စာရေးသူ

အားလုံးမြင်နိုင်ရန်
Linda Washington

လင်းဒါ ၀ါရှင်တန်

လင်းဒါ ၀ါရှင်တန်သည် အီလီနွိုင်းပြည်နယ်၊ အီဗန်စတန်မြို့ရှိ Northwestern တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ/စာရေးသားခြင်းအတတ်) ၊ ဗားမောက်ပြည်နယ် Montpelier အနုပညာကောလိပ်မှ MFA ဘွဲ့ကို ရရှိခဲ့သည်။ သူသည် ကလေး၊ ဆယ်ကျော်သက်နှင့် လူကြီးများအတွက် အပျော်ဖတ်ဝတ္ထု၊ ရသ၀တ္ထုများကို သူတစ်ဦးတည်းဖြစ်စေ၊ အခြားစာရေးဆရာများနှင့် ပူးတွဲ၍ဖြစ်စေ ရေးသားခဲ့သည်။

စာမူ/ အကြောင်းအရာ များ လင်းဒါ ၀ါရှင်တန်

အန္တိမ ကျေနပ်မှု

ကျမ်းစာကျောင်း အစီအစဉ်တစ်ခု၌ ကလေးများကို မုန့်ဝေသောအခါ မုန့်ကို အငမ်းမရ စားနေသည့်ကလေးတစ်ဦးကို ကျွန်မတို့ သတိပြုမိသည်။ သူ့မုန့်ကုန်သောအခါ စားပွဲပေါ်၌ အခြားကလေးများ စားပြီးသား အကြွင်းအကျန်များကို သူဆက်စားပြန်သည်။ ကျွန်မ သူ့ကို ပေါက်ပေါက်တစ်ထုပ်ထပ်ပေးပြီးသော်လည်း သူစား၍ မဝသေးပါ။ ခေါင်းဆောင်များအနေဖြင့် ဤကလေးသည် အဘယ်ကြောင့်
ဤကဲ့သို့ အလွန်ဆာလောင်နေသနည်း ဟု စိတ်မကောင်း ဖြစ်ရသည်။

စိတ်ခံစားချက်နှင့် ပတ်သက်လာလျှင် ကျွန်မတို့ သည်လည်း ထိုကလေးကဲ့သို့ ဖြစ်တတ်ကြောင်း ကျွန်မ တွေးမိသည်။ နှလုံးသားနက်ရှိုင်းရာမှ တောင့်တမှုများကို ဖြည့်ဆည်းရန် ကျွန်မတို့ နည်းလမ်းများ ရှာကြံတတ်ပြီး မိမိကို အမှန်အပြည့်အဝ ကျေနပ်စေမည့်အရာကို ဘယ်သောအခါမျှ ရှာမတွေ့ပါ။

ပရောဖက်ဟေရှာယက ဆာလောင်ငတ်မွတ်နေသူများအား ‘‘လာကြ၊ ဝယ်၍ စားသောက်ကြ’’ ဟု (ဟေရှာ ၅၅း၁) ဖိတ်ခေါ်သည်။ ပြီးမှ ‘‘အစာမဟုတ်သောအရာ အဖို့ သင်တို့ငွေကိုလည်းကောင်း၊…

