စာရေးသူ

အားလုံးမြင်နိုင်ရန်
Lawrence Darmani

လောရင့်ဒါမနီ

လောရင့်ဒါမနီ (Lawrence Darmani)သည် ဂါနန် လူမျိုး ဝတ္တုရေးဆရာဖြစ်သည်။ သူပထမဆုံးရေးသားသည့် Grief Child စာအုပ်မှာ အာဖရိကနိုင်ငံမှ ပထမဆုံးသော အကောင်းဆုံး ဝတ္တုအဖြစ် Commonwealth Writers' - ဓနသဟာရအဖွဲ့ စာရေးဆရာဆုကို ဆွတ်ခူးရရှိခဲ့သည်။ သူသည် Step မဂ္ဂဇင်း၏ အယ်ဒီတာ၊ Step ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးအဖွဲ့၏ အမှုဆောင်အရာရှိချုပ် လည်း ဖြစ်သည်။ ဆရာတို့ မိသားစုသည် Accra မြို့၌ နေထိုင် ကြသည်။ ဆရာသည် အသင်းတော်ဘဝနှင့် အခြား ခရစ်ယာန်သာသနာလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအနေနှင့် ပါဝင်ကူညီရသည်ကို မွေ့လျော်နှစ်သက်သည်။ "မိမိကိုယ်တိုင် ကြုံတွေ့မှုများ၊ စာဖတ်ခြင်း၊ တစ်ပါးသူများ၏ သက်သေခံဝေငှချက်များနှင့် ကမ္ဘာကြီး၌ဖြစ်ပျက်နေမှုများကို လေ့လာစောင့်ကြည့်ခြင်းများမှတဆင့် စာရေးသားရန် စိတ်ကူး အတွေးအခေါ်ကို ရရှိပါတယ်" ဟု သူက ပြောပါသည်။

စာမူ/ အကြောင်းအရာ များ လောရင့်ဒါမနီ

တစ်ပါးသူများအတွက် အသေခံပေးခြင်း

ငှက်များကို ကျွန်တော်သဘောကျသောကြောင့် ငှက် ၆ ကောင်ကို လှောင်အိမ်နှင့် တစ်ပါတည်းဝယ်ယူခဲ့ပြီး သမီးဖြစ်သူ အဲလစ်က ငှက်များကို နေ့တိုင်းကြည့်ရှု စောင့်ရှောက် ပေးသည်။ မကြာပါ။ ငှက်လေးတစ်ကောင်မှာ ဖျားနာပြီး သေသွားသည်။ ငှက်များကို လှောင်မထားဘဲ လွှတ်ပေးလိုက်လျှင် ၎င်းတို့ ပိုပြီးကျန်းမာစွာ ရှင်သန်နိုင် မှာဘဲဟု ကျွန်ုပ်တွေးမိသည်။ သို့နှင့် အသက်ရှင်ကျန်ရစ် သည့် ငှက်ကလေး ၅ ကောင်ကို လွှတ်ပေးလိုက်ပြီး ၎င်းတို့ ၀မ်းသာအားရ ပျံသန်းသွားကြသည်ကို စောင့်ကြည့်ပြီး ကြည်နူးခဲ့ရသည်။
အဲလစ် က ‘‘ငှက်ကလေးတစ်ကောင် သေသွားတဲ့ အတွက် ကျန်တဲ့အကောင်တွေကို လွှတ်ပေးလိုက်ဖို့ အကြောင်း ဖြစ်လာတာကို ဖေဖေသိလား’’ဟု ထောက်ပြ သည်။
၎င်းသည် ကျွန်ုပ်တို့အတွက် သခင်ယေရှု လုပ်ဆောင်ပေးခဲ့သည့် အမှုမဟုတ်ပါလား။ တစ်ယောက် သောသူ(အာဒံ)၏အပြစ်က လောကထဲသို့ ဒဏ်စီရင်ခြင်း ဆောင်ယူလာခဲ့သည်။ တစ်ယောက်သောသူ…

