စာရေးသူ

အားလုံးမြင်နိုင်ရန်
Lawrence Darmani

လောရင့်ဒါမနီ

လောရင့်ဒါမနီ (Lawrence Darmani)သည် ဂါနန် လူမျိုး ဝတ္တုရေးဆရာဖြစ်သည်။ သူပထမဆုံးရေးသားသည့် Grief Child စာအုပ်မှာ အာဖရိကနိုင်ငံမှ ပထမဆုံးသော အကောင်းဆုံး ဝတ္တုအဖြစ် Commonwealth Writers' - ဓနသဟာရအဖွဲ့ စာရေးဆရာဆုကို ဆွတ်ခူးရရှိခဲ့သည်။ သူသည် Step မဂ္ဂဇင်း၏ အယ်ဒီတာ၊ Step ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးအဖွဲ့၏ အမှုဆောင်အရာရှိချုပ် လည်း ဖြစ်သည်။ ဆရာတို့ မိသားစုသည် Accra မြို့၌ နေထိုင် ကြသည်။ ဆရာသည် အသင်းတော်ဘဝနှင့် အခြား ခရစ်ယာန်သာသနာလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအနေနှင့် ပါဝင်ကူညီရသည်ကို မွေ့လျော်နှစ်သက်သည်။ "မိမိကိုယ်တိုင် ကြုံတွေ့မှုများ၊ စာဖတ်ခြင်း၊ တစ်ပါးသူများ၏ သက်သေခံဝေငှချက်များနှင့် ကမ္ဘာကြီး၌ဖြစ်ပျက်နေမှုများကို လေ့လာစောင့်ကြည့်ခြင်းများမှတဆင့် စာရေးသားရန် စိတ်ကူး အတွေးအခေါ်ကို ရရှိပါတယ်" ဟု သူက ပြောပါသည်။

စာမူ/ အကြောင်းအရာ များ လောရင့်ဒါမနီ

ဘုရားသခင်ကို ချီးမြှောက်ဂုဏ်ပြုခြင်း

အသင်းတော်၏၀တ်ပြုခြင်းအစီအစဉ် တစ်ခုပြီးတစ်ခု လုပ်ဆောင်နေသည်။  ၀တ်ပြု စည်းဝေးသို့  လာရောက်သော ဧည့်သည်အချို့လည်းရှိသည်။ ဧည့်သည်တစ်ဦးက ဒေသနာဝေငှသည့် ဆရာ၏တရားဟောချက် တစ်ဝက်တစ်ပျက်၌ ထထွက်သွား၍ ကျွန်တော်က စပ်စုလိုစိတ်၊ ဘာများဖြစ်လို့လဲဟု ပူပန်စိတ်ဖြင့် သူ့ကို သွားစကားပြော လိုက်သည်။
“ထွက်တာစောလှချည်လား၊ ဘာဖြစ်လို့လဲ၊ ကျွန်တော် ဘာကူညီရမလဲဟုမေးလိုက်ရာ သူမကလည်း ဘွင်းဘွင်းကြီးနှင့် တဲ့တိုးပြောချလိုက်သည်။ “ဟုတ်တယ်။ တရားဟောချက်က ပြဿနာလေ။ အခု ဆရာဟောပြော နေတာတွေကို ကျွန်မ လက်မခံဘူး” ဟုဖြေသည်။ ဆရာက
ဘ၀၌ မည်မျှပင် အောင်မြင်ပေါက်ရောက်စေကာမူ ဂုဏ် အသရေနှင့် ချီးမွမ်းခြင်းကို ဘုရားသခင်သာ ခံထိုက်သည်ဟု ဝေငှနေခြင်းဖြစ်သည်။ “အနည်းဆုံးတော့ရှင်၊ ကျွန်မရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်အသရေ အချို့တော့ ခံထိုက်ပါတယ်” ဟု ညည်းသည်။
ဆရာ၏ဆိုလိုရင်းကို ကျွန်တော် သူ့အား ရှင်းပြလိုက်သည်။ လူတို့ပြုသမျှ အမှုအရာအတွက် အသိအမှတ်ပြုခြင်း၊…

