုဏ်ဂူကြီးကို ချင်းနင်းကရိယာစမ်းတံဖြင့် ထောက်စမ်းရှာဖွေကြသည်။ အလားတူ လှိုဏ်ဂူများ လေးရာခန့်ရှိပြီး၊ ထိုတိုင်းပြည်၏အခြားဒေသများနှင့် ကမ္ဘာတစ်ဝန်းတွင် အသီးသီးရှိကြသည်။ လှိုဏ်ဂူကြီးများစွာကို ထပ်မံလေ့လာတွေ့ရှိကြပြီး လှိုဏ်ဂူအနက်ပေသစ် စံချိန်များကိုလည်း ချမှတ်နိုင်ကြသည်။

ဖန်ဆင်းခြင်း၏အံ့ဩဖွယ်ရာများသည် စူးစမ်း၍ မကုန်နိုင်အောင်ရှိနေပြီး ကျွန်ုပ်တို့အသက်ရှင် နေထိုင်သော စကြဝဠာကြီးအပေါ် ကျွန်ုပ်တို့၏နားလည်မှုကို ထပ်လောင်းဖြည့်စွက်ပေးလျက်၊ ကမ္ဘာပေါ်ရှိ နှိုင်းယှဥ်ရာမဲ့ဖြစ်သော ဘုရားသခင်၏ လက်ရာတော်ဖြစ်သည့် ဖန်ဆင်းခြင်းအပေါ် အံ့ဩမှုကို ဖြစ်စေသည်။ ဘုရားသခင်သည် ကြီးမြတ်တော်မူခြင်းကြောင့် သူ့အား “ရွှင်လန်းစွာ သီချင်းဆိုကြရန်” နှင့် “ကြွေးကြော်ကြရန်” ဆာလံဆရာက ကျွန်ုပ်တို့အားလုံးကို…

နက်ရှိုင်းသော အနာရောဂါငြိမ်းခြင်း

၂၀၂၀ ခုနှစ် အီစတာတနင်္ဂနွေနေ့က ဘရာဇီးနိုင်ငံ၊ Rio de Janeiro (ရီယိုဒီဂျနေရို) မြို့တော်ကို အပေါ်စီးမှ ကြည့်နေသည့် ကျော်ကြားသော ‘Christ the Redeemer’ (ရွေးနှုတ်ကယ်တင်ရှင်ခရစ်တော်) ရုပ်တုကို သမားတော်တစ်ဦး၏ ဝတ်စားဆင်ယင်ပုံဖြင့် လျှပ်စစ်မီးဆင်ပေးခဲ့သည်။ ကိုရိုနာကပ်ရောဂါကို တိုက်ထုတ်နေသည့် ရှေ့တန်းမှကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ခရစ်တော်ကို ဆရာဝန်အဖြစ် ထိမိဆွတ်ပျံ့ဖွယ် ပုံဖော်ခြင်းဖြစ်သည်။ ထိုပုံရိပ်က သခင်ယေရှုကို ကျွန်ုပ်တို့၏ ကြီးမြတ်သောသမားတော်ကြီးအဖြစ် သရုပ်ဖော်ချက်ကို အသက်ဝင်စေသည် (မာ ၂:၁၇)။

သခင်ယေရှုသည် ကမ္ဘာမြေ၌ အမှုတော်ဆောင်စဉ်တွင် လူများစွာ၏ ရုပ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခများကို ကုသပေးခဲ့သည်။ လူအချို့ကို ဖော်ပြရလျှင် မျက်မမြင်ဗာတိမဲ (မာ ၁၀:၄၆-၅၂)၊ နူနာစွဲသောသူ (လု ၅:၁၂-၁၆)နှင့် လက်ခြေသေသောသူ (မ ၉:၁-၈) တို့ဖြစ်သည်။ ရိုးရှင်းသောအစာ တစ်နပ်စာကို ပွားများစေပြီး ဆာလောင်သူများကို ကျွေးမွေးထောက်ပံ့ခြင်းက သူ့နောက်သို့လိုက်သူများ၏…

