စာရေးသူ

အားလုံးမြင်နိုင်ရန်
Linda Washington

လင်းဒါဝါရှင်တန်

လင်းဒါဝါရှင်တန် (Linda Washington)သည် အမေရိကန်နိုင်ငံ၊ အီလီနွိုင်းပြည်နယ်၊ အီဗန်စတန်မြို့ရှိ Northwestern တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ/ စာရေးသားခြင်းအတတ်)၊ ဗားမောက်ပြည်နယ် (Vermount)၊ မောက်ဖီးလီယာမြို့ (Montpelier)ရှိ ဗားမောက် အနုပညာကောလိပ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ သူမသည် ကလေး၊ ဆယ်ကျော်သက်နှင့် လူကြီးများအတွက် အပျော်ဖတ်ဝတ္ထု၊ ရသဝတ္ထုများကို သူတစ်ဦးတည်းဖြစ်စေ၊ အခြားစာရေးဆရာများနှင့် ပူးတွဲ၍ဖြစ်စေ ရေးသားခဲ့သည်။ သူမရေးသားခဲ့သော စာအုပ်များတွင် God and Me (အသက် ၁၀ နှစ်မှ ၁၂ နှစ် ကလေးများအတွက် Hendrickson Rose ပုံနှိပ်တိုက်မှ ထုတ်ဝေသည်) နှင့် The Soul of C.S. Lewis (စာရေးဆရာ Jerry Root၊ Wayne Martindale နှင့် အခြားစာရေးဆရာများနှင့် အတူတွဲဖတ်ရေးသားထားပြီး Tyndale House ပုံနှိပ်တိုက်မှ ထုတ်ဝေထားသည်) စာအုပ်များ ပါဝင်သည်။

စာမူ/ အကြောင်းအရာ များ လင်းဒါဝါရှင်တန်

အမျှော်အမြင်ရှိသည့် တည်ဆောက်သူ

မွေးနာမည် Isabella Baumfree အမည်ရှိသူ Sojourner Truth (အမှန်တရားအာဂန္တု) သည် ၁၇၉၇ ခုနှစ် အမေရိကန်ပြည်၊ နယူးယောက်ရှိ Esopus တွင် ကျွန်အဖြစ်မွေးဖွားခဲ့သည်။ သူမ၏ကလေး အားလုံးနီးပါးမှာ ကျွန်အဖြစ်ရောင်းစားခံခဲ့ရသော်လည်း ၁၈၂၆ ခုနှစ်တွင် သမီးတစ်ယောက်နှင့်အတူ ကျွန်အဖြစ်မှ လွတ်မြောက်ခဲ့ပြီး သူတို့လွတ်ငြိမ်းချမ်းသာခွင့်အတွက် ငွေချေပေးခဲ့သည့် မိသားစု နှင့်အတူနေထိုင်ခဲ့သည်။ သူမမိသားစုကို တကွဲတပြားဖြစ်စေသော၊ တရားမျှတမှု မရှိသောစနစ်ကို အခွင့်ပေးခြင်းထက် ဥပဒေအရ သူမ၏သားလေးပီတာကို ပြန်လည်ရရှိရန်ကြိုးပမ်းခဲ့သည်။ ၎င်းသည် ထိုခေတ်အချိန်က အာဖရိကန်-အမေရိကန် အမျိုးသမီးတစ်ဦးအတွက် အံ့သြဖွယ် လုပ်ရပ်တစ်ခုပင်။ ဘုရား အကူအညီမပါဘဲ ကလေးကို မပြုစုမပျိုးထောင်နိုင်မှန်း သူမ သိသောကြောင့် ခရစ်တော်ကို သက်ဝင်ယုံကြည်သူဖြစ်လာပြီး၊ နောက်ပိုင်း၌ သူမဘဝသည် ဘုရားသခင်၏သမ္မာတရားအခြေခံအုတ်မြစ်တွင် တည်ဆောက်ထားကြောင်းကိုပြရန် Sojourner Truth သို့ နာမည် ပြောင်းလဲမှည့်ခေါ်ခဲ့သည်။

