စာရေးသူ

အားလုံးမြင်နိုင်ရန်
Lisa M. Samra

လီစာအမ်စမ်ရာ

ဆရာမ လီစာအမ်စမ်ရာ (Lisa M. Samra) သည် သူ့အသက်တာအားဖြင့်၊ သူပါဝင်နေသည့် အမှုတော်လုပ်ငန်းအားဖြင့် ခရစ်တော်၏ဘုန်းတော် ထင်ရှားစေလိုသည်။ အမေရိကန်နိုင်ငံ၊ တက်ဆက်ဒေသတွင် မွေးဖွား ကြီးပြင်းခဲ့သူပီပီ သူသည် လက်ဖက်ရည်ချိုချိုနှင့် အမဲရင်ဒူးသားကို အမြဲရှာစားသည်။ သူသည် တက်ဆက်တက္ကသိုလ်မှ B.A (Journalism) နှင့် ဒါးလက်စ် ဓမ္မတက္ကသိုလ် (Dallas Theological Seminary) မှ M.A (Biblical Studies) ဘွဲ့များကို ရရှိခဲ့သည်။ ယခုတွင် ဆရာမလီစာသည် ခင်ပွန်းသည် ဂျင်းမ်၊ သားသမီး ၄ ယောက် တို့နှင့်အတူ ဂရဲန် ရက်ပစ်၊ မီရှီဂန်၌ နေထိုင်လျက်ရှိသည်။ စာရေးခြင်းအပြင် အမျိုးသမီးများအတွက် အကူအညီပေးလမ်းပြခြင်း၊ ဝိညာဉ်ရေးရာ တည်ဆောက်ခြင်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများမြှင့်တင်ရေးအတွက်၊ အမျိုးသမီးအဖွဲ့ငယ်များ ပေါ်ပေါက်လာရေးအတွက် ပံ့ပိုးလုပ်ဆောင်ပေးရန် စိတ်အားကြီးသူဖြစ်သည်။ ဆရာမလီစာသည် နိုင်ငံတကာသို့ ခရီးသွားခွင့် ကျေးဇူးတော်များစွာခံစားခဲ့ရပြီး ဒေသအသီးသီးမှ ကွဲပြားခြားနားသည့် ယဉ်ကျေးမှု၊ လူမှုအသိုင်းအဝန်း၏ အလှတရားများကို သိရှိနားလည်ခဲ့ရသည်။ ထိုအတွေ့အကြုံများမှ စာရေးသားရန် စေ့ဆော်မှုရရှိခဲ့သည်။ ဆရာမသည် ကော်ဖီကောင်းကောင်းကို သောက်ခြင်းကိုကြိုက်သည်။ ကျန်းမာရေးအတွက် ပြေးသည်။ စာဖတ်သည်။ ၎င်းတို့ကို တစ်ပြိုင်တည်း အားလုံးကို လုပ်ဆောင်ခြင်းတော့ မဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ လီစာအမ်စမ်ရာ

ဆုတောင်းခြင်းဖြင့် သတိရပါ

၂၀၂၁ ခုနှစ်တွင် ဒုတိယမြောက် အဲလိဇဘက်ဘုရင်မက Malcolm Cloutt (မယ်လ်ခမ်ခလောက်) ကို ‘Maundy Money’ ဟုခေါ်သည့် ဗြိတိသျှ အမျိုးသားအမျိုးသမီးများအား နှစ်စဥ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ အသက် (၁၀၀) ရှိပြီဖြစ်သော ခလောက်သည် သူ့ဘဝတစ်လျှောက်လုံး၌ သမ္မာကျမ်းစာ အုပ်ရေ ၁,၀၀၀ ပေးကမ်းခဲ့ခြင်းကြောင့် ထိုသို့ဂုဏ်ပြုခံရခြင်းဖြစ်သည်။ ကျမ်းစာအုပ် ရရှိခဲ့သူတိုင်းကို သူရေးမှတ်ထားပြီး ထိုသူတို့အတွက် ပုံမှန်ဆုတောင်းပေးခဲ့သည်။

