စာရေးသူ

အားလုံးမြင်နိုင်ရန်
Marvin Williams

မာဗင်ဝီလီယံ

မာဗင်ဝီလီယံသည် Our Daily Bread အတွက် ၂၀၀၇ ခုနှစ်မှစ၍ စာမူများ ရေးသားပေးသည်။ ဆရာသည် Our Daily Bread Ministries ၏ အခြားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူဖြစ်သည့် Our Daily Journey အတွက်လည်း စာမူများရေးသားသည်။ အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်၊ လန်စင်းဒေသရှိ တြိနတိ အသင်းတော်၌ စာချသင်းအုပ် ဖြစ်သည်။ တက်စက်(စ)ပြည်နယ်၊ ဒါလာ့စ်မြို့ရှိ သာသနာပိုင် ကောလိပ် (Bishop College) နှင့် အယ်လနွိုက်ပြည်နယ်၊ ဒီးယားဖီးမြို့ရှိ တြိနတိ ဧဝံဂေလိဆိုင်ရာ ဘာသာရေးပညာကျောင်း (Trinity Evangelical Divinity School) များ၌ ပညာသင်ကြား တတ်မြောက်ခဲ့သည်။ မီရှီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်မြို့ရှိ နေရာအတော်များများတွင်လည်း သင်းအုပ်ဆရာနေရာ၌ ဆက်ကပ်လုပ်ဆောင်ခဲ့သည်။ ဆရာနှင့် ဇနီး တူနီးယားတို့၌ သားသမီး ၃ ဦး ရှိသည်။

စာမူ/ အကြောင်းအရာ များ မာဗင်ဝီလီယံ

နှိုင်းယှဉ်စိတ် ဥပါဒါန်အစွဲ

ဟားဗတ် စီးပွားရေးသင်တန်းကျောင်း၏ ပါမောက္ခတစ်ဦးဖြစ်သူ Thomas J. Delong သည်
သူ၏ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဘက်များကြားတွင် ‘နှိုင်းယှဉ်စိတ် ဥပါဒါန်အစွဲ’ ရှိနေပြီး စိုးရိမ်စရာအခြေအနေဟု ကောက်ချက်ချခဲ့သည်။ “စီးပွားရေးလုပ်ငန်း အလုပ် အမှုဆောင်များ၊ Wall Street ဆန်းစစ်သူများ၊ ဥပဒေပညာရှင်များ၊ ဆရာဝန်များနှင့် အခြားကျွမ်းကျင်ပညာရှင်များသည် ၄င်းတို့၏စွမ်းဆောင်မှု များကို အခြားသူများနှင့်နှိုင်းယှဉ်ရန်အတွေးက ၎င်းတို့ကို လွှမ်းမိုးထားကြသည်။ … ဤသည်မှာ ကုမ္ပဏီအတွက် မကောင်းသလို လူတစ်ဦးချင်းစီအတွက်လည်း မကောင်း ပေ။ အောင်မြင်မှုကို အပေါ်ယံ စံသတ်မှတ်ချက်များနှင့် တိုင်းတာ သောအခါ စိတ်ကျေနပ်မှုမရှိ၊  သန္နိဋ္ဌာန်ချ ဆက်ကပ် ထားမှုများ
လေးနက်မှုမရှိတော့’’ ဟု သူရေးသားထားသည်။
‘နှိုင်းယှဉ်စိတ် ဥပါဒါန်အစွဲ’ သည် အသစ်အဆန်း မဟုတ်ပါ။ အခြားသူများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ခြင်းသည်
အန္တရာယ်ရှိကြောင်း နှုတ်ကပတ်တော်က ကျွန်ပ်တို့အား သတိပေးထားသည်။ တစ်ပါးသူနှင့်…

