စာရေးသူ

အားလုံးမြင်နိုင်ရန်
Mart DeHaan

မာ့ဒီဟန်း

မာ့ဒီဟန်း (Mart DeHaan)သည် Our Daily Bread Ministries ကို တည်ထောင်သူ ဆရာကြီး ဒေါက်တာ အမ် အာ ဒီဟန်း (Dr. M. R. DeHaan)၏ မြေး၊ ယခင် ဥက္ကဌဖြစ်သူ ရစ်ချက် ဒဘလူ ဒီဟန်း (Richard W. DeHaan)၏သား ဖြစ်သည်။ ၁၉၆၉ ခုနှစ် မှစ၍ ဆရာကြီးသည် ကဏ္ဍအမျိုးမျိုး၌ အမှုတော်ဆောင်ခဲ့သည်။ ဆရာကြီး၏ဝေငှချက် များကို Discover the Word အသံလွှင့်အစီအစဉ်၌ ဖမ်းယူနားဆင် ကြည့်ရှုနိုင်ပါသည်။ ဆရာကြီးသည် Our Daily Bread ဝတ်ပြုကိုးကွယ်ခြင်းစာစောင်၏ အကြောင်းအရာအတွက် စီနီယာ အကြံပေးပုဂ္ဂိုလ်အဖြစ် သော်လည်းကောင်း၊ စာရေးသူအနေနှင့် သော်လည်းကောင်း ဆက်လက် ဆက်ကပ်လုပ်ဆောင်လျက်ရှိပါသည်။ ဆရာကြီးနှင့်ဇနီး ဆရာမ ဒီယန်း (Diane) တို့၌ ဘန်းဂျမန် (Benjamin) နှင့် ဂျဲနီဖာ (Jennifer) ဟုခေါ်သော သားသမီးနှစ်ဦးရှိသည်။

စာမူ/ အကြောင်းအရာ များ မာ့ဒီဟန်း

ရောမမြို့၏အလှဂုဏ်ကျက်သရေ

ရောမအင်ပါယာ၏ ဘုန်းတန်ခိုးဩဇာသည် သခင်ယေရှုမွေးဖွားခြင်းအတွက် ကျယ်ပြန့် ကြီးမားသော သမိုင်းနောက်ခံဖြစ်သည်။ ရောမတို့၏ ပထမဦးဆုံးဧကရာဇ် ကဲသာဩဂုတ္တုသည် နှစ် ၂၀၀ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကို ဘီစီ ၂၇ တွင် အဆုံးသတ်စေခဲ့ပြီး၊ ပတ်ဝန်းကျင်မှ အပျက်အစီးများအား အထိမ်းအမှတ်ပြတိုက်၊ ဘုရားကျောင်း၊ အားကစားကွင်း၊ အစိုးရရုံး အဆောက်အအုံ များနှင့် အစားထိုး တည်ဆောက်ခဲ့သည်။ ရောမလူမျိုး သမိုင်းပညာရှင် Pliny the Elder မှတ်တမ်းအရ ကမ္ဘာ ပေါ်ရှိ ရှိသမျှ အဆောက်အအုံများအနက် ၎င်းတို့သည် အလှဆုံး အဆောက်အအုံ ဖြစ်သည်။
ထိုသို့ အလှတရားများ ရှိသော်လည်း Eternal City နှင့် အင်ပါယာသည် ရောမမြို့တော်ကျဆုံးသွားချိန်အထိ ရက်စက်မှုအပေါင်း သရဖူဆောင်းသည့် ရာဇ၀င်တွင်ခဲ့သည်။ ထောင်ပေါင်းများစွာသောကျွန်၊ တိုင်းတစ်ပါးသားများ၊ တော်လှန်ရေးသမားများနှင့် တပ်ပြေးများသည် လမ်းဘေး သစ်တိုင်များပေါ်တွင် ကားစင်တင်သတ်ဖြတ်ခြင်း ခံခဲ့ရပြီး…

