စာရေးသူ

အားလုံးမြင်နိုင်ရန်
Marvin Williams

မာဗင်ဝီလီယံ

မာဗင်ဝီလီယံသည် Our Daily Bread အတွက် ၂၀၀၇ ခုနှစ်မှစ၍ စာမူများ ရေးသားပေးသည်။ ဆရာသည် Our Daily Bread Ministries ၏ အခြားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူဖြစ်သည့် Our Daily Journey အတွက်လည်း စာမူများရေးသားသည်။ အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်၊ လန်စင်းဒေသရှိ တြိနတိ အသင်းတော်၌ စာချသင်းအုပ် ဖြစ်သည်။ တက်စက်(စ)ပြည်နယ်၊ ဒါလာ့စ်မြို့ရှိ သာသနာပိုင် ကောလိပ် (Bishop College) နှင့် အယ်လနွိုက်ပြည်နယ်၊ ဒီးယားဖီးမြို့ရှိ တြိနတိ ဧဝံဂေလိဆိုင်ရာ ဘာသာရေးပညာကျောင်း (Trinity Evangelical Divinity School) များ၌ ပညာသင်ကြား တတ်မြောက်ခဲ့သည်။ မီရှီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်မြို့ရှိ နေရာအတော်များများတွင်လည်း သင်းအုပ်ဆရာနေရာ၌ ဆက်ကပ်လုပ်ဆောင်ခဲ့သည်။ ဆရာနှင့် ဇနီး တူနီးယားတို့၌ သားသမီး ၃ ဦး ရှိသည်။

စာမူ/ အကြောင်းအရာ များ မာဗင်ဝီလီယံ

ချစ်ခြင်းမေတ္တာအဖို့အလို့ငှာ

မာရသွန်ပြေးခြင်းသည် စွမ်းဆောင်ရည်တက်လာအောင် မိမိကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွန်းအားပေးခြင်း ဖြစ်သည်။ သို့သော် အထက်တန်း ကျောင်းသား အပြေးသမားတစ်ဉီးအတွက်မူ ‌‌ေတောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲဝင်ခြင်းသည် အခြားသူတစ်ဉီးကို တွန်းပို့ခြင်းဖြစ်သည်။ Susan Bergeman (ဆူဆန် ဘာဂမန်း)သည် သူမ၏လေ့ကျင့်မှုတိုင်းနှင့် ပြိုင်ပွဲတိုင်းတွင် သူမ၏အကိုဂျက်ဖရီအား ဘီးတပ်ထိုင်ခုံ၌ တွန်းပြီးခေါ်သွားသည်။ ဂျက်ဖရီသည် (၂၂) လသားအရွယ်တွင် နှလုံးရပ်ပြီးနောက် ဉီးနှောက်ပြင်းထန်စွာထိခိုက်ပြီး ကျောရိုးသေသွားခဲ့သည်။ ယခုမှာ ဆူဆန်သည် ဂျက်ဖရီ သူမနှင့်အတူ ပြိုင်ပွဲဝင်နိုင်‌ရေး သူမ၏ကိုယ်ပိုင်အပြေးရည်မှန်းချက်များကို စွန့်လွှတ်ခဲ့သည်။ မေတ္တာနှင့်အနစ်နာခံမှုပေတည်း။

တမန်တော်ရှင်ပေါလုက စာဖတ်သူများအား “တစ်ယောက်ကိုတစ်ယောက် စုံမက်ကြ”ရန် (ရော ၁၂:၁၀) တိုက်တွန်းစဥ် မေတ္တာနှင့်အနစ်နာခံမှု အကြောင်းကို တွေးလျက်ရှိပါသည်။ ရောမမြို့ရှိယုံကြည်သူများသည် မနာလိုမှု၊ ဒေါသနှင့် ရန်လိုစွာသဘောထားကွဲလွဲမှုတို့နှင့် ရင်ဆိုင်နေရကြောင်းကို သူသိသည် (:၁၈)။ ထို့ကြောင့် သူတို့၏စိတ်နှလုံး၌ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော် ဝင်ရောက်အုပ်စိုးခွင့် ပေးရန် တမန်တော်ရှင်ပေါလု တိုက်တွန်းခွန်အားပေးခဲ့သည်။…

