စာရေးသူ

အားလုံးမြင်နိုင်ရန်
Linda Washington

လင်းဒါဝါရှင်တန်

လင်းဒါဝါရှင်တန် (Linda Washington)သည် အမေရိကန်နိုင်ငံ၊ အီလီနွိုင်းပြည်နယ်၊ အီဗန်စတန်မြို့ရှိ Northwestern တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ/ စာရေးသားခြင်းအတတ်)၊ ဗားမောက်ပြည်နယ် (Vermount)၊ မောက်ဖီးလီယာမြို့ (Montpelier)ရှိ ဗားမောက် အနုပညာကောလိပ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ သူမသည် ကလေး၊ ဆယ်ကျော်သက်နှင့် လူကြီးများအတွက် အပျော်ဖတ်ဝတ္ထု၊ ရသဝတ္ထုများကို သူတစ်ဦးတည်းဖြစ်စေ၊ အခြားစာရေးဆရာများနှင့် ပူးတွဲ၍ဖြစ်စေ ရေးသားခဲ့သည်။ သူမရေးသားခဲ့သော စာအုပ်များတွင် God and Me (အသက် ၁၀ နှစ်မှ ၁၂ နှစ် ကလေးများအတွက် Hendrickson Rose ပုံနှိပ်တိုက်မှ ထုတ်ဝေသည်) နှင့် The Soul of C.S. Lewis (စာရေးဆရာ Jerry Root၊ Wayne Martindale နှင့် အခြားစာရေးဆရာများနှင့် အတူတွဲဖတ်ရေးသားထားပြီး Tyndale House ပုံနှိပ်တိုက်မှ ထုတ်ဝေထားသည်) စာအုပ်များ ပါဝင်သည်။

စာမူ/ အကြောင်းအရာ များ လင်းဒါဝါရှင်တန်

အနုစိတ် ထွင်းထုထားသည်

နယူးယောက်မြို့တော်၊ ဂိုရှန်အရပ်ရှိ ဒိန်ခဲထုတ်လုပ်သူ အယ်လင်ဂလပ်စ်တော့ဖ် က သူ၏နှစ်ချို့ဒိန်ခဲ ထုတ်လုပ်ပုံ အဆင့်ဆင့်၊ ဒိန်ခဲ၌အရသာထည့်ပုံ၊ ဒိန်ခဲမျက်နှာပြင် အနေအထား ပြုလုပ်ပုံအဆင့်ဆင့်ကို ယူကျူ့ ဗီဒီယို၌ ဖော်ပြထားသည်။ ဈေးကွက်ထဲသို့ မပို့ဆောင်မီ ဒိန်ခဲအတုံးတိုင်းကို မြေအောက်ခန်းလှိုဏ်ဂူထဲရှိ စင်ပေါ်တွင် ခြောက်လမှ တစ်နှစ်အထိ ထားထားရသည်။ ဤစိုထိုင်းဆရှိသည့် ပတ်ဝန်းကျင်တွင် ဒိန်ခဲများကို ဂရုတစိုက် စောင့်ရှောက် ရသည်။ ‘‘စစ်မှန်တဲ့ အရသာနဲ့ ကောင်းတဲ့ဒိန်ခဲတစ်တုံးဖြစ်လာအောင် မှန်ကန်တဲ့ ပတ်ဝန်းကျင်မှာ ရှိနေဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားကြရတယ်’’ဟု ဂလပ်စ်တော့ဖ် က ရှင်းပြသည်။

ဂလပ်စ်တော့ဖ် က သူထုတ်လုပ်သည့်ဒိန်ခဲကို အကောင်းဆုံး အရသာရှိစေလိုသည်။ သူ့စိတ်ဆန္ဒက သူ့သားသမီးများ အသီးသီးပြီး ရင့်ကျက်သူများဖြစ်လာ အောင်၊ သူ့သားသမီးများ၏ ‘‘စစ်မှန်သော အလားအလာ’’ ရှိသည့်အတိုင်း ပြုစုပျိုးထောင်လိုသည့် ဘုရားသခင်၏ စိတ်ဇောအဟုန်ကို အမှတ်ရစေသည်။ တမန်တော်…

