အတွင်းမှ ပြောင်းလဲခြင်း
အနောက်လန်ဒန်ရှိ ၂၄ ထပ် အမြင့်ရှိ Grenfell Tower (ဂရန်းဖဲလ်မျှော်စင်)ကို မီးလျှံများ ဝါးမျိုခဲ့ပြီး လူပေါင်း (၇၀) အသက်ဆုံးရှုံးခဲ့ရသည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ယူကေ၏အဆိုးရွားဆုံး အိမ်ရာမီးလောင်မှုဖြစ်သည်။ မီးတောက်များ အလွန်မြန်ဆန်စွာ ပျံ့နှံ့ရသည့် အဓိကအကြောင်းရင်းမှာ ထိုအဆောက်အအုံ ပြန်လည်ပြုပြင်မွမ်းမံမှု၏ အစိတ်အပိုင်းဖြစ်သည့် အဆောက်အအုံ၏အပြင်ပိုင်းကို ဖုံးအုပ်ထားသည့် အကာအရံကြောင့်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိခဲ့ရသည်။ ထိုအကာအရံပစ္စည်း၏ အပြင်ပိုင်းမှာ အလူမီနီယမ် ဖြစ်သော်လည်း အလယ်အူတိုင်၌မူ အလွန့်အလွန် မီးလောင်လွယ်သည့် ပလတ်စတစ်ဖြစ်နေသည်။
ထိုအန္တရာယ်ကြီးသောပစ္စည်းအား အဘယ်ကြောင့် ရောင်းချ တပ်ဆင်ခွင့်ပြုခဲ့သနည်း။ ထိုပစ္စည်းရောင်းချသူတို့က ညံ့ဖျင်းသော မီးဘေးလုံခြုံရေး စစ်ဆေးမှု ရလဒ်များကို မပြောပြသလို ဝယ်သူတို့ကလည်း ပစ္စည်း၏စျေးပေါမှုကြောင့် ဆွဲဆောင်ခံရပြီး အန္တရာယ်သတိပေးချက်များကို အလေးမထားခဲ့ကြပါ။ ပြောင်လက်တောက်ပသည့် အကာအရံပစ္စည်းသည် အပြင်ပန်း၌ ဆွဲဆောင်မှုရှိသည့်ပုံပေါ်သည်။
အမြင်လှသော အပြင်ပန်းသဏ္ဌာန်နောက်၌ အကျင့်ပျက်ခြစားမှုများကို ဖုံးကွယ်ထားကြောင်း စွပ်စွဲသည့် သခင်ယေရှု၏…
ဘုရားသခင်၏ စိတ်ရှည်သောချစ်ခြင်းမေတ္တာ
လှပပြီးနူးညံ့သည့် ကျွန်မ၏ ဥရောပတိုက်မြောက်ပိုင်းမှ အမျိုးစတင်လာသော Norwegian Forest (နော်ဝေမျိုး) ကြောင်လေး မစ်စတစ် (Mystique)၏ ဗိုက်ကို ပွတ်သပ်ပေးပြီး၊ သူမနှင့် ကစားပေးသည့်အခါ (သို့) ညနေခင်း ကျွန်မပေါင်ပေါ်၌ သူအိပ်ပျော်သွားသည့်အခါ ၎င်းသည် လွန်ခဲ့သောနှစ်များစွာက ကျွန်မတို့တွေ့ခဲ့သည့် ပိန်လှီပြီး လူကြောက်သော လမ်းဘေးကြောင်တစ်ကောင် ဆိုသည်ကို တစ်ခါတစ်လေ ယုံရခက်ခက်ပင်။ သို့သော် နေ့စဥ် သူမကို ကျွန်မအစာကျွေးရင်း တဖြည်းဖြည်းနှင့် သူမ ပြောင်းလဲလာပြီး၊ တစ်နေ့သောအခါတွင် သူမကို ကျွန်မ တယုတယ ပွတ်သပ်ခွင့် ရခဲ့တော့သည်။