ဂီတဆေးဝါး

(၅) နှစ်အရွယ် Bella (ဘယ်လာ)သည် အမေရိကန်နိုင်ငံ၊ ဒါကိုတာပြည်နယ်မြောက်ပိုင်း၌ ကင်ဆာရောဂါကြောင့် ဆေးရုံတက်နေရစဥ် ဆေးကုသမှု တစ်စိတ်တစ်ဒေသအဖြစ် ဂီတကုထုံးဖြင့် ကုသမှုခံယူခဲ့သည်။ လူများစွာတို့သည် တိတိကျကျနားမလည်သော်လည်း စိတ်ခံစားချက်အပေါ်၌ ဂီတ၏အင်အားကြီးမားသော အကျိုးသက်ရောက်မှုကို ကြုံတွေ့ခံစားခဲ့ကြရသည်။ သို့သော် မကြာမီကပင် သုတေသီများက တေးဂီတ၏ လက်တွေ့အကျိုးသက်ရောက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဘယ်လာကဲ့သို့ ကင်ဆာဝေဒနာသည်များ၊ (အကြောအားနည်း၍ ခြေလက်တုန်သည့်) ပါကင်ဆန်ရောဂါ၊ မှတ်ဉာဏ်အားနည်း၍ သတိမေ့ခြင်းနှင့် စိတ်ဒဏ်ရာရသူများအား ယခုအချိန်တွင် ဂီတကုထုံးကို အသုံးပြုလျက် ကုသပေးနေပါသည်။

ရှောလုမင်းသည် ဆိုးသောဝိညာဥ်၏နှောင့်ယှက်ညှဥ်းဆဲမှုကို ခံရသည့်အခါ ဂီတကုထုံးကို ရှာဖွေခဲ့သည်။ ရှောလုထံခစားသော ကျွန်တို့သည် သူ၌ငြိမ်သက်ခြင်း ကင်းမဲ့နေသည်ကိုတွေ့ပြီး “ငြိမ်သက်ချမ်းသာ” ရစေရန် မျှော်လင့်ချက်ဖြင့် သူ့အားစောင်းတီးပေးမည့်သူကို ရှာဖွေရန် အကြံပြုခဲ့သည် (၁ ရာ ၁၆:၁၆)။ ယေရှဲ၏ သား ဒါဝိဒ်ကို ခေါ်သွင်းလျက် ဒါဝိဒ်သည် သူ့စိတ်နှင့်တွေ့သောကြောင့်…

သင်၏နှလုံးကို ကာကွယ်စောင့်ရှောက်ပါ

ဟန်ဂေရီလူမျိုး သင်္ချာပညာရှင် Abraham Wald (အေဘရာဟမ်ဝဒ်)သည် ၁၉၃၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီးနောက် သူ၏ကျွမ်းကျင်မှုစွမ်းရည်များကို ဒုတိယကမ္ဘာစစ်တွင် အားဖြည့်အသုံးချခဲ့သည်။ တပ်မတော်သည် ရန်သူတိုက်ခိုက်မှုမှ လေယာဥ်ကိုကာကွယ်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိပြီး စစ်လေယာဥ်များအတွက် ပိုမိုကောင်းမွန်သော ကာကွယ်ရေးနည်းလမ်းများကို ရှာဖွေ‌ပေးရန် ဝဒ်နှင့့် အပေါင်းအပါများ၏ Statistical Research Group (စာရင်းအင်း အချက်အလက်များဆိုင်ရာ သုတေသနအဖွဲ့)ကို တောင်းဆိုခဲ့သည်။ သူတို့သည် တိုက်ခိုက်ရာမှ ပြန်ရောက်လာသောလေယာဥ်၏ ပျက်စီးမှုအများဆုံးအပိုင်းကို စတင်စစ်ဆေးကြသည်။လေယာဥ်၏ပျက်စီးမှုက လေယာဥ်၏မည်သည့်အပိုင်းသည် အပစ်ခံရပြီး မပျက်ကျဘဲ ပြန်ရောက်လာနိုင်သည့်အချက်ကို ပြသနေကြောင်း ဝဒ်၏ စူးရှထက်မြက်သည့် ထိုးထွင်းဉာဏ်က မှတ်ကျောက်တင်ဂုဏ်ပြုခံရသည်။ ထိခိုက်ပျက်စီးသောလေယာဥ်ပေါ်တွင် အပိုဆောင်းအကွယ်အကာ အလိုအပ်ဆုံးအပိုင်းကို ရှာဖွေတွေ့ရှိနိုင်ကြောင်း သူသဘောပေါက်ခဲ့သည်။ လေယာဥ်၏အကာအကွယ်အမဲ့ဆုံး အင်ဂျင်ပိုင်း အပစ်ခံရပါက လေယာဥ်ပျက်ကျသွားခြင်းကြောင့် စစ်ဆေး၍ မရနိုင်ပေ။

