သင့်ခရီးအတွက် ခွန်အား
Hinds Feet On High Places သည် ဟဗက္ကုတ် ၃း၁၉ ၌ အခြေပြုထားသော ခရစ်ယာန်တစ်ဦး၏အသက်တာကို ဖော်ပြသည့် ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဇာတ်လမ်းမှာ ဇာတ်ဆောင် မယ်ကြောက် (Much-Afraid) နှင့် သိုးထိန်းတစ်ဦးတို့၏ ခရီးသွားသည့်အကြောင်းဖြစ်သည်။ သို့သော် မယ်ကြောက် သည် အလွန်ကြောက်သဖြင့် သိုးထိန်းအား သူ့ကို ချီပွေ့ထားရန် တောင်းဆိုခဲ့သည်။
သိုးထိန်းက ကရုဏာအပြည့်ဖြင့် ‘‘သင့်ကို တောင်တက်စေခြင်းထက် သင့်ကို အမြင့်ဆုံးသောအရပ်ထိ ကျွန်ုပ် ကိုယ်တိုင် ချီဆောင်သွားနိုင်ပါသည်။ သို့သော် ကျွနု်ပ်ထိုသို့ ပြုပါလျှင် သင့်ခြေထောက်များ သန်မာလာမည် မဟုတ်တော့ပါ။ ထို့ကြောင့် ကျွန်ုပ်သွားလေရာသို့ လိုက်ပါ သည့်အဖော် ဖြစ်မလာနိုင်တော့ပါ’’ ဟု ဖြေကြားခဲ့သည်။
မယ်ကြောက် ၏အဖြစ်သည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်ဟဗ္ဗက္ကုတ်၏မေးခွန်းဖြစ်သော (အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်ုပ်၏မေးခွန်းလည်းဖြစ်သော) ‘‘နာကျင်ဝေဒနာ တွေကို ငါဘာလို့ကြုံရမှာလဲ”…
ကောင်းကင်ဘုံမှ အကူအညီ
အသက်အန္တရာယ်ကျရောက်ကြောင်း သင်္ကေတ ‘‘SOS’’ မော့စ်ကုတ် ကို ၁၉၀၅ ခုနှစ်တွင် တီထွင်ခဲ့သည်။ အကြောင်းမှာ အလွန်အမင်းဘေးအန္တရာယ်ကျရောက် နေကြောင်းကို ဖော်ပြရန် သင်္ဘောသားများအတွက် လိုအပ်သောကြောင့် ဖြစ်သည်။ ၁၉၁၀ ခုနှစ်တွင် ရေနွေးငွေ့သင်္ဘော ကင်တာကီ နှစ်မြှုပ်ခဲ့စဉ်က ၄၆ ယောက်သော သင်္ဘောသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ချိန်မှစ၍ ထိုသင်္ကေတသည် နာမည်ကြီး လူသိများလာခဲ့သည်။
SOS သင်္ကေတ တီထွင်ပေါ်ပေါက်ခဲ့သည်မှာ အတော် ကြာခဲ့ပြီဖြစ်သော်လည်း အကူအညီအတွက် အရေးတကြီးအော်ဟစ်ခေါ်သံက လူသားတို့အတွက် ယခင်ကတည်းကပင် ရှိခဲ့သည်။ ၎င်းကို ဓမ္မဟောင်းကျမ်းရှိ ဣသရေလ လူမျိုးချင်းတို့၏ဆန့်ကျင်မှု (ယောရှု ၉း၁၈)၊ သူတို့ကို ဘုရားသခင် ကတိပေးထားသည့် မြေကို အခြေချနိုင်ရန် ၁၄ နှစ်ကျော်မျှ အခက်အခဲနှင့် စိန်ခေါ်မှု (၃း၁၅-၁၇)၊ စသည်တို့ကို ရင်ဆိုင်ခဲ့ရသည့် ယောရှု၏ အဖြစ်အပျက်တွင် တွေ့ရသည်။ ထိုအခက်အခဲအတွင်း ‘‘ဘုရားသခင်သည်…
ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ခြင်း