သုတ္တံကျမ်း ၁၄…

အားနည်းသူကို မစကယ်တင်

အားလပ်ရက်၌ ဆွစ်ဇာလန်၌ နှင်းလေောစီးသွားမလား၊ ပရက်ဂ်မြို့မှ အန္တရာယ် ကြုံနေရသည့် ကလေးသူငယ်များကို သွားကယ်မလား။ သင်မည်သည်ကို ရွေးချယ် မည်နည်း။ သာမန်လူတစ်ဉီးဖြစ်သည့် နီကိုလတ် ဝင်တန်က ပရက်ဂ်မြို့သို့ သွားရန် ရွေးချယ်ခဲ့သည်။ ၁၉၃၈ ခုနှစ်က ချက်ကိုစလိုဗက်ကီးယားနှင့် ဂျာမဏီနိုင်ငံတို့ စစ်ဖြစ်ရန်တာစူနေသည်။ ဂျူးလူမျိုးဒေသခံများစွာတို့ ဆိုးဝါးသောအခြေအနေ၌ ရှိနေရသည့် ပရက်ဂ်မြို့ရှိ ကယ်ဆယ်ရေးစခန်းသို့ နီကိုလတ် ရောက်သွားပြီးနောက် ကယ်ဆယ်ကူညီရေး အစီအစဉ်ကို ရေးဆွဲရန် စိတ်၌နှိုးဆော်မှုဖြစ်ခဲ့သည်။ သို့နှင့် သူသည် အလှူငွေ ရံပုံငွေများကောက်ခံပြီး ဒုတိယကမ္ဘာစစ်မဖြစ်မီ ပရက်ဂ်မြို့မှ ရာနှင့်ချီသည့်ကလေးသူငယ်များကို ဗြိတိန်နိုင်ငံသို့ ခေါ်ထုတ်ခဲ့သည်။ ထိုကလေးများကို ဗြိတိသျှလူမျိုးမိသားစုများမှ လက်ခံစောင့်ရှောက်ခဲ့သည်။

သူလုပ်ရပ်က ဆာလံ ၈၂ မှ “ဆင်းရဲသောသူ၊... ငြိုငြင်သောသူနှင့် ငတ်မွတ် သောသူတို့ဘက်၌ တရားစီရင်ကြလော့”(:၃) ဟူသည့် စေစားချက်ကို စံပြဖော်ဆောင် ခဲ့ခြင်းဖြစ်သည်။ ဤဆာလံ ၈၂…

မီးဖြင့် စစ်ကြောသန့်စင်သည်

၂၄ ကာရက်ရွှေသည် ၁၀၀% နီးပါး သန့်စင်သည့်ရွှေစင်ဖြစ်သည်။ သို့သော် ထိုရာခိုင်နှုန်းထိ ရခဲသည်။ ရွှေချက်သူများသည် ရွှေသန့်စင်သည့်နည်းလမ်းနှစ်ခု အနက် တစ်ခုကိုအသုံးများသည်။ Miller သန့်စင်နည်းမှာ ဈေးအသက်သာဆုံးနှင့် အမြန်ဆုံးဖြစ်သော်လည်း ရလဒ်မှာ ရွှေကို ၉၉.၉၅% ခန့်သာ သန့်စင်ပေးနိုင်သည်။ Wohlwill သန့်စင်နည်းမှာ အချိန်အနည်းငယ်ပိုကြာပြီး ငွေပိုကုန်သော်လည်း ရွှေကို ၉၉.၉၉% အထိ သန့်စင်ပေးသည်။

ကျမ်းစာခေတ်အချိန်အခါက ရွှေချက်သူများသည် ရွှေသန့်စင်ရန်အတွက် မီးကို အသုံးပြုကြသည်။ မီးအပူ‌ကြောင့် အပေါ်ယံမျက်နှာပြင်သို့ အညစ်အကြေး များ တက်လာသဖြင့် အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်။ အာရှမိုင်းနား တစ်လျှောက် (တူရကီမြောက်ပိုင်း)ရှိ ရှင်ယေရှုကို ယုံကြည်သူများထံရေးသော ပထမစာ၌ တမန်တော်ရှင်ပေတရုက ယုံကြည်သူ၏အသက်တာ၌ ကြုံရသည့် စစ်ကြောမှုကို ရွှေသန့်စင်ခြင်းလုပ်ငန်းစဉ်နှင့် ဥပမာတင်စားခဲ့သည်။ ထိုအချိန်က ယုံကြည်သူများစွာတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းကြောင့် ရောမတို့၏ ညှဉ်းပန်း နှိပ်စက်မှုကို ခံနေရကြသည်။…