အမှောင်ထဲမှ အလင်းတစ်စ

These Are The Generations စာအုပ်၌ မစ္စတာဘဲသည် ဘုရားသခင်၏ သစ္စာတော်နှင့် အမှောင်ကို ထိုးခွင်းနိုင်သော ဧဝံဂေလိတရား၏တန်ခိုးတော်ကို ဖော်ပြ ရေးသားထားသည်။ သူ့အဘိုး၊ သူ့မိဘနှင့် သူ့မိသားစုအားလုံးတို့သည် ခရစ်တော်ကို ယုံကြည်လက်ခံခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ သို့သော် မစ္စတာဘဲ ကိုယ်တိုင် သူ့မိတ်ဆွေတစ်ဦးကို ဘုရားသခင်အကြောင်း ပြောပြခြင်းကြောင့် ထောင်ကျခဲ့သောအခါ စိတ်ဝင်စားဖွယ် အမှု ဖြစ်ပေါ်လာသည်။ သူ့ယုံကြည်ခြင်း ကြီးထွားလာသည်။ ထိုနည်းအတိုင်းပင် သူ့မိဘများလည်း အကျဉ်းစခန်းသို့ အပို့ခံရစဉ် ခရစ်တော်၏မေတ္တာကို ဆက်လက်ဝေမျှခဲ့သည်။ ‘‘ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည် မခံမယူ’’ ဟူသည့် ယော ၁း၅ မှ ကတိတော်သည် မှန်ကန်ကြောင်း မစ္စတာဘဲသိရှိခံစားခဲ့ရသည်။

သခင်ယေရှုသည် အဖမ်းမခံရမီ၊ ကားတင်သတ်ခြင်း မတိုင်မီက တပည့်တော်များအား ၎င်းတို့ကြုံရမည့် ဒုက္ခ ဆင်းရဲများနှင့် စပ်လျဉ်း၍ ‘‘ခမည်းတော်ကို မသိ၊ ငါ့ကိုလည်း…

လျှာကို ထိန်းကျောင်းသူ

West With The Night စာအုပ်၌ စာရေးဆရာမ ဘာရီမာ့ခမ်း က တက်ကြွသော မြင်းထီး Camciscan ကို ယဉ်ပါးအောင် သူထိန်းကျောင်းခဲ့ရသည့်အကြောင်းကို အသေးစိတ် ရေးသားထားသည်။ သူနှင့် မြင်းထီး Camciscan တို့ အပြိုင် ကြဲခဲ့ရသည်။ မည်သည့်နည်းဗျူဟာသုံးသုံး၊ မာန်ထောင်နေသည့်မြင်းထီးကို လုံးလုံးလျားလျား ယဉ်ပါးသွားအောင် သူမစွမ်းဆောင်နိုင်ခဲ့ပါ။ မြင်းထီး၏ တဇောက်ကန်းစိတ်ကို တစ်ကြိမ်သာအနိုင်ရခဲ့ဖူးသည်နှင့် ကျေနပ်ခဲ့ရသည်။

မိမိတို့၏လျှာကို ထိန်းကျောင်းရသည့် စစ်ပွဲ၌ ဤခံစားချက်မျိုးကို ကျွန်ုပ်တို့ဘယ်နှစ်ဦး ခံစားဖူးပါသနည်း။ ရှင်ယာကုပ်က လျှာကို မြင်းဇက်ကြိုး၊ သင်္ဘောတက်မ တို့နှင့် နှိုင်းယှဉ်သလို (ယာ ၃း၃-၅)၊ "နှုတ်တစ်ပါးတည်း အထဲက ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ် ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ" (း၁၀) ဟုလည်း ညည်းတွားခဲ့သည်။

သို့ဖြစ်၍ လျှာကိုထိန်းကျောင်းရာတွင် ကျွန်ုပ်တို့ မည်သို့အနိုင်ရနိုင်မည်နည်း။…

နို့စို့သူငယ်တို့၏နှုတ်မှ

ဆယ်နှစ်သမီးလေး ဗွိုင်အိုလာသည် သစ်ကိုင်းကို မိုက်သဏ္ဌာန်ပြုလုပ်ပြီး တရားဟောသည့်ပုံလုပ်ပြသည်ကို ကြည့်ပြီး ဆူဒန်နိုင်ငံတောင်ပိုင်း၌ သာသနာပြုနေသည့် ဆရာမ မစ်ချယ် က ရွာတရားဟောပွဲ၌ သူ့ကို တရားဟောရန် အခွင့်အရေးပေးရာ၊ ဗွိုင်အိုလာကလည်း လက်ခံသည်။ ‘‘ပရိတ်သတ်များက အံ့သြလျက် ဝမ်းမြောက်ကြသည်။ ... စွန့်ပစ်ခြင်းခံခဲ့ရသည့် သမီးငယ်လေးသည် ဘုရင်တစ်ကာ တို့၏ဘုရင်၏သမီးတော်အဖြစ် တာဝန်ရှိသူ အာဏာပိုင် များ၏ ရှေ့မှောက်၌ရပ်လျက်၊ စစ်မှန်သော ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို တန်ခိုးနှင့် ဟောပြောခဲ့သည်။ ပရိတ်သတ် ထက်ဝက်ကျော်သည် သခင်ယေရှုကို လက်ခံရန် အရှေ့သို့ ထွက်လာကြသည်’’ ဟူ၍ ဆရာမမစ်ချယ်ပယ်ရီက Love Has a Face ဟူသည့် စာအုပ်၌ ရေးသားခဲ့သည်။