ကျောင်းသို့ပြေးထွက်မသွားမီ ‘သွားတိုက်ပြီးပြီလား’ဟု သားကို မေးလိုက်သည်။ သူ့ကို ထပ်၍မေးရင်း အမှန်အတိုင်းပြောရန် အရေးကြီးကြောင်း သတိပေးလိုက်သည်။ သားက ကျွန်မ ဆုံးမနေခြင်းကို အရေးမလုပ်ဘဲ ရေချိုးခန်းထဲတွင် လုံခြုံရေးကင်မရာ တပ်ဆင်ထားရန်၊ သို့မှသာ သူလိမ်မပြောအောင်၊ သူသွားတိုက်သည် မတိုက်သည်ကို ကျွန်မကိုယ်တိုင် လုံခြုံရေးကင်မရာတွင် စစ်ဆေးနိုင်ကြောင်းကျွန်မကို နောက်ပြောင်၍ ပြန်ပြောသည်။
လုံခြုံရေးကင်မရာသည် စည်းကမ်းလိုက်နာရန် သတိပေးနေစဉ်ပင် အချို့နေရာများသို့ သတိမမူဘဲ ကျွန်မတို့ သွားလာမိသည်၊ သူများမမြင်အောင် ရှောင်တိမ်းလျက် သွားလာဆဲ ဖြစ်သည်။ လုံခြုံရေးကင်မရာကို ရှောင်တိမ်း လှည့်ဖြားနိုင်သကဲ့သို့ ဘုရားသခင်၏စောင့်ကြည့်မှုမှ လွတ်မြောက်နိုင်သည်ဟု ထင်ပါလျှင် ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားပြီ။
ဘုရားသခင်က “ငါမမြင်နိုင်သောနေရာ၌ မည်သူတစ်ဦးတစ်ယောက်သည် လုံခြုံစွာ ပုန်းအောင်းနိုင်သနည်း” (ယေ၂၃း၂၄) ဟုမေးသည်။ ကိုယ်တော်၏ မေးခွန်းသည် တိုက်တွန်းအားပေးခြင်းဖြစ်သလို သတိပေးခြင်းလည်းဖြစ်သည်။
‘‘သတိပေးခြင်း’’မှာ ကျွန်မတို့သည် ဘုရားသခင်မမြင်အောင်ပုန်းအောင်းနေ၍မရနိုင်ပါ။ ကိုယ်တော့်ကို လိမ်လည်လှည့်ဖြား၍…
ပုန်းကွယ်နေသော အလှတရား
ကာရေဘီယံပင်လယ်၏ကမ်းလွန်ရှိ Tobago ကျွန်းတွင် ရေငုပ်ကိရိယာများဖြင့် ရေမျက်နှာပြင်အောက်ကို လေ့လာကြည့်ရှုခြင်းသည် တန်ဖိုးရှိကြောင်း ကျွန်မကလေး များကို အပျော့ဆွဲ ဆွဲ၍ သူတို့ယုံအောင် အတော်စည်းရုံးခဲ့ရသည်။ ထိုရေမျက်နှာပြင်သည် ကျွန်မတို့အိမ်အနီးရှိ ကြည်လင်သောရေချိုကန်နှင့် တူသောကြောင့် ကလေးများက သိပ်စိတ်မ၀င်စား။ သို့သော် ရေအောက်မျက်နှာပြင်၌ ဝှက်ထားသော အလှတရားကို သူတို့မလွတ်သွားစေချင်ပါ။ သို့သော် ရေလည်းငုပ်ရော သူတို့လေးတွေ အလွန်တရာမှ ပျော်ရွှင်ကြပြီး ‘‘ရေထဲမှာ မတူညီတဲ့ ငါးမျိုးစိတ်ပေါင်း ထောင်ပေါင်းများစွာ ရှိတယ်။ သိပ်လှတာပဲ။ ဒီလောက် အရောင်အသွေးစုံလင်ပြီး လှပနေတဲ့ငါးမျိုး တစ်ခါမှမမြင်ဖူး ဘူး” စသည်ဖြင့် ပြောကြသည်။
ပရောဖက် ရှမွေလသည် ယေရှဲသားများထဲမှ တစ်ယောက်ကိုဘုရင်အဖြစ် ဘိသိက်ပေးရန် ဗက်လင်မြို့သို့ သွားစဉ် သားကြီးဧလျာဘကို တွေ့သောအခါ သူ၏ ပုံပန်း သဏ္ဌာန်ကို ကြည့်ပြီး မှင်သက်ခဲ့သည်။ ပရောဖက်ကြီးက ထိုသူသည် အမှန် ဘိသိက်ခံရသူဟု…
လောက၏အလင်း
အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်မြို့ ကေဘယ်ကောလိပ်ဘုရားကျောင်း၌ ကျွန်မအကြိုက်ဆုံး ပန်းချီကားတစ်ချပ်ရှိသည်။ အင်္ဂလိပ်လူမျိုး ပန်းချီအကျော်အမော် ဆရာကြီး ဝီလျံ ဟိုးမင်းဟန့် ရေးဆွဲသည့် “လောက၏အလင်း’’ အမည်ရှိ ပန်းချီကားဖြစ်ပြီး သခင်ယေရှုက မီးအိမ်လေးကို ကိုင်လျက် အိမ်ရှေ့၌ တံခါးခေါက်နေပုံဖြစ်သည်။
စိတ်ဝင်စားစရာ အချက်တစ်ချက်မှာ ပန်းချီကားရှိ တံခါး၌ လက်ကိုင်တံခါးဘု မရှိခြင်းဖြစ်သည်။ တံခါးဖွင့်ရန် နည်းလမ်းမရှိ ဟုမေးမြန်းထောက်ရှုကြရာ ဆရာကြီးက သူသည် ဗျာဒိတ် ၃း၂၀ ကျမ်းပိုဒ်ကို စိတ်ကူးပုံဖော်လိုခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ‘‘ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်’’။
တမန်တော်ရှင်ယောဟန်၏ ရေးသားချက်နှင့် ထိုပန်းချီကားက သခင်ယေရှု၏ ကြင်နာမှုကို ဖော်ကျူးသည်။ သခင်သည် ကျွန်မတို့၏စိတ်တံခါးကို ညင်သာစွာခေါက်လျက် သူ၏ငြိမ်သက်ခြင်းကို ပေးကမ်းနေသည်။ သခင်သည် ရပ်လျက် ကျွန်မတို့၏…
မိတ်ဆွေ၏နှစ်သိမ့်သက်သာစေမှု
ကျွန်မဖတ်ဖူးသည့် အကြောင်းအရာလေးတစ်ခုတွင် ကျောင်းဆင်းချိန်၌ အိမ်ပြန်လာ သောသမီးမှာ ခါးအောက်ပိုင်းတစ်ခုလုံး ဗွက်များဖြင့်ပေကျံနေ၍ မိခင်က အံ့အားသင့် သွားသည်။ သမီးက သူ့သူငယ်ချင်းတစ်ဦး ဗွက်အိုင်ထဲ ခြေချော်သွားပြီး အခြား သူငယ်ချင်းတစ်ဦးက အကူအညီသွားရှာနေစဉ် သူက ချော်လဲသွားသည့် သူငယ်ချင်းကို
သနားလွန်းသဖြင့် သူ့ဘေးနား၌ထိုင်ကာ ဒဏ်ရာရ သွားသည့် ခြေထောက်ကို ကိုင်ထားပေးခဲ့ခြင်းကြောင့်ဟု ရှင်းပြသည်။ ထို့နောက် သူပြန်ထွက်သွားကာ သူငယ်ချင်းနှင့်အတူ ဗွက်အိုင်ထဲ ပြန်ထိုင်ကာ ဆရာမလာသည်အထိ စောင့်ပေး ခဲ့သည်။
ယောဘသည်လည်း သားသမီးများ ဆုံးပါးပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ အနာများပေါက်ကာ နာကျင်ခံစားရစဉ် သူ့ဝေဒနာက ကြောက်ခမန်းလိလိဖြစ်သည်။ သူ့မိတ်ဆွေ သုံးဦးက သူ့ကိုနှစ်သိမ့်ရန် ရောက်လာကြောင်း ကျမ်းစာက ဆိုသည်။ ယောဘကို တွေ့သောအခါ ‘‘အသီးသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှာ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။ ခုနှစ်ရက်ပတ်လုံး ယောဘနှင့်အတူ…
ကြိုတင်မျှော်လင့် စောင့်ဆိုင်းခြင်း