အားနည်းယိုယွင်းသော စီရင်ချက်

လမ်းပေါ်၌ လမ်းလျှောက်နေရင်း ဖုန်းကို စိုက်ကြည့်သူများအား ကျွန်မတွေ့မြင်ရလျှင် ‘‘ကားအတိုက်ခံရတော့မှာပဲ’’ ဟု ရေရွတ်ရင်း သူတို့ကို လျင်လျင်မြန်မြန် ဝေဖန်ပြစ်တင် လိုက်သည်။ ဘေးကင်းဖို့ သူတို့ကိုယ်သူတို့ ဂရုမစိုက်ကြဘူးလား။ သို့သော် တစ်နေ့၊ လမ်းမကြီးမှလမ်းကြားလေးထဲသို့ ဖြတ်ကူးစဉ်တွင် ဖုန်းမက်ဆေ့တစ်ခုကို အာရုံစိုက်မိ၍ ဘယ်ဘက်ခြမ်းမှ ကားတစ်စီး လာနေသည်ကို သတိမထား မိဘဲ ဖြစ်သွားသည်။ ယာဉ်မောင်းက ကျွန်မကို မြင်ပြီး ရုတ်ခနဲ ကားရပ်လိုက်သောကြောင့် ကျေးဇူးတော်ပင်။ သို့သော် ကျွန်မ ရှက်မိသည်။ မိမိကိုယ်ကို ဖြောင့်မတ်ဟန်ဖြင့် လက်ညှိုးထိုးခဲ့သမျှ ကျွန်မဆီသို့ ပြန်လာနေသည်။ တစ်ပါးသူကို ဝေဖန်ခဲ့သလို မိမိကိုယ်ကို ဝေဖန်ရန်လည်း ရှိပါသည်။

ကျွန်မ၏ သူတော်ကောင်းယောင်ဆောင်ခြင်းက တောင်ပေါ်ဒေသနာ၌ သခင်ယေရှု မြွက်ကြားခဲ့သည့် ဆင်ခြင်
သင့်သည့်အချက်ဖြစ်သည်။ ‘‘ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော…

အဖေ့ထံမှ အကြံဉာဏ်

စာတည်းအလုပ်ကို ရပ်ဆိုင်းခဲ့ပြီးနောက် အလုပ်သစ်တစ်ခုရအောင် ဘုရားသခင်ထံ ကျွန်မဆုတောင်းခဲ့သည်။ သို့သော် ရက်သတ္တပတ်များသာ လွန်သွားပြီး အလုပ် လျှောက်လွှာများကို ဖြည့်စွက်လျှောက်ခဲ့သော ကျွန်မ၏ကြိုးစားမှုက အရာမထင် ဖြစ်လာ၍ ကျွန်မစပြီး နှုတ်ခမ်းစူလာတော့သည်။ အဖြေမရတော့ဟု ထင်ရသည့် ကျွန်မ၏
တောင်းဆုအတွက် ဆန္ဒပြသည့်သဘောနှင့် လက်ပိုက်ကာ ‘‘ကျွန်မအတွက် အလုပ်တစ်ခု ရှိဖို့က သိပ်ပြီး အရေးကြီးတယ် ဆိုတာကို ကိုယ်တော်မသိဘူးလား’’ ဟု ဘုရားသခင်အား မေးလျှောက်ခဲ့သည်။

ဘုရားသခင်၏ကတိတော်များအား ယုံကြည် ကိုးစားခြင်းအကြောင်း မကြာခဏ ကျွန်မကို သတိပေး တတ်သည့် အဖေ့ကို အလုပ်အခြေအနေနှင့် ပတ်သက်ပြီး ပြောပြသောအခါ သူက ‘‘ဘုရားသခင်ရဲ့ကတိစကား ဘယ်တစ်ခုကို သမီးယုံကြည်တာလဲဆိုတာ အဖေ့ကို တည့်တည့်ပြောပြစေချင်တယ်’’ ဟု ပြောခဲ့သည်။

အဖေ၏အကြံဉာဏ်က မိဘက ချစ်သားသမီးကို ပေးသော အမြော်အမြင်နှင့် ပြည့်စုံသည့် အကြံဉာဏ်တို့ ပါဝင်သည့် သုတ္တံ…