တော်ဝင်အရိုက်အရာ

​ေတော်ဝင်မိသားစုတွင် ထီးနန်းအရိုက်အရာဆက်ခံမည့်သူအကြောင်းကိုသာ ကြားရ လေ့ရှိပြီး ကျန်သောတော်ဝင်မျိုးနွယ်များမှာ မေ့လျော့ခံရသည်။ ဗြိတိသျှတော်ဝင် မိသားစုတွင် ထီးနန်းအရိုက်အရာဆက်ခံရန် စာရင်းတွင် လူ ၆၀ ခန့်ပါဝင်သည်။ ယင်းတွင် လော့ဒ် ဖရက်ဒရစ်ဝင်ဆန် လည်း အပါအဝင်ဖြစ်သည်။ သူသည် ထီးနန်းဆက်ခံရန် နံပါတ် ၄၉ တွင် ရှိနေသော တော်ဝင်မျိုးနွယ်ဝင်တစ်ဉီးဖြစ်သည်။ သို့သော် သူသည် ထင်ပေါ်ကျော်ကြားမှုတွင် ရှင်သန်နေမည့်အစား သူ့ဘဝကို သူ တိတ်တဆိတ် ရှင်သန်သည်။ ဘဏ္ဍာရေးစိစစ်သူအဖြစ်လုပ်ကိုင်နေသော်ငြားလည်း တော်ဝင်မိသားစုအား ကိုယ်စားပြုခြင်းအတွက် အဖိုးအခရရှိသည့် အရေးပါသူ မိသားစုဝင် - အလုပ်လုပ်သော တော်ဝင်မျိုးနွယ်ဟု သတ်မှတ်ခြင်း မခံရပါ။

ဒါဝိဒ်၏သား နာသန် (၂ရာ ၅:၁၄)သည် ထင်ပေါ်ကျော်ကြားမှုပြင်ပတွင် နေထိုင် ရှင်သန်ခဲ့သူဖြစ်သည်။ သူ့အကြောင်းကို အနည်းအကျဉ်းသာ သိရသည်။ ရှင်မဿဲ၏ဖော်ပြချက်အရ ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းတွင် ဒါဝိဒ်၏သား ရှောလမုန်မှ ယောသပ်ဆင်းသက်လာသည် (မ…

ဝမ်းနည်းပူဆွေးမှုကို မှောက်လှန်ပစ်ခြင်း

ရုပ်ရှင်ထုတ်လုပ်သူ Jim နှင့် Jamie Dutcher တို့သည် ဝံပုလွေအကြောင်းကို နှံ့နှံ့စပ်စပ် သိသောဗဟုသုတကြွယ်သူများအဖြစ့် ထင်ရှားသည်။ ၎င်းတို့အဆိုအရ ဝံပုလွေများ ပျော်ရွှင်နေသောအခါ ၎င်းတို့၏အမြီးများမြောက်ပြီး ခုန်ပေါက်မြူးတူးနေတတ်ကြသည်။ သို့သော် ဝံပုလွေအုပ်ထဲမှ တစ်ကောင်ကောင်သေသောအခါ ရက်သတ္တပတ် အတန်ကြာပူဆွေးတတ်ကြကြောင်း၊ ထိုဝံပုလွေသေသည့်နေရာတွင် အမြီးကိုချကာ ပူဆွေးမှုဖြင့်ဆွဲဆွဲငင်ငင်အူလျက် ဝမ်းနည်းမှုကို ဖော်ပြတတ်ကြသည်။