သေးငယ်သောအရာထက်မက

နေရာသစ်သို့ရွှေ့ပြောင်းသွားပါက မိမိနှင့်ပတ်သက်သည့် အရာအနည်းအကျဥ်းကို နေရာဟောင်း၌ ချန်ထားတတ်ကြသည်။ သို့သော် အလွန်အေးပြီး ဆိတ်ငြိမ်ခြောက် ကပ်သော အန္တာတိကတိုက်ရှိ Villas Las Estrellas (ဗီလာ လပ်စ် အက်စထရာလပ်စ်)သို့ ပြောင်းရွှေ့နေထိုင်မှုမပြုခင် သင်ပိုင်ဆိုင်သည့်အရာအချို့ကို ထားခဲ့ရမည်မှာ အမှန်ဖြစ်သည်။ အနီးဆုံးဆေးရုံသည် (၆၂၅) မိုင် အကွာတွင်ရှိပေရာ၊ ထိုဒေသ၌ တစ်စုံတစ်ဦးသည် အူအတက်ပေါက်ပါက အလွန်မှ ဒုက္ခရောက်လိမ့်မည်။ ထိုနေရာသို့သွားရောက် နေထိုင်လိုသူတိုင်းသည် မသွားမီ အူအတက်ခွဲစိတ်ကြရပေမည်။

အလွန်ထိရောက်သည့် သဘောတရားပင်။ သို့သော် ဘုရားသခင်၏နိုင်ငံတော်တွင် နေထိုင်မည့်သူဖြစ်ခြင်းသည် ထိုထက်ပိုပါသည်။ သခင်ယေရှုနောက်တော် လိုက်လိုသူများသည် သခင့်သဘောအတိုင်း မဟုတ်ဘဲ သူတို့၏သဘောအတိုင်းသာ လိုက်လိုခြင်းကြောင့် (မ ၁၆:၂၅-၂၇)၊ တပည့်တော်ဟူသည့် အဓိပ္ပာယ်ကို သခင်ပြန်လည် သတ်မှတ်ပေးခဲ့သည်။ သခင်က “ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ့်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့လိုက်ရမည်” (:၂၄)ဟု…

စကားပြောခန်း

စပိန်နိုင်ငံမြောက်ပိုင်းဒေသတွင် ပေါင်းဖော်ခြင်းနှင့် မိတ်ဖွဲ့ခြင်းကို လှပသောနည်းလမ်းဖြင့် လုပ်ဆောင်ကြသည်။ လက်လုပ်ဂူ များစွာရှိသည့် တောအရပ်ဒေသတွင် ကောက်ရိတ်သိမ်းချိန်တိုင်း၌ လယ်သမားအချို့သည် ဂူအပေါ်၌ ဆောက်လုပ်ထားသည့်အခန်းတွင် အစားအသောက်မျိုးစုံကို သိုလှောင်ကြသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ ထိုအခန်းသည် မိတ်ဆွေများ၊ မိသားစုများနှင့် အတူစုရုံးလျက် သူတို့၏အဖြစ်အပျက်များ၊ လျှို့ဝှက်ချက်များ၊ စိတ်ကူးအိပ်မက်များကို မျှဝေပြောပြသည့်နေရာဖြစ်သော “စကားပြောခန်း” အဖြစ် ထင်ရှားလာခဲ့သည်။ အကျွမ်းတဝင်ရှိပြီး စိတ်ချရသည့် အပေါင်းအဖော်မိတ်ဆွေကို သင်လိုအပ်ပါက စကားပြောခန်းသို့ သွားရမည် ဖြစ်သည်။