စစ်မှန်သော ခိုနားရာ

၂၀၁၄ ခုနှစ် မတ်လတွင် ကျွန်ုပ်၏မွေးရပ်မြေတွင် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့်  အဖေ့ဆွေမျိုးများနှင့် အခြားနိုင်ငံရေးခိုလှုံသူများကို မြို့တော်သို့ ပြောင်းရွှေ့ရန် ဖိအားပေး ပြောင်းရွှေ့စေခဲ့သည်။ သမိုင်းတစ်လျှောက်တွင် မိမိဇာတိမြေပေါ်တွင် မလုံခြုံမှုကို ခံစားရပြီး သူတို့သည် ပို၍ လုံခြုံစိတ်ချရသော နေရာ၊ ပို၍ ကောင်းမွန်သော နေရာများကို လှည့်လည်ရှာဖွေကြသည်။
ကျွန်တော့်ဇာတိမြေမှ ရောက်လာသည့် ဆွေမျိုးများ ထံ သွားလည်ရင်း စကားပြောစဉ် ယောရှု ၂၀း၁-၉ မှ ခိုလှုံရာမြို့များအကြောင်း စဉ်းစားမိသည်။ ထိုမြို့များသည် အမှတ်တမဲ့ လူသတ်မိသည့်အခြေအနေတွင် အသတ်ခံရ သူ၏
မိသားစုဆွေမျိုးများ၏ ပြန်လည်လက်တုံ့ပြန်မှုရန်မှ ထွက်ပြေး ပုန်းရှောင်နေရသူတို့အတွက် လုံခြုံစိတ်ချရသောမြို့များ ဖြစ်ပြီး (း၃) ငြိမ်ဝပ်ခြင်းနှင့် အကာအကွယ်ကို ပေးသည်။
ယနေ့ခေတ်လူများသည်လည်း အကြောင်းအမျိုးမျိုး ကြောင့် ခိုလှုံရာနေရာများကိုရှာဖွေနေဆဲ ဖြစ်သည်။ ထိုခိုလှုံရာစခန်းများသည် အကာအကွယ်နှင့် အစာရေစာများကို လိုအပ်သလောက်သာ…

ငြိမ်သက်ချမ်းသာခြင်းသို့ ၀င်စားရန် ဖိတ်ခေါ်ခြင်း

ဆေးရုံ အရေးပေါ်ဆောင်ရှိ မိတ်ဆွေ၏ခုတင်ဘေးမှ ကျွန်ုပ်ရှိနေစဉ်  နာကျင်ခံစား နေရသည့် လူနာများ၏အသံများကို ကျွန်ုပ်မခံစားနိုင်။ ကျွန်ုပ်၏မိတ်ဆွေနှင့် နေထိုင် မကောင်းဖြစ်နေသည့် လူနာများအတွက် ကျွန်ုပ်ဆုတောင်းပေးပြီး လောက ၌ ကျွန်ုပ်တို့၏ အသက်တာမှာ တိုတောင်းကြောင်း အသစ်တစ်ဖန် နားလည်သဘောပေါက်မိသည်။ အဆိုတော် ဂျင်းမ်ရီးစ် သီဆိုထားသည့် ကမ္ဘာလောကသည် ကျွန်ုပ်တို့အတွက် အိမ်မဟုတ်၊ ‘‘ကျွန်ုပ်တို့သည် ဤကမ္ဘာ လောကကို ဖြတ်သန်းသွာသူများသာ ဖြစ်ကြသည်’’ ဟူသည့် သီချင်းကို ပြန်လည်သတိရမိသည်။
ကျွန်ုပ်တို့၏ ကမ္ဘာမြေသည် ပင်ပန်းနွမ်းနယ်မှု၊ နာကျင်မှု၊ ဆာလောင်မှု၊ ဆင်းရဲခြင်း၊ အနာရောဂါနှင့် သေခြင်းများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထိုကမ္ဘာလောကကို ကျွန်ုပ်တို့ ဖြတ်သန်းရမည် ဖြစ်ရာ ‘‘၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊  ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာ ပေးမည်’’ (မ ၁၁း၂၈) ဟူသည့် သခင်ယေရှု၏ဖိတ်ခေါ်ခြင်းက လှိုက်လှိုက်လှဲလှဲနှင့် အချိန်ကိုက်ဖြစ်သည်။ ထိုငြိမ်သက်ချမ်းသာမှုကို…