မေဒေး (မေလ ၁ ရက်) ရောက်တိုင်း အင်္ဂလန်နိုင်ငံ အောက်စ်ဖို့မြို့၌ လူအုပ်ကြီးသည်မေဒေး (မေလ ၁ ရက်) ရောက်တိုင်း အင်္ဂလန်နိုင်ငံ အောက်စ်ဖို့မြို့၌ လူအုပ်ကြီးသည်မနက်စောစောစုဝေး၍ နွေဦးကို ကြိုဆိုလေ့ရှိသည်။ မနက် ၆ နာရီတွင် မက်ဒါလန် ကောလိပ်မှ သံစုံအဖွဲ့သည် မက်ဒါလန်မျှော်စင်ထိပ်မှသံစုံသီချင်းများကို သီဆို ကြသည်။ သီချင်းသံနှင့်ခေါင်းလောင်းသံများက ညအမှောင်ထုကို ဖြိုခွင်းလိုက်ခြင်းကို ထောင်သောင်းချီသောလူထုကြီးက မျှော်လင့်လျက် စောင့်ဆိုင်းကြသည်။
အခြားသော ပျော်ရွှင်မြူးတူးသူများနည်းတူ ကျွန်ုပ် လည်း မျှော်လင့်ရင်း စောင့်ဆိုင်းသူဖြစ်သည်။ ဘုရားသခင် ထံမှ ဆုတောင်းချက်အဖြေရရန်၊ ကိုယ်တော်၏ လမ်းညွှန် ပို့ဆောင်မှုကို ကျွန်ုပ်စောင့်မျှော်သည်။ မည်မျှကြာကြာ စောင့်ရမည်ကို မသိသော်လည်း မျှော်လင့်တစ်ကြီး ဆက်လက် စောင့်ရန် သွန်သင်ခံရသည်။ ဆာလံ ၁၃၀ တွင်အလွန်မှောင်မိုက်သောညကဲ့သို့ စိတ်ညစ်ညူးစရာများ ကြုံတွေ့ခံစားရကြောင်း ဆာလံဆရာက ဖော်ပြထားသည်။ ဒုက္ခရောက်သည့်ကာလ၌ပင်…
ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မျှော်လင့်ခြင်း
အန်တီကေသီသည် သူ့ဖခင် (ကျွန်မအဘိုး)ကို သူ့နေအိမ်တွင် ၁၀ နှစ်ကြာ ကြည့်ရှုပြုစု ခဲ့ပါသည်။ ဖခင်ကြီး အိုမင်းမစွမ်းချိန်တွင် အန်တီသည် ချက်ပြုတ်ကျွေးမွေး၊ သန့်ရှင်းရေး လုပ်ပေးပြီး ကျန်းမာရေးချို့တဲ့လာချိန်တွင်မူ သူနာပြုအဖြစ် ကြည့်ရှုစောင့်ရှောက်ခဲ့ သည်။
တမန်တော်ရှင်ပေါလုက သက်သာလောနိတ်မြို့သားများ၏ ‘‘ယုံကြည်သောစိတ် နှင့်အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ် ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်း’’ တို့အတွက် ဘုရားသခင်ထံ ကျေးဇူးတင် ခဲ့သည်။ အန်တီ၏အစေခံခြင်းသည် ခေတ်သစ်စံနမူနာ ဖြစ်သည်။
အန်တီသည် ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာတို့ဖြင့် အစေခံခဲ့သည်။ ဤသို့ နေ့စဉ်ရက်ဆက် ကြည့်ရှုပြုစုရသော အစေခံမှုသည် ဤအရေးကြီးသောအလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင် သူ့ကိုစေစားသည်ဟု သူယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် သူ့ဖခင်ကို ချစ်အားကြီးသော မေတ္တာစိတ်မှ သူ၏အစေခံ လုပ်ရပ်ထွက်ပေါ်လာခြင်းဖြစ်သည်။
မျှော်လင့်ခြင်း၌လည်း သူသည်းခံခဲ့သည်။ အဘိုးသည် အလွန် သဘောကောင်း…
ရေပေါ်လမ်းလျှောက်ခြင်း