ထိုနေ့က ဧည့်ပရိတ်သတ်များအနေဖြင့် ကလေး တစ်ဦး၏ တရားဟောချက်ကို ကြားရမည်ဟု မမျှော်လင့်ခဲ့ပါ။ ဤအဖြစ်အပျက်က ဆာလံ ၈ ၌…

စိတ်ခံစားချက်ကို ပြုပြင်ပေးသူ

ဘူတာရုံ၌ ရထားစောင့်နေစဉ် ရထားစောင့်နေသည့် ကြပ်ညှပ်နေသည့် ခရီးသည်များပမာ ကျွန်မစိတ်ထဲ၌ အနုတ်လက္ခဏာအတွေးများက ပြည့်ကြပ်နေသည်။ ပေးရမည့် အကြွေး၊ ကျွန်မအပေါ် မညှာမတာ ပြုသည့်မှတ်ချက်များ၊ မကြာမီက ကျွန်မ၏မိသားစုဝင်တစ်ဦး မတရားခံရသည့် ကိစ္စအပေါ် အကူအညီမဲ့ဖြစ်ခြင်းများ၊ ရထားဆိုက်လာချိန်တွင် ကျွန်မ စိတ်ခံစားချက်က ဆိုးဆိုးဝါးဝါးဖြစ်နေသည်။

ရထားပေါ်ရောက်ပြန်သော် အခြားအတွေးတစ်ခု ဝင်လာသည်။ ဘုရားသခင်ထံစာရေးပြီး မိမိ၏ညည်းတွားမှုများကို ပေးအပ်ရန်ဖြစ်သည်။ သို့နှင့် အိမ်ရောက်သော် စာအုပ်ထဲရေးချလျက် စိတ်နှလုံးကို သွန်းလောင်းပြီးသော် ဖုန်းထဲမှသီချင်းဖွင့်လျက် ချီးမွမ်းသီချင်းများ နားထောင်နေ လိုက်သည်။ ကျွန်မသတိမထားမိခင်မှာပင် ကျွန်မ၏ ဆိုးရွားသည့် စိတ်ခံစားချက်များ လုံးဝပြောင်းလဲသွားကြောင်း သိလိုက်သည်။

၎င်းသည် ဆာလံ ၉၄ ကို ရေးသားသူ၏ပုံစံကို အတုယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျွန်မသည် စိုးစဉ်းမျှ မသိခဲ့ပါ။ ဆာလံဆရာ သည် ရှေးဦးစွာ သူမကျေနပ်ညည်းတွားချက်များကို ဤသို့ ဖွင့်ဟသည်။ ‘‘မြေကြီးသား…

ဆုတောင်းခြင်းနှင့် မော်တာလွှစက်

ကျွန်မအဒေါ်၏ရဲရင့်ပြတ်သားမာကြောသော စိတ်ဓာတ်ကို ကျွန်မလေးစားသည်။ သို့သော် ထိုစိတ်ဓာတ်ကြောင့်လည်း ကျွန်မစိတ်ပူရသည်။ စိတ်ပူရသည့်အကြောင်းမှာ “အိမ်က သစ်ကြားပင်ကြီးကို မနေ့က ငါခုတ်ပစ်လိုက်ပြီ” ဟု ပို့လိုက်သော အီးမေးလ်စာကြောင့် ဖြစ်သည်။

သင်သိထားရမည်မှာ မော်တာလွှစက်ကိုင်ဆောင်သူ ကျွန်မ၏အဒေါ်သည် အသက် ၇၆ နှစ်အရွယ်ပါ။ ထိုအပင်သည် သူမ၏ကားဂိုဒေါင်အနောက်ဘက်တွင် ရှိပြီး အပင်၏အမြစ်များက ကွန်ကရစ်သားကို ထိုးဆွနေ၍ တဖြည်းဖြည်း ပျက်စီးလာမည်ကို သူသိနေသည်။ သို့သော် “ငါဒီမော်တာလွှစက်နဲ့ မခုတ်လှဲခင် အမြဲဆုတောင်းခြင်းနဲ့ အစပြုခဲ့တယ်” ဟုသူမက ပြောသည်။