ဆက်တက်ပါ

ရစ်ချက် ကို ပင့်တင်ပေးရန် လိုသည်။ ရစ်ချက်သည် သူငယ်ချင်း ကီဗင် နှင့်အတူ ကျောက်တောင်တက်ရာ ကီဗင်က ကြိုးများကို သေချာစွာကိုင်တွယ်ချည်တုတ်ပေးသူ ဖြစ်သည်။ မောပန်းပြီး ဆက်မသွားနိုင်တော့သဖြင့်   ရစ်ချက် က ကီဗင် အား မြေပေါ်သို့ ကြိုးလျောချပေးရန် ပြောလိုက်သည်။ သို့သော် ကီဗင် က  အတော်ခရီးပေါက်နေပြီ ဖြစ်၍ အားမလျော့ဘဲ ဆက်သွားရန် သူ့ကို အားပေးသည်။ သို့နှင့် လေထဲတွင် တွဲလောင်းကျနေသော ရစ်ချက် က ကြိုးစား၍ ဆက်တက်ခဲ့ပြီး၊ တောင်ပေါ်ရောက်သည်အထိ အံ့သြစရာ အောင်မြင်အောင် တက်နိုင်ခဲ့ခြင်းမှာ သူငယ်ချင်း ကီဗင်၏အားပေးစကားကြောင့်ဖြစ်သည်။
ကနဦးအသင်းတော်၌ သခင်ယေရှု၏ နောက်တော်လိုက်များသည် သခင်ဘုရား၏နောက်တော် ဆက်လိုက်ရန်နှင့် ကြင်နာမှုကရုဏာပြရန် အချင်းချင်းကို
ခွန်အားပေးတိုက်တွန်းသည်။ မကောင်းမှုဒုစရိုက်နှင့်ပြည့်သော ခေတ်ယဉ်ကျေးမှုတွင်   သန့်ရှင်းစွာ နေထိုင်ရန် အားတက်သရော အချင်းချင်းကို တောင်းပန်တိုက်တွန်းကြသည် (ရောမ…

သယ်ယူပို့ဆောင်ပေးသည့် ၀ိညာဉ်တော်

အိုင်ယာလန်နိုင်ငံရှိ မြို့များစွာတွင် အိမ်နံပါတ်များ၊ စာပို့သင်္ကေတအမှတ်များကို အသုံးပြုလေ့ မရှိပါ။ ထို့ကြောင့် မြို့ထဲ၌ `ပက်ထရစ် မာဖီစ်´ ဆိုသူ သုံးဦးရှိနေလျှင် အရင်ရှိနှင့်နေထိုင်သူ နှစ်ဦးထံ စာအရင်ရောက်မည်။ ပြီးမှ နောက်ဆုံးမှ လာရောက်အခြေချသူထံ ရောက်ရှိမည်။ စာကို၎င်းတို့ သေချာစွာစစ်ဆေးကြည့်ပြီးမှ “ကျုပ်စာမဟုတ်ဘူးထင်တယ်” ဤသို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရောက်လာသည်ဟု တတိယ ပက်ထရစ် မာဖီ က ဆိုသည်။ ဤစာပို့စနစ်ကို အဆုံးသတ်ရန် အိုင်းရစ်အစိုးရ အနေဖြင့် မှန်ကန် ကောင်းမွန်သည့် စာဖြန့်ဝေခြင်းစနစ်  ဖြစ်လာ အောင် မကြာမီက စာပို့သင်္ကေတအမှတ် ဖော်ပြသည့်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။
တစ်ခါတစ်ရံဆုတောင်းရာ၌လည်း ကျွန်ုပ်တို့စိတ်နှလုံးရှိ အရာကို ဘုရားသခင်ထံ ရောက်အောင် မစပေးမှု လိုအပ်သည်ဟု ခံစားကောင်းခံစားရမည်။ ဘယ်စကားလုံးရွေးချယ်ပြောရမှန်း၊ မိမိ စိတ်အလိုများကို မည်သို့ဖော်ပြရမှန်းမသိ ဖြစ်ကောင်းဖြစ်မည်။ ရောမသြ၀ါဒစာ အခန်းကြီး ၈ တွင်…