ပတ်ဝန်းကျင်အသစ်

ကျွန်မသူငယ်ချင်း ကာရီ ၏ ငါးနှစ်အရွယ် သမီးလေး မယ်ဂျာ တွင် စိတ်ဝင်စားစရာ ကစားနည်းတစ်ခုရှိပါသည်။ သမီးလေးသည် အရုပ်ပေါင်းစုံကိုရောပြီး ပတ်ဝန်းကျင် အသစ်လေး ဖန်တီးပေးရခြင်းကို နှစ်သက်သည်။ သူ၏စိတ်ကူးယဉ်အတွေး ကမ္ဘာထဲတွင် အရာအားလုံးသည် အတူတူပင်ဖြစ်သည်။ ထိုအရုပ်များသည် သူ၏လူများဖြစ်ပြီး အရွယ်မတူညီခြင်း၊ ပုံပန်းသဏ္ဌာန်မတူညီခြင်းကို အလေး မထားဘဲ ၎င်းတို့ အတူရှိနေရလျှင် ထိုအချိန်က အပျော်ဆုံးဟု သူယုံကြည်မှတ်ယူသည်။

သူ့စိတ်ကူးစိတ်သန်းလေးက အသင်းတော်အပေါ်   ထားရှိသော ဘုရားသခင်ရည်ရွယ်ချက်ကို အမှတ်ရစေသည်။ ပင်တေကုတ္တေပွဲနေ့၌ ‘‘ထိုကာလအခါ ကောင်းကင်အောက် တွင် ရှိလေသမျှသောလူမျိုးထဲက ဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း’’ (တ ၂း၅) ဟု ရှင်လုကာ ရေးခဲ့သည်။ ထိုလူမျိုးများသည် မတူညီသောယဉ်ကျေးမှုနှင့် ဘာသာစကားအမျိုးမျိုး ပြောကြသော်လည်း သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်လာသောအခါ ပတ်ဝန်းကျင်အသစ်ဖြစ်သော အသင်းတော် ဖြစ်လာသည်။ ထိုအချိန်မှစ၍…

တစ်ယောက် နာကျင်လျှင် အားလုံးနာကျင်ရသည်။

လုပ်ဖော်ဆောင်ဖက်တစ်ဦးသည် အလွန်အမင်းနာကျင်သည့် ဝေဒနာခံစားရလျက် ဖုန်းဆက်လာသောအခါ ရုံးမှလူတစ်ယောက်စီတိုင်း စိုးရိမ်သွားကြသည်။ ဆေးရုံ တစ်ရက် တက်အနားယူပြီး ရုံးပြန်တက်သောအခါ နာကျင်မှုသည် ကျောက်ကပ်၌ ကျောက်တည်ခြင်းကြောင့်ဖြစ်ပြီး သူက ထိုကျောက်ကို အမှတ်တရအဖြစ် ဆရာဝန်ထံမှ တောင်းခဲ့ပြီး ရုံးသို့ယူလာပြသည်။ ကျောက်ကို ကြည့်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်မှ ကျွန်ုပ်၏သည်းခြေကျောက်ကို အမှတ်ရကာ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ထိုနာကျင်မှု ဝေဒနာကို မချိတင်ကဲခံစားခဲ့ရသည်။

တစ်ခါတစ်ရံ သေးငယ်သောအရာလေးက ခန္ဓာ တစ်ခုလုံးကို နာကျင်မှုဝေဒနာဖြစ်စေခြင်းက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ ၎င်းသည် ၁ ကော ၁၂း၂၆ တွင် တမန်တော် ရှင်ပေါလု သွယ်ဝိုက်၍ဖော်ပြထားသည့်အချက် ဖြစ်သည်။ ‘‘အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကိုခံရလျှင်၊ အင်္ဂါ အပေါင်းတို့သည် အတူခံရကြ၏”။ အခန်းကြီး ၁၂ တစ်ခန်းလုံးတွင် ကမ္ဘာတစ်ဝန်းလုံးမှ ခရစ်ယာန်များကို ခန္ဓာကိုယ်အဖြစ် ဥပမာပြုထားသည်။ ရှင်ပေါလုက ‘‘ဘုရားသခင်သည် ကိုယ်ခန္ဓာကို မျှစေ၍’’…