ဆေးကောင်းတစ်လက်

ဂါနာ နိုင်ငံ အက်ကရာ မြို့တွင် မဆင်မခြင်ကားမောင်းခြင်း၊ ဒေါသထွက်ခြင်းနှင့် ကြမ်းတမ်း ရိုင်းစိုင်းသောစကားလုံးများနှင့် ဆဲရေးခြင်းစသည်တို့မှာ တက္ကစီနှင့်မီနီဘတ်(စ်)   ယာဉ်မောင်းများ ရန်ဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်သည်။ သို့သော် ကျွန်ုပ်မြင်ခဲ့ ရသော အဖြစ်အပျက်ကမူ ထူးခြားသည်။ ဘတ်(စ်)ကားတစ်စီးသည် မဆင်မခြင် မောင်းလာသည့် တက္ကစီတစ်စီးနှင့် တိုက်မိလုနီးပါးဖြစ်သွား သည်။ ဘတ်(စ်)ကား ယာဉ်မောင်းက ဒေါသနှင့် တက္ကစီ ယာဉ်မောင်းကို အော်ဟစ်ဆဲဆိုမည်ဟု ကျွန်ုပ်ထင်ခဲ့သည်။
သို့သော် ထိုသို့မဟုတ်ခဲ့ပါ။ ဘတ်(စ်)ကား ယာဉ်မောင်းသည်
မဆဲဆိုဘဲ  ခက်ထန်နေသည့် သူ့မျက်နှာကြောကို လျော့ပြီး အပြစ်ရှိပြီးမသိုးမသန့်အကြည့်နှင့် ကြည့်နေသည့် တက္ကစီယာဉ်မောင်းကို ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးပြလိုက်သည်။ ထိုအပြုံး၏ သက်ရောက်မှုက အံ့သြစရာ။ တင်းမာမှုလျော့သွားပြီး တက္ကစီယာဉ်မောင်းသည် လက်မြှောက်တောင်းပန်ကာ ပြန်ပြုံးပြလျက် ထွက်ခွာသွားတော့သည်။
ပြုံးပြခြင်းသည် ဦးနှောက်အတွက် အံ့သြဖွယ်သက်ရောက်မှုကို ဖြစ်စေသည်။ ‘‘ကျွန်ုပ်တို့ရယ်ပြ၊ ပြုံးပြလိုက်လျှင် ဦးနှောက်ထဲမှ…

လက်ဆင့်ကမ်းပါ

လက်ဆင့်ကမ်း အပြေးပြိုင်ပွဲကို ကျွန်တော် နှစ်သက်စွာ အားပေးကြည့်ရှုသည်။ အားကစားသမားများ၏ ခန္ဓာခွန်အား၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုနှင့် ခံနိုင်ရည်စွမ်းအား များကို ကျွန်တော်အံ့သြမိသည်။   ပြိုင်ပွဲ၏အရေးကြီးဆုံးအချိန်မှာ   အားကစားသမား တစ်ယောက်က အခြားတစ်ယောက်ထံ တုတ်တိုကို လက်ဆင့်ကမ်းပေးချိန်ဖြစ်ပြီး ၎င်းသည် ကျွန်တော့်စိတ်အာရုံကို အထူးဆွဲဆောင်ပြီး အံ့ဩမိန်းမောမှုများနှင့် ပြည့်စေသည်။ နည်းနည်းလေး နောက်ကျရုံ၊ ခြေလေးတစ်ချက် ချော်သွားရုံနှင့် ပြိုင်ပွဲရှုံးသွား နိုင်သည်။
ထို့အတူပင် ယုံကြည်သူခရစ်ယာန်များလည်း ယုံကြည်ခြင်း၊ ဘုရားသခင်၏စကားတော်နှင့် ကိုယ်တော်ကို အကျွမ်းဝင်ရင်းနှီးခြင်းဟူသည့်  တုတ်တိုကိုကိုင်ရင်း လက်ဆင့်ကမ်း ပြေးပွဲဝင်နေသူများဖြစ်သည်။ ထို့ပြင် နောင်လာ နောက်သားမျိုးဆက်များထံ ထိုတုတ်တိုကို ကျွန်ုပ်တို့ ဆက်လက်လက်ဆင့်ကမ်းရန် လိုအပ်ကြောင်း သမ္မာကျမ်းစာမှလည်း ပြောထားသည်။ ဆာလံ ၇၈ တွင် ‘‘ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏နက်နဲသောအရာ များကို ဖော်ပြပေအံ့။ ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို…