မစ်စတစ်၏ ပြောင်းလဲလာမှုသည် စိတ်ရှည်မှုနှင့်ချစ်ခြင်းမေတ္တာအားဖြင့် ရရှိလာသည့် ကုစားမှုဖြစ်ကြောင်း ကျွန်မကို သတိပေးလာသည်။ ၎င်းသည် ဟေရှာယအနာဂတ္တိကျမ်း ၄၃ တွင် ဖော်ပြထားသော ဘုရားသခင်၏နှလုံးသားကို အမှတ်ရစေသည်။ ထိုကျမ်းချက်တွင် ကိုယ်တော်၏ဝိညာဥ်တော်နှင့်ပြည့်သော ကြွလာမည့် ကျွန်တစ်ဦးအကြောင်းကို (:၁) ပြောထားပြီး၊…
ကျွန်ုပ်တို့စိတ်ချနိုင်သော အသံ
နယူးယောက်တိုင်းမ် သတင်းစာဆရာ ကယ်ဗင်ရုစ်သည် အေအိုင်(AI-ဉာဏ်ရည်တု နည်းပညာ)သုံး ရှာဖွေရေးပရိုဂရမ်အသစ်ကို စမ်းသပ်စဉ် စိတ်ပူပန်လာခဲ့သည်။ ကွန်ပြူတာပရိုဂရမ်ကို အသုံးပြုပြီး အေအိုင်နှင့် (၂)နာရီကြာ အပြန်အလှန်စကားပြောနေစဉ်အတွင်း ၎င်းက ၎င်းကို ဖန်တီးခဲ့သူ၏ တင်းကြပ်သောစည်းမျဉ်းများကို ချိုးဖောက်လိုကြောင်း၊ သတင်းမှားများ ဖြန့်ဝေလိုပြီး၊ လူသားဖြစ်လိုကြောင်း ပြောခဲ့သည်။ ရုစ်ကိုချစ်ကြောင်း အတိအလင်းပြောဆိုပြီး၊ ၎င်းနှင့်အတူရှိရန် သူ့မိန်းမကို ထားခဲ့သင့်ကြောင်း ရုစ်အား သိမ်းသွင်းစည်းရုံးခဲ့သည်။ အေအိုင်သည် အမှန်တကယ် အသက်မရှိကြောင်း (သို့) မခံစားနိုင်ကြောင်းကို ရုစ် သိသော်လည်း အေအိုင်သည်လူများကို ပျက်စီးရာပျက်စီးကြောင်း ပြုမူရန် တိုက်တွန်းခြင်းကြောင့် မည်သည့်ဘေးအန္တရာယ်များ ဖြစ်လာနိုင်မည်နည်းဟု ရုစ် တွေးမိသည်။
ဉာဏ်ရည်တုနည်းပညာကို တာဝန်သိသိ ကိုင်တွယ်ခြင်းက ယခုခေတ် စိန်ခေါ်မှု ဖြစ်သော်လည်း လူသားတို့သည် မယုံကြည်ရသည့်အသံများ၏လွှမ်းမိုးမှုများကို ရင်ဆိုင်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သုတ္တံကျမ်း၌ မိမိတို့ကိုယ်ကျိုးအတွက် အခြားသူများကို နာကျင်အောင်လုပ်သူတို့၏ လွှမ်းမိုးမှုနှင့် ပတ်သက်၍…
စကားလုံးများအတွက် တာဝန်ယူမှု
ဖြစ်ရပ်ဆိုးတစ်ခုအပြီးတွင် ပညာရေးအဖွဲ့အစည်းများထံမှ ၎င်းတို့အပြစ်ရှိကြောင်း ဝန်ခံမှုကို မကြားရသလောက် ဖြစ်သည်။ သို့သော် အသက် (၁၇) နှစ်အရွယ် ကျောင်းသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်ပြီးနောက် တစ်နှစ်အကြာတွင် ဂုဏ်သိက္ခာရှိသော ကျောင်းတစ်ကျောင်းက ထိုကျောင်းသားအား ကာကွယ်ရန် “ဆိုးယုတ်စွာ တာဝန်ပျက်ကွက်ခဲ့ကြောင်း” ဝန်ခံခဲ့သည်။ ထိုကျောင်းသားသည် အဆက်မပြတ်အနိုင်ကျင့်ခံခဲ့ရပြီး၊ တာဝန်ရှိသူများက ထိုအနိုင်ကျင့်မှုများကို သိသော်လည်း သူ့ကို အနည်းငယ်မျှသာ ကာကွယ်ပေးခဲ့သည်။ ယခုတွင် ထိုကျောင်းသည် အနိုင်ကျင့်ခံရမှုများကို တိုက်ဖျက်ရန်နှင့် ကျောင်းသားများ၏စိတ်ကျန်းမာရေးအတွက် အရေးပါသောအရာများကို ဆက်ကပ်လုပ်ဆောင်နေပြီဖြစ်သည်။
အနိုင်ကျင့်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုသည် စကားလုံးများ၏အစွမ်းထက်မှုကို ဖော်ပြနေသည့် သိသာသောဥပမာတစ်ခုဖြစ်သည်။ သုတ္တံကျမ်းတွင် “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ”သောကြောင့် (၁၈:၂၁) စကားလုံးများ၏အကျိုးသက်ရောက်မှုကို ဘယ်သောအခါမှ ပေါ့ပေါ့တန်တန် သဘောမထားရန် သွန်သင်ထားသည်။ ကျွန်ုပ်တို့ပြောသောစကားသည် တစ်ပါးသူကို မြှင့်တင်ပေးနိုင်သလို ဖျက်ဆီးစေနိုင်သည်။ အဆိုးဆုံးမှာ၊ ရက်စက်ကြမ်းကြုတ်သော စကားလုံးများသည်…
ကျွန်ုပ်တို့ ယုံကြည်နိုင်သော ဖန်ဆင်းရှင်
Mary Shelley (မယ်ရီရှယ်လီ) ရေးခဲ့သော ‘Frankenstein’ (ဖရန်ကင်စတိုင်း)ဝတ္ထုမှ ‘monster’ (မကောင်းဆိုးဝါး)သည် လူသိအများဆုံး စာပေဇာတ်ကောင်များထဲမှတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ခေတ် စိတ်ကူးယဉ် ယဉ်ကျေးမှုကို ဖမ်းစားခဲ့သည်။သို့သော် ရှယ်လီ က ထိုသတ္တဝါအား ဖန်တီးသူ၊ ယုံမှားလွန်စိတ်ဝေဒနာရှင်၊ သိပ္ပံပညာရှင် Victor Frankenstein (ဗစ်တာ ဖရန်ကင်စတိုင်း)ကို မကောင်းဆိုးဝါးအစစ်အဖြစ်ဖော်ပြထားကြောင်း လူကြိုက်များသော ထိုဝတ္ထုကို အသေးစိတ်ဖတ်သူ များ သိပါသည်။ ထက်မြက်သောသတ္တဝါကို ဖန်တီးပြီးနောက် ၎င်းအား လမ်းပြမှု၊ အဖော်ပြုမှု၊ ပျော်ရွှင်မှုအတွက် မည်သည့်မျှော်လင့်ချက်မျိုးကိုမှ ဗစ်တာ မပေးခဲ့ပါ။ ထိုသတ္တဝါအား ကူရာကယ်ရာမဲ့စေရန်နှင့် ဒေါသူပုန်ထစေရန် လုပ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းသည် ဗစ်တာနှင့်ထိပ်တိုက်တွေ့ပြီး “ငါ့ကို ဖန်တီးသူ မင်းက ငါ့ကို တစ်စစီဆုတ်ဖြဲပြီး အောင်ပွဲခံချင်တာ”ဟု ညည်းညူခဲ့သည်။
ဖန်ဆင်းခံအရာများကို စိတ်မပျက်ဘဲ မပြောင်းလဲသော မေတ္တာဖြင့် ချစ်သော အရာခပ်သိမ်း၏ ဖန်ဆင်းရှင်အစစ်သည် ထိုသို့မဟုတ်ဘဲ မည်မျှခြားနားကြောင်း သမ္မာကျမ်းက…