ဒါဝိဒ်နှင့်‌ယောနသန်တို့သည် စပိန်၌သာ နေထိုင်ခဲ့ပါက သူတို့၏မိတ်သဟာယက သူတို့အတွက် စကားပြောခန်း ဖန်တီးစရာအကြောင်းဖြစ်လာပေမည်။ ရှောလုမင်း၌ မနာလိုစိတ်က ပြင်းထန်လျက် ဒါဝိဒ်ကို သတ်ချင်လောက်သည့်အထိဖြစ်လာသောအခါ သူ၏သားကြီးယောနသန်က ဒါဝိဒ်ကို မိတ်ဖွဲ့လျက် ကာကွယ်ပေးခဲ့သည်။ သူတို့နှစ်ဦးသည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်လျက် (၁ ရာ ၁၈:၁)၊ ယောနသန်သည် “ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်”သည် (:၁၊ ၃)။ သူသည်…

သခင်ယေရှု၌ သက်သာချမ်းသာရာကို တွေ့ရှိခြင်း

မတည်ငြိမ်သောစိတ်ဝိညာဥ်သည် စည်းစိမ်ဥစ္စာနှင့် အောင်မြင်မှုအားဖြင့် မည်သည့် အခါတွင်မှ မရောင့်ရဲနိုင်ပေ။ သေဆုံးသွားသော ကျေးလက်ဂီတအကျော်အမော် တစ်ဦးသည် ဤအမှန်တရားကို သက်သေပြနိုင်ခဲ့သည်။ သူ၏သီချင်းအယ်လ်ဘမ် ပေါင်း (၄၀) နီးပါးသည် Billboard (ဘေလ်ဘော့) တေးဂီတမဂ္ဂဇင်း၏ ကျေးလက်ဂီတ ထိပ်တန်းသီချင်း အမှတ်စဥ် ၁ မှ ၁၀ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပြီး အကောင်းဆုံး တစ်ကိုယ်တော်သီဆိုသူဟုလည်း ကြိမ်ဖန်များစွာ ချီးမြှင့်ခြင်းခံရသည်။ သို့သော် သူသည် အိမ်ထောင်ပေါင်းများစွာရှိခဲ့ပြီး ထောင်ကျခဲ့ဖူးပါသည်။ အောင်မြင်မှုများရှိလျက်နှင့်ပင် “လုပ်ကိုင်လှုပ်ရှားမှု၊ အိမ်ထောင်ရေး ဒါမှမဟုတ် ရည်မှန်းချက်များနဲ့ ဘယ်တော့မှ နိုင်အောင်မထိန်းနိုင်ခဲ့တဲ့ စိတ်မငြိမ်မသက်မှုတစ်ခု ကျွန်တော့်မှာရှိတယ်။ အခုထိလည်း အတိုင်းအတာတစ်ခုအထိ ရှိနေဆဲပဲ။ ကျွန်တော်သေတဲ့နေ့အထိ ရှိလိမ့်မယ်” ဟု သူမြည်တမ်းခဲ့ဖူးသည်။ ဝမ်းနည်းစရာပင်၊ သူ့အသက်မကုန်ဆုံးမီ သူ့စိတ်ဝိညာဉ်အတွက် ငြိမ်သက်ခြင်းကို သူတွေ့ရှိသင့်သည်။

ဤဂီတပညာရှင်ကဲ့သို့ အပြစ်တရားနှင့် အပြစ်၏အကျိုးဆက်များ၌ ဝန်လေး ပင်ပန်းလာသူများအား…

ကျွန်ုပ်တို့၏ကြီးမြတ်သောဆရာကဲ့သို့ပင်

ရေပန်းစားနေသော ဗီဒီယိုတစ်ခုတွင်၊ အသက် (၃) နှစ်အရွယ် အဖြူရောင်ခါးပတ် ကရာတေးသင်တန်းသူတစ်ဦးသည် သူမ၏နည်းပြဆရာအတိုင်း တုပလုပ်ဆောင်ခဲ့သည်။ စိတ်အားထက်သန်မှု ခံယူချက်တို့ဖြင့် ကလေးမလေးက ခေါင်းဆောင်နှင့်အတူ သင်တန်းသားအဓိဋ္ဌာန်ကို ဆိုသည်။ ထို့နောက်တွင်၊ ကိုယ်နေဟန်ထားအပြည့် အာရုံစူးစိုက်မှုနှင့်အတူ၊ ချစ်စရာကောင်းပြီး အကြည်ဓာတ်‌ပေးနေသော သတ္တိရှိသော ထိုကလေးမလေးက သူမ၏ဆရာပြောသမျှအတိုင်း လိုက်လုပ်ခဲ့သည်။ အနည်းဆုံးတော့ သူမသည် ကောင်းကောင်းလိုက်လုပ်နိုင်ခဲ့သည်။