ဝမ်းမမြောက်ရသောအချိန်

ဂါနာနိုင်ငံ `အခန်´ လူမျိုးစု၏ ဆိုရိုးစကားပုံတစ်ခုမှာ `ပုတ်သင်ညိုသည် ၎င်းကို ကျောက်ခဲနှင့် ပစ်သူများထက်၊ ကျောက်ခဲနှင့်အပစ်ခံရသည့်၎င်းအဖြစ်ကို သဘောကျ ၀မ်းသာရယ်မောနေသူများအပေါ် ပို၍ အမျက်ထွက်သည်ဟုဆိုသည်။ လူတစ်စုံတစ်ဦး၏ ကျရှုံးမှုအတွက် ၀မ်းမြောက်ခြင်းသည် ထိုကျရှုံးမှုကို ဖန်တီးဖြစ်စေသည့်အမှု၌ ပါဝင်သူ ဖြစ်ပြီး၊ ထိုသူအပေါ် ပို၍ ဆိုးညစ်သော အမှုကျ ရောက်အောင် ဆန္ဒပြုသူဖြစ်သည်။
၎င်းသည် အမ္မုန်အမျိုးသားတို့၏စိတ်ထားဖြစ်သည်။ ယေရုရှလင်မြို့ရှိ သန့်ရှင်းရာဌာန ဗိမာန်တော်ကြီး ရှုံ့ချခံရပြီး၊ ဣသရေပြည် လူဆိတ်ညံခြင်း၊ ယုဒအမျိုး သိမ်းသွားခံရခြင်းများ ကြုံရသောအခါ အမ္မုန်အမျိုးသားတို့သည် အားရလျက် လက်ခုပ်တီး ခြေဆောင့်ကာ ၀မ်းမြောက်ခဲ့ကြသည် (ယေဇ ၂၅း၃၊၆)။ ဣသရေလလူတို့၏အဖြစ်ဆိုးကို မလိုမုန်းထားအာဃာတစိတ်ဖြင့် တမင်တကာ ၀မ်းမြောက်ခြင်းကြောင့် ဘုရားသခင်မနှစ်သက်၊ ထို့ကြောင့် ဆိုးရွားသောရလဒ်ကို ခံစားရစေတော့သည်(း၎-၇)။
မိမိနှင့်စပ်ဆိုင်သူအပေါ် မကောင်းမသင့်သော အမှုကျရောက်စဉ်၊ မိမိနှင့် စပ်ဆိုင်သူ
လူတစ်ဦးဦး ဒုက္ခအကြပ်အတည်းကြုံရစဉ် ကျွန်ုပ်တို့…