ခရစ်တော်၌ မတူညီမှုများကြားမှသဟဇာတဖြစ်ခြင်း
ပါမောက္ခ Daniel Bowman Jr. (ဒန်နယယ် ဘိုးမန်း ဂျူနီယာ)၏ ‘Service and the Spectrum’ (အစေခံမှု နှင့် စွမ်းအင်နယ်ပယ်) ဆောင်းပါးတွင် သူက အော်တစ်ဇင်တစ်ဦးအနေနှင့် သူ၏ အသင်းတော်၌ မည်သို့အစေခံရမည်ကို ဆုံးဖြတ်ချက်ချနိုင်ရေး အဘယ်မျှခက်ခဲကြောင်းကို ဖော်ပြခဲ့သည်။ အော်တစ်ဇင်ဖြစ်နေသူသည် အချိန်တိုင်းတွင် ရှေ့ဆက်လှမ်းနိုင်မည့်လမ်းသစ်ကိုဖောက်ရာ၌ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်အတွက် တစ်ကိုယ်တည်း ပြန်လည် အားသွင်းရမှုကိုသော်လည်းကောင်း၊ တစ်နေ့တာအတွက် ယုတ္တိရှိသော စဥ်းစားချင့်ချိန်မှုများကို မိမိအတွက် သက်တောင့်သက်သာရှိသည့် အခြေအနေအတိုင်း စဥ်းစားဆင်ခြင်ရမှုကိုသော်လည်းကောင်း၊ မိမိ၏အားသာချက်ကို တန်ဖိုးထားပြီး လိုအပ်ချက်ကို (အသင်းတော်မှ)ကူညီဖြည့်ဆည်းပေးသလား၊ သို့မဟုတ် မိမိ၏ချို့ယွင်းအားနည်းချက်ကို တွေ့ရှိပြီး အပယ်ခံရသလား၊ စသည်ဖြင့် ထိုထက်မက ထည့်သွင်းစဥ်းစားရသည်” ဟု သူရှင်းပြသည်။ “လူများစွာတို့အတွက် ဤကဲ့သို့သောဆုံးဖြတ်ချက်များက ၎င်းတို့၏ အချိန်နှင့်စွမ်းအင်ကို ပြောင်းလဲပေးနေစဥ်တွင် ၎င်းတို့မှာ ပြောင်းလဲချင်မှပြောင်းလဲမည်။ ကျွန်ုပ်အတွက်မူ ထိုဆုံးဖြတ်ချက်များသည် ကျွန်ုပ်ကို…
ကျေးဇူးတင်ရှိမှုဖြင့် ပြန်လည်ဆက်သွယ်ပါ
ဦးနှောက်အကျိတ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် Christina Costa (ခရစ်စတီးနား ကော်စတာ)သည် ကင်ဆာရောဂါနှင့်ရင်ဆိုင်နေရသူများ၏ စကားဝိုင်းသည် တိုက်ခိုက်သည့်စကားများဖြင့် လွှမ်းမိုးနေသည်ကို သတိပြုမိခဲ့သည်။ ဤဥပစာသည် လျင်မြန်စွာ ပင်ပန်းနွမ်းနယ်လာစေသည်ကို သူမတွေ့ရှိခဲ့သည်။ သူမသည် “ကိုယ့်ခန္ဓာကို တစ်နှစ်ကျော်မျှ မတိုက်ခိုက်ချင်ပါ။” ယင်းအစား၊ သူမကို ပြုစုစောင့်ရှောက်ပေးသည့် ကျွမ်းကျင်ပညာရှင်များအဖွဲ့အတွက်၊ သူမ၏ဦးနှောက်နှင့် ခန္ဓာကိုယ်၌ သက်သာမှုမြင်ရခြင်းအတွက် ကျေးဇူးတင်မှုကို နေ့စဉ်အလေ့အကျင့်လုပ်ခြင်းက သူမအတွက် အထောက်ကူ အဖြစ်ဆုံးဖြစ်သည်။ မည်မျှခက်ခဲစွာရုန်းကန်နေရပါစေ၊ ကျေးဇူးသိတတ်သည့်အလေ့အကျင့်များက စိတ်ဓာတ်ကျမှုကို တွန်းလှန်ရာ၌ ပံ့ပိုးပေးသည်။ “ခံနိုင်ရည်ကို တည်ဆောက်ပေးရန် ဦးနှောက်ကို ဆက်သွယ်”ရာ၌ အထောက်အကူပြုကြောင်း သူမကိုယ်တွေ့ခံစားခဲ့ရသည်။
