ဘုရားသခင်၌ မျှော်လင့်ခြင်း
ဂျယ်ရမီသည် တက္ကသိုလ် သုံးနှစ်တက်ရန် ရောက်ရှိလာပြီး၊ စျေးအသက်သာဆုံး အဆောင်အခန်းကို မေးခဲ့စဥ် မည်သည့်အရာ ကြုံတွေ့ရမည်ကို သူ မသိရှိခဲ့ပေ။ “အရမ်းစိတ်ပျက်စရာကောင်းတာပဲ။ အခန်းရော၊ ရေချိုးခန်းပါ ဆိုးဆိုးဝါးဝါးပဲ” ဟု သူက ပြန်ပြောပြသည်။ သို့သော် သူ၌ ငွေအနည်းငယ်သာရှိပြီး ရွေးချယ်စရာလည်း နည်းခဲ့သည်။ “ကျွန်တော်လုပ်နိုင်တာကတော့ သုံးနှစ်ပြီးရင် ပြန်သွားဖို့ ကျွန်တော့်မှာ အိမ်ကောင်းကောင်းတစ်လုံးရှိတယ်။ အဲဒါကို စိတ်ထဲစွဲပြီး ဒီမှာရှိနေတုန်းအချိန်ကို အကောင်းဆုံးအသုံးချရမယ်လို့ တွေးခဲ့တာပဲ” ဟု သူက ဆိုသည်။
ရွေ့သွားကွယ်ပျောက်လျက်ရှိသည့် လောကထဲ ရှင်သန်စဉ် (၁ ယော ၂:၁၇) “ယာယီတဲမြေအိမ်” ဖြစ်သော တစ်နေ့သေဆုံးမည့် လူ့ခန္ဓာထဲ၌ (၂ ကော ၅:၁) နေ့စဥ်အသက်ရှင်ရခြင်း၏ စိန်ခေါ်မှုများကို ဂျယ်ရမီ၏ဘဝက ထင်ဟပ် ဖော်ပြလျက်ရှိသည်။ ဘဝအခက်အခဲများကို ရင်ဆိုင်ရုန်းကန်ရသည့်အခါ ကျွန်ုပ်တို့သည် “လေးသောဝန်ကိုထမ်း၍ ညည်းတွားမြည်တမ်း” ကြသည်…
ဘုရားသခင် ထိန်းချုပ်ထားသည်
အဖြစ်အပျက်များက ဘာကြောင့် တစ်ပြိုင်တည်းဖြစ်ရသည်ကို ကယ်ရို နားမလည်နိုင်ပါ။ အဆိုးကလည်း တော်ရုံဖြစ်ပေါ့။ သမီးက ကျောင်း၌ ခြေထောက်ကျိုးသည့်အထဲ သူမကိုယ်တိုင်လည်း ပြင်းထန်စွာရောဂါကူးစက်ခံရသည်။ “ဘာတွေလုပ်မိလို့ ဒီလို ခံရတာလဲ”ဟု ကယ်ရို တွေးခဲ့သည်။ ဘုရားထံမှ ခွန်အားတောင်းရန်သာ သူမ တတ်နိုင်သည်။
ကယ်ရို၏အတွေ့အကြုံထက် အဆမတန်ကြီးမားသော နာကျင်မှုနှင့် ဆုံးရှုံးမှုဘေးဒုက္ခများက အဘယ့်ကြောင့် သူ့ကို ပြင်းထန်စွာ ရိုက်ခတ်ရသည်ကို ယောဘလည်း မသိခဲ့ပါ။ ၎င်းသည် သူ့ဝိညာဉ်အတွက် အလွန်အရေးပါသည့်တိုက်ပွဲဟု ယောဘ သိရှိကြောင်း ဖော်ညွှန်းချက်လည်း မရှိပါ။ ယောဘသည် အရာအားလုံး ဆုံးရှုံးသွားလျှင် ဘုရားသခင်အား စွန့်ပယ်မည်ဟု စာတန်က ယုံပြီး၊ သူ၏ယုံကြည်ခြင်းကို စမ်းသပ်လိုသည် (ယောဘ ၁:၆-၁၂)။ ယောဘဘေးဒုက္ခကြုံသည်တွင် သူ့အပြစ်များကြောင့် ဒဏ်ခတ်ခံရခြင်းဟု မိတ်ဆွေများက အခိုင်အမာဆိုသည်။ ထိုသို့မဟုတ်သော်လည်း၊ “ဘာလို့ ငါ့မှ ဖြစ်ရတာလဲ” ဟု ယောဘ…