အံ့ဖွယ်ထူးမြတ်သောအမည်စာရင်း

ကင်ညာ လေဆိပ်၊ ခရီးသည် စာရင်းသွင်းကောင်တာတွင် ကျွန်တော့် နိုင်ငံကူး
လက်မှတ်ကို အတည်ပြုစစ်ဆေးရန် ပြလိုက်သည်။ တာဝန်ရှိသူက ခရီးသည်များ၏ နာမည်စာရင်းတွင် ကျွန်တော့်နာမည်ကိုရှာရာ ရှာမတွေ့၊ ကျွန်တော့်နာမည် မပါ။ ဘာဖြစ်လို့ပါလိမ့်။ ကြိုတင်စာရင်းပေးသူ များစွာရှိပြီး၊ ပြန်အတည်ပြုမှု မရှိခြင်းကြောင့် ဖြစ်သည်။ ထိုနေ့ အိမ်ပြန်ရောက်ရမည့် မျှော်လင့်ချက် ပျောက်လေပြီ။
ထိုအဖြစ်က အသက်စာစောင်မှ အမည်စာရင်း အကြောင်း ကျွန်တော့်ကို သတိပေးလာသည်။ လုကာ ၁၀ တွင်
သခင်ယေရှုသည့် တပည့်တော်တို့အား ဧ၀ံဂေလိ သာသနာ ခရီးစဉ်တစ်ခုသို့ စေလွှတ်ခဲ့သည်။ အပြန်ခရီးတွင် သူတို့၏ အောင်မြင်မှုများကို ၀မ်းသာအားရ ပြောပြကြသည်။ သို့သော် သခင်ယေရှုက ‘‘... နတ်ဆိုးကို နိုင်ရသောကြောင့်သာ ၀မ်းမြောက်ခြင်း မရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌၀င်သည်ကို ၀မ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏’’ (လု ၁၀း၂၀)။…

သားတော်ကို ရောင်ပြန်ထင်ဟပ်ခြင်း

တောင်များအကြား လုံးဝရောက်ရှိနေခြင်းနှင့် ၎င်း၏မြောက်လတ္တီတွဒ် အနေအထား ကြောင့် နော်ဝေးနိုင်ငံရှိ ဂျူကန် မြို့သည် သဘာဝ နေရောင်ခြည်ကို အောက်တိုဘာလမှ မတ်လအထိ မမြင်ရပါ။ ၎င်းမြို့ကို အလင်းရစေရန် ဒေသခံများက ကြီးမားသော မှန်ချပ်
များကို တောင်နံရံများတွင် တပ်ဆင်ပြီး ၎င်းမှတစ်ဆင့် နေရောင်ခြည်အလင်းတန်းများ မြို့တော်ရင်ပြင်သို့ ဖြာကျစေသည်။ ကြီးမားလှသော မှန်ချပ်ကြီးများက နေထွက်ချိန်၊ နေ၀င်ချိန်အတိုင်း လည်ပတ် နေခြင်းဖြင့် စဉ်ဆက်မပြတ် အလင်းရောင်ကို ရရှိသည်။
ခရစ်ယာန်အသက်တာသည်လည်း ဤမြင်ကွင်းနှင့် တူသည်ဟု ဆင်ခြင်ရခြင်းကို ကျွန်တော်နှစ်သက်မိသည်။ သခင်ယေရှုက မိမိနောက်သို့လိုက်သူများသည် လောက၏
အလင်းဖြစ်သည် ဟု မိန့်ဆိုခဲ့သည် (မ ၅း၁၄)။ တမန်တော်
ရှင်ယောဟန်ကလည်း စစ်မှန်သောအလင်းဖြစ်သည့် သခင်ခရစ်တော်သည် မှောင်မိုက် တွင် လင်းသည်ဟု ဖော်ပြခဲ့သည် (ယော ၁း၅)။ သခင်ယေရှုကလည်း ကျွန်တော်တို့၏
အလင်းများကို…

