စာရေးသူ

အားလုံးမြင်နိုင်ရန်
Leslie Koh

လက်စလီခို

လက်စလီခို (Leslie Koh)သည် စင်္ကာပူနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ သူသည် Our Daily Bread Ministries သို့ မပြောင်းရွေ့မီက ၎င်းနိုင်ငံထုတ် The Straits Times သတင်းစာတိုက်၌ ဂျာနယ်လစ်အဖြစ် ၁၅ နှစ်ထက်မနည်း လုပ်ကိုင်ခဲ့သည်။ သတင်းဆိုးများနှင့်ဆိုင်သည့်ဌာနမှ သတင်းကောင်းနှင့်ဆိုင်သည့် ဌာနသို့ ပြောင်းရွေ့ရခြင်းက အကျိုးကြီးကြောင်း သူသိရှိခဲ့သည်။ လူအပေါင်းတို့ထံသို့ ကောင်းမြတ်သေချာသည့် သတင်းစကားကို ကမ်းလှမ်းပေးခြင်းထက်သာ၍ ကောင်းသောအရာမရှိဟု သူယုံကြည်သည်။ အစာစားသောက်ခြင်း၊ ခရီးသွားခြင်း၊ ပြေးခြင်း၊ စာတည်းဖြတ်ခြင်းနှင့် စာရေးသားခြင်းအမှုတို့ကို သူနှစ်သက်ပျော်မွေ့သည်။

စာမူ/ အကြောင်းအရာ များ လက်စလီခို

ဘုရားပေးသောဆုကျေးဇူးများမှ ပြန်လည်မျှဝေခြင်း

စတန်လေ၏ ရက်ရောမှုကို ကျွန်ုပ်အမြဲအံ့ဩမိသည်။ သူသည် အသင်းတော်ရှိ သက်ကြီးရွယ်အိုများ၊ ရပ်ကွက်ရှိ သန့်ရှင်းရေးလုပ်သားများ၊ စိတ်ဓာတ်ခွန်အားပေးမှု လိုအပ်နေသူ မည်သူမဆိုတို့အတွက် အစားအစာနှင့် လက်ဆောင်များ မကြာ ခဏ ဝယ်ယူပေးလေ့ရှိသည်။

ပို၍အံ့ဩစရာမှာ စတန်လေသည် ကြွယ်ဝသူ၊ လုပ်ငန်းရှင် မဟုတ်သော် လည်း၊ သူရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းငယ်လေးမှာ သိသိသာသာ အောင်မြင် သဖြင့် ဆက်လက်ပေးကမ်းနိုင်ခဲ့သည်။ တစ်ဦးဦးက သူ့ကို ကျေးဇူးတင်သည့်အခါတိုင်း သူက “ဒါ ကျွန်တော်ပေးတာ မဟုတ်ဘူး။ ဘုရားသခင်ဆီက လာတာပါ”ဟု ပြောသကဲ့သို့ အထက်သို့ ညွှန်ပြကာ ပြုံးပြလေ့ရှိသည်။ အခြားသူများကို ကူညီရန် ဘုရားသခင် သူ့အား မစသည်ဟု သူ မကြာခဏ ပြောလေ့ရှိသည်။

ဤအချက်သည် ၂ ကော ၉ တွင် ပေးကမ်းခြင်းအကြောင်း ပေါလု ရေးသားရာ၌ ရည်ညွှန်းခဲ့သောအချက် ဖြစ်သည်။ ယုံကြည်သူချင်းတို့ကို ကူညီရန်…

ကျွန်ုပ်တို့အပိုင်းနှင့် ဘုရားသခင်အပိုင်း

စင်္ကာပူအစိုးရသည် တွဲဖက်လှူဒါန်းခြင်းဖြင့် ကောင်းသောကိစ္စရပ်များကို ပံ့ပိုးပေးရန် မိမိ၏နိုင်ငံသားများအားလှုံ့ဆော်သည်။တွဲဖက်လှူဒါန်းခြင်းဆိုသည်မှာပရဟိတအဖွဲ့ များသို့လှူဒါန်းရာတွင် မိမိလှူဒါန်းသည့်ပမာဏနှင့်ညီသည့် ပမာဏ (သို့) ထိုထက်ပိုသော ပမာဏကို“ထပ်ဆောင်း”လှူဒါန်းခြင်း(နှစ်ဆ(သို့)ထိုထက်ပို၍လှူဒါန်းခြင်း)ဖြစ်သည်။ ၎င်းသည်လှူဒါန်းမှုများတွင် လူတို့တိုး၍ပါဝင်လာရေးကိုအားပေးရန်မျှော်လင့်သည်။