သေးငယ်သောနည်းလမ်းများဖြင့်
ကင်ဆာရောဂါ၏ ထိုးနှက်မှုကို ခံရသည့်အခါ Elsie (အယ်လ်စီ)သည် သခင်ယေရှုနှင့်အတူရှိရေး ကောင်းကင်အိမ်တော်သို့ပြန်ရန် အသင့်ဖြစ်နေခဲ့သည်။ သို့သော် သူမ ပြန်လည်သက်သာလာပြီး၊ ရောဂါကြောင့် မလှုပ်နိုင်မရှားနိုင် ဖြစ်ကျန်ခဲ့သည်။ ဘုရားသခင် သူ့အား အဘယ့်ကြောင့် အသက်ရှင်ခွင့်ပေးခဲ့သနည်းဟု သူဆင်ခြင်မိကာ “ဘယ်လိုကောင်းကျိုးတွေကို ကျွန်မလုပ်နိုင်မှာမို့လို့လဲ။ ကျွန်မမှာ ငွေကြေး၊ အစွမ်းအစတွေ များများစားစား မရှိတဲ့အပြင် လမ်းလည်း မလျှောက်နိုင်ဘူး။ သခင့်အတွက် ကျွန်မ ဘယ်လိုလုပ်အသုံးဝင်နိုင်မှာလဲ” ဟု ဘုရားရှင်အား သူမေးခဲ့သည်။
ထို့နောက် သေးငယ်ရိုးရှင်းသော နည်းလမ်းများဖြင့် အခြားသူတို့အား အစေခံနိုင်ကြောင်း သူသိရှိခဲ့ပြီး၊ အထူးသဖြင့် တိုင်းတစ်ပါးမှပြောင်းရွှေ့ လုပ်ကိုင်လာသည့် သူ့အိမ်ရှိ သန့်ရှင်းရေးအလုပ်သမားများအား ကူညီပေးခြင်းဖြစ်သည်။ သူတို့ကို တွေ့တိုင်း အစားအသောက်များနှင့် ငွေအနည်းငယ်ကို သူပေးကမ်းဝေမျှခဲ့သည်။ ထိုငွေကြေးလက်ဆောင် နည်းနည်းလေးသည် အလုပ်သမားများ၏စားဝတ်နေရေးအတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။ ထိုသို့အစေခံခြင်းဖြင့် မိတ်ဆွေများနှင့် ဆွေမျိုးများ၏ ပေးကမ်းမှုမှတစ်ဆင့်…
ဘုရားသခင်၏လက်တော်၌
ငါးနှစ်သမီးအရွယ် Sarah (စာရာ) သည် ဖောက်ထွင်းစက်အသံကိုကြားပြီး ကြောက်ရွံ့လျက် သွားကုသသည့် ထိုင်ခုံပေါ်မှခုန်ဆင်းကာ ထိုင်ခုံပေါ်ပြန်တက်ရန် ငြင်းဆန်လေသည်။ သွားဆရာဝန်က သဘောပေါက်လျက် ခေါင်းငြိမ့်ကာ “ဖေဖေ၊ ထိုင်ခုံပေါ်တက်လိုက်ပါ” ဟု သူမ၏ဖခင်အား ပြောလိုက်သည်။ အခက်အခဲမရှိကြောင်းကို သမီးလေးအား ပြသလိုခြင်းကြောင့် ထိုကဲ့သို့ပြုလုပ်ခိုင်းခြင်းဟု Jason (ဂျေဆန်) ထင်မိသည်။ သို့သော် သွားဆရာဝန်က သမီးလေးဘက်လှည့်ပြီး “ကဲ သမီးလေး၊ ထိုင်ခုံပေါ်တက်ပြီး သမီးရဲ့ ဖေဖေ့ပေါင်ပေါ်မှာ ထိုင်လိုက်တော့”ဟု ပြောလိုက်သည်။ သူမကို ထွေးပွေ့ထားသည့် သူ့အဖေလက်၌ စာရာသည် စိတ်ကိုဖြေလျှော့ပြီး စိတ်ချလက်ချ ရှိနေပြီဖြစ်၍ ဆရာဝန်လည်း လုပ်စရာရှိသည်ကို ဆက်လက်လုပ်ဆောင်နိုင်ပေတော့သည်။
