စာရေးသူ

အားလုံးမြင်နိုင်ရန်
Lawrence Darmani

လောရင့်ဒါမနီ

လောရင့်ဒါမနီ သည် ဂါနန် လူမျိုး ၀တ္တုရေးဆရာဖြစ်သည်။ သူပထမဆုံးရေးသားသည့် Grief Child စာအုပ်မှာ အာဖရိကနိုင်ငံမှ ပထမဆုံးသော အကောင်းဆုံး ၀တ္တုအဖြစ် Commonwealth Writers' - ဓနသဟာရအဖွဲ့စာရေးဆရာဆုကို ဆွတ်ခူးရရှိခဲ့သည်။ သူသည် Step မဂ္ဂဇင်း၏ အယ်ဒီတာ၊ Step ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးအဖွဲ့၏ အမှုဆောင်အရာရှိချုပ် လည်း ဖြစ်သည်။ ဆရာတို့ မိသားစုသည် Accar မြို့၌ နေထိုင် ကြသည်။

စာမူ/ အကြောင်းအရာ များ လောရင့်ဒါမနီ

မိတ်ဆွေတို့၏အမှတ်သင်္ကေတများ

ကျွန်တော်ငယ်ငယ်က ဂါနာနိုင်ငံ၌ ကြီးပြင်းလာစဉ် လူအုပ်ကြားတွင် အဖေ့လက်ကို ကိုင်ပြီး လျှောက်လည်ရသည်ကို ကြည်နူးမိသည်။ သူသည် ကျွန်တော့်အဖေလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သည်။ ကျွန်တော်တို့၏ ယဉ်ကျေးမှုအရ တစ်ဦးနှင့်တစ်ဦး လက်ဆုပ်ကိုင်ခြင်းသည် မိတ်ဆွေအစစ်အမှန်ဖြစ်ကြောင်း အမှတ်သညာဖြစ်သည်။ အတူတစ်ကွ လမ်းလျှောက်စဉ် အကြောင်းချင်းရာမျိုးစုံကို ပြောကြဆိုကြသည်။ ကျွန်တော်တစ်ယောက်ထဲ အထီးကျန် ဖြစ်တိုင်း နှစ်သိမ့်မှုကို အဖေထံမှ ရရှိသည်။ ကျွန်ုပ်တို့၏ အဖော်ဖွဲ့ခြင်းကို ကျွန်တော် အလွန်တန်ဖိုးထားသည်။

သခင်ယေရှုက သူ၏နောက်တော်လိုက်များအား “မိတ်ဆွေများ” ဟု ခေါ်ပြီး မိတ်ဆွေဖြစ်ခြင်း အမှတ်သညာ များကို ဖော်ပြသည်။ “ခမည်းတော်သည် ငါ့ကို ချစ်တော်မူ သကဲ့သို့ ငါသည် သင်တို့ကိုချစ်၏” ဟု ကိုယ်တော်မိန့်မြွက်သည် (ယော ၁၅း၉)။ မိတ်ဆွေတို့အတွက် သူ၏အသက်ကို စွန့်သည် (း၁၃)။ ကိုယ်တော်က သူ့အဆွေတို့အား ကောင်းကင်နိုင်ငံအတွက် လုပ်ဆောင်သည့်အရာများကိုပြသည် (း၁၅)။ ဘုရားသခင်…