နာမတော်ကို ဖော်ပြပါ

အသင်းတော်တစ်ပါးသည် သူတို့၏အစည်းအဝေး၌ မိန့်ခွန်းပြောပေးမည့်သူတစ်ဦးကို ဖိတ်ခေါ်ခဲ့သည်။ ထိုမိန့်ခွန်းပြောမည်သူကို အသင်းတော်ခေါင်းဆောင်မှ ‘‘ဘုရားသခင် အကြောင်းပဲ ပြောပါ။ ယေရှုအကြောင်းကိုတော့ မပြောပါနဲ့’’ ဟု ဆိုသည်။
မိန့်ခွန်းပြောမည့်သူက စိတ်ပျက် အံ့အားသင့်လျက် ‘‘ဘာဖြစ်လို့လဲ’’ ဟု မေးရာ အသင်းတော်ခေါင်းဆောင်က ‘‘ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်အချို့က ယေရှုခရစ်နဲ့ပတ်သက်ရင် သိပ်အဆင် မပြေဘူး။ ဒါကြောင့် ဘုရားသခင်လို့ပဲ သုံးပါ။ ဒါ ကျွန်တော်တို့
အတွက် အဆင်ပြေလိမ့်မယ်’’ ဟုရှင်းပြသည်။
မိန့်ခွန်းပြောမည့်သူသည် ထိုသို့ညွှန်ကြားခံရခြင်း ကြောင့် သူ့အတွက်ပြဿနာမှာ ‘‘ယေရှုခရစ်တော်အကြောင်း မပါရင် ကျုပ်မှာ ပြောစရာဟောစရာ သတင်းစကားမရှိပါ’’ ဟု နောက်ပိုင်းတွင်မှ သူပြောခဲ့သည်။
ကနဦး အသင်းတော်ခေတ်က ယေရှု၏ နောက်တော်လိုက်များသည်လည်း ထိုကဲ့သို့ပင် တောင်းဆိုခံရသည်။ တပည့်တော်
များအား ယေရှုနာမကို အမှီပြု၍ အဘယ်သူကိုမျှ မဟောမပြောစေခြင်းငှာ ကျပ်တည်းစွာ…

မြင်ကွင်းနောက်ကွယ်မှာ

ကျွန်တော်တို့အသင်းတော်၏ ဧ၀ံဂေလိလှုပ်ရှားမှုများက မြို့နယ်လုံးကျွတ် ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ လူငယ်တေးဂီတအဖွဲ့၊ အကြံပေးသူများအဖွဲ့၊ အသင်းတော်ခေါင်းဆောင်များ စသည်တို့ပါဝင်လျက် အစီအစဉ်များကို စီစဉ်လုပ်ဆောင် ခဲ့သူများ စင်ပေါ်တက်လာသောအခါ စိတ်လှုပ်ရှားအားရစွာဖြင့် ကျွန်တော်တို့ လက်ခုပ် တီးကာ၊ ၎င်းတို့၏ကြိုးစားအားထုတ်မှုကို စိတ်လိုလက်ရ ချီးမွမ်းကြပါသည်။
လူတစ်ဦးကို ကျွန်တော် သတိမထားမိသော်လည်း သူသည် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ရက်အတန်ကြာတွင် သူနှင့်ဆုံရာ “အစီအစဉ်တစ်လျှောက် မင်းကိုတော့ မတွေ့မိပါ ဘူးကွာ” ဟု ပြောရင်း သူ့၏လုပ်ဆောင်မှုများအတွက် ကျေးဇူးတင်ကာ ချီးကျူးလိုက်သည်။
သူက “ကျွန်တော် အနောက်ကွယ်က ပံ့ပိုးရတာပဲ ကြိုက်တယ်” ဟု ပြောပါသည်။ အသိအမှတ်ပြု ခံရရန် သူ အလေးမထားပါ။ လုပ်ဆောင် သူတို့ ချီးမွမ်းခြင်းကို ခံယူရမည့်အချိန် ဖြစ်သည်။
သူ၏ငြိမ်ဝပ်သောကိုယ်နှုတ်အမူအရာက ကျွန်တော့်အတွက် တရားဟောချက် တစ်ပုဒ်ဖြစ်ခဲ့သည်။ ထာဝရဘုရားကို အစေခံရာတွင် အသိအမှတ်ပြုခံရရေးကို…