ကိုယ်တော်ပြောသည့်အတိုင်း ပြုခြင်း

မြေအောက် ရေလှောင်ကန်တစ်ခုကို ကျွန်ုပ်လိုအပ်လျက်ရှိပြီး ကျွန်ုပ်လိုချင်သည့် ပုံစံမျိုးကို ကျွန်ုပ်ကောင်းကောင်းသိသည်။ ထို့ကြောင့် ဆောက်ပေးမည့်သူကို   လမ်းညွှန်ချက် ရှင်းရှင်းလင်းလင်း ပေးခဲ့သည်။ နောက်နေ့တွင် ကျွန်ုပ်စစ်ဆေးကြည့်ရာ ကျွန်ုပ်၏လမ်းညွှန်ချက်များကို သူမလိုက်နာကြောင်း တွေ့ရသဖြင့် ကျွန်ုပ်စိတ်ဆိုးမိသည်။ အစီအစဉ်ပုံစံကို သူပြောင်းလိုက်သဖြင့် တောက်လျှောက် အကုန်လိုက်ပြောင်းခဲ့ရသည်။ ညွှန်ကြားချက်ကို မလိုက်နာ၍ စိတ်တိုရသကဲ့သို့ သူဆင်ခြေပေးခြင်းကြောင့်လည်း စိတ် အနှောင့်အယှက် ဖြစ်ရသည်။
သို့နှင့် ကွန်ကရစ်အသစ်ပြန်လောင်းသည်ကို  စောင့်ကြည့်ရင်း  စိတ်မကြည်လင်မှုများ လျော့နည်းသွားစဉ် သြတ္တပ္ပစိတ်မလုံသော အတွေးတစ်ခုက ခေါင်းထဲသို့ ၀င်လာသည်။ ကျွန်ုပ်၏အသက်တာတွင် ဘုရားသခင်ကို နာခံရန် ပျက်ကွက်ခြင်းကြောင့် အသစ်ပြန်စရသည့်ကိစ္စများ မည်မျှရှိခဲ့သနည်း။
ဘုရားသခင်စေခိုင်းသည်အတိုင်း လုပ်ဆောင်ရန် မကြာခဏ ပျက်ကွက်သော ရှေးဣသရေလလူမျိုးများကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း ထင်ရာစိုင်းတတ်ကြသည်။ နာခံခြင်းသည် ဘုရားသခင်နှင့်နက်နဲသော ဆက်ဆံရေးမှထွက်ပေါ်လာသည့် ရလဒ် ဖြစ်သည်။ မောရှေက ‘‘သင်တို့၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း
သင်တို့သည်…