ပူဆွေးဝမ်းနည်းခြင်းသည် အလွန်ပြင်းထန်သည့်ခံစားမှုဖြစ်ပြီးလူတိုင်း ခံစားဖူးသည်။ အထူးသဖြင့် မိမိချစ်ရသူဆုံးပါးခြင်း (သို့) မိမိတန်ဖိုးထားသော မျှော်လင့်ခြင်း ပျက်သုဉ်း သောအခါတွင် ပိုခံစားရသည်။ မာဂဒလမာရိလည်း ခံစားခဲ့ဖူးသည်။ သူသည် ခရစ်တော်ကို ဝန်းရံသောအဖွဲ့ဝင်တစ်ဉီးဖြစ်ပြီး တပည့်တော်တို့နှင့်အတူ ခရစ်တော် နယ်လှည့်တရား ဟောရာနောက်သို့ လိုက်ပါခဲ့သည်(လု ၈:၁-၃)။ သို့သော် သခင်၏ကားတိုင်ပေါ် အသေခံ ခြင်းက သူတို့ကို ကိုယ်တော်နှင့်ဝေးကွာစေခဲ့ပြီ။ သခင်ယေရှုအတွက် မာရိလုပ်ပေးနိုင်သော တစ်ခုတည်းသောအရာကား အလောင်းကို သင်္ဂြိုလ်ရန်အတွက် သခင့်ခန္ဓာတော်ကို အမွှေး…

စိတ်ပျက်အားလျော့ခြင်း သရုပ်

ကမ္ဘာစီးပွားပျက်ကပ်ဆိုက်ခဲ့စဉ်က အမေရိကန်ပြည်ထောင်စု၌ နံမည်ကျော်ဓာတ်ပံု ပညာရှင် Dorothea Lange သည် ဖလော်ရင့် အိုဝင်စ် သွန်မဆင်နှင့် သူ့သားသမီးများ၏ ဓာတ်ပံုကို အမှတ်တမဲ့ ရိုက်ယူခဲ့သည်။ ထိုဓာတ်ပံုက Migrant Mother အမည်ဖြင့် ထင်ရှားခဲ့ပြီး၊ ထိုပံုမှာ ပဲအထွက်မကောင်းသဖြင့် မိခင်တစ်ဉီး၏စိတ်ပျက်အားလျော့မှုကို ဖော်ကျူးသည်။ Lange သည် လယ်ယာစိုက်ပျိုးရေးရံုး၌ အလုပ်လုပ်နေစဉ်အတွင်း ထိုဓာတ်ပံုကို ကယ်လီဖိုးနီးယားပြည်နယ် နီပိုမို ဒေသ၌ ရိုက်ယူခဲ့ခြင်းဖြစ်ပြီး ရာသီအလိုက် သီးနှံစိုက်ပျိုးသူ တောင်သူများ၏ကယ်ရာမဲ့အခြေအနေကို တာဝန်ရှိသူများ သိရှိရန် သူမျှော်လင့်ခဲ့သည်။

ယေရမိမြည်တမ်းစကား၌လည်း စိတ်ပျက်အားလျော့ခြင်း ပံုရိပ်တစ်ခုပါရှိသည်။ ယေရုရှလင်မြို့ပျက်စီးချိန်၌ ယုဒ၏စိတ်ပျက်အားလျော့မှုပုံရိပ်ဖြစ်သည်။ နေဗုခနေဇာ မင်းကြီး၏စစ်တပ်က မြို့ကို ဝင်ရောက်မချေမှုန်းမီ၊ မြို့ကို ဝန်းရံပိတ်ဆို့ထားစဉ်ကပင် အစာရေစာခေါင်းပါးမှုနှင့် ပြည်သူတို့ရင်ဆိုင်ခဲ့ရသည် (၄ ရာ ၂၄:၁၀-၁၁)။ ထိုဆင်းရဲ ဒုက္ခသည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို မနာခံခြင်း၏ရလဒ်ဖြစ်သော်လည်း မြည်တမ်းခြင်းကျမ်းကိုရေးခဲ့သူက…