အထူးပင်အေးချမ်းလှသည် ဆောင်းရာသီတစ်ခုတွင် အေးခဲနေသည့်ကန်ရေ မျက်နှာပြင်ကို မြင်တွေ့ခွင့်ရရန် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးအိုင်ဖြစ်သည့် မစ်ချီဂန် ရေအိုင်သို့ ကျွန်မ စွန့်စွန့်စားစားသွားခဲ့သည်။ အများအားဖြင့် ကမ်းခြေပေါ်တွင် အနွေးထည်အထပ်ထပ်ဝတ်လျက် ကျွန်မနေပူစာလှုံလေ့ရှိပြီး မြင်တွေ့ရသည့် မြင်ကွင်း က ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ရေလှိုင်းများမှာ အလိပ်လိုက်အတိုင်း ရေခဲနေ၍ အနုပညာလက်ရာမြောက် လှသည့် ရေခဲပန်းပုအလား ဖြစ်ပေါ်နေသည်။
ကမ်းစပ်နှင့် ကပ်လျက်ရှိသော ရေမှာအေးခဲနေသည့် အတွက် ‘‘ရေပေါ်လမ်းလျှောက်ရန်’’ ကျွန်မအခွင့်အရေး ရခဲ့သည်။ ရေခဲထုထည်က ကျွန်မ၏ကိုယ်အလေးချိန်ကို ခံနိုင်မှန်း သိသော်လည်း မရဲတရဲနှင့် ပထမခြေလှမ်းစလှမ်း ကြည့်လိုက်သည်။ ရေခဲက ကျွန်မ၏ကိုယ်အလေးချိန်ကို ဆက်ပြီး ခံနိုင်ရည်မရှိမှာကို စိုးကြောက်မိခဲ့သည်။ ဤသို့ ကျွမ်းဝင်မှုမရှိသည့်ရေပြင်ညီပေါ် သတိနှင့်စူးစမ်း လျှောက်လှမ်းနေရင်း လှေပေါ်မှပေတရုကို ဂါလိလဲပင်လယ်ပြင်ပေါ်သို့ သခင်ယေရှု ခေါ်ထုတ်ခဲ့သည့်အကြောင်း ကျွန်မမစဉ်းစားဘဲ မနေနိုင်အောင်ဖြစ်ခဲ့သည်။
သခင်ယေရှု ရေပေါ်၌ လမ်းလျှောက်နေသည်ကို တပည့်တော်များမြင်သောအခါ…
မလုံလောက်ဘူး
ဘုရားကျောင်းမှအိမ်သို့အပြန်လမ်းတွင် ကျွန်မသမီးက ကားနောက်ခန်းတွင်ထိုင်ပြီး ရွှေငါးမုန်ကြွပ်ကို စားကောင်းကောင်းနှင့်စားနေရာ ကျန်မောင်နှမများက သူတို့ကိုလည်း ကျွေးရန် တောင်းစားကြသည်။ မောင်နှမများ အပြန်အလှန်ပြောဆိုနေကြသည်ကို ပြန်လည် တည့်မတ်ပေးရင်း မုန့်ထုပ်ကိုမောင်ပိုင်စီးထားသည့် သမီးအား ‘‘ဒီနေ့ ဥပုသ်စာဖြေ ကျောင်းမှာ ဘာလုပ်ခဲ့ရလဲ’’ ဟု ကျွန်မမေးလိုက် သည်။ သမီးက ‘‘ပေါင်မုန့်ထည့်ဖို့ခြင်းနဲ့ ငါးတွေလုပ်ရတယ်။ ဘာလို့လဲဆိုတော့ ကလေးတစ်ယောက်က သခင်ယေရှုကို မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပေးခဲ့လို့ ရှင်ယေရှုက လူပေါင်း ၅၀၀၀ ကျော်ကို ကျွေးမွေးခဲ့တယ် လေ’’ ဟု ပြန်ပြောပြသည်။
‘‘အဲဒီလို ကိုယ့်မှာရှိတာကို မျှဝေပေးတဲ့ အဲဒီ ကလေးက အရမ်းသဘောကောင်းတာပဲနော်။ သမီးမှာရှိတဲ့ ရွှေငါးမုန့်ကြွပ်ကို မောင်နှမတွေကို ဝေပေးဖို့ ဘုရားသခင်ပြောနေတယ်လို့ သမီးမထင် ဘူးလား’’ ဟု ကျွန်မမေးရာ ‘‘မထင်ဘူးမေမေ’’ ဟု သူပြန်ဖြေခဲ့သည်။
မုန့်အားလုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးမလုပ်ရန် ကျွန်မကြိုးစားပြီး…