ခလောက်၏ ဆုတောင်းခြင်း၌သစ္စာရှိမှုသည် ဓမ္မသစ်ကျမ်းရှိ ရှင်ပေါလု ရေးသားခဲ့သောကျမ်းစာစောင်များ၌ တွေ့ရသည့် တန်ခိုးပါသော ချစ်ခြင်းမေတ္တာ၏ ပုံသက်သေပင်ဖြစ်သည်။ သူ့စာစောင်များကို လက်ခံရရှိသူတိုင်းအတွက် သူပုံမှန်ဆုတောင်းပေးနေကြောင်းကို ရှင်ပေါလု မကြာခဏ အားပေးပြောကြားခဲ့သည်။ သူ့မိတ်ဆွေ ဖိလေမုန်ထံ “ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဖို့အလိုငှာ ဆုတောင်းပတ္ထနာပြုလျက်နေ၏” (ဖိလေ ၁:၅) ဟု ရှင်ပေါလုရေးသားခဲ့သည်။ တိမောသေထံ “နေ့ညဉ့်မပြတ် ဆုတောင်းပတ္ထနာပြုသည်တွင်၊…

နေ့ရက်စဥ်တိုင်းအတွက် ခွန်အားပေးပါ

‘Every Moment Holy’ (အချိန်တိုင်း သန့်ရှင်းခြင်း) ဟူသည့်စာအုပ်သည် အစားအစာပြင်ဆင်ခြင်း၊ အဝတ်လျှော်ခြင်းစသည့် သာမန်လုပ်ငန်းဆောင်တာများ အပါအဝင် လုပ်ဆောင်မှုအမျိုးမျိုးအတွက် လှပသောဆုတောင်းစာအုပ်တစ်အုပ်ဖြစ်သည်။ မလွဲမရှောင်သာသော အလုပ်များကို “ဒါပဲလုပ်နေရတယ်၊ သာမန်အလုပ်”ဟု ခံစားရနိုင်သည်။ ထိုစာအုပ်အားဖြင့် “အစာမစားခင် ကျေးဇူးတော် ချီးမွမ်းတယ်။ မှန်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပုံကြမ်းဆွဲတာ၊ ပန်းချီဆွဲတာ၊ ရေကူးတာ၊ ဓားခုတ်လေ့ကျင့်တာ၊ လက်ဝှေ့ထိုးတာ၊ လမ်းလျှောက်တာ၊ ကစားတာ၊ ကခုန်တာ၊ စာရေးဖို့ ပြင်ဆင်တာ စတာတွေ မလုပ်ခင် ကျေးဇူးတော်ကို ချီးမွမ်းတယ်” ဟုရေးသားခဲ့သည့် စာရေးဆရာ G. K. Chesterton (ဂျီကေ ချက်စတာတန်)၏ စကားလုံးများကို ကျွန်မ ပြန်သတိရမိသည်။

ထိုသို့သောခွန်အားပေးမှုက မိမိ၏တစ်နေ့တာ လုပ်ဆောင်မှုများအပေါ် ကျွန်မအတွက် အမြင်သစ်ကို ပေးသည်။ တစ်ခါတစ်ရံ ကျွန်မက အစာမစားမီ ဝိညာဥ်ရေးစာအုပ်ဖတ်ပြီး ဝတ်ပြုခြင်းကို ဝိညာဉ်ရေးအတွက်တန်ဖိုးရှိသောအမှု၊…

တန်ခိုးအရင်းအမြစ်နှင့် ချိတ်ဆက်ထားသည်

မုန်တိုင်းတိုက်ခတ်ပြီးနောက်၊ ကျွန်မတို့ဒေသထုံးစံအတိုင်း၊ အိမ်၌ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိသော်လည်း၊ အခန်းထဲသို့အဝင် လက်က ရုတ်တရက် မီးခလုတ်ကို ဖွင့်လိုက်မိသည်။ မီးမလာပါ။ အမှောင်ထဲတွင် နေရဆဲပင်။

ပင်မဓာတ်အားလိုင်း ပြတ်တောက်မှုကို သိသော်ငြားလည်း၊ မီးရရန် မျှော်လင့်နေသော အတွေ့အကြုံသည် ကျွန်မအတွက် ဝိညာဉ်ရေးရာ အမှန်တရား တစ်ခုကို ရှင်းလင်းစွာ ဖော်ပြနေသည်။ ဝိညာဉ်တော်ကို အမှီပြုရန် ပျက်ကွက်သည့်တိုင် တန်ခိုးကို ကျွန်မတို့မကြာခဏ မျှော်လင့်တတ်ကြသည်။