ငါ့နောက်သို့ လိုက်လော့

ကိုယ်အလေးချိန်ချချင်သူနှင့် ကျန်းမာစွာနေထိုင်လိုသူများအတွက် ကျန်းမာရေးကလပ် များက  အစီအစဉ်အမျိုးမျိုး ကမ်းလှမ်းသည်။ ကိုယ်ကာယသင်တန်းတစ်ခုမှ အနည်းဆုံး ပေါင် ၅၀ ချချင်နေသူနှင့် ကျန်းမာသောလူနေမှုဘ၀ကို တိုးတက်ချင်သူများအတွက် သီးသန့် စီစဉ်ပေးသည်။ အဖွဲ့ဝင်တစ်ဦးက ‘‘အရင်သင်တန်းက ထွက်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်းမာသွယ်လျလှပနေသူတွေက ပုံပျက်ပန်းပျက် ကျွန်မရဲ့ခန္ဓာကိုယ်ကို ကြည့်ပြီး ကဲ့ရဲ့နေကြတယ်လို့ ခံစားရ လို့ပါ’’ ဟုဆိုသည်။ ယခုတွင် သူမသည်  တစ်ပတ် ၅ ရက် လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်လည်းကျ၊ နွေးထွေး ပျူငှာသော ပတ်ဝန်းကျင်၌ ပျော်ရွှင်နေပြီဖြစ်သည်။
လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က ယေရှုသည်
ဝိညာဉ်ရေးရာ ချို့တဲ့ချူချာနေသူများကို သူ့နောက်သို့ လိုက်ရန် ခေါ်ခဲ့သည်။ အခွန်ခံရာတဲ၌ ထိုင်နေသော လေ၀ိကို ယေရှုက ‘‘ငါ့နောက်သို့ လိုက်လော့’’ ဟု ဆိုခဲ့သည် (မာ ၂း၁၄)။ သူ့စကားက…

ကယ်တင်ခြင်း စမ်းရေတွင်း

မြေကြီးနက်နက်တူးခြင်းသည် ယေဘုယျအားဖြင့် ကျောက်အစိုင်အခဲ မြေနမူနာယူရန်၊ ရေနံရှာဖွေရန်၊ ရေကြောရှာရန် အတွက်ဖြစ်သည်။
ဟေရှာယ ၁၂ တွင် ၀ိညာဉ်ရေးရာ ခမ်းခြောက်သည့်အခြေအနေနှင့် တကယ့် သဲကန္တာရထဲ ရောက်ရှိသည့် လူမျိုးတော်များကို ဘုရားသခင်က အသက်စမ်းရေတွင်းကို
ရှာဖွေတွေ့ရှိရန် အလိုရှိခဲ့သည်။ ပရောဖက် ဟေရှာယက ဘုရားပေးသည့် ကယ်တင်ခြင်းကို ရှာဖွေတူးဖော်၍ ရသမျှ
ရေများအနက် အသန့်ရှင်းဆုံး အလန်းဆန်းဆုံးရေနှင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ယုဒလူတို့သည် ဘုရားသခင်အား နှစ်ပေါင်းများစွာ ကျောခိုင်းခဲ့ကြပြီးနောက် ၎င်းတို့ကို ချေမှုန်း
အောင်နိုင်ရန် ဘုရားက တစ်ပါးအမျိုးသားများအား အခွင့်ပေး လိုက်သောအခါ ယုဒလူတို့သည် မိမိတိုင်းပြည်မှ ဖမ်းသွား ခေါ်ဆောင်ခံရသည့်ကြမ္မာနှင့် ကြုံတွေ့ရပြီး အရပ်ရပ်သို့ ကွဲပြားသွားတော့သည်။ သို့သော် ကျန်ကြွင်းသော
လူမျိုးတော်တို့သည် ဇာတိဒေသသို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာမည်၊ ၎င်းသည် သူတို့နှင့်အတူ ဘုရားရှိနေကြောင်း သက်သေပင်ဖြစ်သည်ဟု (ဟေရှာ ၁၁…

အောင်ပွဲခံကြပါစို့

၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂါနာ အသင်းမှ အာဆာမိုဂျန် က ဂျာမနီအသင်းကို ဂိုးသွင်းယူ ပြီးနောက် သူနှင်သူ့၏အသင်းဖော်များက ပုံစံတူ အကကပြီး အောင်ပွဲခံကြသည်။ ဂျာမနီအသင်းမှ မီရိုစလပ် ကလိုဆေးက မိနစ်အနည်းငယ်အတွင်း ချေပဂိုးပြန်သွင်းယူပြီး ဂျွမ်းထိုးအောင်ပွဲခဲ့သည်။ ၂၀၀၂ ကမ္ဘာဖလားပြိုင်ပွဲတွင် အမေရိကန်အသင်းအတွက် ဂိုးသွင်းယူခဲ့ပေးသော Clint Mathis က ‘‘ဂိုးသွင်းပြီး အောင်ပွဲခံခြင်းက အင်မတန် ဆွဲဆောင်မှုရှိတယ်။ ကစားသမား
တစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ တန်ဖိုးနှင့် စိတ်ဆန္ဒ ပြင်းပြမှုကို ဖော်ပြနေလို့ပေါ့’’ ဟု ပြောခဲ့သည်။
ဆာလံ ၁၅၀ တွင် ဆာလံဆရာက ‘‘အသက်ရှိသောသူ အပေါင်းတို့’’ အား ထာဝရဘုရားကို ချီးမွမ်းကြရန် ဖိတ်ခေါ် သည်။ တံပိုးမှုတ်လျက်၊ စောင်း၊ ကြိုးတပ်တူရိယာ၊ နှဲခရာ၊ ကခုန်ခြင်းဖြင့် ချီးမွမ်းရန် အကြံပြုသည်။ ချစ်မြတ်နိုးမှုနှင့် ဖန်တီးတီထွင်လျက် ချီးမြှောက်ရန်၊ ကိုးကွယ်ရန်…