ကျွန်ုပ်တို့၏အားအနည်းဆုံး စိတ်နှလုံးကို ကာကွယ်ရန် ရှောလမုန်မင်းကြီးသွန်သင်ထားသည်။ “နှလုံးသည်…

အသိုက်အမြုံနေရာ

ပျံလွှားငှက်မျိုးနွယ်ဝင် Sand martins ငှက်များသည် မြစ်ကမ်းပါးတွင် မြေကြီးကိုတူးပြီး အသိုက်များပြုလုပ်ကြသည်။ အင်္ဂလန်နိုင်ငံ အရှေ့တောင်ဘက်တွင် အိမ်ယာတိုးချဲ့ဆောက်လုပ်ရေး စီမံကိန်းများကြောင့် နှစ်စဉ်ဆောင်းခိုငှက်များ ပြန်လည်ရောက်လာသည့်အခါ အသိုက်ပြုလုပ်ရန်နေရာ နည်းပါးသွားသည်။ ဒေသခံ သဘာဝတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ဝင်များက အလျင်အမြန်ပင် ထိုငှက်များ အိမ်ဆောက်နိုင်ရန် ကြီးမားသောသဲကမ်းပါးအတုများ တည်ဆောက်ပေးကြသည်။ သဲရုပ်တုတည်ဆောက်သည့် ကုမ္ပဏီတစ်ခု၏အကူအညီဖြင့် လာမည့်နှစ်များတွင် ထိုငှက်များအသိုက်လုပ်နေထိုင်နိုင်ရန် ‌နေရာကို တည်ဆောက်ကြသည်။

လှပသောထိုကြင်နာမှုလုပ်ရပ်သည် တပည့်တော်များအား နှစ်သိမ့်ပေးသည့် သခင်ယေရှု၏စကားများကို ထင်ထင်ရှားရှား သရုပ်ဖော်နေသည်။ ကိုယ်တော်က သူသည် တပည့်တော်များအား ထားခဲ့ပြီး၊ သူသွားမည့်အရပ်သို့ တပည့်တော်များ ယခုချက်ခြင်း သူနှင့်အတူ လိုက်၍မရကြောင်း (ယော ၁၃:၃၆) ပြောပြီးနောက် တပည့်တော်များ နေစရာအခန်းများကို ကောင်းကင်အိမ်တော်တွင် သွားရောက်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ကိုယ်တော်က သူတို့စိတ်ချအောင် မိန့်ကြားခဲ့သည် (၁၄:၂)။ သခင်ယေရှုက သူတို့ကို မကြာမီ ထားခဲ့တော့မည်ဟုပြောသောအခါ ရုတ်တရက်…