ဣသရေလလူတို့ ဗာဗုလုန်သို့ ဖမ်းသွားခြင်းခံရစဉ် က နေဟမိသည် ပါးရှားဘုရင်၏ဖလားတော်ဝန်အဖြစ် တာဝန် ထမ်းဆောင်နေပြီး၊ ယေရုရှလင်မြို့သို့ ပြန်သွား သော သူများ၏သတင်းကို သူကြားသိခဲ့ရသည်။ လုပ်ဆောင်စရာ အလုပ်အချို့ ရှိသေးသည်။ “ယေရုရှလင် မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီ်”ဟု သူသိခဲ့ရသည်(နေ…

အန္တိမ ကျေနပ်မှု

ကျမ်းစာကျောင်း အစီအစဉ်တစ်ခု၌ ကလေးများကို မုန့်ဝေသောအခါ မုန့်ကို အငမ်းမရ စားနေသည့်ကလေးတစ်ဦးကို ကျွန်မတို့ သတိပြုမိသည်။ သူ့မုန့်ကုန်သောအခါ စားပွဲပေါ်၌ အခြားကလေးများ စားပြီးသား အကြွင်းအကျန်များကို သူဆက်စားပြန်သည်။ ကျွန်မ သူ့ကို ပေါက်ပေါက်တစ်ထုပ်ထပ်ပေးပြီးသော်လည်း သူစား၍ မဝသေးပါ။ ခေါင်းဆောင်များအနေဖြင့် ဤကလေးသည် အဘယ်ကြောင့်
ဤကဲ့သို့ အလွန်ဆာလောင်နေသနည်း ဟု စိတ်မကောင်း ဖြစ်ရသည်။

စိတ်ခံစားချက်နှင့် ပတ်သက်လာလျှင် ကျွန်မတို့ သည်လည်း ထိုကလေးကဲ့သို့ ဖြစ်တတ်ကြောင်း ကျွန်မ တွေးမိသည်။ နှလုံးသားနက်ရှိုင်းရာမှ တောင့်တမှုများကို ဖြည့်ဆည်းရန် ကျွန်မတို့ နည်းလမ်းများ ရှာကြံတတ်ပြီး မိမိကို အမှန်အပြည့်အဝ ကျေနပ်စေမည့်အရာကို ဘယ်သောအခါမျှ ရှာမတွေ့ပါ။

ပရောဖက်ဟေရှာယက ဆာလောင်ငတ်မွတ်နေသူများအား ‘‘လာကြ၊ ဝယ်၍ စားသောက်ကြ’’ ဟု (ဟေရှာ ၅၅း၁) ဖိတ်ခေါ်သည်။ ပြီးမှ ‘‘အစာမဟုတ်သောအရာ အဖို့ သင်တို့ငွေကိုလည်းကောင်း၊…

အားနည်းယိုယွင်းသော စီရင်ချက်

လမ်းပေါ်၌ လမ်းလျှောက်နေရင်း ဖုန်းကို စိုက်ကြည့်သူများအား ကျွန်မတွေ့မြင်ရလျှင် ‘‘ကားအတိုက်ခံရတော့မှာပဲ’’ ဟု ရေရွတ်ရင်း သူတို့ကို လျင်လျင်မြန်မြန် ဝေဖန်ပြစ်တင် လိုက်သည်။ ဘေးကင်းဖို့ သူတို့ကိုယ်သူတို့ ဂရုမစိုက်ကြဘူးလား။ သို့သော် တစ်နေ့၊ လမ်းမကြီးမှလမ်းကြားလေးထဲသို့ ဖြတ်ကူးစဉ်တွင် ဖုန်းမက်ဆေ့တစ်ခုကို အာရုံစိုက်မိ၍ ဘယ်ဘက်ခြမ်းမှ ကားတစ်စီး လာနေသည်ကို သတိမထား မိဘဲ ဖြစ်သွားသည်။ ယာဉ်မောင်းက ကျွန်မကို မြင်ပြီး ရုတ်ခနဲ ကားရပ်လိုက်သောကြောင့် ကျေးဇူးတော်ပင်။ သို့သော် ကျွန်မ ရှက်မိသည်။ မိမိကိုယ်ကို ဖြောင့်မတ်ဟန်ဖြင့် လက်ညှိုးထိုးခဲ့သမျှ ကျွန်မဆီသို့ ပြန်လာနေသည်။ တစ်ပါးသူကို ဝေဖန်ခဲ့သလို မိမိကိုယ်ကို ဝေဖန်ရန်လည်း ရှိပါသည်။

