စာရေးသူ

အားလုံးမြင်နိုင်ရန်
Marvin Williams

မာဗင်ဝီလီယံ

မာဗင်ဝီလီယံသည် Our Daily Bread အတွက် ၂၀၀၇ ခုနှစ်မှစ၍ စာမူများ ရေးသားပေးသည်။ ဆရာသည် Our Daily Bread Ministries ၏ အခြားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူဖြစ်သည့် Our Daily Journey အတွက်လည်း စာမူများရေးသားသည်။ အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်၊ လန်စင်းဒေသရှိ တြိနတိ အသင်းတော်၌ စာချသင်းအုပ် ဖြစ်သည်။ တက်စက်(စ)ပြည်နယ်၊ ဒါလာ့စ်မြို့ရှိ သာသနာပိုင် ကောလိပ် (Bishop College) နှင့် အယ်လနွိုက်ပြည်နယ်၊ ဒီးယားဖီးမြို့ရှိ တြိနတိ ဧဝံဂေလိဆိုင်ရာ ဘာသာရေးပညာကျောင်း (Trinity Evangelical Divinity School) များ၌ ပညာသင်ကြား တတ်မြောက်ခဲ့သည်။ မီရှီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်မြို့ရှိ နေရာအတော်များများတွင်လည်း သင်းအုပ်ဆရာနေရာ၌ ဆက်ကပ်လုပ်ဆောင်ခဲ့သည်။ ဆရာနှင့် ဇနီး တူနီးယားတို့၌ သားသမီး ၃ ဦး ရှိသည်။

စာမူ/ အကြောင်းအရာ များ မာဗင်ဝီလီယံ

ကျွန်ုပ်တို့၏ကြီးမြတ်သောဆရာကဲ့သို့ပင်

ရေပန်းစားနေသော ဗီဒီယိုတစ်ခုတွင်၊ အသက် (၃) နှစ်အရွယ် အဖြူရောင်ခါးပတ် ကရာတေးသင်တန်းသူတစ်ဦးသည် သူမ၏နည်းပြဆရာအတိုင်း တုပလုပ်ဆောင်ခဲ့သည်။ စိတ်အားထက်သန်မှု ခံယူချက်တို့ဖြင့် ကလေးမလေးက ခေါင်းဆောင်နှင့်အတူ သင်တန်းသားအဓိဋ္ဌာန်ကို ဆိုသည်။ ထို့နောက်တွင်၊ ကိုယ်နေဟန်ထားအပြည့် အာရုံစူးစိုက်မှုနှင့်အတူ၊ ချစ်စရာကောင်းပြီး အကြည်ဓာတ်‌ပေးနေသော သတ္တိရှိသော ထိုကလေးမလေးက သူမ၏ဆရာပြောသမျှအတိုင်း လိုက်လုပ်ခဲ့သည်။ အနည်းဆုံးတော့ သူမသည် ကောင်းကောင်းလိုက်လုပ်နိုင်ခဲ့သည်။

တစ်ချိန်က သခင်ယေရှုသည် “တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်” ဟု ဆိုခဲ့သည် (လု ၆:၄၀)။ သခင်ယေရှုကို အတုယူရာတွင် တပည့်တော်တို့အား သခင့်နည်းတူ စေတနာစိတ်ရှိရန်၊ ချစ်မေတ္တာရှိရန်၊ စီရင်ဆုံးဖြတ်မှုမပြုရန် (:၃၇-၃၈)၊ သူတို့မည်သူ့နောက်လိုက်သည်ကို ပိုင်းခြားသိမြင်ရန် “လူကန်းသည် လူကန်းအား လမ်းကို ပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော” (:၃၉)ဟု မိန့်ကြားခဲ့သည်။ လူတို့ကို ဘေးဥပဒ်သို့ပို့ဆောင်နေသည့် လူကန်းတို့အား…