ထိုနည်းလမ်းနှစ်မျိုးကို အသုံးပြုခြင်းက ရှင်ယေရှုကို ယုံကြည်သူများ၏ တပည့်တော်ဖြစ်ခြင်းအသက်တာတွင် ဘုရားသခင်၏သန့်ရှင်းခြင်းစံနှုန်းများကို လိုက်နာရန် ကျွန်ုပ်တို့ခေါ်ယူစေစားခံရကြောင်း သတိပေးလာသည်။ ဖိလိပ္ပိ ယုံကြည်သူများအား ပေးပို့သောစာတွင် ရှင်ပေါလုက “(သူတို့၏)ကယ်တင်ခြင်းအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်”ရန်(၂:၁၂)၊ “အစွမ်းကုန်ကြိုးစား”ရန်(၃:၁၂၊၁၄- ခေတ်သုံး) တိုက်တွန်းသည့် တစ်ချိန်တည်းမှာပင် “သင်တို့သည် အလိုရှိစေခြင်းငှာ...၊ အကျင့်ကျင့်စေခြင်းငှာ...၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း”ဟု(၂:၁၃) အလေးပေးရေးသားခဲ့သည်။

သခင်ယေရှုကို ယုံကြည်သူများသည် ကောင်းမှုအကျင့်အားဖြင့် ဘုရားသခင်နှင့်မှန်ကန်သည့်ဆက်ဆံရေး မရရှိနိုင်ပါ။ သို့သော် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာကြီးထွားမှုတွင် မိတ်ဖက်ဆက်ဆံရေးတည်းဟူသော ဆက်ဆံရေးတစ်ခုရှိသည်။ ထိုဆက်ဆံရေးတွင် ကျွန်ုပ်တို့ဘက်မှ စေတနာစိတ်နှင့်ကြိုးစားအားထုတ်မှုတို့ လိုအပ်သော်လည်း ၎င်းကို လူ့အစွမ်းဖြင့် ပြုခြင်းမဟုတ်ပါ။ ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းခံရကာ၊ ကိုယ်တော့်အတွက် သီးသန့်ခွဲခန့်ထားသည့်…

သခင်ယေရှုထံမှလာသော ဝမ်းမြောက်ခြင်း

နန်စီ၏ ကင်ဆာရောဂါကို ကုသရာ၌ သူမ၏ပါးစောင်တွင် ပြည်တည်နာများစွာရှိနေပြီး၊ ပေါင်မုန့် အနည်းငယ်မျှကိုပင် မျိုမချနိုင်အောင် ခံစားရသည်။ နာကျင်မှုရက်ပေါင်းများစွာအတွင်း အစာအိမ်ကို ဖြည့်တင်းရန် နွားနို့ကိုသာ မှီဝဲနေရသည်။ အသက် ၆၀ အရွယ် သူမအတွက် သခင်ယေရှုကို သိကျွမ်းခြင်းနှင့် သူ့မြေးများက သူမ၏မျက်နှာတွင် အပြုံးပန်းဝေဆာစေသည့်အရာများဖြစ်သည်။ မြေးများနှင့် အပတ်စဉ် တွေ့ရခြင်းဖြင့် သူမ၏အခြေအနေအပေါ် အာရုံမရောက်တော့ပါ။ “သူတို့လေးတွေကြောင့်သာမဟုတ်ခဲ့ရင် ကျွန်မလက်လျှော့လိုက်တာကြာပြီ”ဟုသူမက ပြောသည်။

တမန်တော်ကြီးရှင်ပေါလုကလည်း သူ၌အခက်အခဲမည်မျှ ရှိနေပါစေ၊ သခင်ယေရှုနှင့်အခြားသူများအားဖြင့် ဝမ်းမြောက်မှုကို သူတွေ့ရှိခဲ့သည်။ သခင်ယေရှုနှင့်ကိုယ်တော်အတွက်အသက်ရှင်ရခြင်းမှ ဝမ်းမြောက်ခြင်းကို ရရှိခြင်းဖြစ်သည်။ အကျဉ်းချခံနေရစေကာမူ (ဖိ ၁:၁၃) အခြားသူများကို အားပေးနှိုးဆော်နိုင်သောခွန်အား ရရှိခဲ့သည်။ အခြားသူများနှင့်မိတ်ဖက်လျက် သခင်ယေရှု၏ သတင်းကောင်းကို ဝေငှခြင်း၊ သေခြင်းတစ်ဘက်တွင် သူ့အား မည်သည့်အရာ စောင့်ကြိုနေကြောင်းကို သိရှိခြင်း (:၃-၅၊ ၁၈၊ ၂၀) မှ သူခံစားရသည့်…

