နဂိုအတိုင်း ပြန်လည်ပြုပြင်ပြီးဖြစ်သည်
အသင်းတော်တွင် ဧည့်သည်တီးဝိုင်းအဖွဲ့မှ ချီးမွမ်းဝတ်ပြုခြင်းအစီအစဉ်ကို ဦးဆောင် လျက်ရှိပြီး သခင်ဘုရားအတွက် သူတို့၏စိတ်ပြင်းပြမှုမှာ စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။ သူတို့၏ စိတ်အားထက်သန်မှုကို အထင်းသား မြင်နေရသည်။
ထို့နောက်တွင် ဂီတအဖွဲ့သားများက သူတို့အားလုံးသည် ထောင်ထွက်များ ဖြစ်ကြောင်း ဖော်ပြကြရာ၊ ရုတ်ခြည်းပင် တေးသီချင်းများ၏ အဓိပ္ပာယ်မှာ ထူးခြားသွားပြီး သူတို့၏ချီးမွမ်းခြင်းစာသား များက သူတို့အတွက် အဘယ်ကြောင့် အဓိပ္ပာယ် ရှိရသည်ကို သဘောပေါက်သွားသည်။ သူတို့၏၀တ်ပြုချီးမွမ်းခြင်းက ပျက်စီးကြေမွသောဘ၀များ ပြန်လည်ကောင်းမွန်လာသည့် အကြောင်း သက်သေခံချက်ပင်။
လောကကြီးက အောင်မြင်မှုကို ပွေ့ဖက်ကြိုဆိုကောင်းကြိုဆိုနေမည်။ သို့သော် အတိတ်မှကျရှုံးမှုအဖြစ်များ ကလည်း လူတို့အတွက် မျှော်လင့်ခြင်းကို ပေးနိုင်စွမ်းသည်။ ထိုအရှုံးများက ကျွန်ုပ်တို့ မည်ရွေ့မည်မျှ ကျရှုံးပါလေစေ၊ ဘုရားရှင်သည် ကျွန်ုပ်တို့ကို ချစ်ကြောင်း စိတ်ချမှုကို ပေးသည်။ ယုံကြည်ခြင်းအခန်းကြီး ဟု ကျွန်ုပ်တို့ ခေါ်ဝေါ်သော ဟေဗြဲ ၁၁ ကို…
ဘုရားသခင်သိတော်မူ၏
အသင်းတော်၌ နာကျင်ခံစားနေရသည့် အမျိုးသမီးတစ်ဦးကို ဒဲန်နီးစ် မြင်တွေ့ပြီး စိတ်ထိခိုက်ကာ သူ့ကို မည်သို့မစနိုင်မည်နည်းဟု တွေးခဲ့သည်။ အပတ်စဉ် သူ့ကို တွေ့ဆုံအားပေးနှစ်သိမ့်ပြီး အတူတကွ ဆုတောင်းကြသည်။ သို့နှင့် ဒဲန်နီးစ်သည် သူ့ကို အားပေးစောင်မလမ်းပြသူ ဖြစ်လာသည်။ သို့သော် အသင်းတော်ခေါင်းဆောင်များက ဒဲန်နီးစ်၏ အားထုတ်မှုကို မမြင်၊ ထိုအမျိုးသမီးကို မစမည့်သူ တစ်ဦးဦးကို တာဝန်မပေးဘဲ ရှိနေသည်။ မည်သူမျှ ထိုအမျိုးသမီးကို တာဝန်မယူဟုသာ ဝေဖန်နေကြသည်။
မည်သည့် ချီးမွမ်းမှုမျိုးကိုမှ ဒဲန်နီးစ် မလိုချင် သော်လည်း သူ့အနေနှင့် စိတ်အားလျော့လာသည်။ ‘‘ကျွန်မက ဘာမှမလုပ်ဘဲ နေနေတာကျနေတာဘဲ’’ ဟု သူရင်ဖွင့်သည်။
သို့သော် တစ်နေ့တွင် ထိုအမျိုးသမီးက ဒဲန်နီးစ်၏ နှစ်သိမ့်အားပေးမှုအတွက် သူအလွန်ကျေးဇူးတင်ကြောင်း ပြောလာရာ၊ ဒဲန်နီးစ် အားတက်သွားသည်။ ‘‘သူ့အတွက် မင်းရှိနေပေးတာ ငါသိတယ်’’ဟု ဘုရားသခင် သူ့ကိုပြောလိုက်သကဲ့သို့ သူခံစားလိုက်ရသည်။…
အသက်တာအတွက် လေ့ကျင့်ခြင်း
တာဝေးအပြေးပြိုင်ပွဲအတွက် ကျွန်တော်လေ့ကျင့်ရေးဆင်းစဉ် အခြေအနေက အလွန်ဆိုးရွားလှပြီး နောက်ဆုံးပြေးခဲ့သောအကြိမ်မှာ အင်မတန်မှပင် စိတ်ပျက်စရာ ကောင်းလှ သည်။ ခရီးတစ်ဝက်သာ ပြေးနိုင်ပြီး ကျန်ခရီးတ၀က်တွင် လမ်းလျှောက်ရုံသာ လျှောက်ခဲ့ပြီး လမ်းခုလတ်တွင် ထိုင်၍ပင် နားခဲ့ရသည်။ စာမေးပွဲ သေးသေးလေးတစ်ခုကို ကျရှုံးရသလို ကျွန်တော်ခံစားမိသည်။