သည်းခံနိုင်သည့် ယုံကြည်ခြင်း

အဲန်းနက်စ်ရှကယ်တန် (၁၈၇၄-၁၉၂၂) သည် ၁၉၁၄ ခုနှစ်က အန္တာတိကတိုက်ကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ပါ။ Endurance အမည်ရှိသော သူ့သင်္ဘောမှာ ဝက်ဒဲလ်ပင်လယ်၌ ကြီးမားသောရေခဲတုံးကြား ပိတ်မိခဲ့ပြီး၊ အသက်ရှင်သန်ရေးအတွက် သည်းခံမှုပြိုင်ပွဲဝင်ခဲ့ရသကဲ့သို့ ဖြစ်ခဲ့သည်။ ကမ်းခြေနှင့် မည်သို့မျှ အဆက်အသွယ်လုပ်၍ မရဘဲ ရှကယ်တန်နှင့်သူ့အဖွဲ့သားများသည် အသက်ကယ်လှေ များဖြင့် အနီးဆုံးကမ်းခြေဖြစ်သည့် ‘ဆင်ကျွန်း’ သို့ ခရီးပြု ခဲ့သည်။ ထိုကျွန်း၌ ကျန်လူများကို ချန်ရစ်ပြီး ရှကယ်တန်နှင့် အဖွဲ့သား ၅ ဉီးတို့သည် ပင်လယ်ပြင်ကို ဖြတ်လျက် ရက်သတ္တ ၂ ပတ်ခန့်ကြာမျှ မိုင် ၈၀၀ ခရီးနှင်လျက် တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်သို့ အရောက်သွားကာ ဆင်ကျွန်း၌ ကျန်ရစ်သူများအတွက် အကူအညီတောင်းခံရယူနိုင်ခဲ့သည်။ ရှကယ်တန်၏ အဖွဲ့သားများအားလုံး မပျောက်မပျက် အသက်ရှင်ခွင့်ရလျက် ၎င်းတို့၏ ဇွဲသတ္တိ၊ ကြံ့ကြံ့ခံခဲ့မှုများအတွက် ချီးကျူးခံရပြီး သမိုင်းစာမျက်နှာ၌…

အံ့ဖွယ်နှင်းဖြူဖြူ

၁၇ ရာစုတွင် ဆာအိုင်းဇက်နယူတန်သည် သုံးမြှောင့်ဖန်တုံးကို အသုံးပြုပြီး မတူညီသော အရောင်များကို မြင်နိုင်အောင် အလင်းက မည်သို့အထောက်အကူပေးသည်ကို လေ့လာ ခဲ့သည်။ အရာဝတ္ထုတစ်ခုတွင် အလင်းဖြတ်သွားသောအခါ ထိုအရာဝတ္ထုတွင် တိကျသောအရောင်တစ်မျိုးမျိုးရှိကြောင်း သူတွေ့ရှိခဲ့သည်။ ခရစ္စတယ်ရေခဲတုံး (ရေခဲပုံဆောင်ခဲ)တစ်တုံးသည် အလင်းဖောက်နိုင်သောအရာတစ်ခုဖြစ်ပြီး နှင်းများသည် ခရစ္စတယ်ရေခဲတုံးများစွာဖြင့် စုပေါင်းဖွဲ့စည်း ထားသည်။ အလင်းသည် ထိုခရစ္စတယ်တုံးများကို ဖြတ်သွား သောအခါ နှင်းများကို အဖြူရောင်အဖြစ် မြင်တွေ့ရပါသည်။

သမ္မာကျမ်းစာတွင်လည်း အပြစ်သည် မည်သို့သောအရောင်ရှိကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်သည် ပရောဖက် ဟေရှာယအားဖြင့် ယုဒလူမျိုးများ၏အပြစ် အကြောင်းကို ပြောပြီး သူတို့၏အပြစ်များသည် နီသောအဆင်းအရောင်ရှိပြီး ကတ္တီပါနီ အရောင်နှင့်အမျှ နီကြောင်းကို ပြောထားသည်။ သို့သော် ဘုရားရှင်က မိုးပွင့်ကဲ့သို့ ဖြူစင် စေမည်ဟု ကတိတော် ပေးခဲ့သည် (ဟေရှာ ၁:၁၈)။ မည်ကဲ့သို့ ဖြူစင်စေမည်နည်း။ ယုဒလူ တို့သည်…