ကောင်းကင်ဘုံမှ ဘဏ္ဍာများ

မသေမသပ် တပ်ဆင်ထားသော မီးကြိုးများကြောင့် မီးလောင်မှုဖြစ်ပွားကာ ကျွန်ုပ်တို့ အသစ်ဆောက်ထားသော အိမ်တစ်အိမ်လုံး ပြာကျသွားသည်။ တစ်နာရီလေးအတွင်း ကျွန်ုပ်တို့အိမ်မှာ ပြားပြားဝပ်ကာ ပြာပုံဖြစ်သွားသည်။ ဘာမှမကျန်ခဲ့ပါ။ တစ်ဖန် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းမှပြန်လာရာ အိမ်မှာ ဖောက်ထွင်းခံရပြီး အဖိုးတန်ပစ္စည်း အချို့ အခိုးခံရသည်။
မပြည့်စုံသောဤလောကထဲ၌ ကားအခိုးခံရခြင်း၊ ကားအတိုက်ခံရခြင်း၊ သင်္ဘောနစ်မြုပ်ခြင်း၊ အဆောက်အဦ ပြိုကျခြင်း၊ အိမ်များရေလွှမ်းမိုးခံရခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ အခိုးခံရခြင်း စသည်ဖြင့် စည်းစိမ်ပစ္စည်းဥစ္စာများ ဆုံးရှုံး ရခြင်းက ဖြစ်နေကျ၊ ရိုးနေပါပြီ။ ၎င်းသည် စည်းစိမ်ဥစ္စာကို အားမကိုး၊ အားမထားရန် ပြောထားသည့် သခင်ယေရှု၏ သတိပေးချက်ကို ပို၍အသက်ဝင် အဓိပ္ပာယ်ရှိစေပါသည်။
စည်းစိမ်ဥစ္စာအမြောက်အများကို စုသိမ်းပြီး အားလုံးကို သူ့အတွက်ချည်းသာ သိုလှောင်ထားရန် ဆုံးဖြတ် ထားသည့် လူတစ်ဦးအကြောင်းကို သခင်ယေရှုပြောကြားခဲ့သည် (လု ၁၂း၁၆-၂၁)။ ထိုသူက မိမိကိုယ်ကို “ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊…

ကျွန်ုပ်တို့သိနိုင်သည်

အရေးကြီးသော ချိန်းချက်မှု ပြုထားသောနေရာသို့ ရထားစီးလာရင်း ကျွန်တော် စီးလာသည့် ရထားက မှန်ရောမှန်ရဲ့လားဟူ၍ အတွေးဝင်လာသည်။ ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးသည့်အပြင် မည်သူ့ကိုမှလည်း လမ်းကြောင်းကို မမေးခဲ့ရပါ။ နောက်ဆုံး မသေချာမှုနှင့် သံသယများစိုးမိုးလျက် နောက်ဘူတာတွင် ဆင်းမေး လိုက်ရာ၊ ကျွန်တော်စီးလာသည့်ရထား မှန်ကန်ကြောင်း အတည်ပြုပေးကြသည်။
ထိုအဖြစ်အပျက်လေးက ယုံမှားသံသယသည်
ကျွန်တော်တို့၏ငြိမ်သက်ခြင်းနှင့် စိတ်ချယုံကြည်မှုတို့ကို မည်မျှ လွှမ်းမိုးနိုင်ကြောင်း သတိပေးနေသည်။ ကယ်တင်ခြင်း
စိတ်ချမှုနှင့်ပတ်သက်ပြီး ကျွန်တော်ရုန်းကန်ခဲ့စဉ်ကလည်း ဘုရားသခင်သည် မစလျက် ထိုသံသယကို ဖယ်ရှားပေး
ခဲ့သည်။ တစ်ဖန် ကောင်းကင်နိုင်ငံသွားမည့် စိတ်ချမှုနှင့်
ကျွန်တော့်အသက်တာ ပြောင်းလဲခြင်းအကြောင်း ဝေငှပြီး သောအခါ လူတစ်ဦးက ‘‘သင်ကယ်တင်ခြင်းရရှိပြီး ကောင်းကင်နိုင်ငံသို့ သွားရမယ်ဆိုတာ ဘယ်လိုစိတ်ချမှုရှိတာလဲ’’ ဟုမေးပါသည်။ ကျွန်တော့်ကို ဘုရားဖော်ပြသည့် ကျမ်းပိုဒ်လေးကို ယုံကြည်မှုရှိရှိ ကျိုးနွံစွာဖြင့် ‘‘ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည်…