အလင်းထဲ၌ လျှောက်လှမ်းခြင်း

မိုးတိမ်ကြောင့် လမင်းကွယ်ပျောက်သွားသည့်အခါ ကျွန်ုပ်တို့၏ရွာလေးအပေါ်သို့ အမှောင်ထု ကျရောက်လေတော့သည်။ ကောင်းကင်တွင် လျှပ်စီးများလက်ကာ မိုးမုန်တိုင်းကျပြီး မိုးချုန်းလေတော့သည်။ ငယ်စဉ်ကလေးဘဝက ထိုအခြင်းအရာသည် ကြီးမား၍ကြောက်စရာကောင်းသော အကောင်တစ်ကောင်က ကျွန်တော့်အပေါ် ခုန်အုပ်သကဲ့သို့ခံစားရပြီး ကြောက်လန့်၍ အိပ်မရတော့ပါ။ သို့ရာတွင် နံနက်မိုးသောက်နေထွက်ချိန်တွင် ထိုအသံများ ပျောက်ပြီး ငြိမ်သက်အေးချမ်းသွားသည်။ နေရောင်ခြည် အောက်တွင် ငှက်ကလေးများ ချိုသာစွာ ကျူးအေးကြသည်။ ကြောက်မက်ဖွယ် အမှောင်ထုလွှမ်းသောညနှင့်သာယာသော နေ့အလင်း၏ ခြားနားမှုက အလွန်သိသာကွာခြားပါသည်။

ဟေဗြဲကျမ်းကို ရေးသားသူက သိနာတောင်ပေါ်တွင် ဣသရေလလူတို့ မဲမှောင်နေသောမုန်တိုင်းနှင့်တွေ့ပြီး ကြောက်ရွံ့ခဲ့ရသည့် အတွေ့အကြုံကို (ထွက် ၂၀း၁၈-၁၉) ပြန်လည်ဖော်ထုတ် ရေးသားခဲ့သည်။ သူတို့အား ပညတ်တော်ကိုပေးခြင်းဖြစ်သော်လည်း ဘုရားသခင်၏ မျက်မှောက်တော်သည် တစ်ခဲနက်သောအမှောင်ထုနှင့် ကြောက်စရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အပြစ်နှင့်ပြည့်သော ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ စံချိန်စံညွှန်းနှင့် မီအောင် အသက်မရှင်နိုင်။ သူတို့၏အပြစ်က သူတို့အား အမှောင်ထုတွင်…

မှန်များနှင့် ကြားနာသူများ

ယူဂန်ဒါနိုင်ငံ၊ ကမ်ပလာမြို့ရှိ ဟိုတယ်မှ အလုပ်ရုံဆွေးနွေးပွဲသို့သွားရန် ကျွန်ုပ်ထွက်လာ သောအခါ လာကြိုသည့် မိတ်ဆွေက ကျွန်ုပ်ကိုကြည့်ပြီး သဘောကျစွာ ရယ်နေသဖြင့် ‘‘ဘာရယ်တာလဲ’’ဟု ကျွန်တော်မေးလိုက်သည်။ သူက ရယ်ရင်းမှ ‘‘ရှင်ခေါင်းမဖြီးခဲ့ ဘူးလား’’ဟု မေးလိုက်သည်။ ယခုတော့ ကျွန်တော်ရယ်ရမည့် အလှည့်ပင်။ ခေါင်းဖြီးရန် ကျွန်တော် တကယ်မေ့သွားသည်။ ကျွန်တော် ကိုယ့်ကိုယ်ကိုမှန်တွင်ကြည့်ခဲ့သည်။ သို့သော် ကျွန်တော်မြင်သည့်အရာကို အဘယ်ကြောင့် အမှတ်တမဲ့ ဖြစ်သွားရသနည်း။

ရှင်ယာကုပ်သည်လည်း အလားတူ လက်တွေ့ ကျသည့် အချက်ကို အခြေခံပြီး သမ္မာကျမ်းစာ လေ့လာမှုကို ပိုပြီးအကျိုးဖြစ်ထွန်းစေရေး အသုံးဝင်သောရှုထောင့်ကို ပြခဲ့သည်။ ဆံပင်ဖြီးရမလား၊ မျက်နှာသစ်ရမလား၊ ကြယ်သီး တပ်တာမှန်ရဲ့လား စသည်ဖြင့် မိမိ၏လိုအပ်ချက်ကို ပြုပြင်နိုင်ရန် ကျွန်တော်တို့ မှန်ကြည့်ကြသည်။ မှန်ချပ်ပမာ သမ္မာကျမ်းစာသည်လည်း ကျွန်ုပ်တို့၏အကျင့်စရိုက်၊ စိတ်သဘောထား၊ အတွေးအခေါ်၊ အမူအကျင့်တို့ကို စစ်ဆေးရန် ကူညီပေးသည် (ယာ…