ကျောက်ဆောင်သို့ ပို့ဆောင်မူပါ

လေအခြောက်မှုတ်စက် ၀ယ်ရန် စတိုးဆိုင်သို့ သွားစဉ် အမျိုးသမီးကြီးတစ်ဦးမှာ ရှေ့တိုး နောက်ဆုတ်ပုံစံနှင့် လျှောက်လာသဖြင့် ‘‘သူလည်း ဒီစက်လာဝယ်တာထင်တယ်’’ ဟု တွေးမိကာ ဘေးကပ်ပြီး သူ့ကို ဦးစားပေးလိုက်သည်။ ထိုနောက် ကျွန်မတို့၏ ရပ်ကွက်အတွင်းဖြစ်ပွားနေသည့် တုပ်ကွေးဗိုင်းရပ်စ်အကြောင်း ပြောဖြစ်ပြီး သူက တုပ်ကွေးမိပြီးနောက် ချောင်းဆိုးခြင်းနှင့် ခေါင်းကိုက်ခြင်း နောက်ဆက်တွဲ ဝေဒနာကို ခံစားနေရသည်။

အချိန်ခဏလေးအတွင်း သူက ထိုဗိုင်းရပ်စ်ပိုး အကြောင်း သူ့အထင်အမြင်များကို သမိုင်းကြောင်းချီ၍ ပျစ်ပျစ်နှစ်နှစ်ပြောနေသည်။ ကျွန်မက ဘာလုပ်ရမှန်းမသိဘဲ နားထောင်နေလိုက်သည်။ သူဆိုင်မှ ထွက်ခွာသွားသည့်တိုင် ဒေါသစိတ်မပြေ၊ စိတ်ရှုပ်ထွေးလျက်နှင့် ထွက်သွားသည်။ သူ၏စိတ်ရှုတ်ထွေးမှုကို ဖော်ပြခဲ့ပါသော်လည်း သူ့ကို ကျွန်မ ဘာအကူအညီမှ မပေးနိုင်ခဲ့ပါ။

ဣသရေလလူတို့၏ ဒုတိယမြောက်ရှင်ဘုရင် ဒါဝိဒ်မင်းသည်လည်း ဘုရားသခင်ထံသို့ သူ၏အမျက်ထွက်ခြင်း၊ စိတ်ရှုတ်ထွေးရခြင်းတို့ကို ဖော်ပြလျက်၊ ဆာလံသီချင်းများ ရေးဖွဲ့ခဲ့သည်။ သို့သော် ဘုရားသခင်က နားထောင်ရုံမျှမက…

ပြဿနာများအကြား ချီးမွမ်းခြင်း

‘‘ကင်ဆာ’’ ဟု အမေပြောသောအခါ ကျွန်မကြံ့ကြံ့ခံနိုင်အောင် ကြိုးစားသော်လည်း မရပါ၊ မျက်ရည်များ စီးကျလာသည်။ ထိုစကားမျိုးကို တစ်ကြိမ်မျှပင် မကြားလိုပါ။   ဤတစ်ကြိမ်သည် အမေ့အတွက် တတိယအကြိမ်မြောက် ကင်ဆာရောဂါခံစားရခြင်း ဖြစ်သည်။ ပုံမှန်ဆေးစစ်ချက်များ၊ အသားစစစ်ဆေးချက်များ၏အဖြေကို ရရှိပြီးနောက် အမေ့လက်မောင်းအောက်၌ အသက်အန္တရာယ်ရှိသော အကြိတ်ဖုတစ်ခု ရှိနေသည်။