လုပ်ဆောင်ပြုလေသမျှ၌

“ငါအကျိုးအမြတ်ရပြီး ငါ့လောဘကို ဖြည့်ဆည်းနိုင်ရင် တော်ပြီ။ ငါ့အိမ်နီးချင်းအကြောင်း ငါဘာမှဂရုမစိုက်’ ဟူသည့် ဆိုရိုးမှာ ကုန်သည်များ တူညီစွာခံယူထားသော ၎င်းတို့၏စည်းမျဥ်းစံဖြစ်သည်”ဟု Martin Luther (မာတင်လူသာ)က ၁၅၂၄ ခုနှစ်တွင် ဆိုခဲ့သည်။ အနှစ် (၂၀၀) ကျော်ကြာပြီးသောအခါ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မောင့်ဟော်လီမြို့မှ John Woolman (ဂျွန်ဝူး(လ)မန်း)သည် သူ၏အပ်ချုပ်ဆိုင်လုပ်ငန်းကို သခင်ယေရှုထံ ဆက်ကပ်အပ်နှံလျက် လုပ်ဆောင်ခဲ့သည်။ ကျွန်လွတ်မြောက်ရေးကို ထောက်ခံသောအားဖြင့် သူသည် ကျွန်လုပ်အား ကိုအသုံးပြုသော ကုမ္ပဏီများထံမှ မည်သည့်ဝါဂွမ်းနှင့်ဆေးဆိုးပစ္စည်းများကိုမျှ မဝယ်ယူခဲ့ပေ။ သူသည် လိပ်ပြာလုံသောစိတ်ဖြင့် သူနှင့်သက်ဆိုင်သူများကိုချစ်ပြီး၊ ‌လုပ်ဆောင်ပြုမူလေသမျှတွင် ဂုဏ်သိက္ခာ၊ သမာဓိ ရိုးသားမှုတို့နှင့် လုပ်ကိုင်ခဲ့သည်။

တမန်တော်ရှင်ပေါလုသည် “စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာ” အသက်ရှင်ရန် အားထုတ်ခဲ့သည် (၂ ကော ၁:၁၂ - ခေတ်သုံး)။ သခင်ယေရှု၏တမန်တော်အဖြစ် ရှင်ပေါလု၏ အခွင့်အာဏာအပေါ် ကောရိန္သုမြို့သားများက…

လုံလောက်ရုံ

‘Fiddler on the roof’ (ခေါင်မိုးပေါ်တွင် တယောထိုးသူ) ဇာတ်ကားတွင် ဇာတ်ဆောင် Tevye (ထက်ဗီ)သည် ဘုရားသခင်အား “ကိုယ်တော်ဟာ ဆင်းရဲသားတွေကို အများကြီး အများကြီး ဖန်ဆင်းထားတာပဲ။ ဆင်းရဲတာက ရှက်စရာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပေမဲ့ ဂုဏ်ယူရမဲ့အရာလည်း မဟုတ်ပါဘူး။ ဒါဆို ကျွန်တော့်မှာ ဥစ္စာနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လောက်ဆိုးရွားနိုင်မလဲ။ အကယ်၍ ချမ်းသာတဲ့သူဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ထာဝရအကြံစည်တော်ကို ပျက်စီးသွားစေနိုင်မှာလား”ဟု သူ၏စီးပွားရေးအကြောင်း ရိုးသားစွာပြောခဲ့သည်။

ထက်ဗီ နှုတ်မှ ထိုရိုးသားသည့် စကားလုံးများပြောရန် စာရေးဆရာ Sholem Aleichem ‌(ရှောလမ်အလေးခမ်) မရေးသားမီ ရှေးရာစုနှစ်များစွာက အာဂုရမင်း ၏ အလားတူ ရိုးသားမှုရှိပြီး ကွဲပြားသောဆုတောင်းချက်ကို သုတ္တံကျမ်းတွင် တွေ့ရသည်။ အာဂုရမင်းသည် ဘုရားသခင်ထံမှ ဆင်းရဲခြင်းကို မတောင်း၊ ချမ်းသာခြင်းကိုလည်း မတောင်းဆိုဘဲ နေ့စဉ် “အသက်မွေးလောက်သောအစာ” ကိုသာ ပေးရန် တောင်းဆိုခဲ့သည် (သု…