ပြင်းထန်ဆိုးရွားသောအပုပ်နံ့

၂၀၁၃ ခုနှစ် ဩဂုတ်လတွင် များပြားလှသော လူအုပ်ကြီးသည် ပင်ဆာဗေးနီးယား ပြည်နယ်၊ ပစ္စ်ဘ့ားမြို့ရှိ ဖစ္စ် ကွန်ဆာဗေထရီ တွင် စုရုံးရောက်ရှိခဲ့ကြသည်။ ၎င်းတို့က အသေကောင်(corpse)ပန်းဟု အမည်ရသည့် အပူပိုင်းဒေသပန်းပင်တစ်မျိုး၏ ပွင့်အာလာပုံကို စောင့်ကြည့်ရန် စုရုံးကြခြင်းဖြစ်သည်။ ၎င်းပန်းသည် အင်ဒိုနီးရှား နိုင်ငံ
ဇာတိဖြစ်၍ နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ် ပွင့်တတ်သော
ကြောင့် ၎င်းပွင့်အာလာပုံမှာ ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ပွင့်အာလာသည်နှင့် တပြိုင်နက် ၎င်း၏ ကြီးမား ချွန်ထက်လှပသည့် အနီရောင်အပွင့်သည် ပုပ်အဲ့နေသည့် အသားပုပ်နံ့ ထွက်လာသည်။ ၎င်း၏ပုပ်စပ်သောရနံ့ ကြောင့် ဤပန်းသည် အသားပုပ်များကို ရှာဖွေနေသည့် ယင်ကောင်များ၊ နောက်ချေးပိုးကောင်များကို ဆွဲဆောင်ပါ သည်။ သို့သော်၎င်းတွင် ပန်းဝတ်ရည်တော့ မရှိပါ။
ဤပန်းကဲ့သို့ပင် အပြစ်တရားသည်လည်း ကတိ စကား
များစွာ ပေးသော်လည်း အဆုံးတွင် မည်သည့်…

ဘုရားသခင်၏ သံလိုက်အိမ်မြှောင်

ဒုတိယ ကမ္ဘာစစ်အတွင်းက မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှ မိုင် ၃၀၀ အကွာရှိ ပင်လယ်ပြင်တွင် သင်္ဘောသား ၂၇ ယောက်၏အသက်ကို သံလိုက်အိမ်မြှောင် သေးသေးလေးများက ကယ်တင်ပေးခဲ့သည်။ Waldemar Semenov သည် ကုန်သည် ဘ၀မှ အငြိမ်းစားယူပြီး အငယ်တန်း အင်ဂျင်နီယာအဖြစ် SS Alcoa Guide အမည်ရှိ သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်နေစဉ် ဂျာမန် ရေငုပ် သင်္ဘော တစ်စီးပေါ်လာပြီး သင်္ဘောကို ပစ်ခတ်တိုက်ခိုက် သည်။ သင်္ဘော ဗုံးမှန်ပြီး မီးစွဲကာ စတင်နှစ်မြှုပ်စဉ် Semenov နှင့် သင်္ဘောသားအဖွဲ့သည် သံလိုက်အိမ်မြှောင်ပါသော အသက်ကယ်လှေများကို ရေချပြီး အိမ်မြှောင်ကိုသုံးလျက် ကမ်းနှင့်နီးရာသို့ ဦးတည်သွားခဲ့သည်။ သုံးရက်မြောက်နေ့ တွင် သင်္ဘောသားများကို ကယ်ဆယ်နိုင်ခဲ့သည်။
ဆာလံဆရာကလည်း ဘုရားသခင်၏ စကားတော်
တို့သည် စိတ်ချအားကိုးလောက်သော `သံလိုက်အိမ်မြှောင်´
ဖြစ်ကြောင်း လူမျိုးတော်တို့အား သတိပေးလျက်…