မမြင်ဘူးသော်လည်း ချစ်ခဲ့သည်

အင်တာနက် လူမှုဆက်သွယ်ရေးအ၀န်းအ၀ိုင်း၌ အခြားသူများနည်းတူ ကျွန်တော်သည် ဘရုစ်စီ ဆိုသူကို သိခဲ့ရသော်လည်း တစ်ခါမျှ လူချင်းမတွေ့ဆုံဖူးပါ။ သို့သော် သူ့ဇနီးက သူမ၏ခင်ပွန်း ဆုံးသွားခဲ့ပြီဖြစ်ကြောင်း သတင်းတင်လိုက်ရာ၊ ရပ်ဝေးဒေသများမှ အဆက်မပြတ်ပေးပို့သော ၀မ်းနည်းကြောင်း မှတ်ချက်များကြောင့် ကျွန်တော်တို့ မိတ်ဆွေတစ်ဦး ဆုံးရှုံးသွားရပြီဟု နားလည်လိုက်သည်။
ဘရုစ်စီ သည် မကြာခဏ သူ့စိတ်နှလုံးကို ကျွန်တော်တို့အား ဖွင့်ပြခဲ့သည်။ အခြားသူများအတွက် သူ၏ပူပန်မှု၊ သူ့အတွက် အရေးပါသောအကြောင်းအရာများ ကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ ကျွန်တော်တို့ အများစု သည် သူနှင့်အမှန်သိကျွမ်းရင်းနှီးသကဲ့သို့ ခံစားခဲ့ရသည်။ ခရစ်တော်၌ သူ၏ယုံကြည်ခြင်း၊ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သည့်အသက်တာမှ ပေါ်ထွက်လာသည့် သိမ်မွေ့သော ပညာ ဉာဏ်ကို ကျွန်တော်တို့ လွမ်းဆွတ်သတိရနေမည်ဖြစ်သည်။
ဘရုစ်စီ နှင့်ကျွန်တော် အင်တာနက်ပေါ် အပြန်အလှန် စကားစမည် ပြောဆိုခြင်းကို ပြန်လည်အမှတ်ရမိစဉ် ပထမရာစုနှစ်က ယေရှုကို ကိုယ်တိုင်မြင်ခဲ့သည့်…

လျှို့ဝှက် စားစရာ

Meat Mocentain ဆိုသည်မှာ အလွှာ ၆ မျိုးပါရှိသည့် အထူးအသားညှပ်ပေါင်မုန့် ဖြစ်သည်။ ကြက်သားတစ်လွှာ၊ ၀က်ပေါင်ခြောက် ၃ လွှာ၊ ဒိန်ခဲ ၂ လွှာအပြင် အခြား
အမယ်များလည်းပါသည်။ ၎င်းသည် စားသောက်ဆိုင်ကြီးမှ ရောင်းချသည့် အစားအစာ
ဖြစ်မည်ဟုထင်ရသည်။ မဟုတ်ပါ။ ထိုလျှို့ဝှက်စားစရာ၏သတင်းကို လူမှုမီဒီယာနှင့်
တစ်ဆင့်စကား တစ်ဆင့်ကြားခြင်းဖြင့်သာ သိနိုင်သည်။ အသင့်စား အစာများ ရောင်းချသည့်လုပ်ငန်း၏ဈေးကွက် ယှဉ်ပြိုင်မှုကြောင့် စားနေကျ ဖောက်သည်များအတွက် လျှို့ဝှက် အထူးစားစရာဟူ၍ ဖိတ်ခေါ်ကမ်းလှမ်းခြင်းဟု ထင်ပါသည်။
သခင်ယေရှုက သူ့တပည့်တော်များအား ‘‘သင်တို့
မသိသောစားစရာသည် ငါ၌ရှိသည်’’ ဟု မိန့်ကြားစဉ် လျှို့ဝှက်အစားအစာလားဟု ၎င်းတို့ ထင်မြင်ခဲ့သည် (ယော ၄း၃၂)။ တပည့်တော်များ နားမလည်ကြောင်းကို ယေရှုသိသဖြင့် ‘‘ငါ့ကို စေလွှတ် တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏’’(း၃၄)…