ဘုရားသခင်ထံ အပြည့်အဝ အပ်နှံပါ

အားလုံးသော စင်္ကာပူအမျိုးသားများကဲ့သို့ပင် ကျွန်ုပ်အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ နိုင်ငံ၏တပ်မတော်၌ စစ်မှုထမ်းခဲ့သည်။ အမှန်အတိုင်းဝန်ခံရလျှင်၊ နှစ်နှစ်ခွဲကြာသောစစ်မှုထမ်းကို စိတ်မပါဘဲ ဥပဒေအရ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ အခြားသောလူငယ်များစွာကဲ့သို့ပင်၊ အထူးအားထုတ် ကြိုးစားမှုမရှိဘဲ အမိန့်ကို အပိုအလိုမရှိ၊ သာမန်နာခံခဲ့သည်။

သို့သော် အချို့သူများက စိတ်ပါဝင်စားစွာ အမှုထမ်းလျက်၊ နောက်ဆုံးတွင် သူတို့၏အတွေ့အကြုံများမှ များစွာသော ခေါင်းဆောင်မှုစွမ်းရည်၊ ဇွဲလုံ့လနှင့် ခံနိုင်ရည်အကြောင်းကို သင်ယူရရှိခဲ့သည်။ ဤသို့သော ကြိုးစားအားထုတ်မှုနှင့် အပြုသဘောဆောင်သည့်စိတ်ထားသည် သမ္မာကျမ်းစာတွင် ယောသပ် ပြသခဲ့သည့် အမှုအရာနှင့် တူပြီး ဘုရားသခင်အား နှစ်သက်စေမည်ဟု ကျွန်ုပ်သိလာရသည်။

ကျွန်အဖြစ်ရောင်းစားခံရပြီး နောက်ပိုင်းတွင် အကျဉ်းချခံရသော်ငြားလည်း သူသည် သတ်မှတ်တာဝန်များကို အကြီးမားဆုံးသော ပေးဆပ်အပ်နှံမှုဖြင့် ပြီးမြောက်စေခဲ့သည်။ သူ့အခြေအနေအပေါ် နာကျည်းနေမည့်အစား လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို မည်မျှအလေးအနက်ထားပြီး ထမ်းဆောင်ခဲ့သနည်းဆိုလျှင် “ပေါတိဖာသည် မိမိ၌ရှိသမျှကို ယောသပ် လက်သို့အပ်”သည့်အထိဖြစ်သည်(က ၃၉:၆)။ ယောသပ်သည် ထောင်ကို ဦးစီးသူ…

ဘုရားသခင်ထံ အပြည့်အဝ အပ်နှံပါ

အားလုံးသော စင်္ကာပူအမျိုးသားများကဲ့သို့ပင် ကျွန်ုပ်အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ နိုင်ငံ၏တပ်မတော်၌ စစ်မှုထမ်းခဲ့သည်။ အမှန်အတိုင်းဝန်ခံရလျှင်၊ နှစ်နှစ်ခွဲကြာသောစစ်မှုထမ်းကို စိတ်မပါဘဲ ဥပဒေအရ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ အခြားသောလူငယ်များစွာကဲ့သို့ပင်၊ အထူးအားထုတ် ကြိုးစားမှုမရှိဘဲ အမိန့်ကို အပိုအလိုမရှိ၊ သာမန်နာခံခဲ့သည်။

သို့သော် အချို့သူများက စိတ်ပါဝင်စားစွာ အမှုထမ်းလျက်၊ နောက်ဆုံးတွင် သူတို့၏အတွေ့အကြုံများမှ များစွာသော ခေါင်းဆောင်မှုစွမ်းရည်၊ ဇွဲလုံ့လနှင့် ခံနိုင်ရည်အကြောင်းကို သင်ယူရရှိခဲ့သည်။ ဤသို့သော ကြိုးစားအားထုတ်မှုနှင့် အပြုသဘောဆောင်သည့်စိတ်ထားသည် သမ္မာကျမ်းစာတွင် ယောသပ်ပြသခဲ့သည့် အမှုအရာနှင့် တူပြီး ဘုရားသခင်အား နှစ်သက်စေမည်ဟု ကျွန်ုပ်သိလာရသည်။