နှလုံးတစ်ပြိုင်တည်း ခုန်ကြခြင်း

ပုံပြင်များ၊ မှတ်တမ်းများသည် ကမ္ဘာဦးကတည်းက လူသားတို့၏အာရုံကို ဖမ်းစားနိုင်ခဲ့ကြသည်။ စာအရေးအသားမပေါ်မီကပင် ၎င်းတို့မှတစ်ဆင့် အသိပညာကိုလက်ဆင့်ကမ်းခဲ့ကြသည်။ “ဟိုးရှေးရှေးတုန်းက” ဖြင့် အစချီသောပုံပြင်များကို ကျွန်ုပ်တို့ကြားရသည့်အခါ၊ ဖတ်သည့်အခါ စိတ်ကြည်နူးသွားပြီး ချက်ချင်းစိတ်ဝင်စားသွားကြသည်။ ပုံပြင်ဇာတ်လမ်းများ၏အစွမ်းသည် သာယာပျော်ရွှင်မှုပေးနိုင်ရုံထက်ပိုပါသည်။ ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်ုပ်တို့အတူတကွ နားထောင်ကြသည့်အခါ ကျွန်ုပ်တို့၏နှလုံးများသည် တပြိုင်တည်း စည်းချက်ညီညီ ခုန်ကြပါ သည်။ ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်းတို့သည် တစ်ရက်တာအတွင်း အနှေးအမြန် ကွဲပြား၍ အခြားသူတစ်ဦးဦး၏နှလုံးခုန်နှုန်းနှင့် မတော်တဆတူနိုင်သော်လည်း ကျွန်ုပ်တို့သည် ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို အတူတကွ နားထောင်ကြသည့်အခါ ကျွန်ုပ်တို့၏နှလုံးခုန်နှုန်းများသည် စည်းချက်ညီညီ ခုန်ကြသည်။

ထာဝရဘုရား၏ဇာတ်လမ်းသည် “အစဦး၌” ဟူသောစကားလုံးများဖြင့် အစချီပါသည် (က ၁:၁)။ အာဒံနှင့်ဧဝတို့ကို ပထမဆုံး ဇီဝအသက်မှုတ်သွင်းချိန်မှစ၍ (:၂၇) ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏အသက်တာများ သာမက အထူးသဖြင့် ပို၍အရေးကြီးသည်မှာ သူ၏သားသမီးများအဖြစ် ရွေးချယ်ခံရသော ကျွန်ုပ်တို့၏အသက်တာများကို ပုံသွင်းရန် ပုံပြင်များကို ဖွင့်ပြကာ…

ဘွားဘွားဝေလငါး

သုတေသီများက “ဘွားဘွား”ဟု အမည်ပေးထားသည့် အော်ခါ အသားစားဝေလငါး တစ်ကောင်သည် သူ့“မြေးဝေလငါးလေး” ၏ဘဝ၌ သူ၏အခန်းကဏ္ဍ အရေးကြီးကြောင်းကို ကောင်းကောင်းသိရှိထားပုံပေါ်သည်။ ဝေလငါးငယ်၏မိခင်မှာ မကြာမီကမှ သေဆုံးသွားသည်။ အမိမဲ့ဝေလငါးလေးမှာ ကာကွယ်စောင့်ရှောက်မှုနှင့် အထောက်အပံ့ မပါဘဲ လှုပ်ရှားရှင်သန်ရန် အရွယ်မရောက်သေးပါ။ အသက် ၈၀ နီးပါး (သို့) ထိုထက်ကြီးမည် ဖြစ်လင့်ကစား ဘွားဘွားသည် မြေးလေး အသက်ရှင်သန်ရန်အတွက် သိသင့်သိထိုက်သည်များကို သင်ကြားပေးရန် အနီးကပ်လိုက်ပါလာသည်။ ဘွားဘွားသည် ငါးအချို့ကို သူကိုယ်တိုင်စားမည့်အစား ဝေလငါးငယ်လေးအတွက် စုစည်းပေးသည်။ ထိုသို့ဖြင့် အစာစားရမည်သာမက၊ မည်သည့်ငါးမျိုးစားရမည်၊ ၎င်းအသက်ရှင်ဖို့ ဆော်လမွန်ငါးကို မည်သည့်နေရာ၌ ဖမ်းယူစားသောက်ရမည် စသည်တို့ကိုပါ ဝေလငါးလေး သင်ယူသိသွားနိုင်သည်။

