စာရေးသူ

အားလုံးမြင်နိုင်ရန်
Lisa M. Samra

လီစာအမ်စမ်ရာ

ဆရာမ လီစာအမ်စမ်ရာ (Lisa M. Samra) သည် သူ့အသက်တာအားဖြင့်၊ သူပါဝင်နေသည့် အမှုတော်လုပ်ငန်းအားဖြင့် ခရစ်တော်၏ဘုန်းတော် ထင်ရှားစေလိုသည်။ အမေရိကန်နိုင်ငံ၊ တက်ဆက်ဒေသတွင် မွေးဖွား ကြီးပြင်းခဲ့သူပီပီ သူသည် လက်ဖက်ရည်ချိုချိုနှင့် အမဲရင်ဒူးသားကို အမြဲရှာစားသည်။ သူသည် တက်ဆက်တက္ကသိုလ်မှ B.A (Journalism) နှင့် ဒါးလက်စ် ဓမ္မတက္ကသိုလ် (Dallas Theological Seminary) မှ M.A (Biblical Studies) ဘွဲ့များကို ရရှိခဲ့သည်။ ယခုတွင် ဆရာမလီစာသည် ခင်ပွန်းသည် ဂျင်းမ်၊ သားသမီး ၄ ယောက် တို့နှင့်အတူ ဂရဲန် ရက်ပစ်၊ မီရှီဂန်၌ နေထိုင်လျက်ရှိသည်။ စာရေးခြင်းအပြင် အမျိုးသမီးများအတွက် အကူအညီပေးလမ်းပြခြင်း၊ ဝိညာဉ်ရေးရာ တည်ဆောက်ခြင်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများမြှင့်တင်ရေးအတွက်၊ အမျိုးသမီးအဖွဲ့ငယ်များ ပေါ်ပေါက်လာရေးအတွက် ပံ့ပိုးလုပ်ဆောင်ပေးရန် စိတ်အားကြီးသူဖြစ်သည်။ ဆရာမလီစာသည် နိုင်ငံတကာသို့ ခရီးသွားခွင့် ကျေးဇူးတော်များစွာခံစားခဲ့ရပြီး ဒေသအသီးသီးမှ ကွဲပြားခြားနားသည့် ယဉ်ကျေးမှု၊ လူမှုအသိုင်းအဝန်း၏ အလှတရားများကို သိရှိနားလည်ခဲ့ရသည်။ ထိုအတွေ့အကြုံများမှ စာရေးသားရန် စေ့ဆော်မှုရရှိခဲ့သည်။ ဆရာမသည် ကော်ဖီကောင်းကောင်းကို သောက်ခြင်းကိုကြိုက်သည်။ ကျန်းမာရေးအတွက် ပြေးသည်။ စာဖတ်သည်။ ၎င်းတို့ကို တစ်ပြိုင်တည်း အားလုံးကို လုပ်ဆောင်ခြင်းတော့ မဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ လီစာအမ်စမ်ရာ

မလုံလောက်ဘူး

ဘုရားကျောင်းမှအိမ်သို့အပြန်လမ်းတွင် ကျွန်မသမီးက ကားနောက်ခန်းတွင်ထိုင်ပြီး ရွှေငါးမုန်ကြွပ်ကို စားကောင်းကောင်းနှင့်စားနေရာ ကျန်မောင်နှမများက သူတို့ကိုလည်း ကျွေးရန် တောင်းစားကြသည်။ မောင်နှမများ အပြန်အလှန်ပြောဆိုနေကြသည်ကို ပြန်လည် တည့်မတ်ပေးရင်း မုန့်ထုပ်ကိုမောင်ပိုင်စီးထားသည့် သမီးအား ‘‘ဒီနေ့ ဥပုသ်စာဖြေ ကျောင်းမှာ ဘာလုပ်ခဲ့ရလဲ’’ ဟု ကျွန်မမေးလိုက် သည်။ သမီးက ‘‘ပေါင်မုန့်ထည့်ဖို့ခြင်းနဲ့ ငါးတွေလုပ်ရတယ်။ ဘာလို့လဲဆိုတော့ ကလေးတစ်ယောက်က သခင်ယေရှုကို မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပေးခဲ့လို့ ရှင်ယေရှုက လူပေါင်း ၅၀၀၀ ကျော်ကို ကျွေးမွေးခဲ့တယ် လေ’’ ဟု ပြန်ပြောပြသည်။

‘‘အဲဒီလို ကိုယ့်မှာရှိတာကို မျှဝေပေးတဲ့ အဲဒီ ကလေးက အရမ်းသဘောကောင်းတာပဲနော်။ သမီးမှာရှိတဲ့ ရွှေငါးမုန့်ကြွပ်ကို မောင်နှမတွေကို ဝေပေးဖို့ ဘုရားသခင်ပြောနေတယ်လို့ သမီးမထင် ဘူးလား’’ ဟု ကျွန်မမေးရာ ‘‘မထင်ဘူးမေမေ’’ ဟု သူပြန်ဖြေခဲ့သည်။

မုန့်အားလုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးမလုပ်ရန် ကျွန်မကြိုးစားပြီး…

ကျေးဇူးသိတတ်ခြင်း၌ ကြီးထွားခြင်း

 ကျေးဇူးသိတတ်သိစိတ် တိုးပွားလာအောင် သင်ပြုစုပျိုးထောင်လိုပါသလား။ ၁၇ ရာစုနှစ် ဗြိတိသျှကဗျာဆရာ ဂျော့ရှ် ဟားဘတ်က ‘‘Gratefulness’’ အမည်ရှိ သူ၏ကဗျာ၌ စာဖတ်သူများကို ထိုပန်းတိုင်သို့ ဦးတည်သွားရန် အားပေးတိုက်တွန်းထားသည်။ ‘‘ကျွန်ုပ် အတွက် မြောက်မြားကောင်းချီး ကိုယ်တော်ပေးသည်၊ နောက်ထပ်တစ်ခု ပေးသနားမူပါ။ ကျေးဇူးသိတတ်သည့် နှလုံးသားပေးပါ’’။

သူ့အား ဘုရားသခင်ပေးထားသည့် ကောင်းချီး များကို သိမှတ်ခြင်းသည် ကျေးဇူးတင်တတ်သူဖြစ်စေသည့် တစ်ခုတည်းသောလိုအပ်ချက်ဟု ဟားဘတ် သိသည်။

သခင်ယေရှုခရစ်တော်သည် ခပ်သိမ်းသော မင်္ဂလာ ကောင်းချီးများ၏ အရင်းအမြစ်ဖြစ်ကြောင်း ကျမ်းစာမှ ဖော်ပြ သည်။ ရောမ ၁၁း၃၆ ၌ ‘‘ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့် လည်းကောင်း၊ ကိုယ်တော်အဘို့အလိုငှာလည်းကောင်း ဖြစ်ကြ၏’’ ဟု ဆိုထားသည်။ ‘‘ခပ်သိမ်းသောအရာ’’ ဟုဆိုရာ၌ ကျွန်ုပ်တို့အသက်တာ၌ နေ့စဉ်ရရှိသည့် ပိုလျှံသည့်အရာ၊ သိပ်မလိုအပ်သည့်အရာ နှစ်ခုလုံး ပါဝင်သည်။ အသက်တာ၌ ကျွန်ုပ်တို့…