လှုပ်နေသော ဒူးများကို ခိုင်ခံ့စေခြင်း

ကျွန်မငယ်စဥ်က ၁၉၆၇ ခုနှစ်၌ ဒေါ့တီရမ်ဘို ရေးသားသည့် “ကျွန်ုပ်အပြစ်များကို ကျော်လွန်၍ ကျွန်ုပ်လိုအပ်ချက်(need)ကို တွေ့သည်” ဆိုသည့် သီချင်းခေါင်းစဉ်ကို “ကျွန်ုပ်အပြစ်များကို ကျော်လွန်၍ ကျွန်ုပ်ဒူး (knees) ကို တွေ့သည်” ဟု ထင်ခဲ့ဖူးသည်။ ‘need’ နှင့် ‘knees’ ကို မှားခြင်းဖြစ်သည်။ ကလေးအတွေးနှင့် “ဘုရားသခင်က ဘာလို့ ဒူးတွေကို ကြည့်မှာလဲ” ဟု စဉ်းစားမိခဲ့ဖူးသည်။ ဒူးက အားနည်းသည့်အရာမို့လို့လား။ အားနည်းသည့်ဒူးသည် ကြောက်ဒူးတုန်ခြင်းသဘောဖြစ်ကြောင်း ကျွန်မသိပါသည်။ ဒေါ့တီ သည် သူ့အစ်ကို အယ်ဒီ၏ သူပြုခဲ့သောအမှားများ ကြောင့် သူသည် နှစ်သက်ဖွယ်မကောင်းဟု ယုံကြည်မှတ်ယူနေမှုကို တုံ့ပြန်ရှင်းပြရန် ဘုရားသခင်၏ အခြေအနေပေါ် မမူတည်သည့် ချစ်ခြင်းမေတ္တာအကြောင်းကို ရေးစပ်ခဲ့ခြင်း ဖြစ်​ေကြောင်း နောက်မှ ကျွန်မပြန်သိခဲ့ရသည်။ ဘုရားသခင်က သူ၏အားနည်းခြင်းများကိုမြင်ပြီး မည်သို့ပင်ဖြစ်ဖြစ် သူ့ကိုချစ်ကြောင်း ဒေါ့တီက သူ့ကို…

ဆုံးရှုံးခြင်းသို့ မရောက်နိုင်ပါ

“ရှုံးစရာအကြောင်းမရှိ”။ ထိုစကားကို စူစန် ဘီ အန်တိုနီ (၁၈၂၀-၁၉၀၆) က အမေရိကန်နိုင်ငံတွင်းရှိ အမျိုးသမီးများအတွက် အခွင့်အရေးတောင်းဆိုရာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည့်အချိန်တွင် လူသိရှင်ကြား ပြောခဲ့သောစကားဖြစ်သည်။ သူမသည် အဆက်မပြတ် ဝေဖန်ပြောဆိုမှုကို ရင်ဆိုင်ရပြီး နောက်ပိုင်းတွင် ဖမ်းဆီးခံရကာ တရားမဝင်မဲပေးမှုဖြင့် တရားရုံးတော်တွင် အမှုရင်ဆိုင်ခဲ့ရ သည်။ သို့သော် အမျိုးသမီးများ မဲပေးခွင့်ရရန် သူမ၏ ဆောင်ရွက်ချက် မှန်ကန်သည်ဟု ယုံကြည်လျက် အရှုံး မပေးဘဲ ဆက်လက​ေတိုက်ပွဲဝင်ခဲ့သည်။ နောက်ဆုံးတွင် သူ၏အားထုတ်မှုရလဒ်အကျိုးကို သူမကိုယ်တိုင် မတွေ့လိုက် ရသော်လည်း သူမ၏လုပ်ရပ်နှင့်ကြွေးကြော်ချက် မှန်ကန်ခဲ့ ပါသည်။ ၁၉၂၀ ခုနှစ်တွင် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ချက် အမှတ်စဉ်(၁၉) ဖြင့် အမျိုးသမီးများ မဲပေးခွင့်ရခဲ့သည်။

နေဟမိအတွက် အရှုံးသည် သူရွေးချယ်ရမည့်အရာ မဟုတ်ခဲ့ပါ။ သူ့ဘက်၌ တန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားရှိနေသောကြောင့်ဖြစ်သည်။ ယေရုရှလင်မြို့ရိုးကို ပြန်တည်ဆောက်ခြင်းဟူသည့် သူလုပ်ရမည့်အလုပ်ကို…