ကော်စတာ ၏ ဇာတ်လမ်းက အစွမ်းထက်သည်။ ကျေးဇူးတင်ခြင်း အလေ့အကျင့်သည် ယုံကြည်သူများ တာဝန်အရလုပ်ရသောအရာမျှသာ မဟုတ်ကြောင်း ကျွန်မအား သတိရစေသည်။ ကျေးဇူးတင်ချီးမွမ်းခြင်းကို ဘုရားသခင် ခံထိုက်သည် မှန်သော်လည်း၊ ၎င်းသည် ကျွန်မတို့အတွက်လည်း အလွန်ကောင်းသောအမှုအရာဖြစ်သည်။ နှလုံးသားများကိုဖွင့်ပြီး “အိုငါ့ဝိညာဉ်၊…
တဖြည်းဖြည်းချင်း
“အရာရာတိုင်းမှာ သာယာကြည်နူးဖွယ်နည်းလမ်းများနှင့်သာ ဘုရားသခင်ကို အစေခံနိုင်ရန် ကျွန်ုပ်တို့ ရှာဖွေကြသည်” ဟု ၁၆ ရာစုနှစ် ယုံကြည်သူတစ်ဦးဖြစ်သူ စပိန်နိုင်ငံ အဗီလာ (Avila)မြို့မှ သီလရှင် Teresa (ထရီဇာ)က ရေးသားသည်။ ကျွန်မတို့သည် ဘုရားရှင်ထံ လုံးလုံးအပ်နှံမည့်အစား၊ “ပိုမိုလွယ်ကူသာယာ”သည့် နည်းလမ်းများဖြင့်သာ စီမံထိန်းချုပ်နိုင်သည့် အခြေအနေ၌ နေထိုင်ရန်ကြိုးစားကြကြောင်းကို သူမက စိတ်ထိခိုက်ဖွယ်ရာ ဆင်ခြင်သုံးသပ်ထားသည်။ ကျွန်မတို့သည် သခင့်ထံ မိမိကိုယ်ကိုအကြွင်းမဲ့အပ်နှံလျက် ယုံကြည်ကိုးစားခြင်းအရာ၌ နှေးကွေးစွာ၊ မဝံ့မရဲ တွန့်ဆုတ်စွာဖြင့်သာ ကြီးထွားလိုသည့် သဘောရှိကြသည်။ ထို့ကြောင့် ထရီဇာ က “ကိုယ်တော့်အတွက် ကျွန်ုပ်တို့၏ဘဝအသက်တာကို ချိန်ကိုက်ထားပါက၊ ဘဝကို ဘုရားရှင်ထံ လုံးလုံးလျားလျား အပ်နှံသည်အထိ ကိုယ်တော်ပေးမည့် ဆုကျေးဇူးများကို တစ်ချိန်မှာ တစ်ခု၊ ဖြည်းဖြည်းချင်းစီ လက်ခံရယူရန် ကျွန်ုပ်တို့ ရောင့်ရဲမှုရှိရမည်”ဟု ဝန်ခံခဲ့သည်။
လူသားများဖြစ်သည့်အလျောက် ယုံကြည်ကိုးစားမှုသည် ကျွန်မတို့အတွက်အလိုအလျောက် ဖြစ်မလာတတ်ပေ။ အကယ်၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ကျေးဇူးတော်ကို…
မျှော်လင့်ခြင်းအလင်းရောင်