တစ်ချိန်က သခင်ယေရှုသည် “တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်” ဟု ဆိုခဲ့သည် (လု ၆:၄၀)။ သခင်ယေရှုကို အတုယူရာတွင် တပည့်တော်တို့အား သခင့်နည်းတူ စေတနာစိတ်ရှိရန်၊ ချစ်မေတ္တာရှိရန်၊ စီရင်ဆုံးဖြတ်မှုမပြုရန် (:၃၇-၃၈)၊ သူတို့မည်သူ့နောက်လိုက်သည်ကို ပိုင်းခြားသိမြင်ရန် “လူကန်းသည် လူကန်းအား လမ်းကို ပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော” (:၃၉)ဟု မိန့်ကြားခဲ့သည်။ လူတို့ကို ဘေးဥပဒ်သို့ပို့ဆောင်နေသည့် လူကန်းတို့အား…

လုပ်ဆောင်ပြုလေသမျှ၌

“ငါအကျိုးအမြတ်ရပြီး ငါ့လောဘကို ဖြည့်ဆည်းနိုင်ရင် တော်ပြီ။ ငါ့အိမ်နီးချင်းအကြောင်း ငါဘာမှဂရုမစိုက်’ ဟူသည့် ဆိုရိုးမှာ ကုန်သည်များ တူညီစွာခံယူထားသော ၎င်းတို့၏စည်းမျဥ်းစံဖြစ်သည်”ဟု Martin Luther (မာတင်လူသာ)က ၁၅၂၄ ခုနှစ်တွင် ဆိုခဲ့သည်။ အနှစ် (၂၀၀) ကျော်ကြာပြီးသောအခါ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မောင့်ဟော်လီမြို့မှ John Woolman (ဂျွန်ဝူး(လ)မန်း)သည် သူ၏အပ်ချုပ်ဆိုင်လုပ်ငန်းကို သခင်ယေရှုထံ ဆက်ကပ်အပ်နှံလျက် လုပ်ဆောင်ခဲ့သည်။ ကျွန်လွတ်မြောက်ရေးကို ထောက်ခံသောအားဖြင့် သူသည် ကျွန်လုပ်အား ကိုအသုံးပြုသော ကုမ္ပဏီများထံမှ မည်သည့်ဝါဂွမ်းနှင့်ဆေးဆိုးပစ္စည်းများကိုမျှ မဝယ်ယူခဲ့ပေ။ သူသည် လိပ်ပြာလုံသောစိတ်ဖြင့် သူနှင့်သက်ဆိုင်သူများကိုချစ်ပြီး၊ ‌လုပ်ဆောင်ပြုမူလေသမျှတွင် ဂုဏ်သိက္ခာ၊ သမာဓိ ရိုးသားမှုတို့နှင့် လုပ်ကိုင်ခဲ့သည်။

တမန်တော်ရှင်ပေါလုသည် “စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာ” အသက်ရှင်ရန် အားထုတ်ခဲ့သည် (၂ ကော ၁:၁၂ - ခေတ်သုံး)။ သခင်ယေရှု၏တမန်တော်အဖြစ် ရှင်ပေါလု၏ အခွင့်အာဏာအပေါ် ကောရိန္သုမြို့သားများက…

လုံလောက်ရုံ

‘Fiddler on the roof’ (ခေါင်မိုးပေါ်တွင် တယောထိုးသူ) ဇာတ်ကားတွင် ဇာတ်ဆောင် Tevye (ထက်ဗီ)သည် ဘုရားသခင်အား “ကိုယ်တော်ဟာ ဆင်းရဲသားတွေကို အများကြီး အများကြီး ဖန်ဆင်းထားတာပဲ။ ဆင်းရဲတာက ရှက်စရာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပေမဲ့ ဂုဏ်ယူရမဲ့အရာလည်း မဟုတ်ပါဘူး။ ဒါဆို ကျွန်တော့်မှာ ဥစ္စာနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လောက်ဆိုးရွားနိုင်မလဲ။ အကယ်၍ ချမ်းသာတဲ့သူဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ထာဝရအကြံစည်တော်ကို ပျက်စီးသွားစေနိုင်မှာလား”ဟု သူ၏စီးပွားရေးအကြောင်း ရိုးသားစွာပြောခဲ့သည်။