အမြဲသတိရှိပါ

အမျိုးသားတစ်ဦးနှင့် သူငယ်ချင်းတို့သည် နှင်းတောင်ပြိုကျနိုင်ကြောင်း သတိပေးဆိုင်းဘုတ်စိုက်ထူထားသည့် နှင်းလျောစီးအပန်းဖြေစခန်း၏ဂိတ်ဝင်ပေါက်ကိုဖြတ်ဝင်ကာ နှင်းလျှောစီးနေပါသည်။ နှင်းလျှောစီးသည့် ဒုတိယတစ်ကြော့တွင် တစ်စုံတစ်ယောက်က “နှင်းတောင်ပြိုပြီ” ဟု အော်ပြောသော်လည်း ထိုလူသည် မလွတ်ဘဲ နှင်းထုေအောက်၌ နှစ်မြှုပ်ဆုံးပါးသွားသည်။ အချို့က သူ့ကို အတွေ့အကြုံမရှိသော လူသစ်ဟုသမုတ်ကာ ဝေဖန်ကြသည်။ စင်စစ် သူသည် လူသစ် မဟုတ်ပါ။ “နှင်းတောင်ပြိုကျမှုဆိုင်ရာ လိုင်စင်ရ တောရိုင်းဒေသ ဧည့်လမ်းညွှန်” တစ်ဦးဖြစ်သည်။ နှင်းတောင်ပြိုကျမှုဆိုင်ရာလေ့ကျင့်မှု အများဆုံး ခံယူထားသော နှင်းလျှောစီးသူများသည် လွဲမှားသော ဆင်ခြင်များပေးတတ်ပြီး “(နှင်းလျှောစီးသူသည်) မဆင်မခြင် သတိမဲ့စွာ ပြုမူခဲ့ခြင်းကြောင့် သေဆုံးသွားရခြင်းဖြစ်သည်” ဟု သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

ဣသရေလလူမျိုးများသည် ကတိထားရာပြည်သို့ဝင်ရန် ပြင်ဆင်စဥ်တွင်၊ ဘုရားသခင်က သူ၏လူများကို အမြဲသတိချပ်ကာ နိုးနိုးကြားကြားရှိစေလိုသည်။ ထို့ကြောင့် သူ၏ “စီရင်ထုံးဖွဲ့ချက်များနှင့် ပညတ်တရားများ” အားလုံးကို နာခံရန် မိန့်မှာလျက် (တရား ၄:၁-၂)၊…

ဘုရားသခင် အမိန့်တော်ရှိသည်

၁၈၇၆ ခုနှစ်တွင် တီထွင်ဖန်တီးသူ Alexander Graham Bell (အလက်ဇန်းဒါးဂရေဟမ်ဘဲလ်)သည် တယ်လီဖုန်းဖြင့် ပထမဦးဆုံး စကားပြောခဲ့သည်။ သူ၏ လက်ထောက်ဖြစ်သူ Thomas Watson (သောမတ်စ်ဝပ်ဆန်)အား “ဝပ်ဆန်ရေ၊ ဒီကိုလာခဲ့ပါ။ ငါ မင်းကို တွေ့ချင်တယ်”ဟု သူက ဖုန်းခေါ်ဆိုခဲ့သည်။ ပြတ်တောင်း ပြတ်တောင်းနှင့် သဲသဲကွဲကွဲ မကြားရသော်လည်း ဘဲလ်ပြောသည့်အရာကို ဝပ်ဆန်ကြားပြီး နားလည်သည်။ တယ်လီဖုန်းနှင့် ဘဲလ်ပြောခဲ့သည့် ပထမဆုံးစကားက လူတို့၏ဆက်သွယ်ရေးနေ့သစ် အရုဏ်တက်ခဲ့ပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။

“အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်”သော (က ၁:၂) ကမ္ဘာမြေကြီးတွင် ပထမနေ့ရက် အရုဏ်ဦးကို ဖန်ဆင်းသည့်အချိန်တွင် ဘုရားသခင်၏ပထမဉီးဆုံး မိန့်တော်မူချက်ကို သမ္မာကျမ်းစာ၌ “အလင်းဖြစ်စေ” (:၃)ဟု မိန့်တော်မူကြောင်းမှတ်တမ်းတင်ထားသည်။ ထိုစကားလုံးများသည် ဖန်ဆင်းခြင်းတန်ခိုးနှင့် ပြည့်လျက်ရှိသည်။ ဘုရားသခင်မြွက်ဆိုတော်မူသည့်အခါ ထိုမြွက်ဆိုတော်မူသည်အတိုင်း ဖြစ်တည်လာသည် (ဆာ ၃၃:၆၊ ၉)။ ဘုရားသခင်က “အလင်းဖြစ်စေ”…

နှလုံးထဲမှ ထွက်လာသောအရာ

‘Operation Noah’s Ark’ (နောဧသင်္ဘောစစ်ဆင်ရေး)ဟု ချစ်စနိုးအမည်ပေးထားသည့် ကယ်ဆယ်ရေးအဖွဲ့သည် တိရစ္ဆာန်ချစ်သူများအတွက် ပျော်ရွှင်ဖွယ်ရာဖြစ်စေနိုင်သော်လည်း Nassau Society for the Prevention of Cruelty to Animals (တိရစ္ဆာန်များအပေါ်ရက်စက်မှုကို ကာကွယ်သည့် နာစောအသင်း) အတွက်မူ ၎င်းသည် အိမ်မက်ဆိုးဖြစ်သည်။ ဆူညံသံနှင့် ဆိုးရွားသည့်အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်မှတိုင်တန်းသဖြင့် ထိုအသင်းမှ အလုပ်သမားများသည် အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်ရှိ Long Island အိမ်တန်းလျားတစ်ခုသို့ ဝင်စစ်ရာ လျစ်လျူရှုခံရသည့် တိရစ္ဆာန်အကောင် (၄၀၀) ထက်မနည်းကို တွေ့ရှိခဲ့သည် (နောက်ပိုင်းတွင် ၎င်းတို့ကို ဖယ်ရှားခဲ့ကြသည်)။

ညစ်ညမ်းသည့်အခြေအနေတွင် တိရစ္ဆာန်ရာပေါင်းများစွာကို မလှောင်ထားသော်လည်း စိတ်နှလုံး၌ ဆိုးရွား၍အပြစ်ရှိသော အတွေးနှင့်အပြုအမူများကို ကျွန်ုပ်တို့ ဝှက်ထားနိုင်ပြီး ၎င်းတို့ကို ဖွင့်ပြပြီး ဖယ်ရှားပစ်ရန်လိုကြောင်း ရှင်ယေရှုပြောခဲ့သည်။

လူကိုသန့်ရှင်းစေသောအရာ၊ ညစ်ညူးစေသောအရာနှင့် ပတ်သက်၍ တပည့် တော်များအား သွန်သင်ရာ၌…

အိမ်နှစ်အိမ်

အိမ်နှစ်အိမ်၏ခိုင်ခံ့မှုကို စစ်ဆေးရန်အတွက် အင်ဂျင်နီယာများသည် (၁)နာရီလျှင် မိုင် (၁၀၀) နှုန်းတိုက်သော လေပြင်းမုန်တိုင်းကို ဖန်တီးနိုင်သည့် အားကောင်းသောပန်ကာများကိုအသုံးပြု၍ (၁၀) မိနစ်ကြာ တတိယအဆင့် ဟာရီကိန်းမုန်တိုင်း တစ်ခု ဖန်တီးခဲ့သည်။ ပထမအိမ်ကို ဟာရီကိန်းမုန်တိုင်းဒဏ်ခံ စည်းမျဥ်းများနှင့်အညီ မဆောက်လုပ်ထားပါ။ ဒုတိယအိမ်မှာမူ ခိုင်မာအောင်အားဖြည့်ထားသော ခေါင်မိုးများ၊ ကြမ်းပြင်များနှင့် ဆောက်လုပ်ထားသည်။ ပထမအိမ်သည် လှုပ်ခါပြီး ပြိုကျသွားတော့သည်။ သို့သော် ဒုတိယအိမ်မှာမူ အပေါ်ယံထိခိုက်မှု တစ်ချို့သာရှိခဲ့ပြီး တောင့်ခံနိုင်ခဲ့သည်။ ထိုအင်ဂျင်နီယာများအနက် တစ်ဦးက “မည်သည့် အိမ်တွင် သင်နေလိုပါသနည်း” ဟူသောမေးခွန်းဖြင့် လေ့လာမှု မှတ်တမ်းကို အကျဥ်းချုပ်ဖော်ပြခဲ့သည်။