သက်သာလောနိတ်သြဝါဒစာပထမစောင်တွင် ရှင်ပေါလုက ဘုရားသခင်သည် သမ္မာတရားသတင်းစကားကို သာမန်စကားလုံးမျှသာမက၊ တန်ခိုးတော်၌၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ နက်နဲစွာ ဖွင့်ပြစေလွှတ်ကြောင်း ရေးသားခဲ့သည် (၁:၅)။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို ကျွန်မတို့လက်ခံသောအခါ၊ ယုံကြည်သူများလည်း အသက်တာ၌ ဝိညာဉ်တော်၏တန်ခိုးကို ချက်ချင်း ဝင်ရောက်ခံယူခွင့်ရရှိပြီး၊ ထိုတန်ခိုးတော်သည် ကျွန်မတို့အတွင်း၌၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်းစသည့် ဝိညာဉ်အသီး များကို သီးပွင့်စေသည် (ဂလာ…

ဘုရားသခင်၏ ကြီးမားသောတန်ခိုးတော်

Hurricane (ဟာရီကိန်း) မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံရှိ ကြီးမားသော မစ္စစ္စပီမြစ်၏ရေစီးကြောင်း ပြောင်းလဲသွားခြင်းက မယုံကြည်နိုင်စရာပင်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူဝီစီယားနားကမ်းရိုးတန်းသို့ ဟာရီကိန်းအိုင်ဒါ (Ida) တိုက်ခိုက်ခဲ့ပြီး၊ အံ့ဩဖွယ်ရာဖြစ်ရပ်မှာ “ပြောင်းပြန်ရေစီးဆင်းခြင်း” ဖြစ်ပေါ်ကာ၊ ရေသည် မြစ်ကြောင်းအထက်သို့ဆန်လျက် နာရီပေါင်းများစွာ စီးဆင်းနေခဲ့သည်။

ဟာရီကိန်းမုန်တိုင်းတစ်ခုသည် ၎င်း၏သက်တမ်းတစ်လျှောက်တွင် နျူကလီးယားဗုံးပေါင်း တစ်သောင်းနှင့်ညီမျှသော စွမ်းအင်ထွက်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ စီးဆင်းနေသောရေစီးကြောင်းကို ပြောင်းလဲစေနိုင်သည့် မယုံနိုင်စရာ ဤစွမ်းအားက ထွက်မြောက်ရာကျမ်းတွင် မှတ်တမ်းတင်ထားသော သာ၍ထူးခြားသည့် “ပြောင်းပြန်ရေစီးဆင်းမှု”အပေါ် ဣသရေလလူမျိုးများ၏တုံ့ပြန်မှုကို ကျွန်ုပ်အား နားလည်စေပါသည်။
ဣသရေလလူမျိုးများသည် ရာစုနှစ်များစွာ သူတို့ကျွန်ခံခဲ့ရသည့် အဲဂုတ္ထုလူမျိုးများထံမှ ထွက်ပြေးလာပြီးနောက်၊ ပင်လယ်နီအနီးသို့ ရောက်လာခဲ့ကြသည်။ သူတို့အရှေ့တွင် ကျယ်ပြောလှသော ရေပြင်ကြီးရှိပြီး၊ အနောက်တွင် စစ်ဝတ်တန်ဆာ အပြည့်အစုံနှင့် အဲဂုတ္ထု စစ်တပ်ကြီးရှိသည်။ လုံးဝမဖြစ်နိုင်ဟုထင်ရသောအခြေအနေတွင် “ထာဝရဘုရားသည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကို…

လွတ်လပ်စွာ ရှင်သန်ခြင်း

ကျွန်မကြီးပြင်းခဲ့သည့် အမေရိကန်နိုင်ငံ၊ Texas (တက္ကဆက်)ပြည်နယ်၌ ဇွန်လ (၁၉) ရက်တိုင်းတွင် လူမည်းအသိုင်းအဝိုင်းများ၌ လှည့်လည်ချီတက်ကာ ပွဲတော်ဆင်နွှဲခြင်းနှင့် ပျော်ပွဲစားထွက်ခြင်းများရှိခဲ့သည်။ ‘June’ နှင့် ‘nineteenth’ ကိုပေါင်းထားသည့် ‘Juneteenth’ အထိမ်းအမှတ်ပွဲဆင်နွှဲခြင်း၏ ကြေကွဲဖွယ် ထူးခြားမှုကို ကျွန်မ ဆယ်ကျော်သက်အရွယ် မ‌ရောက်မီအထိ မသိရှိခဲ့ပေ။ Juneteenth သည် သမ္မတ Abraham Lincoln (အာဗြံဟံလင်ကွန်း)က ငွေဝယ်ကျွန်လူတန်းစားများအား ကျွန်အဖြစ်မှ လွတ်မြောက်ခြင်း ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့သည်ကို တက္ကဆက်ရှိ ကျွန်အဖြစ်သတ်မှတ်ခံရသူများက နှစ်နှစ်ခွဲအကြာ ၁၈၆၅ ခုနှစ်တွင်မှ သိခဲ့ရသည့် အထိမ်းအမှတ်အဖြစ် ဆင်နွှဲကြခြင်းဖြစ်သည်။ ကျွန်အဖြစ်သတ်မှတ်ခံရသူများသည် သူတို့လွတ်မြောက်ပြီဖြစ်ကြောင်းကို မသိရှိခဲ့ကြ၍ တက္ကဆက်ပြည်နယ်၌ ကျွန်အဖြစ် ဆက်လက်နေထိုင်ခဲ့ကြသည်။

