စာရေးသူ

အားလုံးမြင်နိုင်ရန်
Patricia Raybon

ပက်ထရစ်ရှာရေဗန်

ပက်ထရစ်ရှာရေဗန် (Patricia Raybon)သည် ခရစ်တော်ကိုယုံကြည်သူများအတွက် ပိုကြီးမားသောတောင်ကြီးများကို ရွှေ့နိုင်ရန်အလို့ငှါ အကူအညီဖြစ်စေသည့် ပေါင်းကူး-တည်ဆောက် စာစဉ်များကို ရေးသားလျက်ရှိသည်။ ဆုရစာရေးဆရာ၊ ဂျာနယ်လစ် တစ်ဦးအနေနှင့် ပက်ထရစ်ရှာသည် ဘုရားသခင်နှင့် လူလူချင်းကို လူတို့ ချစ်ရန် သမ္မာကျမ်း၌အခြေတည်ကာ ခွန်အားပေးလှုံ့ဆော် ရေးသားပေးသည်။ ကျမ်းစာကို ချစ်မြတ်နိုးသူဖြစ်သည့် အလျောက် ကမ္ဘာတစ်ဝှမ်းရှိ ကျမ်းစာဘာသာပြန်သည့် လုပ်ငန်းများကို အားပေးကူညီသည်။ သူမသည် I Told the Mountain to Move၊ My First White Friend၊ သူမ၏ One Year® ဝတ်ပြုကိုးကွယ်ခြင်းစာစဥ် ဖြစ်သည့် God's Great Blessings စာအုပ်များအပြင် Undivided: A Muslim Daughter, Her Christian Mother, Their Past to Peace စာအုပ်ကို ရေးသားခဲ့သည်။ မိခင်တစ်ဦး၊ ဇနီးသည်တစ်ဦးအဖြစ် သူမသည် အငြိမ်းစားကျောင်းဆရာကြီးဖြစ်သည့် ခင်ပွန်းသည် ဒန် နှင့်အတူ သူမ၏ဇာတိမြေ အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်တွင် နေထိုင်သည်။ ပက်ထရစ်ရှာအား patriciaraybon.com တွင် သိကျွမ်း တွေ့ဆုံနိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ ပက်ထရစ်ရှာရေဗန်

ရှင်ပြန်ထမြောက်ခြင်းတန်ခိုး

အသုံးစရိတ်ငွေ ဒေါ်လာ ၁၀၀ သည် Loretta(လော်ရက်တာ)အတွက် ပုံမှန်ထက် များစွာမြင့်မားသည်။ “ဘုရားထောက်ပံ့ ပေးပါလိမ့်မယ်”ဟု သူ့သားကို ပြောခဲ့သည်။ ထိုနေ့တွင်ပင် သူမ၏မောင်အငယ်ဆုံးထံမှ စာတိုလေးရရှိသည်။ “လော်ရက်တာ၊ အမက ကျွန်တော့်ကို အမြဲအားပေးတဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ။ အစ်မရဲ့အီးမေးလ်ကို ကြည့်လိုက်ပါ”ဟု ဆိုထားသည်။ ထိုနေ့လယ်က သူ့အီးမေးလ်၌ သူ့မောင်ထံမှ ဒေါ်လာ ၁၀၀ တန် လက်ဆောင်ကတ်(gift card)ကို တွေ့ရှိခဲ့သည်။ အံ့ဩစရာလား။ တစ်ချို့အတွက် အံ့ဩစရာမဟုတ်ပါ။ သို့သော် လော်ရက်တာအတွက် ထို“တိုက်ဆိုင်မှု”သည် အံ့ဩဖွယ်ဟု ခံစားခဲ့ရသည်။ သူမကို ထောက်ပံ့ပေးရန် အသက်ရှင်သော ဘုရားသခင်အား သူအမြဲမျှော်လင့်ထားသည်။

သူ၏အမြင်သည် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်မှ သင်ခန်းစာတစ်ခုကို မီးမောင်းထိုးပြသည်။ ဥပုသ်နေ့ ပြီးနောက်၊ အမျိုးသမီးသုံးဦးသည် သင်္ချိုင်းတွင်းရှိ ယေရှု၏အလောင်းတော်ကို လိမ်းကျံရန် အမွှေးနံ့သာများ ဝယ်ခဲ့သည်။ သို့သော် အရုဏ်တက်ပြီးနောက် သင်္ချိုင်းသို့ သွားကြရာ၊…

ယုံကြည်ခြင်းဖြင့် ရှေ့ဆက်ပါ

Maxcy Filer(မက်စ်ဆီဖိုင်လာ)သည် ပြည်နယ်အစိုးရ၏အလွန်ခက်ခဲပင်ပန်းသော ၃ ရက်ကြာ ရှေ့နေစာမေးပွဲကို အောင်မြင်မှ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရှေ့နေဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုခက်ခဲသောစာမေးပွဲကို တစ်ကြိမ်၊ နှစ်ကြိမ်မဟုတ်ဘဲ ၄၈ ကြိမ်ဖြေဆိုပြီးမှ အောင်မြင်ခဲ့သည်။