အထီးကျန် ခရစ်စမတ်

ဂါနာနိုင်ငံမြောက်ပိုင်း စာကိုဂူဒေသရှိ အဖိုး၏အိမ်၌ ဖြတ်သန်းခဲ့ရသည့် ခရစ်စမတ်မှာ အထီးကျန်ဆုံးခရစ်စမတ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် အသက် ၁၅ နှစ် အရွယ်သာရှိပြီး မိဘမောင်နှမများက အဝေးတစ်နေရာ၌ ရှိနေခဲ့သည်။ ယခင်ရွာမှ သူငယ်ချင်းများနှင့် ခရစ်စမတ်ပွဲနွဲခဲ့စဉ်က အစီအစဉ်များမှာ အံ့မခမ်းဖြစ်ပြီး အမှတ်ရစရာ များသည်။ ယခုခရစ်စမတ်မှာမူ တိတ်ဆိတ်လျက် အထီးကျန်နေသည်။ ခရစ်စမတ်နံနက်ခင်းစောစောအချိန်၌ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းရင်း ‘‘နှစ်ကုန်တော့မည်၊ ခရစ်စမတ်ချိန်ခါ ရောက်ခဲ့ပြီ၊ ဘုရားသားတော်ဖွားမြင်ပြီ၊ လူတိုင်း ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိစေ’’ ဟူသည့် သီချင်းလေးကို သတိရပြီး ဆွေးဆွေးမြေ့မြေ့ဖြင့် ထပ်တလဲလဲ သီဆိုမိတော့သည်။

ထိုစဉ် အဖွားဝင်လာပြီး ‘‘ဘာသီချင်းဆိုနေတာလဲ’’ ဟုမေးသည်။ ကျွန်တော်၏ အဖိုးအဖွားများက ခရစ်စမတ်ကို မသိ၊ ခရစ်တော်အကြောင်းလည်း မသိပါ။ သို့နှင့် ကျွန်တော် သိသမျှ ခရစ်စမတ်အကြောင်းကို သူတို့အား ပြောပြခဲ့သည်။ ထိုအချိန် အခိုက်အတန့်လေးက အထီးကျန်မှုကို…

ဘုရားသခင်၏တည်ရှိခြင်း

စိတ်ပူပန်နေသည့် သားအဖနှစ်ဦးသည် စိတ်တန်ခိုးရှင်ဆရာ၏ ရှေ့၌ ရောက်ရှိနေသည်။ ဆရာက ‘‘ခင်ဗျားသားက ဘယ်လောက်ဝေးတဲ့ ခရီးကို သွားမှာလဲ’’ ဟု မေးရာ၊ ဖခင်က မြို့တော်ကြီးဆီကိုပါ ဆရာ။ ပြီးတော့ သူက မြို့မှာ အတော်ကြာဦးမှာ’’ ဟု ဖြေသည်။ ဆရာက ဖခင်ထံသို့ လက်ဖွဲ့တစ်ခုကို ကမ်းပေးလိုက်ပြီး ‘‘ဒီအဆောင်က ခင်ဗျားသား သွားလေရာရာမှာ သူ့ကို ကွယ်ကာပေးလိမ့်မည်’’ ဟု ဆိုသည်။