လွတ်မြောက်ခြင်းအခွင့် ရရှိပြီးဖြစ်သော်လည်း ကျွန်အဖြစ် ဆက်လက်နေထိုင်ခြင်းက ဖြစ်နိုင်ပါသည်။ ဂလာတိဩဝါဒစာ၌ ဘာသာရေးစည်းမျဥ်းများ၏ တင်းကြပ်သော တောင်းဆိုမှုများအောက်၌ အသက်ရှင်ခြင်းဟူသည့် အခြားသော ကျွန်ဖြစ်ခြင်းတစ်မျိုးကို…

အပိုင်းအစများကို ဆက်ခြင်း

ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်မတို့အိမ်ထဲ၌ပင်နေရစဉ် ကျွန်မတို့မိသားစုသည် အပိုင်းအစ ၁၈,၀၀၀ ပါသည့် ရုပ်ပုံဆက်ဂိမ်းကို ကစားခဲ့ကြသည်။ ကျွန်မတို့ နေ့တိုင်းနီးပါး ဆက်ကစားကြသော်လည်း မတိုးတက်လာဟု ခံစားခဲ့ကြရသည်။ (၅) လ ကြာပြီးနောက် ကျွန်မတို့၏ ထမင်းစားခန်းကြမ်းပြင်အပြည့်ရှိသည့် ၉ ပေ x ၆ ပေ ရုပ်ပုံဆက်ပြားပေါ်တွင် နောက်ဆုံးအပိုင်းကို ဆက်လိုက်နိုင်သည့်အတွက် အဆုံးတွင် ကျွန်မတို့အောင်ပွဲခံနိုင်တော့သည်။

တစ်ခါတစ်ရံ ကျွန်မ၏ဘဝသည်လည်း ဧရာမရုပ်ပုံဆက်ဂိမ်းကဲ့သို့ပင် အပိုင်းအစများစွာ ဆက်ထားပြီးသော်လည်း ကြမ်းပြင်ပေါ်၌ အပိုင်းအစများ အပုံလိုက် ကျန်ရှိနေသေးသည်။ သခင်ယေရှုနှင့် ပိုမိုတူလာစေရန် ကျွန်မကို ဘုရားသခင်ပြုပြင်နေသည်ကို သိသော်လည်း တစ်ခါတစ်ရံ တိုးတက်မှုကိုမြင်ရန် ခက်ခဲသည်။

ဖိလိပ္ပိမြို့သားတို့၏ ကောင်းသောလုပ်ရပ်အကျင့်များကြောင့် သူတို့ အတွက် ဝမ်းမြောက်သောစိတ်နှင့်ဆုတောင်းပေးနေကြောင်း ဖိလိပ္ပိမြို့သို့ ရှင်ပေါလုရေးသော သူ၏အားပေးစာမှ ကျွန်မနှစ်သိမ့်မှုရခဲ့သည် (ဖိ ၁:၃-၄)။ သို့သော် သူသည် “ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်…

နှစ်သက်ဖွယ်ကောင်းသော ခေါင်းဆောင်မှု

မေမေဝက်ဝံမကြီးသည် ခုန်ပေါက်တက်ကြွနေသော ဝက်ဝံပေါက်လေး (၄) ကောင်အား ကားရှုပ်သောလမ်းကို ဖြတ်ကူးပေးသည့် လူကြိုက်များသောဗီဒီယိုကို ကြည့်ရင်း ကျွန်မနားလည်စွာ ပြုံးလိုက်သည်။ သူမသည် သူမ၏သားပေါက် (၄) ကောင်ကို တစ်ကောင်ချင်း ကိုက်ချီလျက် လမ်းကူးပေးပြီးခါမှ သူတို့သည် ယခင်ဘက်ခြမ်းသို့ ပြန်ပြီးကူးသွားကြသည်ကို ကြည့်ရသည်မှာ ကြည်နူးစာနာဖွယ်ဖြစ်သည်။ စိတ်ရှုပ်ဖွယ်ကြိုးစားပြီးနောက် မေမေဝက်ဝံံမကြီးသည် နောက်ဆုံးတွင် သူမ၏သားပေါက် (၄) ကောင်ကို တန်းစီလိုက်ပြီးနောက် သူတို့သည် လမ်းတစ်ဘက်သို့ ဘေးကင်းစွာကူးသွားကြသည်။