သူ့ဖခင်၏တိရိစ္ဆာန်ဥယျာဉ်

လှောင်အိမ်၊ အကာအရံတန်းများ မပါရှိသည့် တိရိစ္ဆာန်ရုံကို တည်ဆောက်ရန် ၇ ဧက အကျယ်အ၀န်းရှိမြေကို သူ့ဖခင် ၀ယ်ယူခဲ့စဉ်က ဇွန်ဝီလျံ မှာ အသက်(၄)နှစ်သာ ရှိသေးသည်။ တောရိုင်းတိရိစ္ဆာန်များသည် ၎င်းတို့အား ပိတ်လှောင်ထားသည့်ခြံထဲ၌ လွတ်လပ်မှုကို ခံစားပြီးနေနိုင်အောင် ဖခင်ဖြစ်သူက ကြိုးစားလျက် အမျိုးမျိုး တီထွင် ဖန်တီးပေးပုံကို သူကြီးပြင်းလာသည့် တစ်လျှောက်လုံး ဇွန်
မှတ်မိနေခဲ့သည်။ ယနေ့တွင် မြေဧကပေါင်း ၁၁၀ ပေါ်တွင် တိရိစ္ဆာန်ပေါင်း ၁၁၀၀၀ ကျော်တို့ မှီတင်းနေထိုင်ကျက်စားရာ “ချက်စတာ တိရိစ္ဆာန်ဥယျာဉ် အဖြစ် တည်ရှိနေသည့်တိရိစ္ဆာန် ဥယျာဉ်ကြီးသည် အင်္ဂလန်နိုင်ငံတွင် တောရိုင်း သဘာဝ
အလှ ဆွဲဆောင်မှု အရှိဆုံးနေရာဖြစ်နေပါပြီ။ တိရိစ္ဆာန်များ ကောင်းမွန်စွာ ရှင်သန်နိုင်ရေး၊ လေ့ကျင့်ပညာပေးရေး၊   ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သူ့ဖခင်က စေတနာထား
လုပ်ဆောင်ခဲ့ကြောင်း ထင်ဟပ်ဖော်ပြနေသည်။
ရှောလမုန်မင်းကြီးသည်လည်း ထိုနည်းတူ သတ္တ၀ါ ကြီးငယ်မဆို…

သ၀န်တိုတတ်သော ဘုရား

၂၀၁၄ ခုနှစ်၌ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတစ်ဦးက ခွေးအရုပ်ကို အသုံးပြုပြီး တိရိစ္ဆာန်များ၌ သ၀န်တိုတတ်သောစိတ်ရှိကြောင်း ပြသခဲ့သည်။ ပါမောက္ခ ခရစ္စတင်း ဟားရစ်သည် ခွေးပိုင်ရှင်များအား မိမိတို့၏အိမ်မွေးခွေးများရှေ့တွင် အရုပ် ခွေးကို ချစ်ပြရန် တောင်းဆိုခဲ့သည်။ ခွေး လေးပုံသုံးပုံမှာ သိသိသာသာ သ၀န်တိုကြောင်း
တွေ့ရှိခဲ့သည်။ ခွေးအချို့မှာ ၎င်းတို့ကို ဂရုစိုက်ရန် သခင်အား ဖြည်းညှင်းစွာ ထိတို့တွန်းခဲ့သည်။ အချို့မှာ သခင်နှင့်အရုပ်အကြား အတင်းတိုးဝင်သည်။ အချို့မှာ ပြိုင်ဘက် အရုပ်ခွေးကိုပင် ကိုက်ဟပ်ကြသည်။
ခွေးက ပိုင်ရှင်အား ချစ်ခင်သ၀န်တိုခြင်းသည် ကြည်နူး
စရာဖြစ်သည်။ လူတို့တွင်ကား မနာလိုစိတ်သည် နှစ်လိုဖွယ်၊ အလေးထားဖွယ် ရလဒ်များကို လျော့ကျစေသည်။ သို့ရာတွင် မောရှေနှင့်ရှင်ပေါလုက သတိပေးထားသည့်အတိုင်း ဘုရား သခင်၏စိတ်တော်ကို လှပစွာ ထင်ဟပ်ဖော်ကျူးသည့် အခြားသော သ၀န်တိုမှုတစ်ခုလည်း ရှိသည်။
ကောရိနသုအသင်းတော်သို့ ရှင်ပေါလု…