စကားလုံးများ၏အစွမ်းတန်ခိုး

တောင်အာဖရိက၏ စစ်အစိုးရကို ဆန့်ကျင်ခဲ့သူ နယ်ဆင်မင်ဒဲလား သည် ရာစုနှစ်
၃ ခုခန့်မျှ အကျဉ်းကျခံခဲ့ရသည်။ ယနေ့အချိန်တွင် သူ့အကြောင်းကို ကိုးကားညွှန်းဆို
ပြောကြသော်လည်း သူထောင်ကျနေချိန်က ဂယက်ရိုက်မှာစိုး၍ သူ့စကားများကို
ကိုးကားခွင့်မရခဲ့ပါ။ သူထောင်မှ ပြန်လွှတ်ပြီး ၁၀ နှစ် အကြာ
တွင် သူက “ကျွန်တော်က စကားကို ဘယ်တော့မှလွယ်လွယ်၊
ပေါ့ပျက်ပျက်ပြောလေ့မရှိပါဘူး။ ထောင်ဒဏ် ၂၇ နှစ်ဆိုတဲ့
အရာက ကျုပ်တို့ကို ဘာမှမလုပ်နိုင်ဘူးဆိုရင် ဒီလို
ဆိတ်ဆိတ်နေခြင်းအားဖြင့် စကားလုံးတွေဟာ ဘယ်လောက်
တန်ဖိုးရှိလဲဆိုတာ နားလည်စေတယ်။ လူတွေရဲ့ ဘ၀မှာ
ဒီစကားနဲ့ အသက်ရှင်တယ်၊ ဒီစကားကြောင့် အသေခံတယ်
ဆိုတဲ့ သက်ရောက်မှုကို တကယ့်စကား/ တကယ့်မိန့်ခွန်း
တွေက ဖြစ်စေတယ်ဆိုတာ နားလည်အောင် အသုံးချ
ရတယ်” ဟု ပြောခဲ့သည်။
ဓမ္မဟောင်းကျမ်းမှ သုတ္တံကျမ်းအများစုကို ရေးသားခဲ့သူ…

အသက်ရှင်သော ဘုရားအား ချီးမွမ်းခြင်း

၂၀၀၅ ခုနှစ်က အမေရိကန် လူ့အခွင့်အရေး တောင်းဆိုသူ သူရဲကောင်း ရိုစာ ပါက်စ်
ကွယ်လွန်သွားရာ အောပရာ ၀င်းဖရီးက သူမအား ချီးမွမ်းဂုဏ်ပြုရန် အခွင့်အရေး
ရယူခဲ့သည်။ ၁၉၅၅ ခုနှစ်က လူဖြူတစ်ယောက်အား ဘတ်စ်ကားပေါ်တွင် ထိုင်ခုံနေရာ
မဖယ်ပေးခဲ့သည့် အမျိုးသမီးတစ်ယောက်အကြောင်းကို
အောပရာ ဤသို့ပြောပြသည်။ (အသားအရောင် ခွဲခြားမှု
အရှိန်အဟုန် မြင့်မားချိန်) ‘‘ထိုခေတ်ကာလ၏ အခြေအနေ
မျိုးမှာ ဒီလိုမဖယ်ပေးဘဲ ဆက်ထိုင်နေလိုက်တာ ရှင်ဘာဖြစ်
သွားနိုင်လဲဆိုတာ ရှင်သိတယ်။ ဒါပေမဲ့ ကိုယ့်အတွက်
မကြည့်ဘဲ အားလုံးအတွက် လောက ဘ၀ကြီး ပိုပြီးကောင်းမွန်
လာအောင် ရှင်လုပ်ပေးခဲ့တယ်’’။
‘‘ချီးကျူးဂုဏ်ပြုစကား’’ များကို ဈာပနအခမ်းအနား
များတွင် ပြောတတ်သည်။ တစ်စုံတစ်ယောက်အား ချီးကျူး
ချီးမွမ်းသောအခါမျိုးတွင်လည်း ပြောတတ်သည်။ ဧဖက်
ဩ၀ါဒစာ အစပိုင်းတွင် ရှင်ပေါလုက အသက်ရှင်သောဘုရား ကို…