ဂုဏ်ယူထိုက်သော အသက်ရှင်မှု

လေးစားရသော နိုင်ငံ့ခေါင်းဆောင်က လူသိရှင်ကြား မိန့်ခွန်းကို ပြောကြားနေစဉ် နိုင်ငံ၏ဂုဏ်သရေရှိ ပါလီမန်အဖွဲ့ဝင်အများစုသည် တကယ်တမ်း ဂုဏ်ကျက်သရေ မရှိကြောင်း ကြေညာခဲ့ရာ သူ့နိုင်ငံသားများ၏အာရုံစိုက်မှုကို ခံခဲ့ရသည်။ အကျင့်ပျက် ခြစားသော လူနေမှုပုံစံများ၊ ဟိတ်ဟန်များသော သဘောထားများ၊ မနှစ်မြို့ဖွယ် စကားလုံးများနှင့် အခြားသော ပြစ်မှားမှုများကို ထောက်ပြပြီး   ပါလီမန်အဖွဲ့ဝင်များကို အပြစ်တင်ခဲ့ပြီး ပြုပြင်ရန်တိုက်တွန်း ခဲ့သည်။ မျှော်လင့်ခဲ့သည့် အတိုင်းပင်၊ သူ၏ ပြောဆိုချက် များမှာ အရာမ၀င်ခဲ့ဘဲ သူ့ကို တန်ပြန်ဝေဖန်ပုတ်ခတ်ခံခဲ့ ရသည်။
ကျွန်ုပ်တို့သည်  အာဏာပိုင် ခေါင်းဆောင်များ မဟုတ်
သော်လည်း၊ ခရစ်တော်၏နောက်တော်လိုက် ကျွန်ုပ်တို့သည် ရွေးချယ်တော်မူသောသူ၊ ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသောသူများဖြစ်သောကြောင့် (၁ ပေ ၂း၉)၊ အထက်နည်းတူ သခင်သည် သူ့ကို ချီးမြှောက်သော၊    လေးစားဂုဏ်ယူထိုက်သော အသက်တာဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့ကို ခေါ်နေသည်။…

သင့်အဘသိတော်မူသည်

ကျွန်တော် ၄ နှစ် အရွယ်က ဖြစ်သည်။ ပူပြင်းသောနွေညတစ်ညတွင် အဖေနှင့်အတူ ကြမ်းပြင်၌ ဖျာခင်းအိပ်စက်ခဲ့သည်။ (အမေက ကလေးမီးဖွားထားသဖြင့် အခန်းထဲတွင် အိပ်သည်)။ ဤအချိန်၌ ဂါနာနိုင်ငံမြောက်ပိုင်းဒေသ၏ရာသီဥတုမှာ အများအားဖြင့် ခြောက်သွေ့သောရာသီဖြစ်သည်။ ကျွန်တော့်တစ်ကိုယ်လုံး ချွေးရွဲလျက် အာခေါင် ခြောက်လာသည်။ ရေအလွန်ငတ်သောကြောင့် အဖေ့ကို ခေါ်နှိုးလိုက်သည်။ ခြောက်သွေ့သော ညဥ့်သန်းခေါင်ယံ၌ အဖေက ခရားကိုယူပြီး ရေတိုက်သဖြင့် ရေငတ်ပြေသွား သည်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး၌ ထိုညက အဖေ ပြုစုခဲ့ပုံသည် ဂရုစိုက်သောဖခင်တစ်ဦး၏ ပုံရိပ်အဖြစ် စံနမူနာဖြစ်ခဲ့သည်။ ကျွန်တော့်လိုအပ်မှုကို အဖေ ဖြည့်ဆည်း ပေးခဲ့သည်။
အချို့သူများအတွက် ၎င်းတို့ အသက်တာ၌ ဖခင်ကောင်း၏ ပုံရိပ်ကို မခံစားရပါ။ သို့သော် ကျွန်တော်တို့ တစ်ယောက်စီတိုင်း၌ ခိုင်ခံ့သော၊ အစဉ်အမြဲအတူရှိတော်မူသော၊ ကျွန်တော်တို့ကို စိတ်မပျက်စေသော အဘ - ဖခင်တစ်ဦး ရှိသည်။ “ကောင်းကင်ဘုံ၌…