သူ၏ရည်မှန်းချက်မှာ သူချစ်သော ကွမ်တန်မြို့မှ အခွင့်အရေးမဲ့သူများအတွက် ကူညီဆောင်ရွက်ပေးရန် ဖြစ်သည်။ စာမေးပွဲဖြေဆိုသည့် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ကြိုးစားမှုကြား နှစ်ပေါင်း ၂၅နှစ်တာအတွင်း ဖိုင်လာတို့ ဇနီးမောင်နှံသည် ကလေးခုနစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့ပြီး ထိုကလေးအားလုံးကို ကောလိပ်ပို့ခဲ့ကြသည်။ ဖိုင်လာကျမ်းသစ္စာကျိန်ဆိုသောအခါ တရားသူကြီးက “မက်စ်ဆီဖိုင်လာနှင့်ပတ်သက်ပြီး ပြောစရာ စကားလုံး ၃ လုံးရှိတယ်။ အဲဒါက ဇွဲလုံ့လ၊ ဇွဲလုံ့လ၊ ဇွဲလုံ့လပဲဖြစ်တယ်” ဟုပြောခဲ့သည်။

ဖိုင်လာအကြောင်းက သမ္မာကျမ်းစာမှ ဇွဲလုံ့လဖြင့် မဆုတ်မနစ်ကြိုးစားခဲ့သူများကို သတိရစေသည်။ ဟေဗြဲဩဝါဒစာရေးသူက လူအချို့“ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ”သူ နောဧ (၁၁:၇)၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်…

အခက်အခဲကြားမှခွန်အား

“သူငယ်လေးနှင့်လိပ်ပြာ” ကလေးရိုးရာပုံပြင်ကို ဂျက်စ်(Jess) ပထမဆုံးကြားခဲ့ချိန်၌ သူသည် သက်ကြွယ်အရွယ်ရှိနေပြီး၊ ရုန်းကန်ခြင်းမှ ခွန်အားရရှိပုံ သင်ခန်းစာကို သူချက်ချင်း နားလည်ခဲ့သည်။ ပုံပြင်ထဲတွင် သူငယ်လေးအား လိပ်ပြာပိုးအိမ်ကိုပေးပြီး၊ ၎င်းကို မဖွင့်ရန် ပြောခဲ့သည်။ သို့သော်၊ ပိုးကောင်လေးက ဖြည်းညှင်းစွာ တွန့်လိမ်နေသဖြင့်၊ သူမနေနိုင်တော့ဘဲ လိပ်ပြာလေးထွက်လာနိုင်အောင် ပိုးအိမ်ကို ကတ်ကြေးဖြင့် ညှပ်ကာ ဖွင့်ပေးခဲ့သည်။ ရုန်းကန်ရမှုမှ လွတ်မြောက်ခဲ့သော်လည်း လိပ်ပြာမှာ မပျံနိုင်ဘဲ မြေပေါ်သို့ ပြုတ်ကျပြီး၊ သေသွားသဖြင့်၊ သူ့ခမျာ ငိုရင်း “ဘယ်လိုဖြစ်တာလဲ”ဟု မေးခဲ့သည်။ “လိပ်ပြာ၏ကြွက်သားများ သန်မာပြီး ပျံသန်းနိုင်အောင် ကြွက်သားကိုသုံးပြီး ပိုးအိမ်မှရုန်းကန်ထွက်ရန် သူငယ်လေးက အခွင့်မပေးခဲ့ခြင်း”ကို ဂျက်စ် ချက်ချင်း နားလည်ခဲ့သည်။

ကလေးများအတွက် သင်ခန်းစာက ယုံတမ်းစကားဖြစ်နိုင်သော်လည်း၊ ၎င်းသည် ရောမမြို့မှ နှိပ်စက်ခံယုံကြည်သူများအား ရှင်ပေါလုသွန်သင်ခဲ့သည့် သမ္မာကျမ်းစာအမှန်တရားနှင့် ကိုက်ညီသည်။ “ငါတို့သည် ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။…