ထို့နောက် ၎င်းသည် လေ့ကျင့်ရေးဆင်းခြင်း၏ ရည်ရွယ်ချက်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ ဤလေ့ကျင့်မှုသည် ကျွန်တော် အောင်မြင်ရမည့် စာမေးပွဲ မဟုတ်သလို အဆင့်ကောင်းကောင်း ရရှိရန်လည်း မလိုအပ်ပါ။ ၎င်းသည် ကျွန်တော်၏ခံနိုင်ရည်အား တိုးတက် လာရေးအတွက် အဖန်တလဲလဲ တစ်ကြိမ်ပြီးတစ်ကြိမ် လေ့ကျင့်ရမည့် ရိုးရှင်းသောအရာလေးသာဖြစ်ပေသည်။
သင်ရင်ဆိုင်နေရသော အခက်အခဲများကြောင့် သင်စိတ်ပျက်ကောင်း စိတ်ပျက် နေမည်။ ဘုရားရှင်က ကျွန်ုပ်တို့ ဝိညာဉ်ရေးရာ ကြွက်သားများ ပို၍ တောင့်တင်းခိုင်မာကာ ခံနိုင်ရည်အား ကောင်းရန်အတွက် အခက်အခဲများကို ကြုံတွေ့ရင်ဆိုင်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။ သူ့အပေါ်မှီခိုရန် သွန်သင်လျက်…
ဝင်ရောက်ခွင့် အခွင့်ထူး
ယေရုရှလင်မြို့တောင်ပိုင်းတွင် တည်ထားသည့် ဘုရားသခင်၏တဲတော်မှာ သဏ္ဌာန်တူပြုလုပ်ထားခြင်းသာ ဖြစ်သော်လည်း ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သည်။ ထွက်မြောက်ရာ ကျမ်း ၂၅-၂၇ တွင်ဖော်ပြထားသည့်အတိုင်း (ရွှေသားအစစ်နှင့် နန်းလုံးကြိုင်သစ်သားနှင့် မဟုတ်သည့်တိုင်) အရွယ်အစားတူ၊ အနီးစပ်ဆုံး ၀ိသေသများ တူညီစွာ ဆောက်လုပ် ထားသည့် တဲတော်မှာ နီဂျပ်(ဖ်)ကန္တာရတွင် ထီးထီး မားမားကြီး တည်ရှိနေသည်။
သန့်ရှင်းရာအရပ် ပထမတဲတော်နှင့် ဒုတိယ တဲတော်သို့ဝင်၍ ပဋိညာဉ်သေတ္တာတော်ကို ကြည့်ရှုရန် ကျွန်ုပ်တို့ခရီးသွားအဖွဲ့ကို ခေါ်ဆောင်သွားစဉ် အချို့က တွန့်ဆုတ်နေကြသည်။ ဤနေရာသည် အမြင့်ဆုံးသော ပရောဖက်များကိုသာ ၀င်ရောက်ခွင့် ပြုထားသည့် အသန့်ရှင်းဆုံးသောနေရာ မဟုတ်ပေဘူးလား။ ကျွန်ုပ်တို့ ဤသို့ ၀င်ရောက်၍ ရပါ့မလား။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ၀င်ရောက်နေခြင်း ဖြစ်ကြောင်း သိမှတ်လျက် ဣသရေလလူများသည် ပူဇော်သက္ကာ များဖြင့် တဲတော်သို့ ချဉ်းကပ်လာတိုင်း မည်မျှကြောက်ရွံ့နေမည်ကို ကျွန်ုပ် မှန်းဆ၍ ရသည်။…
အဖေတူသား
ကလေးငယ်များ မိဘများအတိုင်း အတုယူခြင်းကို မြင်ရသည်မှာ ချစ်ဖို့ မကောင်းဘူးလား။ မကြာခဏဆိုသလို ကားစီးစဉ် သားများက ကားစတီယာတိုင်ကို ကိုင်ထားသည့်ဟန် စိတ်ကူးယဉ်ပြီး “ဒါပြီးရင် အဖေ ဘာလုပ်မလဲ”ဟူ၍ သေချာစွာလိုက်၍ ကြည့်နေ တတ်သည် တွေ့ရတတ်သည်။
ကျွန်တော် ငယ်စဉ်ကလည်း ထိုနည်းအတိုင်း အဖေ့လိုပင် လိုက်လုပ်သည်။ အဖေလုပ်သမျှအတိုင်း တစ်ခုမကျန် လိုက်လုပ်ရတာလောက် ကျေနပ်ပျော်စရာ ကောင်းတာ မရှိပါ။ ကျွန်တော် သူ့လို အတုယူလိုက်လုပ် နေပုံကိုလည်း အဖေ သေချာစွာ ကြည့်နေခဲ့မည်မှာ မလွဲပါ။
ဘုရားသခင်လည်း ဤကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ကျွန်တော်တွေးမိသည်။ သူ၏အချစ်ရဆုံး သားတော်က ခမည်းတော်ကဲ့သို့ပင် ပျောက်ဆုံးသူများကို ရှာဖွေသည်၊ လိုအပ်သူများကို ကူညီသည်၊ ဖျားနာသူများကို ကျန်းမာ စေသည်။ ယေရှုက “ခမည်းတော် ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်၊…