ထိုဆယ်ကျော်သက်သားငယ်မှာ ကျွန်ုပ်ပင် ဖြစ်သည်။ သို့သော် ထိုဆရာနှင့်သူ၏လက်ဖွဲ့က ကျွန်ုပ်အတွက် ဘာမှ အထောက်အကူ မပြုပါ။ မြို့ကြီးသို့ ရောက်ရှိပြီးနောက် ကျွန်ုပ်သည် သခင်ယေရှုကို လက်ခံယုံကြည်ခဲ့ပြီး၊ ထိုလက်ဖွဲ့ကို လွှင့်ပစ်ကာ ခရစ်တော်၌ အမှီပြု တည်နေခဲ့သည်။ အသက်တာ၌ သခင်ယေရှုကို ရရှိခြင်းက ဘုရားသခင်၏ တည်ရှိခြင်းကို အာမခံသည်။

အနှစ် ၃၀ ကျော်လွန်ခဲ့ပြီးနောက်…

စကားလုံးထက်သာလွန်သော

အာဖရိကန်ဘာသာဖြင့် သမ္မာကျမ်းစာကို ဘာသာပြန်ပြီး ဆက်ကပ်အပ်နှံသည့် အခမ်းအနားတွင် ဒေသခံနယ်မြေအကြီးအကဲက သူ၏ကိုယ်ပိုင်ကျမ်းစာအုပ်လေးဖြင့် တက်ရောက်ခဲ့သည်။ တန်ဖိုးထားမြတ်နိုးစွာဖြင့် သူသည် ကျမ်းစာအုပ်ကို လေထဲ မြောက်ကာ “အခု ဘုရားသခင်ဟာ ငါတို့ဘာသာစကားကို နားလည်ကြောင်း ငါတို့သိပြီ။ ငါတို့ရဲ့ မိခင်ဘာသာစကားနဲ့ ကျမ်းစာတော်မြတ်ကို ဖတ်လို့ ရပြီ” လို့ ကြွေးကြော်ပြောဆိုသည်။

မည်သည့်ဘာသာစကားဖြစ်စေ ကောင်းကင်ဘုံရှင် အဘ နားလည်ပါသည်။ သို့သော် တစ်ခါတစ်ရံ မိမိ၏ အတွင်းနှလုံးသား ခံစားမှုများကို ဖော်ပြရန် ခက်ခဲလှသည်ဟုထင်မိတတ်သည်။ တမန်တော်ကြီး ရှင်ပေါလုက မည်သို့ပင် ခံစားနေရလင့်ကစား ဆုတောင်းကြရန် တိုက်တွန်းအားပေး သည်။ ရှင်ပေါလုက လောက၏ဝေဒနာနှင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်နာကျင်မှုများ အကြောင်းကို “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏” (ရောမ ၈း၂၂) ဟုဆိုကာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုယ်စား…

တံတားများတည်ဆောက်ခြင်း

ကျွန်ုပ်တို့၏အိမ်နီးနားချင်းဝန်းကျင်၌ မြင့်မားသော ကွန်ကရစ်နံရံကြီးများက ဝန်းရံ ထားပြီး အပေါ်၌ လျှပ်စစ်ဆူးကြိုးများ တပ်ဆင်ထားသည်။ ရည်ရွယ်ချက်မှာ သူခိုး ဓားပြအန္တရာယ်ကို ကာကွယ်ရန် ဖြစ်သည်။