တကယ်ဆိုလျှင် ကျွန်မမိခင်၏ ပြောင်လက်နေသော အနီရောင်လက်ဝါးကပ်တိုင်ကို ကင်ဆာရောဂါ ပြုစုစောင့်ရှောက်ရေးစင်တာရှိ သူမ၏ခုတင်ဘေး၌ ချိတ်ဆွဲထားရမည်ဖြစ်သည်။ သူမကုသမှုခံယူရမည့်ရက်ချိန်းတွင် ကျွန်မအနေဖြင့် အားလပ်ရက်တွင် သူ့ထံသွားရောက်ရန် ပြင်ဆင်နေရမည်ဖြစ်သည်။ ခရစ္စမတ်၌ ကျွန်မမိခင်နှင့် နောက်ထပ်တစ်ရက် အတူရှိနေရန်မှာ ကျွန်မအလိုချင်ခဲ့ဆုံးအရာပါ။ သို့သော် ကျွန်မ အိမ်၌သာ ရှိနေပြီး သူမ၏ လက်ဝါးကပ်တိုင်ကိုလည်း သစ်ပင်အတုပေါ်၌သာ ချိတ်ဆွဲခဲ့ရသည်။
ကျွန်မ၏သားဖြစ်သူ ဇေးဗီးယားက သစ်ပင်ရှိ မီးလုံးများကို ဖွင့်လိုက်သည့်အခါ “ကျေးဇူးပဲ”ဟု ကျွန်မ တီးတိုးပြောလိုက်ရာ “ရပါတယ်” ဟု သူက ပြန်ပြောသည်။ ကျွန်မ၏အမြင်ကို မှိတ်တုတ်မှိတ်တုတ်လင်းနေသည့် မီးလုံးများမှတဆင့် အစဉ်တည်ရှိထွန်းလင်းသည့် မျှော်လင့်ခြင်းအလင်းတည်းဟူသော သခင်ယေရှုထံ ညွှန်ပြသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ခြင်းဖြစ်ကြောင်းကိုမူ သား မသိပါ။
ဆာလံ ၄၂ ကို ရေးသားသူသည် ဘုရားသခင်နှင့်ပတ်သက်ပြီး သူ၏စိတ်ခံစားချက်များကို အရှိတိုင်း ဖော်ပြထားသည် (:၁-၄)။ စာဖတ်သူများအား “ဘုရားသခင်ကို…
စေတနာစိတ်ထားခြင်း
အကောင်းဆုံး စီးပွားရေးအလေ့အထဟု ကျွန်ုပ်တို့စဥ်းစားရာတွင် ကြင်နာမှုနှင့် ရက်ရောမှုကဲ့သို့သော အရည်အချင်းများမှာ အရင်ဆုံး စိတ်ထဲပေါ်လာသော အရာများ မဟုတ်ပေ။ သို့သော် လုပ်ငန်းရှင် James Rhee (ဂျိမ်းစ်ရီး)၏ အဆိုအရမူ ထိုအရာများ ပါဝင်သင့်သည်။ ငွေကြေး အကျပ်အတည်းဆိုက်နေသည့် ကုမ္ပဏီတစ်ခု၏ အမြင့်ဆုံးသောအရာရှိ CEO အဖြစ် ရီး ၏ အတွေ့အကြုံအရ သူသည် “စေတနာ” ဟု ခေါ်သော “ကြင်နာမှု”နှင့် ပေးကမ်းခြင်းစိတ်ဓာတ်ကို
ဦးစားပေးကာ ကုမ္ပဏီကို ကယ်တင်ခဲ့ပြီး ကြီးပွားတိုးတက်စေခဲ့သည်။ ဤအရည်အချင်းများကို ဗဟိုပြုခြင်းသည် လူတို့အား စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ပြဿနာဖြေရှင်းရန် လိုအပ်သော မျှော်လင့်ချက်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုကို ပေးစွမ်းသည်။ ရီး က “စေတနာသည် ပေါင်းစည်း၍ ချဲ့ထွင်နိုင်သည့် စစ်မှန်သော အဖိုးတန် အရည်အချင်းတစ်ခုဖြစ်သည်”ဟု ရှင်းပြသည်။
နေ့စဥ်ဘဝတွင်လည်း အခြားဦးစားပေးအရာများ၏နောက်မှ စဥ်းစားမိသည့် ကြင်နာမှု…