ဘုရားသခင်၏နိုင်ငံတော် စံနှုန်းများနှင့်အညီ မည်သို့နေထိုင်ရမည်ကို သင်ကြားပေးပြီးနောက် သခင်ယေရှုက “အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်” (မ ၇:၂၄)ဟု…

သနားကြင်နာတတ်သည့်ဖခင်

(၈) နှစ်အရွယ် ဂေဘရယ်သည် ဦးနှောက်အကျိတ်ကိုဖယ်ရှားရန် ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင် သူ့ခေါင်းတစ်ဘက်တွင် သိသာထင်ရှားသော အမာရွတ်ကြီးကျန်ရစ်ခဲ့သည်။ သူက “ကြောက်စရာသတ္တဝါလို ခံစားရတယ်”ဟု ပြောရာ၊ သူ့ဖခင် ဂျော့ရှ် သည် အကြံတစ်ခုရပြီး၊ ဂေဘရယ်၏အမာရွတ်ကဲ့သို့ ပုံကို သူ့ခေါင်းတွင် ဆေးမင်ကြောင်ထိုးခြင်းဖြင့် သားဖြစ်သူကို မည်မျှချစ်ကြောင်း ဖော်ပြခဲ့သည်။

ဆာလံဆရာ၏ရေးသားချက်အရ ၎င်းသည် သူ့သားသမီးတို့အပေါ် ထားရှိသော ဘုရားသခင်၏ကရုဏာနှင့်သနားကြင်နာမှုမျိုး ဖြစ်သည်(ဆာ ၁၀၃:၁၃) ။ ဒါဝိဒ်သည် လူ့ဘဝကို ဥပမာပြလျက် ဘုရားသခင်၏ချစ်မေတ္တာကို သရုပ်ဖော်ခဲ့သည်။ သားသမီးများအပေါ် ဖခင်ကောင်းတစ်ယောက်၏စောင့်ရှောက်ပြုစုမှု ပမာ ဘုရားရှင်၏မေတ္တာသည် နူးညံ့သိမ်မွေ့သည် (:၁၇)။ လူသားဖခင်သည် မိမိ၏သားသမီးများကို သနားကြင်နာမှုပြသကဲ့သို့၊ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင် အဘသည် ကြောက်ရွံ့သူတို့အား ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့ကို ပြသသည်။ သူသည် မိမိလူမျိုးအပေါ် သနားစာနာတတ်သော ကရုဏာရှင်အဘဖြစ်သည်။

ကျွန်ုပ်တို့သည် ဘဝ၏ဒဏ်ရာဒဏ်ချက်များကြောင့် အားငယ်ကာ ချစ်ဖွယ် မကောင်းသူဟု…

မလိုလားသောဧည့်သည်များ

ခိုင်းလ် နှင့် အဲလစ်စင်သည် ထူးခြားဆန်းပြားသော နေရာတစ်ခုတွင် ဟန်းနီးမွန်း ထွက်ခဲ့ကြသည်။ သူတို့အိမ်ပြန်ရောက်သောအခါ ခိုင်းလ်၏ခြေထောက်များတွင် ထူးဆန်းပြီး ယားယံသောအဖုများ ထွက်လာသည်ကို တွေ့ရှိခဲ့သည်။ သူတို့အား ကူးစက်ရောဂါအထူးကုထံပြသရန် ညွှန်းကြပြီး၊ ထိုအဖုများသည် ခိုင်းလ်၏ ညှပ် ဖိနပ်အသစ်ကြောင့်ဖြစ်သောပြည်ဖုများမှတဆင့် အသားထဲသို့ ကပ်ပါးငယ်များ ဝင်ရောက်ခြင်းကြောင့်ဟု ဆရာဝန်က ဆိုသည်။ စိတ်ကူးယဥ်အပန်းဖြေခရီးသည် မလိုလားသော ‘ဧည့်သည်များ’ ၏စိန်ခေါ်မှုတိုက်ပွဲဖြင့် အဆုံးသတ်ခဲ့ရသည်။