မိမိသိထားသမျှကို မျှဝေရ၍ ကျွန်ုပ်တို့လည်း ဂုဏ်ယူဝမ်းမြောက်ကြသည်။ ဘုရားသခင်၏ အံ့ဩဖွယ်လုပ်ဆောင်ချက်များနှင့် ကိုယ်တော်၏ဂုဏ်တော် သဘောတော်တို့ကို ကျွန်ုပ်တို့၏နောက်မျိုးဆက်များအား ဝေမျှ‌ပြောပြနိုင်ပါသည်။ “နောက်ဖြစ်လတ္တံ့သောသူအ‌ပေါင်းတို့အား (ကိုယ်တော်၏)တန်ခိုးတော်ကို” ကြားပြောခွင့်ပြုရန်…

နှစ်ခုလုံး မှန်ပါသည်

ဆယ်စုနှစ်သုံးစုကြာပြီးနောက် Feng Lulu (ဖန်လုလု)သည် မွေးမိဘများနှင့် ပြန်လည် ဆုံစည်းခဲ့သည်။ လမ်းလျှောက်တတ်စအရွယ်တွင် အိမ်အပြင်၌ကစားနေစဥ် ပြန်ပေးဆွဲခံရသော်လည်း ‘All-China’ တရုတ်အမျိုးသမီးများအဖွဲ့ချုပ်၏ ကူညီမှုဖြင့် နောက်ဆုံးတွင် သူမရှိသည့်နေရာကို ခြေရာခံနိုင်ခဲ့သည်။ ပြန်ပေးဆွဲခံရစဉ်က အလွန်ငယ်သောကြောင့် လုလုသည် အဖြစ်မှန်ကို မမှတ်မိပါ။ မိဘများက မကျွေး မွေးနိုင်၍ သူ့ကိုရောင်းစားသည်ဟု ယုံကြည်ပြီး ကြီးပြင်းလာခဲ့ခြင်းကြောင့် အမှန်တရားကိုသိရသောအခါ မေးခွန်းများစွာ၊ ခံစားချက်ပေါင်းများစွာ ခံစားခဲ့ရသည်။

ယောသပ်သည် အစ်ကိုများနှင့်ပြန်လည်ဆုံတွေ့သောအခါ ရှုပ်ထွေးမှုကို ခံစားခဲ့ရဟန်ရှိသည်။ လူငယ်ဘဝတွင် အစ်ကိုများက သူ့ကို အဲဂုတ္တုပြည်သို့ ကျွန်အဖြစ် ရောင်းစားခဲ့သည်။ နာကျင်စရာအလှည့်အပြောင်းများ ဆက်တိုက်ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်သည် ယောသပ်အား အာဏာတန်ခိုးရှိသော ရာထူးသို့ ပို့ဆောင်ခဲ့သည်။ ငတ်မွတ်ခေါင်းပါးသောကာလတွင် အစ်ကိုများ အဲဂုတ္တုပြည်သို့ ရိက္ခာဝယ်ရန် ရောက်လာသောအခါ မရည်ရွယ်ဘဲ သူ့ထံမှ ဝယ်ယူခဲ့ကြရသည်။

သူတို့ပြစ်မှားခဲ့သောအရာမှ ဘုရားသခင်ရွေးနုတ်ကြောင်း ယောသပ်သိရှိခြင်းကြောင့် “ကြီးစွာသောကယ်တင်ခြင်းအားဖြင့်…