ကောင်းကင်ဘုံရှင်အဘ ဘုရားသခင် ကျွန်ုပ်တို့နှင်အတူ ရှိခြင်းကြောင့် ကျွန်ုပ်တို့မည်မျှ စိတ်ငြိမ်သက်မှုရမည်ကို ထိုနေ့က ဂျေဆန် ကောင်းကောင်း သင်ခန်းစာရလိုက်သည်။ “တစ်ခါတစ်ရံ ဘုရားသခင်က ကျွန်တော်တို့ ဘဝမှာ ကြုံတွေ့ရမဲ့ အခက်အခဲတွေကို တာဝန်ယူပေးမှာ…
ဘုရားအတွက်အစေခံခြင်း
အင်္ဂလန်ပြည် ရှင်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်သွားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စျာပနအခမ်းအနား၌ ခြေလျင်ချီတက်ရန် ထောင်ပေါင်းများစွာသော စစ်သားများ တာဝန်ပေးအပ်ခံရသည်။ သူတို့တစ်ဦးချင်းစီ၏ ကဏ္ဍသည် ကြီးမားသည့်လူအုပ်တွင် သတိပြုမိစရာ မဖြစ်သော်လည်း အများစုက ထိုအရာကို ဂုဏ်ယူစရာအဖြစ် ခံယူကြသည်။ “ဘုရင်မကြီးအတွက် နောက်ဆုံးတာဝန်ကို ထမ်းရွက်ရမည့်အခွင့်အရေးပဲ” ဟု စစ်သားတစ်ဦးက ပြောကြားခဲ့သည်။ သူ‘လုပ်ရသည့်အရာ’ထက် ‘မည်သူ့အတွက်’ သူလုပ်ပေးရသည် ဆိုသည့်အချက်ကသာ သူ့အလုပ်ကို အရေးကြီးသည့်အလုပ် ဖြစ်စေသည်။
လေဝိလူတို့သည်လည်း တဲတော်တန်ဆာများကို ထိန်းသိမ်းစောင့်ရှောက်ရန် ခန့်အပ်ခံရသည်။ ယဇ်ပုရောဟိတ်များနှင့်ကွဲပြားစွာ ဂေရရှုန်၊ ကောဟတ်နှင့် မေရာရိတို့သည် ပရိဘောဂ၊ မီးတိုင်များ၊ ကုလားကာများ၊ တိုင်များ၊ တဲငုတ်များနှင့် ကြိုးများကို သန့်ရှင်းခြင်းဟူသည့် သာမန်အလုပ်များကို လုပ်ရန် တာဝန်ခန့်အပ်ခံရသည် (တော ၃:၂၅-၂၆၊ ၃၁၊ ၃၆-၃၇)။ သို့သော် သူတို့၏အလုပ်များသည် ဘုရားသခင် အထူးခန့်အပ်သည့်…
ဆုတောင်းခြင်းဖြင့် ချစ်ခြင်းမေတ္တာထားခြင်း
ဂျွန်သည် အသင်းတော်၌ နှစ်ပေါင်းများစွာ အတော်လေး အနှောင့်အယှက်တစ်ခု ဖြစ်ခဲ့သည်။ သူသည် ဒေါသကြီးကာ၊ တောင်းဆိုမှုများပြီး မကြာခဏ ရိုင်းစိုင်းတတ်သည်။ သူ့အပေါ် ကောင်းစွာ အစေခံဝန်ဆောင်မှု မရှိ၊ အသင်းတော်၏ လုပ်အားပေးများနှင့် ဝန်ထမ်းများ အလုပ်ကို ကောင်းစွာ မလုပ် စသည်ဖြင့် သူစောဒကတက်သည်။ ရိုးသားစွာပြောရလျှင် သူ့ကိုချစ်ရန် ခက်ပါသည်။