ယုံမှားမိသည့် ကိုးစားရာ

ကျေးငှက်များအား စောင့်ကြည့်ရခြင်းကို ကျွန်ုပ်နှစ်သက်၏။ ၎င်းသည် ငှက်မျိုးစိတ် များစွာရှိသော ဂါနာနိုင်ငံရှိ ကျေးလက်တောရွာ၌ ကြီးပြင်းခဲ့ရစဉ်က ရရှိခဲ့သော ၀ါသနာ ဖြစ်သည်။ ယခု ကျွန်ုပ်နေထိုင်သည့်မြို့ပြ၏ဆင်ခြေဖုံးရပ်ကွက်၌ မကြာမီက ကျီးကန်း များကို စိတ်ဝင်စားလျက် ၎င်းတို့၏အမူအကျင့်ကို ကျွန်ုပ်စောင့်ကြည့်လေ့လာခဲ့သည်။ ကျီးကန်းများသည် အရွက်မဲ့ သစ်ကိုင်းများနှင့် သစ်ပင်ဆီသို့ ရှေ့ရှုပျံသန်းသွားပြီး တစ်ထောက်နားကြမည်ဖြစ်သည်။ သို့သော် မာကျောခိုင်ခံ့သည့် သစ်ကိုင်းများပေါ် မနားဘဲ ခြောက်သွေ့ပြီး ကျိုးကျခါနီး အကိုင်းပေါ် နားလိုက်သည်။ ပြီးမှ သစ်ကိုင်းကျိုးကျသော် အလန့်တစ်ကြား ဆူညံကာ တဖျပ်ဖျပ် တောင်ပံခတ်လျက် အန္တရာယ်မဖြစ်အောင် အချည်းနှီး
အားထုတ်ကြသည်။  တောင့်တင်းခိုင်ခံ့သည့် သစ်ကိုင်းကို ပို၍ယုံကြည်နိုင်ပြီး လုံခြုံစိတ်ချရသော နားနေရန်နေရာ ဖြစ်ကြောင်း ကျီးကန်းများ အသိဉာဏ်ရှိပုံ မရသည်မှာ ထင်ရှားပါသည်
ကျွန်ုပ်တို့၌လည်း အသိဉာဏ်ရှိပါသလား။ ကျွန်ုပ်တို့ ဘာကို ယုံကြည်ကိုးစားသနည်း။ ဆာလံ ၂၀း၇…

ဝိုင်းကူ ဆုတောင်းပါ

ကျွန်ုပ်နိုင်ငံမှအမျိုးသမီး ဆုတောင်းအဖွဲ့သည် ဂါနာနိုင်ငံနှင့် အခြားသော အာဖရိက တိုင်းပြည်များအတွက် ပုံမှန် လစဉ်ဆုတောင်းပွဲ ကျင်းပကြသည်။ ဘာ့ကြောင့် တိုင်းပြည် အတွက် အဆက်မပြတ် ဆုတောင်းကြသနည်းဟုမေးသောအခါ ခေါင်းဆောင်ဖြစ်သူ Gifty Dadzie က ‘‘ပတ်ဝန်းကျင်ကိုကြည့်၊ သတင်းတွေကြည့်၊ သတင်းတွေ နားထောင်၊ ကျွန်မတို့ နိုင်ငံတွေ နာကျင်ခံစားနေရတယ်။ စစ်မက်တွေ၊ ရောဂါဝေဒနာနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေက ဘုရားရှင် လူသားတွေအပေါ်မှာ ထားရှိတဲ့မေတ္တာနှင့် ကျွန်မတို့အပေါ် ထားရှိတဲ့ ကောင်းချီးတွေကို လွှမ်းမိုးထားတယ်။ တိုင်းပြည်ရဲ့ ပဋိပက္ခတွေကြားမှာ ဘုရားရှင်ဝင်ရောက် ဖြန်ဖြေပေးမှာကို ယုံကြည်တယ်။ ဒါကြောင့် သူ့ဆီက ရောက်လာမဲ့ ကောင်းချီး တွေအတွက် ချီးမွမ်းပြီး ကိုယ်တော်လှုပ်ရှားဖို့ ဆုတောင်း နေတာပါ’’ ဟူ၍ ဖြေကြားခဲ့သည်။
ဘုရားသခင်သည် နိုင်ငံရေးရာတွင် အမှန်တကယ်
ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ကျမ်းစာတွင် ဖော်ပြထားသည် (၂ ကော ၇း၁၄)။…