ထိုဗီဒီယိုထဲတွင်ပါသည့် မမောနိုင်မပန်းနိုင်အုပ်ထိန်းမှုပုံရိပ်သည် တမန်တော် ရှင်ပေါလုက သက်သာလောနိတ်ပြည်ရှိ အသင်းတော်သားများအား သူဂရုစိုက်ပုံကို ဖော်ပြသည့် ပုံရိပ်နှင့်တူပါသည်။ သူ၏အခွင့်အာဏာနှင့်ပြောမည့်အစား တမန်တော်ကြီးသည် ၎င်းတို့ကြား သူ၏လုပ်ကိုင်ပုံကို မိဘက ကလေးငယ်များအား ဂရုစိုက်ပုံနှင့် ခိုင်းနှိုင်းထားသည် (၁ သက် ၂:၇၊ ၁၁)။ သက်သာလောနိတ်ပြည်သားများအပေါ်ထားသည့် နက်ရှိုင်းသောချစ်မေတ္တာက (:၈)၊ ရှင်ပေါလုအတွက် တွန်းအားဖြစ်လျက်၊ “ဘုရားသခင်နှစ်သက်တော်မူသည့်…

အနီရောင်အစက်များ

စကော့တလန်နိုင်ငံရှိ အမျိုးသားပြခန်းကို ဖြတ်လျှောက်သွားရင်း ဒတ်ခ်ျအနုပညာရှင် Vincent van Gogh (ဗင်းဆင့်ဗန်ဂိုး)၏ ရဲရင့်သောစုတ်ချက်နှင့် မြူးကြွသော အရောင်အသွေးများပါသည့် ပန်းချီကားများအနက် ‘Olive Trees’ (သံလွင်ပင်များ) ဟူသောပန်းချီကားက ကျွန်ုပ်ကို ဖမ်းစားဆွဲဆောင်ခဲ့သည်။ သမိုင်းပညာရှင်များစွာက ဤလက်ရာသည် သံလွင်တောင်ရှိ ဂေသရှေမန်ဥယျာဉ်၌ သခင်ယေရှုတွေ့ကြုံ ခံစားခဲ့ရသည့်အချင်းအရာ၏ လှုံ့ဆော်မှုကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ပန်းချီကားထဲမှ ကျွန်ုပ်မျက်စိကို အထူးဖမ်းစားသောအရာမှာ ရှေးသံလွင်ပင်များကြားမှ မညီညာသော အနီရောင် အစွန်းအကွက်ငယ်လေးများ ဖြစ်သည်။

တောင်စောင်းပေါ်တွင်တည်ရှိနေသော သံလွင်ပင်များကြောင့် သံလွင်တောင်ဟု လူသိများပြီး၊ သူ၏တပည့်တော်ယုဒသည် သူ့အား သစ္စာဖောက်မည်ဟု ကြိုတင်မိန့်ကြားသည့်ညတွင် သခင်ယေရှုသည် ထိုနေရာသို့ ဆုတောင်းရန် သွားခဲ့သည်။ ထိုသစ္စာဖောက်မှုကြောင့် သူကားစင်တင်ကွပ်မျက်ခံရမည်ကို သိလျက် သခင် နာကျင်စွာခံစားခဲ့ရသည်။ သခင်ယေရှုသည် ဆုတောင်းရင်း “ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ကဲ့သို့ဖြစ်သတည်း” (လု ၂၂:၄၄)။…

ဘုရားသခင်၏ တန်ခိုးကြီးသော တည်ရှိမှု

၂၀၂၀ ခုနှစ်တွင် အမျိုးသမီးများ မဲပေးပိုင်ခွင့်ပေးခဲ့သည့် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအား (၁၉) ကြိမ်မြောက် ပြင်ဆင်ချက်အတည်ပြုခြင်း နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများပြုလုပ်ခဲ့သည်။ ဓာတ်ပုံဟောင်းများက “ဘုရားရှင် သည် အမိန့်ရှိတော်မူ၏။ ထိုကောင်းမြတ်သောအမိန့်ကို ပြောကြားသော အမျိုးသမီးထုကြီးသည် ကြီးမားလှပေ၏” (ဆာ ၆၈:၁၁ – မြန်မာ့စံမီသမ္မာကျမ်း) ဟု နဖူးစည်းစာတန်းနှင့်အောင်လံများကိုင်ဆောင် ချီတက်သူများကို ပြသသည်။