ကျွန်အဖြစ်ရောင်းစားခံရပြီး နောက်ပိုင်းတွင် အကျဉ်းချခံရသော်ငြားလည်း သူသည် သတ်မှတ်တာဝန်များကို အကြီးမားဆုံးသော ပေးဆပ်အပ်နှံမှုဖြင့် ပြီးမြောက်စေခဲ့သည်။ သူ့အခြေအနေအပေါ် နာကျည်းနေမည့်အစား လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို မည်မျှအလေးအနက်ထားပြီး ထမ်းဆောင်ခဲ့သနည်းဆိုလျှင် “ပေါတိဖာသည် မိမိ၌ရှိသမျှကို ယောသပ် လက်သို့အပ်”သည့်အထိဖြစ်သည် (က ၃၉:၆)။ ယောသပ်သည် ထောင်ကို ဦးစီးသူ…

စစ်မှန်သော သမာဓိ တည်ကြည်ခြင်း

အလုပ်အင်တာဗျူးတစ်ခုတွင် ကယ်ရယ်အား “အရင်အလုပ်က ဘာလို့ထွက်လိုက်တာလဲ”ဟု ထပ်ခါတလဲလဲ မေးသည်။ အင်တာဗျူးသူက ယခင်အလုပ်ရှင်နှင့် သူမတွေ့ကြုံခဲ့သည့် ပဋိပက္ခကို ခန့်မှန်းမိပြီး ဘာဖြစ်ခဲ့သည်ကို သိလိုသည်။

“အလုပ်လုပ်သည့်ပုံစံ မတူညီကွဲပြားမှုများ”ကို ကယ်ရယ် သိရှိလက်ခံသည့်အပြင် ယခင်အလုပ်ရှင်၏ မကောင်းကြောင်းပြောခြင်းသည် မှားယွင်းသည်ဟု ခံယူသဖြင့် ယခင်အလုပ်ရှင်အပေါ် သူမ၏ ထင်မြင်ချက်ကို ပြောဆိုရန် ငြင်းဆိုခဲ့သည်။ နောက်ပိုင်း သူမကို အလုပ်ခန့် လိုက်ပြီးနောက်၊ အလုပ်ရှင်သစ်က ဝန်ထမ်းခန့်အပ်ရေးတာဝန်ရှိသူများသည် သူမ၏တုံ့ပြန်မှုကို သဘောကျကြောင်း၊ “မင်းရဲ့ သမာဓိကို ငါတို့ သဘောကျတယ်။ မင်းရဲ့သူဌေးမကောင်းကြောင်းကို မပြောစေချင်သလို၊ နောင်လည်း ငါတို့မကောင်းကြောင်းကိုလည်း မပြောစေချင်ပါဘူး”ဟု ပြန်ပြောပြခဲ့သည်။

ယေရှုကို ယုံကြည်သူအသစ်တစ်ဦးအနေနှင့်၊ ကယ်ရယ်သည် လက်တွေ့ကျကျ “ဘုရားနှင့်မှန်ကန်သော”နည်းလမ်းဖြင့် မည်သို့နေထိုင်ရမည်ကို အမြဲတစေ တွေးတောခဲ့သည်။ အဖြေသည် ရိုးရှင်းကြောင်း၊ သမာဓိရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ၊ ရိုးသားပြီး ကျင့်ဝတ်သိက္ခာရှိစွာ နေထိုင်ခြင်းဖြစ်ကြောင်း သူမသဘောပေါက်ခဲ့သည်။…

ဘုရားသခင်ကို စောင့်ဆိုင်းခြင်း

Joseph(ဂျိုးဇက်)သည် စိတ်မကြည်မလင်ဖြင့် အလုပ်ရှာနေခဲ့သည်။ ယခင်က စားသောက်ဆိုင် စားပွဲထိုးအလုပ်မှာ လစာကောင်းသော်လည်း စားသောက်ဆိုင်လုပ်ငန်း၏သဘာဝမှာ မကြာခဏ စနေတနင်္ဂနွေ၌ အလုပ်ဆင်းရသည့်အတွက် ယုံကြည်သူအသစ်အနေဖြင့် ဘုရားကျောင်း ပုံမှန်သွားရန်မှာ သူ့အတွက် အခက်အခဲဖြစ်နေသည်။ “ဘုရားသခင်က ငါ့ဆုတောင်းချက်ကို ဘာလို့အဖြေမပေးသေးတာလဲ”ဟု ညည်းခဲ့မိသည်။