နိုးထခြင်းထက်သာ၍ ကောင်းသော

မျက်နှာပူရသည့်အဖြစ်၊ ရှက်ဖွယ်အဖြစ်(သို့) ရာဇ၀တ်မှုများကို ပြုမိခဲ့၍ ဘ၀ပျက်ပါပြီဟု ခံစားရသော်လည်း ၎င်းသည် အိပ်ရာမှလန့်နိုး၍ အိမ်မက်သာဖြစ်ကြောင်း ထိုအဖြစ်မျိုးကို သင်ခံစားကြုံဖူးပါသလား။ သို့သော် ၎င်းသည် အိမ်မက်ဆိုးတစ်ခု မဟုတ်ခဲ့လျှင်၊ သင့်အတွက် (သို့) သင်ချစ်ရသူအတွက် ထိုအခြေအနေသည် အမှန်တကယ် ဖြစ်နေလျှင် သင်မည်သို့ပြုမည်နည်း။
ထိုအခြေအနေကို ၁၉ ရာစုနှစ် စာရေးဆရာ George MacDonald ရေးသားခဲ့သည့် The Curate’s Awakening ဆိုသည့် ၀တ္ထုတွင် ရေးသားထားသည်။ ထိုဝတ္ထုတွင် အသင်းတော်တစ်ခု၌ ဆက်ကပ်နေသော အမှုတော်ဆောင် ဆရာတစ်ယောက်သည် သူကိုယ်၌က ယုံလား မယုံလား သူ မသေချာဘဲနှင့် ထိုဘုရားသခင်အကြောင်းကို သူ ဟောပြော နေကြောင်းကို သူ့ကိုယ်သူ သိရှိသဘောပေါက်ခဲ့သည်။ ထိုနောက်တွင် ကျူးလွန်ခဲ့သည့် လူသတ်မှု၏ ခြောက်လန့်မှုကို ခံစားနေရသော သေလုမျှောပါးဖြစ်နေသည့် လူငယ်လေး တစ်ယောက်အား သူသွားရောက်ကြည့်ရှုခဲ့ရသည်။…

ဗာဗုလုန်ရဲတိုက် စီမံကိန်း

အလုပ်သမားနှစ်ဦးကို ‘နှစ်ယောက်သား အတူတူ ဘာဆောက်နေလဲ´ ဟုမေးရာ တစ်ဦးက ဂိုဒေါင်ဆောက်နေသည်ဟု ဖြေသည်။ အခြားတစ်ဦးကမူ ဘုရားကျောင်းကြီး ဆောက်နေသည်ဟု ပြန်ဖြေသည်။ နောက်တစ်နေ့တွင် အလုပ်သမား တစ်ဦးတည်းသာ အုတ်စီနေသည်ကို တွေ့ရ၍ ဒုတိယလူကော ဟုမေးရာ ပထမလူက ‘သူအလုပ်ဖြုတ် ခံလိုက်ရပြီ။ ဂိုဒေါင်ဆောက်နေတာကို ဘုရားကျောင်း ဆောက်တာလို့ အတင်း ဇွတ်ပြောတာကိုး´ ဟု ပြန်ဖြေသည်။
ရှေးခေတ် ဗာဗုလုန် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ လည်း အလားတူအဖြစ်မျိုး ဖြစ်ပျက်ခဲ့သည်။ လူတစ်စုသည် သူတို့၏ကမ္ဘာကို ပေါင်းစည်းရန် ဆုံးဖြတ်လျက် မိုးထိတိုင် မြင့်မားသော မျှော်စင်ကြီးနှင့် မြို့တစ်မြို့ကို တည်ဆောက် ခဲ့ကြသည် (က ၁၁း၎)။ ဘုရားနှင့် တန်းတူယှဉ်ပြီး ကိုယ့်ပြဿနာ ကိုယ့်ဘာသာကိုယ် ဖြေရှင်းမည့်အကြံနှင့် အတ္တကို ရှေ့ရှုဗဟိုပြုသော အံ့မခန်းအကြံအစည်ကြီးကို အကောင်အထည်ဖော်ရန် ဘုရားရှင် မလိုလားပါ။ သို့နှင့်…