ရပ်ကွက်ထဲ၌ မကြာခဏဆိုသလို လျှပ်စစ်မီးချို့ယွင်းပြတ်တောက်ခြင်းကလည်း ပြဿနာတစ်ခု ဖြစ်သည်။ မီးပြတ်ပါက ထိုခြံရှေ့ တံခါးခေါင်းလောင်းက ဘာမှ အသုံးမဝင်တော့ပါ။ မီးပြတ်သောအချိန်တွင် ထိုနံရံကြောင့် ဧည့်သည်များမှာ ခြစ်ခြစ်တောက် ပူနေသည့်နေဒဏ် (သို့) မိုးသည်းဒဏ်ကို ခံရတော့သည်။ သို့သော် ခေါင်းလောင်းလေး မပျက်ဘဲ ကောင်းနေ ချိန်တွင် ဧည့်သည်များသည် သူတို့ မည်သူမည်ဝါ ဖြစ်သည် အပေါ်မူတည်ပြီးမှ ခြံထဲဝင်ခွင့်ရပြန်သည်။ ခြံခတ် နံရံကာထားခြင်းသည် ရည်ရွယ်ချက်ကောင်းသော်လည်း ဝင်ရောက်လာမည့်သူသည် ကျူးကျော်နှောင့်ယှက်သူ မဟုတ်ဘဲ ဧည့်သည်ဖြစ်နေပါက ထိုနံရံများက ခွဲခြားသော တံတိုင်းတစ်ခု ဖြစ်လာတော့သည်။

ရေတွင်းအနီး၌ သခင်ယေရှုနှင့် တွေ့ခဲ့သော ရှမာရိ အမျိုးသမီးတွင်လည်း အလားတူ ခွဲခြားခံရသည့်ပြဿနာ…

ကိုယ်တော် သိသည်

မိုင် ၁၀၀ ခရီးဝေးသည့် ကျွန်တော့်ရွာလေးသို့ ညဘက်ကားမောင်းလာစဉ် ကျွန်တော့် အခြေအနေကို ဘုရားသခင် သိပါသလား။ လက်ရှိ ကျွန်တော်အခြေအနေနှင့်ဆိုလျှင် အဖြေက မရိုးရှင်းပါ။ ကျွန်တော်ကိုယ်အပူချိန်တက်လာပြီး ခေါင်းကိုက်နေသည်။ ‘‘ကိုယ်တော်၊ ကျွန်တော်နှင့်အတူ ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်နေမကောင်းဘူး။ ကိုက်ခဲနေတယ်’’ ဟု ဆုတောင်း လိုက်သည်။

ထို့နောက် အားနည်းပြီးပင်ပန်းလာသဖြင့် ရွာလေးတစ်ရွာအနီး လမ်းဘေးတွင် ကျွန်တော် ကားရပ်လိုက်သည်။ ဆယ်မိနစ်ခန့်အကြာတွင် ‘‘အကူအညီ လိုပါသလား’’ ဟူသည့် အသံကို ကြားလိုက်ရသည်။ ထိုရွာမှ လူတစ်ယောက်နှင့် သူ၏အပေါင်းအပါများ ဖြစ်သည်။ သူတို့ရှိနေခြင်းမှာ ကောင်းသည်။ သူတို့ရွာနာမည်ကို ပြောပြသောအခါ ကျွန်တော် အံ့သြသွားသည်။ ရွာနာမည်၏အဓိပ္ပာယ်မှာ “ဘုရင်မင်းမြတ် ကျွန်ုပ်ကို သိသည်”။ ထိုရွာကို ကျွန်တော် အခေါက်ပေါင်းများစွာ ဖြတ်သွားဖူးခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ဘုရားသခင်သည် သူ့နာမတော်ကိုသုံးပြီး တစ်လမ်းလုံးဖျားနေသောကျွန်တော်နှင့် အတူရှိကြောင်း…

လွတ်မြောက်ပြီ

ငယ်စဉ် ကျေးလက်ဒေသ၌ နေထိုင်ခဲ့စဉ်က ကြက်ပေါက်လေးများနှင့် ပတ်သက်၍ ကျွန်ုပ် စိတ်ဝင်စားစွဲလန်းခဲ့သည်။ ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းမိတိုင်း မြေပေါ်၌ချပြီး လက်ထဲ၌ ခေတ္တမျှ ကိုင်ထားပြီး အသာလေးလွတ်လိုက်သည်။ ၎င်းကို ကိုင်ထားဆဲဟု ထင်ကာ ကြက်ပေါက်လေးက ဝပ်နေဆဲဖြစ်သည်။ ကြက်ကလေးထွက်ပြေးနိုင်အောင် လွှတ်ပေးလိုက်သော်လည်း ၎င်းက အချုပ်ခံရဆဲဟု ခံစားနေ ရရှာသည်။