သို့နှင့် သူကင်ဆာရောဂါရှိသည်ဟု ကျွန်တော်ကြားရသောအခါ သူ့အတွက်ဆုတောင်းပေးရန် ခက်ခဲခဲ့သည်။ သူ၏ပြင်းထန်သောစကားများနှင့် မနှစ်မြို့ဖွယ် စရိုက်များက ကျွန်တော့်မှတ်ဥာဏ်တွင် အပြည့်ရှိနေသည်။ သို့သော် သခင်ယေရှုက ချစ်မေတ္တာပြရန် စေစားသည်ဖြစ်၍ နေ့စဥ် ဂျွန်အတွက် ရိုးရိုးလေး ဆုတောင်းပေးခဲ့သည်။ ရက်အတန်ကြာတွင် သူ၏မနှစ်မြို့ဖွယ် ကိုယ်ရည်ကိုယ်သွေးများကို ကျွန်တော် သိပ်မတွေးတော့ကြောင်းကို သတိပြုမိသည်။ “သူတကယ် နာကျင်နေမှာပဲ။ မျှော်လင့်ချက် ပျောက်ပြီလို့ ခံစားနေရမှာပေါ့”ဟု ကျွန်တော်တွေးမိသည်။
ဆုတောင်းခြင်းဆိုသည်မှာ မိမိကိုယ်၊ မိမိခံစားချက်များအပါအဝင် မိမိနှင့်အခြားသူတို့၏…
သစ္စာတည်သူ၊ မေ့လျော့မခံရသူ
Sean (ရှောန်) သည် ကြီးပြင်းလာသည်နှင့်အမျှ မိသားစုရှိခြင်း၏ အဓိပ္ပာယ်ကို သူမသိခဲ့ပါ။ သူ့မိခင်ဆုံးပါးသွားပြီးနောက် ဖခင်က အိမ်တွင် ရှိခဲလှသည်။ သူသည် အထီးကျန်ပြီး စွန့်ပစ်ခံရသည်ဟု ခံစားရလေ့ရှိသည်။ သို့သော် သူ့အိမ်နီးချင်း ဇနီးမောင်နှံက သူ့ကို လက်ကမ်းကူညီပေးခဲ့သည်။ သူတို့အိမ်သို့ သူ့ကိုခေါ်သွားကာ သူတို့၏သားသမီးများကို သူ၏ “အစ်ကို” နှင့် “အစ်မ” ဖြစ်စေခဲ့ခြင်းဖြင့် သူ့ကို သူတို့ချစ်ကြောင်း စိတ်ချမှုပေးသည်။ ရှောန် ကို ဘုရားကျောင်းသို့ ခေါ်သွားခဲ့ပြီး ယခုအခါတွင် သူသည် မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိသော လူငယ်တစ်ဦးဖြစ်လာကာ ဘုရားကျောင်းတွင် လူငယ်ခေါင်းဆောင်တစ်ဦးပင် ဖြစ်နေပေပြီ။
ဤဇနီးမောင်နှံသည် လူငယ်လေးတစ်ယောက်၏ဘဝကို ပြောင်းလဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ရှောန် အတွက် သူတို့လုပ်ဆောင်ခဲ့သည့် အရာများကို အသင်းတော်မိသားစုမှ လူအများစုက ကျယ်ကျယ်ပြန့်ပြန့်မသိကြပေ။ သို့သော် ဘုရားသခင်သိပါသည်။ သမ္မာကျမ်းစာ၏ “ယုံကြည်ခြင်းသူရဲကောင်းစာရင်း”၌ ဖော်ပြထားသူများနည်းတူ တစ်နေ့တွင်…