ထက်ဗီ နှုတ်မှ ထိုရိုးသားသည့် စကားလုံးများပြောရန် စာရေးဆရာ Sholem Aleichem ‌(ရှောလမ်အလေးခမ်) မရေးသားမီ ရှေးရာစုနှစ်များစွာက အာဂုရမင်း ၏ အလားတူ ရိုးသားမှုရှိပြီး ကွဲပြားသောဆုတောင်းချက်ကို သုတ္တံကျမ်းတွင် တွေ့ရသည်။ အာဂုရမင်းသည် ဘုရားသခင်ထံမှ ဆင်းရဲခြင်းကို မတောင်း၊ ချမ်းသာခြင်းကိုလည်း မတောင်းဆိုဘဲ နေ့စဉ် “အသက်မွေးလောက်သောအစာ” ကိုသာ ပေးရန် တောင်းဆိုခဲ့သည် (သု…

အမြဲသတိရှိပါ

အမျိုးသားတစ်ဦးနှင့် သူငယ်ချင်းတို့သည် နှင်းတောင်ပြိုကျနိုင်ကြောင်း သတိပေးဆိုင်းဘုတ်စိုက်ထူထားသည့် နှင်းလျောစီးအပန်းဖြေစခန်း၏ဂိတ်ဝင်ပေါက်ကိုဖြတ်ဝင်ကာ နှင်းလျှောစီးနေပါသည်။ နှင်းလျှောစီးသည့် ဒုတိယတစ်ကြော့တွင် တစ်စုံတစ်ယောက်က “နှင်းတောင်ပြိုပြီ” ဟု အော်ပြောသော်လည်း ထိုလူသည် မလွတ်ဘဲ နှင်းထုေအောက်၌ နှစ်မြှုပ်ဆုံးပါးသွားသည်။ အချို့က သူ့ကို အတွေ့အကြုံမရှိသော လူသစ်ဟုသမုတ်ကာ ဝေဖန်ကြသည်။ စင်စစ် သူသည် လူသစ် မဟုတ်ပါ။ “နှင်းတောင်ပြိုကျမှုဆိုင်ရာ လိုင်စင်ရ တောရိုင်းဒေသ ဧည့်လမ်းညွှန်” တစ်ဦးဖြစ်သည်။ နှင်းတောင်ပြိုကျမှုဆိုင်ရာလေ့ကျင့်မှု အများဆုံး ခံယူထားသော နှင်းလျှောစီးသူများသည် လွဲမှားသော ဆင်ခြင်များပေးတတ်ပြီး “(နှင်းလျှောစီးသူသည်) မဆင်မခြင် သတိမဲ့စွာ ပြုမူခဲ့ခြင်းကြောင့် သေဆုံးသွားရခြင်းဖြစ်သည်” ဟု သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

ဣသရေလလူမျိုးများသည် ကတိထားရာပြည်သို့ဝင်ရန် ပြင်ဆင်စဥ်တွင်၊ ဘုရားသခင်က သူ၏လူများကို အမြဲသတိချပ်ကာ နိုးနိုးကြားကြားရှိစေလိုသည်။ ထို့ကြောင့် သူ၏ “စီရင်ထုံးဖွဲ့ချက်များနှင့် ပညတ်တရားများ” အားလုံးကို နာခံရန် မိန့်မှာလျက် (တရား ၄:၁-၂)၊…