ရောဂါဆိုးခံစားရသူက အမေဖြစ်သော်လည်း ကျွန်မကို သူနှစ်သိမ့်ပေးခဲ့သည်။ အမေ့ တုံ့ပြန်မှုက ကျွန်မကိုအံ့သြသွားစေသည်။ ‘‘ဘုရားရှင်က အမေ့အပေါ် အမြဲ ကောင်းတယ်ဆိုတာ အမေသိတယ်။ ကိုယ်တော်က အမြဲ သစ္စာရှိတယ်’’ ဟု ဆိုသည်။ ခက်ခဲသောခွဲစိတ်မှုကို ခံယူ ပြီးနောက် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ဆက်လက်ကုသ ရသည့်တိုင် အမေသည် ဘုရားသခင်၏မျက်မှောက်တော်နှင့် ကရုဏာသစ္စာတော်ကို  ဆက်လက်ကိုင်စွဲထားသည်။

သားသမီး၊ စည်းစိမ်ချမ်းသာနှင့် ကျန်းမာရေးကို ဆုံးရှုံးခဲ့သည့် ယောဘ၏ အဖြစ်နှင့်တူလိုက်ပါဘိ။ သတင်းဆိုးများကြားရပြီးနောက် ယောဘသည် ‘‘မြေပေါ်မှာ ၀ပ်လျက်…

အမျက်ထွက်သည့် ဘုရားလား

တက္ကသိုလ်တွင် ဂရိနှင့်ရောမဒဏ္ဍာရီများကို ကျွန်မလေ့လာခဲ့စဉ်က ပုံပြင်များထဲမှ နတ်ဘုရားများသည် အလွယ်တကူ ဒေါသထွက်ကြပြီး၊ မကြာခဏ စိတ်ဆိုးကြကြောင်း တွေ့ရှိရသည်။ သူတို့၏ဒေါသအမျက်ကို ခံရသည့်လူသားများသည် တစ်ခါတစ်ရံ သူတို့နှုတ်မှ ဆန္ဒပြုလိုက်ရုံနှင့် အသက်ပျောက်ခဲ့ရသည်။

ကျွန်မ လှောင်ပြောင်မိပြီး မည်သို့သောလူများက ထိုနတ်ဘုရားများကို ယုံကြပါလိမ့်ဟု တွေးမိသည်။ နောက်မှ‘‘အမှန်တကယ် အသက်ရှင်သော ဘုရားသခင်အပေါ် ကျွန်မ၏အမြင်သည်လည်း ထူးမခြားနားဖြစ်နေလား၊ ကွဲပြား ခြားနားပါ၏လော’’ ‘‘သံသယ၀င်လာတိုင်း ကိုယ်တော့်ကို   အမျက်ထွက်လွယ်သည့်ဘုရားအဖြစ် ကျွန်မမြင်မိသလား။’’ ဟုတ်ပါသည်။ ကျွန်မ ထိုသို့မြင်မိသည်။ ၀မ်းနည်းစရာပါ။

ထို့ကြောင့် ‘‘ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ’’ ဟု တောင်းဆိုသည့် မောရှေကို ကျွန်မ သဘောကျသည် (ထွက် ၃၃း၁၈)။ သူ့ကိုဆန့်ကျင်၍မကြာခဏ ညည်းတွားတတ်သည့် လူအုပ်ကြီးကို ဦးဆောင်ရန် ရွေးချယ်ခံရသည့်အတွက် ထိုကြီးလေးသည့် တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားရှင် သူ့ကို အမှန်တကယ် မစမည်လားကို မောရှေ…

ဘုရားသခင်၏မစမှုဖြင့်

ကျွန်မအသက်ကြီးလာသည်နှင့်အမျှ အရိုးအဆစ်များ ကိုက်ခဲသည့်ဒဏ်ကို အထူးသဖြင့် အေးသည့်ရာသီတွင် ပို၍ခံစားရသည်။ တစ်ခါတစ်ရံတွင်မူ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ နိုင်သော အငြိမ်းစားဝန်ထမ်းများပမာ အောင်နိုင်သူကြီးကဲ့သို့ ပို၍သက်သောင့် သက်သာ ခံစားရသည်။  