မသိသောလမ်း
Brian (ဘရိုင်ယန်)နှင့် အတူပြေးရန် ကျွန်တော်သဘောမတူခဲ့သင့်ပါ။ အခြားနိုင်ငံတစ်ခုသို့ ကျွန်တော်ရောက်နေ၍ ဘယ်ကိုပြေးမည်၊ ဘယ်လောက် ဝေးဝေး ပြေးမည်၊ မြေအနေအထားမည်သို့ရှိမည်ကို ကျွန်တော်မသိခဲ့ပါ။ ထို့ပြင် သူက အပြေးမြန်သူဖြစ်၍ သူ့ကိုမီအောင်လိုက်ပြေးရင်း ကျွန်တော်ခြေကျင်းဝတ်လည်သွားမည်လား။ ဘရိုင်ယန်သည် လမ်းသိသောကြောင့် သူ့အား ယုံလိုက်ခြင်းမှလွဲလျှင် ကျွန်တော်ဘာလုပ်နိုင်မည်နည်း။ စပြေးကြသောအခါ ကျွန်တော်ပို၍ပင် စိတ်ပူလာသည်။ မြေမညီသောတောအုပ်၌ လမ်းကြောင်းက ကွေ့ကောက် ကြမ်းတမ်းသည်။ ဘရိုင်ယန်သည် နောက်ပြန် လှည့်လှည့်ကြည့်၍ ကျွန်တော်အဆင်ပြေမပြေမေးကာ ရှေ့၌ရှိသည့် ကြမ်းတမ်းသောနေရာများအကြောင်း သတိလှမ်းလှမ်းပေး၍သာ တော်တော့သည်။
ခါနန်ပြည်ထဲဝင်သော အာဗြံဟံ၊ တောထဲလှည့်လည်သော ဣသရေလလူမျိုးများ၊ သတင်းကောင်းကို ဝေငှရန်သာသနာခရီးပြုကြသည့် သခင်ယေရှု၏ တပည့်တော်များ စသည်ဖြင့် မရင်းနှီးသောနယ်မြေသို့ သွားခဲ့ကြသည့် ကျမ်းစာထဲမှလူများသည်လည်း ဤသို့ခံစားခဲ့ရနိုင်သည်။ သူတို့၏ခရီးနှင့်ပတ်သက်၍ သေချာပေါက်ခက်ခဲမည် ဆိုသည်ကလွဲ၍ မည်သည်ကိုမျှ သူတို့မသိကြပါ။ သို့သော် ရှေ့လမ်းခရီးကို သိသူတစ်ဦးက သူတို့ကို ဦးဆောင်နေပါသည်။…
ဝမ်းနည်းခြင်းထဲက မျှော်လင့်ခြင်း
Louise (လူးဝိစ်)သည် သူနှင့်ဆုံတွေ့သူတိုင်းအား ပြုံးပျော်စေသည့် တက်ကြွပျော်ရွှင်သော မိန်းကလေးငယ်လေးဖြစ်သည်။ သူ့အသက် (၅) နှစ်အရွယ်၌ ရှားပါးရောဂါတစ်ခုဖြင့် ဆုံးပါးသွားခြင်းက ဝမ်းနည်းစရာဖြစ်သည်။ သူမရုတ်တရက်ကွယ်လွန်သွားခြင်းကြောင့် မိဘများဖြစ်သည့် ဒေးဒေးနှင့် ပီတာတို့ အပါဝင် သူတို့၏လုပ်ဖော်ဆောင်ဖက်များဖြစ်သည့် ကျွန်တော်တို့လည်း အလွန် စိတ်ထိခိုက်ခဲ့ရပြီး၊ သူတို့နှင့်အတူ ဝမ်းနည်းပူဆွေးခဲ့ရသည်။