အိုင်းစတိုင်း နှင့် သခင်ယေရှု

အဲလ်ဘတ် အိုင်းစတိုင်း ဟုဆိုလျှင် ဖရိုဖရဲ ပိုသီပတ်သီ ဆံပင်နှင့် မျက်လုံးပြူးပြူး၊
ဟာသဉာဏ်ရွှင်ပြီး ဆွဲဆောင်မှုရှိသူအဖြစ် သူ့ကို ပိုအမှတ်ရတတ်ကြသည်။ ပညာပါရမီ
ထူးပြီး လောကကမ္ဘာအပေါ် ကျွန်ုပ်တို့ မြင်သည့် အမြင်ကို ပြောင်းလဲပေးသည့် ရူပဗေဒ
ပညာရှင်အဖြစ် သူ့ကို သိကြသည်။ သူဖော်ထုတ်ခဲ့သည့် ထင်ရှားလှသော E = mc
2
ဆိုသည့် ပုံသေနည်းက သိပ္ပံ နည်းကျ အတွေးများကို ပြောင်းလဲပစ်ခဲ့ပြီး ကျွန်ုပ်တို့ကို
နျူကလီးယားခေတ်သို့ ပို့ဆောင်ခဲ့သည်။
သူ၏ ‘‘Special Theory of Relativity’’ သီအိုရီတွင်
စကြ၀ဋ္ဌာ၌ရှိသော အရာခပ်သိမ်းသည် ရွေ့လျားနေခြင်း
ကြောင့် သိပ္ပံပညာ(knowledge)သည် အမြင်ရှုထောင့်နှင့်
ဆိုင်သည့်ကိစ္စ ဖြစ်သည်ဟု သူက ကျိုးကြောင်းပြသည်။
သူက အလင်း၏ အမြန်သည် နေရာ၊ အချိန်၊ ရုပ်ဝတ္တု
စသည်တို့ကို…

အံ့ဖွယ်ပစ္စည်း

CNN သတင်းဌာနမှ `အံ့ဖွယ် ပစ္စည်း´ ဟု ခေါ်ဝေါ်ခဲ့သည်။ သရီးဒီ သုံးဖက်မြင်
ရုပ်ကြွခေတ်တွင် ဂရပ်ဖီး ခဲအမှုန် အက်တမ်တစ်လွှာကို နှစ်ဖက်လှ တူးဒီပစ္စည်း
အဖြစ် အမွှမ်းတင်သည်။ ၎င်းသည် စတီးထက် အဆတစ်ရာ ခိုင်မာသည်။ စိန်ထက်
မာကြောသည်။ ကြေးနီ (copper) ထက် အဆ ၁၀၀၀
လျှပ်စစ်စီးကူးနိုင်သည်။ ရော်ဘာထက်လည်း ပျော့ပြောင်းမှု
ရှိသည်။
ထိုသို့ နည်းပညာ တိုးတက်မြင့်မားလာခြင်းသည်
မကောင်းသလို ဆိုးလည်း မဆိုးပါ။ သို့သော် ကိုယ့်အတွက်
ကိုယ်လုပ်ထားသောအရာများသည် အကန့်အသတ်
ရှိကြောင်း ကျွန်ုပ်တို့ အမှတ်ရရန်လိုသည်။
ကိုယ်လက်နှင့်လုပ်သော ဘုရားများကြား လှောင်ပိတ်
မိနေသော ဣသရေလမျိုးဆက်သို့ ပရောဖက် ဟေရှာယက
ဤသို့ မိန့်ကြားသည်။ ဣသရေလလူတို့သည် ၎င်းတို့
ဝတ်ပြုရန်၊ အမအစတောင်းခံရန်၊ သူတို့ကို နှစ်သိမ့်ရန်နှင့်
ကွယ်ကာရန်…