သခင်ယေရှုကို ယုံကြည်လက်ခံသောအခါ ကိုယ်တော်က ကျွန်ုပ်တို့ကို အပြစ်တရားနှင့် စာတန်၏ ချုပ်ကိုင်မှုမှ ကြွယ်ဝသော ကျေးဇူးတော်ဖြင့် ကယ်လွှတ် ခဲ့သည်။ သို့သော် ကျွန်ုပ်တို့၏ မကောင်းမှုအကျင့်နှင့် စိတ်ထားများကို ပြောင်းလဲရန် အချိန်ယူရမည်ဖြစ်သော ကြောင့် စာတန်သည် ကျွန်ုပ်တို့ကို အချုပ်ခံရဆဲဟုခံစား ရအောင် လုပ်နိုင်သည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်က ကျွန်ုပ်တို့ကို လွတ်မြောက်စေခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်တို့ကို ကျွန်ပြုမထားပါ။ ရောမမြို့သားတို့အား ရှင်ပေါလုက ‘‘ဘုရားသခင် ကယ်လွတ်တော်မူသောကြောင့် ယေရှုခရစ်၌…

ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ချီးမွမ်းခြင်း

သမ္မာကျမ်းစာလေ့လာသောအဖွဲ့မှ တစ်ယောက်က ‘‘ကိုယ်ပိုင်ဆာလံသီချင်း ရေးစပ်ကြ ရအောင်’’ ဟု အစပြုလိုက်သည်။ အစပိုင်းတွင် အချို့က မရေးတတ်ဟုဆိုပြီး ငြင်းကြ သော်လည်း အချင်းချင်းကို အားပေးရင်းနှင့် အဖွဲ့သားတိုင်းသည် သူတို့အသက်တာ၌ ဘုရားရှင်ပြုပေးသော အရာများကို ဖော်ကျူးလျက် ချီးမွမ်းသီချင်းများကို သီကုံးရေးသား ပါတော့သည်။ စုံစမ်းစစ်ကြောမှုကို အောင်နိုင်ခြင်း၊   ကိုယ်တော်၏ကာကွယ်မှု၊ ကိုယ်တော်၏မစထောက်ပံ့မှု၊ နာကျင်စရာများနှင့်မျက်ရည်များစသည်ဖြင့် စိတ်လှုပ်ရှားဖွယ်ကျွန်ုပ်တို့၏ဆာလံသီချင်းအမျိုးမျိုးက တည်မြဲသော ကိုယ်တော်၏ သတင်းစကားကို ဆောင်ယူလာသည်။

စာအားဖြင့်ဖြစ်စေ၊ သီချင်းအားဖြင့်ဖြစ်စေ၊ စကား အားဖြင့်ဖြစ်စေ ကျွန်ုပ်တို့၌ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် ဇာတ်လမ်းများစွာ ရှိပါသည်။ သူ့လူမျိုးများကို တစ်ကျွန်းတစ်နိုင်ငံကျွန်ဘ၀မှ ဘုရားရှင် ကယ်နှုတ်ကာ ရန်သူများအား အောင်နိုင်ခဲ့ပုံကို (း၁၀-၁၅) ပြန်လည်ရေတွက် ချီးမွမ်းသည့် ၁၃၆ ခု မြောက်သောဆာလံကို ရေးသားသူကဲ့သို့ အချို့သူများ၏ဇာတ်လမ်းက စိတ်လှုပ်ရှားစရာအားပြင်းလှသည်။ အချို့အကြောင်းအရာများမှာ ဘုရားသခင်၏ ကြီးမြတ်လှသော ဖန်ဆင်းခြင်းအကြောင်းကို ရိုးရှင်းစွာဖော်ပြသည်။…