ဂျိုးဇက်အနေနှင့် သူ၏မျှော်မှန်းချက်ကို အတိုးအလျော့ညှိရန်လိုကြောင်း မြင်လာပြီး၊ စနေတနင်္ဂနွေ ပုံမှန် အားလပ်ရက်ရသည့် အခြားအလုပ်ကို ရှာဖွေရန် အချိန်တစ်နှစ်ခန့် ကြာခဲ့သည်။ နောက်ဆုံး အလုပ်ရခဲ့ပြီး ထိုမျှစောင့်ဆိုင်းရခြင်းက ဆုံးဖြတ်ချက်ချရာ၌ သူ့အား ပို၍ရင့်ကျက်စေခဲ့သည်ကို သူနားလည်လာပြီး ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ အလုပ်ပြောင်းလုပ်သည့် အတွေ့အကြုံက ဘဝ၌ သည်းခံနိုင်စွမ်းနှင့် သူ့အချိန်၌ဖွင့်ပြလာမည့် ဘုရားသခင်၏အစီအစဉ်ကို ယုံကြည်စိတ်ချခြင်းသည် မည်သို့ဖြစ်သည်ကို သူ့အား သင်ပေးခဲ့သည်။

၎င်းသည် အရပ်ရပ်သို့ကွဲလွင့်ပြီး စုံစမ်းခြင်းကို ခံနေရသည့် သခင်ယေရှုကို ယုံကြည်သူ ယုဒလူမျိုးများအား အားပေးခဲ့သည့် ရှင်ယာကုပ်၏စကားများဖြစ်သည်။ “သင်တို့သည်…

ဘုရားသခင်၏သက်တန့်အဖြေ

အိုဝင်တစ်ယောက် အားလပ်ရက်တွင် နိုင်ငံခြားသို့ ရောက်နေပြီး၊ သူ၏သူငယ်ချင်းက “မင်းနေရာကို အစားထိုးဖို့ သူဌေးစီစဉ်နေတယ်”ဟု စိတ်အနှောင့်အယှက်ဖြစ်စရာမက်စေ့ဂျ်တစ်ခု ပို့လာသည်။ အလွန်စိတ်ညစ်ပြီး တစ်မနက်အရုဏ်ဦးအချိန်တွင် ဆုတောင်းရင်း ဘုရားသခင်အား “ကိုယ်တော်ဘယ်ရောက်နေလဲ”ဟု သူမေးခွန်းထုတ်မိသည်။ ထို့နောက် ပြူတင်းပေါက်သို့သွားပြီး ကန့်လန့်ကာကို လှပ်ကြည့်ရာ အပြင်ဘက်ရှိ ရေကန်တွင် ကြီးမား၍လှပသော သက်တန့်ကို တွေ့လိုက်ရသည်။ ရုတ်ခြည်းပင် နွေးထွေးသောနှစ်သိမ့်မှကို ခံစားရပြီး၊ “ဒါဟာ ‘ငါဒီမှာရှိနေတယ်’လို့ ဘုရားသခင် ငါ့ကို ရိုးရိုးလေး စကားပြောနေတာဖြစ်မယ်” ဟု နောက်ပိုင်းတွင် သူပြန်ပြောခဲ့သည်။

ကမ္ဘာဦးကျမ်း ၉ တွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးခြင်းဖြင့် နောက်ထပ် မဖျက်ဆီးတော့ကြောင်း “မိုးတိမ်၌ သက်တန့်ရှိသည်ကို ငါကြည့်ရှုသဖြင့် ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါ တိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်”(:၁၆)ဟု ကတိပေးခဲ့သည်။ ထိုပဋိညာဉ်သည် ထာဝရဖြစ်ပြီး၊ အခြေအနေပေါ် မမူတည်ပါ။…