မျောပါမသွားခြင်း

စာသင်နှစ်ကာလတစ်ခုပြီးဆုံး၍ ကျောင်းပိတ်သော် ကျွန်ုပ်တို့ဇနီးမောင်နှံသည် (မိုင် ၆၀) ၁၀၀ ကီလိုမီတာခန့်မျှ ဝေးသော သမီး၏ကျောင်းမှ သမီးကို ကြိုပြီး ပြန်ခဲ့သည်။ လမ်း၌ မုန့်စားရန်အတွက် အနီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းသို့ ကွေ့ပတ်သွား ခဲ့သည်။ ထိုနေရာ၌  ပျော်ရွှင်ခံစားလျက် ကမ်းခြေ၌ လှေများကိုလည်း မြင်ခဲ့သည်။ များသော အားဖြင့် လှေများ အဝေးသို့ မျောပါမသွားအောင်   ကျောက်ဆူးချထားကြသည်။ သို့ရာတွင် ၎င်းတို့အနက် လှေတစ်စင်းသည်   အတားအဆီးမဲ့လျက် ပင်လယ်ဘက်သို့ ဦးတည်ကာ ဖြည်းဖြည်းနှင့်မှန်မှန် မျောပါသွားသည်ကို ကျွန်ုပ်သတိပြုမိသည်။
အိမ်သို့ ပြန်ကြစဉ်   ဟေဗြဲဩ၀ါဒစာမှ ယုံကြည်သူ
တို့အတွက် အချိန်မီသတိပေးချက်ကို ထင်ဟပ်ဆင်ခြင် မိသည်။ ‘‘ ... ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့ မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိစွဲလမ်းခြင်း
ရှိရကြမည်’’ (ဟေဗြဲ ၁၂း၁)။…

ထိုအကြောင်းကို ပြောပါ

၁၉၇၅ ခုနှစ်က ကျွန်တော့်ဘ၀တွင် ထူးခြားမှုတစ်ခု ဖြစ်ပျက်ခဲ့ရာ၊ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စများကို ပြောပြလေ့ရှိသောသူငယ်ချင်း ဖရန်စစ်ကို ရှာပြီး ထိုအဖြစ်အပျက်ကို ပြောပြရမည်။ သူ့ထံ ကျွန်တော်ရောက်သွားချိန်တွင် သူက အပြင်ထွက်ရန် အလျင်စလိုဖြစ်နေသည်။ သူက ကျွန်ုပ်ကို ကြည့်ပြီး သူ့အကြည့်က ကျွန်တော် အရေးကြီးသည့်ကိစ္စတစ်ခုခု ပြောစရာရှိနေ ကြောင်း ခံစားမိခဲ့ပုံရသည်။ ‘‘ဘာလဲ၊ ဘာပြောမှာလဲ’’ဟု သူက မေးသည်။  ‘‘မနေ့က ယေရှုထံ၊ ငါအသက်တာကို ပေးအပ်ပုံအပ်ခဲ့တယ်’’ ဟု ကျွန်တော် ရိုးရိုးလေး ပြောပြ လိုက်သည်။
ဖရန်စစ်က ကျွန်တော့်ကိုကြည့်ပြီး သက်ပြင်း ပြင်းပြင်းချကာ ‘‘ငါလည်း အဲဒီလိုအပ်နှံဖို့ စဉ်းစားခဲ့တာ  ကြာလှပေါ့’’ ဟုပြောကာ၊ အကြောင်းစုံကို မေးသည်။ ကျွန်တော်က မနေ့က လူတစ်ယောက် ကျွန်တော့်ကို ဧ၀ံဂေလိတရား  ပြောပြခဲ့ပြီး၊ ကျွန်တော် သခင်ယေရှုကို နှလုံးသားထဲသို့ ခေါ်ဖိတ်…