ဆာလံကျမ်း ၆၈ တွင်၊ ဒါဝိဒ်သည် ဘုရားသခင်အား ချုပ်ထားသောသူများကို ကြွယ်ဝခြင်းသို့ ပို့ဆောင်ပေးသည့်အရှင် (:၆)၊ ပင်ပန်းနွမ်းနယ်နေသောလူတို့ကို သူ၏ကြွယ်ဝသောစည်းစိမ်များဖြင့် ပြန်လည်လန်းဆန်းစေသူ (:၉-၁၀) ဟု ဖော်ပြထားပါသည်။ အခန်းငယ် (၃၅) ပိုဒ်ရှိသည့် ဤဆာလံတွင် ဒါဝိဒ်က ဘုရားသခင်သည် သူတို့နှင့်အတူ အမြဲရှိပြီး၊ မတရားမှုနှင့် ဆင်းရဲဒုက္ခများမှ ကယ်တင်ရန် လုပ်ဆောင်နေပုံကို (၄၂) ကြိမ် ရည်ညွှန်းထုတ်ဖော်ခဲ့သည်။ အင်အားကြီးသောအမျိုးသမီးထုက…

ဝမ်းမြောက်ဖွယ် ချစ်ခြင်းမေတ္တာ

ဘရန်ဒန်နှင့်ကေတီတို့ တစ်ယောက်ကိုတစ်ယောက် အားရရွှင်လန်းစွာ ပြုံးပြ သည်။ သူတို့မျက်နှာပေါ်မှ ပျော်ရွှင်မှုကိုကြည့်လျှင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် သူတို့၏မင်္ဂလာပွဲအစီအစဉ်များကို မည်မျှခက်ခက်ခဲခဲ ရွှေ့ဆိုင်းခဲ့၊ပြောင်းခဲ့ကြရကြောင်း သင်သိနိုင်မည် မဟုတ်ပါ။ မိသားစုဝင် (၂၅) ဦးသာ တက်ရောက်ကြသော်လည်း သူတို့နှစ်ဦး၏ချစ်ခြင်းမေတ္တာ၊ သူတို့ကို စောင့်ရှောက်ပေးသော ဘုရား၏မေတ္တာတော်အတွက် ကျေးဇူးတင်လျက် ကတိသစ္စာဆိုကြချိန်တွင် သူတို့ထံမှ ပျော်ရွှင်မှုနှင့်ငြိမ်သက်ခြင်းတို့ ဖြာထွက်နေသည်။

သတို့သားနှင့်သတို့သမီးတို့ တစ်ဦးအပေါ်တစ်ဦး ကြည်နူးပျော်ရွှင်နေပုံက ပရောဖက်ဟေရှာယ ရေးဖွဲ့ခဲ့သည့် ထာဝရဘုရား၏ သူ့လူမျိုးတော်ကိုချစ်၍ ဝမ်းမြောက်ရပုံ သရုပ်ဖော်ချက်ဖြစ်သည်။ ပရောဖက်ဟေရှာယသည် ထာဝရဘုရားကတိပေးထားသည့် ကယ်နုတ်ခြင်းကို ကဗျာဆန်စွာ လှလှပပဖွဲ့နွဲ့လျက် စိတ်နှလုံးကျိုးပဲ့သူများအတွက် နှစ်သိမ့်ခြင်း၊ ငိုညည်းရသူများအတွက် ဝမ်းမြောက်ခြင်း၊ လူမျိုးတော်၏ လိုအပ်ချက်များအတွက် မစဖြည့်ဆည်းပေးမှု (ဟေရှာ ၆၁:၁-၃) စသည့် ထာဝရဘုရား၏ကယ်တင်ပေးမှုသည် ပျက်စီးနေသောကမ္ဘာကြီး၌ နေထိုင်ရသည့်အဖြစ်မှန်ကို ထင်ဟပ်နေကြောင်း စာဖတ်သူများအား သတိပေးသည်။ ဘုရားသခင်သည် သူ၏လူမျိုးတော်ကို ကူမသည်။…