ယုံကြည်ခြင်း၌ရှိသော မျှော်လင့်ခြင်း

ခရစ္စတင်း၏သားသည် ကင်ဆာရောဂါဖြင့် ၇ နှစ်အရွယ်လေးမှာပင် ဆုံးပါးသွားခဲ့သည်။ ၃ နှစ်အကြာ ယခုတွင်မူ သူမ၏သားကြီးသည် နာတာရှည်ရောဂါကို ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။ မယုံကြည်သူ သူငယ်ချင်းများက သူမနှင့်အတူ ဝမ်းနည်းခဲ့ကြသော်လည်း သူမသည် ခရစ်တော်ကို အဘယ်ကြောင့် ဆက်လက် ယုံကြည်ကိုးစားသည်ကို သူတို့နားမလည်နိုင်ခဲ့ကြပါ။ “နင့်ဘုရားက ဘာလို့ ဒါကို ဖြစ်စေတာလဲ၊ သူ့ကို နင်ဘာလို့ ဆက်ယုံကြည်နိုင်သေးတာလဲ” ဟု သူတို့မေးခွန်းထုတ်ခဲ့သည်။
ခရစ္စတင်းအတွက်မူ ၎င်းသည် သူမအား ဆက်လက်ယုံကြည်စေသည့် သာ၍ ခိုင်လုံသောအကြောင်းပြချက် ဖြစ်သည်။ “ဘာကြောင့် ဒီလိုတွေဖြစ်နေရသလဲ ဆိုတာ ကျွန်မနားမလည်ပါဘူး။ ဒါပေမယ့် ဘုရားသခင်က ကျွန်မတို့ကို ဒီလိုအခက် အခဲတွေကြားက ကူညီပေးမယ်ဆိုတာ ကျွန်မသိတယ်။ ဘုရားရှင်တစ်ပါးတည်းသာလျှင် ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ခြင်းကို ပေးစွမ်းနိုင်တယ်”ဟု သူမဆိုခဲ့သည်။

အခက်အခဲအကြပ်အတည်းများကျရောက်ချိန် ထိုသို့သောမျှော်လင့်ခြင်းနှင့် ယုံကြည်ကိုးစားခြင်းက ဒါဝိဒ်မင်းအား ရှေ့ဆက်စေနိုင်ခဲ့သည်။ သူ့အား…

ဘုရားသခင်၌ နားခိုခြင်း

ကျွန်ုပ်၏ အိမ်နီးချင်း ဆမ်သည် တစ်ညတွင် သူ၏ကားမပါဘဲ အိမ်ပြန်ရောက်လာသည်။“ကားခိုးခံလိုက်ရတယ်”ဟု သူ့ဇနီးကို ပြောပြီး၊ “ငါအိပ်တော့မယ်။ မနက်မှ စဉ်းစားမယ်”ဟု ဆက်ပြောသည်။ သူ့ဇနီးမှာ အံ့ဩလျက်၊ ဆမ်ဘယ်လိုလုပ် ဒီလောက်အေးဆေးနေနိုင်သနည်းဟု နားမလည်ခဲ့ပါ။ သို့သော် ဆမ်က“ဘာလုပ်လို့ ရမှာလဲ။ ထိတ်လန့်နေလို့ အခြေအနေပြောင်းမှာလား”ဟု ရှင်းပြလိုက်သည်။

ဆင်ခြင်တုံတရားအမြဲကပ်နေသော ကျွန်ုပ်၏အိမ်နီးချင်းမှာ စိတ်ပူနေရုံနှင့် အကျိုးမရှိသည်ကို သဘောပေါက်သည်။ အာဏာပိုင်များက သူ့ကားကို ပြန်ရှာပေးနိုင်မည်ဟု သူယုံကြည်သည်။ အမှန်လည်း သူတို့ကားကို ပြန်ရှာတွေ့ခဲ့သည်။

တမန်တော်ရှင်ပေတရုသည် အကျဥ်းချခံရသောအခါ (တ ၁၂:၄) သူသည် အလားတူ ခံစားခဲ့ရပါသလား။ ကွပ်မျက်ခံရနိုင်ခြေရှိသော်လည်း၊ အမြဲပင် စိတ်လိုက်မာန်ပါလုပ်တတ်သူကြီးက “စစ်သည်နှစ်ယောက်ကြား၌ အိပ်နေသည်” (:၆)။ကောင်းကင်တမန်သည် “ပေတရု၏နံဘေးကို ပုတ်ခတ်၍” သူ့အား နိုးခဲ့ရသည် (:၇)။ ယင်းက ပေတရုသည် စိတ်အေးလက်အေးနှင့် ငြိမ်သက်ခြင်းအတိ ရှိနေကြောင်း ပြနေသည်။ သူ့အသက်သည်…