ဘုရားသခင် အမိန့်တော်ရှိသည်

၁၈၇၆ ခုနှစ်တွင် တီထွင်ဖန်တီးသူ Alexander Graham Bell (အလက်ဇန်းဒါးဂရေဟမ်ဘဲလ်)သည် တယ်လီဖုန်းဖြင့် ပထမဦးဆုံး စကားပြောခဲ့သည်။ သူ၏ လက်ထောက်ဖြစ်သူ Thomas Watson (သောမတ်စ်ဝပ်ဆန်)အား “ဝပ်ဆန်ရေ၊ ဒီကိုလာခဲ့ပါ။ ငါ မင်းကို တွေ့ချင်တယ်”ဟု သူက ဖုန်းခေါ်ဆိုခဲ့သည်။ ပြတ်တောင်း ပြတ်တောင်းနှင့် သဲသဲကွဲကွဲ မကြားရသော်လည်း ဘဲလ်ပြောသည့်အရာကို ဝပ်ဆန်ကြားပြီး နားလည်သည်။ တယ်လီဖုန်းနှင့် ဘဲလ်ပြောခဲ့သည့် ပထမဆုံးစကားက လူတို့၏ဆက်သွယ်ရေးနေ့သစ် အရုဏ်တက်ခဲ့ပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။

“အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်”သော (က ၁:၂) ကမ္ဘာမြေကြီးတွင် ပထမနေ့ရက် အရုဏ်ဦးကို ဖန်ဆင်းသည့်အချိန်တွင် ဘုရားသခင်၏ပထမဉီးဆုံး မိန့်တော်မူချက်ကို သမ္မာကျမ်းစာ၌ “အလင်းဖြစ်စေ” (:၃)ဟု မိန့်တော်မူကြောင်းမှတ်တမ်းတင်ထားသည်။ ထိုစကားလုံးများသည် ဖန်ဆင်းခြင်းတန်ခိုးနှင့် ပြည့်လျက်ရှိသည်။ ဘုရားသခင်မြွက်ဆိုတော်မူသည့်အခါ ထိုမြွက်ဆိုတော်မူသည်အတိုင်း ဖြစ်တည်လာသည် (ဆာ ၃၃:၆၊ ၉)။ ဘုရားသခင်က “အလင်းဖြစ်စေ”…

နှလုံးထဲမှ ထွက်လာသောအရာ

‘Operation Noah’s Ark’ (နောဧသင်္ဘောစစ်ဆင်ရေး)ဟု ချစ်စနိုးအမည်ပေးထားသည့် ကယ်ဆယ်ရေးအဖွဲ့သည် တိရစ္ဆာန်ချစ်သူများအတွက် ပျော်ရွှင်ဖွယ်ရာဖြစ်စေနိုင်သော်လည်း Nassau Society for the Prevention of Cruelty to Animals (တိရစ္ဆာန်များအပေါ်ရက်စက်မှုကို ကာကွယ်သည့် နာစောအသင်း) အတွက်မူ ၎င်းသည် အိမ်မက်ဆိုးဖြစ်သည်။ ဆူညံသံနှင့် ဆိုးရွားသည့်အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်မှတိုင်တန်းသဖြင့် ထိုအသင်းမှ အလုပ်သမားများသည် အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်ရှိ Long Island အိမ်တန်းလျားတစ်ခုသို့ ဝင်စစ်ရာ လျစ်လျူရှုခံရသည့် တိရစ္ဆာန်အကောင် (၄၀၀) ထက်မနည်းကို တွေ့ရှိခဲ့သည် (နောက်ပိုင်းတွင် ၎င်းတို့ကို ဖယ်ရှားခဲ့ကြသည်)။

ညစ်ညမ်းသည့်အခြေအနေတွင် တိရစ္ဆာန်ရာပေါင်းများစွာကို မလှောင်ထားသော်လည်း စိတ်နှလုံး၌ ဆိုးရွား၍အပြစ်ရှိသော အတွေးနှင့်အပြုအမူများကို ကျွန်ုပ်တို့ ဝှက်ထားနိုင်ပြီး ၎င်းတို့ကို ဖွင့်ပြပြီး ဖယ်ရှားပစ်ရန်လိုကြောင်း ရှင်ယေရှုပြောခဲ့သည်။

လူကိုသန့်ရှင်းစေသောအရာ၊ ညစ်ညူးစေသောအရာနှင့် ပတ်သက်၍ တပည့် တော်များအား သွန်သင်ရာ၌…