ထို့ကြောင့် အသက်ကြီးသော ကာလက်ကို ကျွန်မ၏သူရဲကောင်းအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ကာလက်သည် ကတိတော်မြေ ခါနန်ပြည်ကို ထောက်လှမ်း ရန် မောရှေစေလွှတ်လိုက်သည့် သူလျိုဖြစ်သည် (တော ၁၃-၁၄)။ စေလွှတ်လိုက်သော သူလျို ၁၂ ဦးအနက် အခြားသူများက မဖြစ်နိုင်ကြောင်း သတင်းပို့ကြချိန်တွင် ကာလက်နှင့်ယောရှု နှစ်ဦးသာလျှင် ဘုရားသခင် အခွင့်အရေး ပေးကြောင်း သတင်းကောင်းကို ပြောကြားသည်။ ယောရှု မှတ်စာ ၁၄ တွင် ကာလက်သည် သူရပိုင်ခွင့်ရှိသော မြေဝေစုကိုလက်ခံရန် အချိန်တန်ပြီဖစ်သော်လည်း ထိုမြေမှ ရန်သူများကို တိုက်ထုတ်ရန် ကျန်သေးသည်။ အနားယူရန် ဆန္ဒမရှိ၊ တိုက်ပွဲကိုလည်း လူငယ်များအား လက်မလွှဲဘဲ ကာလက်က…

အသံဗလံပြုလျက် ရွှင်လန်းစွာ ကြွေးကြော်

ကျွန်မ ပုံမှန်တက်ရောက်ပါဝင်နိုင်မည့် အသင်းတော်တစ်ပါးပါးကို ရှာဖွေခဲ့စဉ်က ကျွန်မ မိတ်ဆွေတစ်ဦးသည် သူ့အသင်းတော်၏ အစီအစဉ်တစ်ခုသို့ ကျွန်မကို ဖိတ်ခေါ်ခဲ့သည်။ ၀တ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်သူက ကျွန်မအလွန်နှစ်သက်သည့်သီချင်းဖြင့် ပရိသတ်ကို ဦးဆောင်သည်။ ထို့ကြောင့် ကောလိပ်တက်စဉ်က သံစုံအဖွဲ့ခေါင်းဆောင်၏ ‘‘ရှင်းလင်းပြတ်သား ကျယ်လောင်စွာ’’ သီဆိုရန် တိုက်တွန်း ခဲ့ခြင်းကို သတိရလျက် သီချင်းကို အားပါးတရ သီဆိုချီးမွမ်း လိုက်သည်။
သီချင်းဆုံးသော် ကျွန်မမိတ်ဆွေ၏ ခင်ပွန်းက ကျွန်မဘက်လှည့်ပြီး ‘‘မင်းအသံကျယ်ကျယ်ဆိုတာဘဲ’’ ဟု ပြောသည်။ သူ့မှတ်ချက်က ကျွန်မကို ချီးကျူးခြင်းတော့ မဟုတ်တန်ရာ၊ သို့နှင့် ကျွန်မ၏အသံကိုထိန်းပြီး ကျွန်မအနီး အနားရှိလူများထက် အသံတိုးအောင် သတိထားကာ၊ ကျွန်မ၏သီဆိုမှုကို လူများဝေဖန်နေမည်လားဟု တွေးရင်း သီဆိုသည်။
သို့သော် တနင်္ဂနွေနေ့တစ်နေ့တွင် ကျွန်မအနီးမှအမျိုးသမီးတစ်ဦးကို ကျွန်မသတိထားမိသည်။ သူက မိမိကိုယ်ကို ထိန်းမနေဘဲ မြတ်နိုးကြည်ညိုစိတ်နှင့် ချီးမွမ်း သီဆိုနေသည်။ သူ့ကိုကြည့်ပြီး…