ကျွန်မ၏ သူတော်ကောင်းယောင်ဆောင်ခြင်းက တောင်ပေါ်ဒေသနာ၌ သခင်ယေရှု မြွက်ကြားခဲ့သည့် ဆင်ခြင်
သင့်သည့်အချက်ဖြစ်သည်။ ‘‘ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော…

အဖေ့ထံမှ အကြံဉာဏ်

စာတည်းအလုပ်ကို ရပ်ဆိုင်းခဲ့ပြီးနောက် အလုပ်သစ်တစ်ခုရအောင် ဘုရားသခင်ထံ ကျွန်မဆုတောင်းခဲ့သည်။ သို့သော် ရက်သတ္တပတ်များသာ လွန်သွားပြီး အလုပ် လျှောက်လွှာများကို ဖြည့်စွက်လျှောက်ခဲ့သော ကျွန်မ၏ကြိုးစားမှုက အရာမထင် ဖြစ်လာ၍ ကျွန်မစပြီး နှုတ်ခမ်းစူလာတော့သည်။ အဖြေမရတော့ဟု ထင်ရသည့် ကျွန်မ၏
တောင်းဆုအတွက် ဆန္ဒပြသည့်သဘောနှင့် လက်ပိုက်ကာ ‘‘ကျွန်မအတွက် အလုပ်တစ်ခု ရှိဖို့က သိပ်ပြီး အရေးကြီးတယ် ဆိုတာကို ကိုယ်တော်မသိဘူးလား’’ ဟု ဘုရားသခင်အား မေးလျှောက်ခဲ့သည်။

ဘုရားသခင်၏ကတိတော်များအား ယုံကြည် ကိုးစားခြင်းအကြောင်း မကြာခဏ ကျွန်မကို သတိပေး တတ်သည့် အဖေ့ကို အလုပ်အခြေအနေနှင့် ပတ်သက်ပြီး ပြောပြသောအခါ သူက ‘‘ဘုရားသခင်ရဲ့ကတိစကား ဘယ်တစ်ခုကို သမီးယုံကြည်တာလဲဆိုတာ အဖေ့ကို တည့်တည့်ပြောပြစေချင်တယ်’’ ဟု ပြောခဲ့သည်။

အဖေ၏အကြံဉာဏ်က မိဘက ချစ်သားသမီးကို ပေးသော အမြော်အမြင်နှင့် ပြည့်စုံသည့် အကြံဉာဏ်တို့ ပါဝင်သည့် သုတ္တံ…

ပတ်ဝန်းကျင်အသစ်

ကျွန်မသူငယ်ချင်း ကာရီ ၏ ငါးနှစ်အရွယ် သမီးလေး မယ်ဂျာ တွင် စိတ်ဝင်စားစရာ ကစားနည်းတစ်ခုရှိပါသည်။ သမီးလေးသည် အရုပ်ပေါင်းစုံကိုရောပြီး ပတ်ဝန်းကျင် အသစ်လေး ဖန်တီးပေးရခြင်းကို နှစ်သက်သည်။ သူ၏စိတ်ကူးယဉ်အတွေး ကမ္ဘာထဲတွင် အရာအားလုံးသည် အတူတူပင်ဖြစ်သည်။ ထိုအရုပ်များသည် သူ၏လူများဖြစ်ပြီး အရွယ်မတူညီခြင်း၊ ပုံပန်းသဏ္ဌာန်မတူညီခြင်းကို အလေး မထားဘဲ ၎င်းတို့ အတူရှိနေရလျှင် ထိုအချိန်က အပျော်ဆုံးဟု သူယုံကြည်မှတ်ယူသည်။

သူ့စိတ်ကူးစိတ်သန်းလေးက အသင်းတော်အပေါ်   ထားရှိသော ဘုရားသခင်ရည်ရွယ်ချက်ကို အမှတ်ရစေသည်။ ပင်တေကုတ္တေပွဲနေ့၌ ‘‘ထိုကာလအခါ ကောင်းကင်အောက် တွင် ရှိလေသမျှသောလူမျိုးထဲက ဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း’’ (တ ၂း၅) ဟု ရှင်လုကာ ရေးခဲ့သည်။ ထိုလူမျိုးများသည် မတူညီသောယဉ်ကျေးမှုနှင့် ဘာသာစကားအမျိုးမျိုး ပြောကြသော်လည်း သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်လာသောအခါ ပတ်ဝန်းကျင်အသစ်ဖြစ်သော အသင်းတော် ဖြစ်လာသည်။ ထိုအချိန်မှစ၍…