အပြစ်ကိုတိုက်ဖျက်ရန် ဘုရားရှင်ထံ မစမှုမတောင်းခံပါက ဘုရားနှစ်သက်သောအသက်တာဖြင့် အသက်ရှင်နေထိုင်မည့် စိတ်ကူးအိပ်မက်က မလိုလားအပ်သော ဧည့်သည်များဖြစ်သည့် အပြစ်နှင့်မနာခံမှုတို့နှင့် စစ်ဖြစ်ခြင်းသို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဒါဝိဒ်သိသည်။ သဘာဝလောကတွင် ဘုရားသခင်ကို မည်သို့ပုံဖော်ပြထားကြောင်း (ဆာ ၁၉:၁-၆)နှင့် ကိုယ်တော်၏သွန်သင်ချက်တွင် တွေ့ရသော ကိုယ်တော်၏ဉာဏ်ပညာ (:၇-၁၀)ကို ဒါဝိဒ်စပ်ဆိုပြီးနောက် မရည်ရွယ်သော၊ မောက်မာသော၊ တမင်မနာခံမှုအန္တရာယ်မှ ကာကွယ်ရန် ဘုရားသခင်ကို ဒါဝိဒ်တောင်းဆိုခဲ့သည်။ “မထင်ရှားသောဒုစရိုက်အပြစ်နှင့် အကျွန်ုပ်ကို…

မင်းလုပ်နိုင်တယ်

တိုက်တွန်းခွန်အားပေးခြင်းသည် အောက်ဆီဂျင်နှင့် တူ၏။ အောက်စီဂျင်မရှိလျှင် ကျွန်ုပ်တို့အသက်မရှင်နိုင်။ အသက် (၉)နှစ် အရွယ် James Savage (ဂျိမ်းဆားဗေ့) အတွက် ထိုအချက်က မှန်ကန်သည်။ သူသည် အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်ကိုကမ်းခြေမှ အယ်လ်ခါထရဇ်ကျွန်းသို့ နှစ်မိုင်ကျော်အကွာအဝေးကို အသွားအပြန် ရေကူးပြီး အသက်အငယ်ဆုံး အောင်မြင်မှုစံချိန်ချိုးခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရေစကူးပြီး မိနစ် (၃၀)အကြာတွင် အလွန်အေးသောရေကြောင့် ဂျိမ်းလက်လျှော့ချင်ခဲ့သည်။ သို့သော် လှေလှော်သမားများက “မင်းလုပ်နိုင်တယ်” ဟုအော်ပြောခဲ့သည်။ ထိုစကားများက သူပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိရန် အားအင်ကို ပေးခဲ့သည်။

ဆင်းရဲဒုက္ခလှိုင်းကြမ်းများကြောင့် ခရစ်တော်ကိုယုံကြည်သူများ လက်လျှော့လိုကြသောအခါ ရှင်ပေါလုနှင့်ဗာနဗတို့က သူတို့အား ရှေ့ခရီးဆက်ရန် အားပေးတိုက်တွန်းခဲ့သည်။ ဒေရဗေမြို့တွင် သတင်းကောင်းကို ဟောကြားပြီးနောက် လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့များသို့ပြန်လာကာ တပည့်တော်များကို ခိုင်ခံ့စေလျက် စစ်မှန်သောယုံကြည်ခြင်း၌တည်ရန် နှိုးဆော်ခဲ့သည် (တ ၁၄:၂၁-၂၂)။ ရှင်ယေရှု၌ ယုံကြည်ခြင်းစိတ် ခိုင်မြဲရန်…