ထိုသို့သောအခြေအနေကြားမှပင် ဒေးဒေးနှင့် ပီတာတို့သည် အသက်တာခရီးရှေ့ဆက်နိုင်ရန် ခွန်အားကို တွေ့ရှိခဲ့သည်။ ထိုအခြေအနေကို မည်ကဲ့သို့ ရင်ဆိုင်ကျော်ဖြတ်နေသနည်းဟု ဒေးဒေးအား မေးရာ၊ လူးဝိစ် သည် ချစ်မေတ္တာဖြင့် ထွေးဖက်ထားသည့် သခင်ယေရှု၏လက်တော်၌ ရှိနေသည်ဟူသည့် အချက်အပေါ်၌ အာရုံပြုလျက် ခွန်အားယူသည်ဟု ပြန်ပြောခဲ့သည်။ “ထာဝရအသက်ကိုဝင်စားဖို့ အချိန်ကျခဲ့ပြီဖြစ်တဲ့ သမီးအတွက် ကျွန်မတို့ဝမ်းမြောက်ရပါတယ်။ ... ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ခွန်အားကို အမှီပြုပြီး ဝမ်းနည်းခြင်းထဲမှာ ကျွန်မတို့ အားယူလျှောက်လှမ်းနိုင်ကာ ကျွန်မတို့ကို ဘုရားသခင်အပ်နှံထားတဲ့အရာတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်” ဟု ဒေးဒေးက ပြောသည်။…
မင်္ဂလာရှိသော လုပ်ရိုးလုပ်စဥ်
ရထားပေါ်သို့ ကြိတ်ကြိတ်တိုးတက်နေသည့် လူအုပ်ကြီးနှင့် မနက်ခင်းကို ကြည့်ပြီး စိတ်ဓာတ်ကျဖွယ်တနင်္လာနေ့ စတင်ပြီဟု ကျွန်တော်ခံစားလိုက်ရသည်။ ပြည့်ကြပ်နေသောရထားတွဲ၌ ငိုက်မြည်းလျက် အလိုမကျဖြစ်နေသော မျက်နှာများကို ကြည့်ခြင်းဖြင့် မည်သူမျှ အလုပ်သွားရန် မျှော်လင့်မနေကြောင်း ပြောနိုင်သည်။ လူအချို့က အထဲတိုးဝင်ရန်ကြိုးစားကြသောအခါ လူတို့မျက်မှောင်ကြုတ်ကုန်သည်။ ‘အလုပ်တွင် နောက်ထပ် နိစ္စဓူဝ နေ့တစ်နေ့ ရောက်လာပြန်ပါပြီ။’
ရှေ့တစ်နှစ်က ကိုဗစ်-၁၉ ကန့်သတ်မှုများကြောင့် ကျွန်ုပ်တို့၏နေ့စဉ် လုပ်ရိုးလုပ်စဉ်များ ဝရုန်းသုန်းကားဖြစ်ပြီး ရထားများစီးသူမရှိဖြစ်သွားသည်ကို ရုတ်တရက် ကျွန်ုပ်သတိရမိသည်။ အပြင်ထွက်၍ စားသောက်၍မရ၊ အချို့က ရုံးသွားရခြင်းကို ပြန်တမ်းတနေကြသည်။ သို့သော် ယခုတွင် ကျွန်တော်တို့ ပုံမှန် ပြန်ဖြစ်လုနီးပါးဖြစ်ပြီး လူအတော်များများက ခါတိုင်းကဲ့သို့ အလုပ်သွားကြပြီ။ “လုပ်ရိုးလုပ်စဉ်”သည် သတင်းကောင်းဖြစ်ပြီး “ငြီးငွေ့ဖွယ်ကောင်းခြင်း”သည် ကောင်းချီးတစ်ခုဖြစ်ကြောင်း ကျွန်တော်နားလည်ခဲ့သည်။
ရှောလမုန်မင်းသည် နေ့စဥ်ကြိုးစားအားထုတ်မှု၏ အဓိပ္ပာယ်ကင်းမဲ့ပုံကို သုံးသပ်ပြီးနောက် အလားတူကောက်ချက်ချခဲ့သည် (ဒေ ၂:၁၇-၂၃)။ တစ်ခါတစ်ရံတွင်…