ကျောင်းမှ သင်ယူခဲ့ရသည့်ချစ်ခြင်းမေတ္တာ

မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ လူဖြူအထက်တန်းကျောင်းတွင် လူမည်းမိန်းကလေးဒေါရသီကောင့်စ်(Dorothy Counts) ကျောင်းအပ်သည့်နေ့က ဆူညံ သောလူအုပ်ထဲတွင် ဝူဒီကူးပါး (Woody Cooper) ရှိနေခဲ့သည်။ ယောက်ျားလေး အချို့က သူ့ကို လူမျိုးရေးအရ ဖိနှိပ်ကာ ဆဲဆိုကြိမ်းမောင်းပြီး၊ ဒေါရသီအား အမှိုက် များနှင့်ပစ်ကြသော်လည်း ဝူဒီ သူတို့ကို အပြစ်မတင်ပါ။ အမျိုးသမီးတစ်ဦးက “သူ့ကို တံတွေးထွေး”ဟု လှုံ့ဆော်ချိန်၌လည်း ဝူဒီနှုတ်ဆိတ်နေမြဲပင်။ နောက်ပိုင်းမှ “အနည်းဆုံးတော့ ဘာလို့ တစ်ခုခုမပြောခဲ့တာလဲ။ သူက ကျောင်းလာတက်တဲ့ ကျောင်းသူတစ်ဦးပဲလေ”ဟု သူ့ကိုယ်သူ မေးမိသည်။ အထူးသဖြင့် သတင်းဓာတ်ပုံထဲတွင် ထိုနေ့က သူ့ပုံကို မြင်ပြီးနောက် သူ၏ထိမ်ချန်ထားသောအပြစ်ကြောင့်၊ ဆယ်စုနှစ်များစွာ ဝမ်းနည်းနေခဲ့ရပြီး၊ နောက် ၄၉ နှစ် အကြာတွင် ဒေါရသီအား တောင်းပန်ရန် ဆက်သွယ်ခဲ့သည်။

တစ်စုံတစ်ယောက်ကို ချစ်ခြင်းမေတ္တာဖြင့် ထောက်ခံပေးခြင်းသည် ရဲရင့်ရုံသာမက၊ ယေရှုကဲ့သို့ဖြစ်ရန်လည်း ရွေးချယ်ခြင်းဖြစ်သည်ကို ဝူဒီ သင်ယူခဲ့ရသည်။…

ဘုရားသခင်အား ကိုင်စွဲထားပါ

ကျွန်မတို့ကျောင်း၌ မြို့နယ်အဆင့်နပန်းလုံးဗိုလ်လုပွဲကျင်းပခဲ့ရာ၊ အားကစားရုံတွင် အသက်(၈)နှစ်အရွယ် ကလေးများသည် လုံးထွေးသတ်ပုတ်လျက်ရှိပြီး၊ သူတို့၏ ပြိုင်ဖက်ကို လှဲချနိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ ထိုရှေးဟောင်းအားကစားတွင် လှဲချခြင်း၊ လွတ်အောင် ရုန်းထွက်ခြင်း၊ မလှုပ်နိုင်အောင်ချုပ်ထားခြင်းနှင့် အခြားအမှတ်ပေးမှုများသည် အောင်နိုင်မှုအတွက် အရေးကြီး သောအချက်များဖြစ်ပြီး၊ ၎င်းတို့အားလုံးကို ပေါင်းစပ်လုပ်ဆောင်ရန် လိုအပ်သည်။ ပရိသတ်သဘောကျသော တတိယတန်းမှကျောင်းသူလေးသည် သူမ၏ပြိုင်ဖက်များထက် လျင်မြန်ဖြတ်လတ်ပြီး သူမ၏လှစ်ခနဲ လှစ်ခနဲလှုပ်ရှားမှုက ပြိုင်ဖက်ကို လှည့်စား၍ အနိုင်ရစေသည်ဟု ထင်ရသည်။

ယာကုပ်သည်လည်း အဘထံမှ သူ့အစ်ကိုအမွေရရှိမည့်သားဦးအရာ (၂၅:၃၃)နှင့် တစ်သက်တာကောင်းချီး (၂၇:၂၇-၄၀)ကို ရယူရန်အတွက် ဧသောအား လှည့်စား ဖယ်ရှားပြီး၊ သူ့အမွှာအစ်ကို၏ အမြတ်ဆုံးသောအမွေကို ရရှိရန် “လုံးပမ်း”ခဲ့သည်။ ထိုသို့ ကောင်းချီးမင်္ဂလာကို ခိုးယူသဖြင့် ယာကုပ်သည် ဖခင်အိမ်မှ အဝေးသို့ ထွက်ပြေးခဲ့ရပြီး၊ ကောက်ကျစ်သော ယောက္ခထီးအိမ်တွင် မှီခိုနေရကာ အစ်ကို၏ အမျက်ဒေါသကို ကြောက်ရွံ့ပြီး ဘဝရှင်သန်ခဲ့ရသည်။…

သူငယ်တော်ကို ရှာဖွေခြင်း

ဆရာကြီးပီတာ တာချီ(Peter Turchi)သည် စာရေးရာ၌ မြေပုံကို ကြည့်ပြီး၊ ထိုမြေပုံ၌ပါရှိသည့် အကြောင်းအရာများနှင့် စွန်းစားခန်းများကို ရှာဖွေသည်။ “မြေပုံတောင်းတယ်ဆိုရင် အဲဒါက ဇာတ်လမ်းတစ်ပုဒ် ပြောပြပါလို့ ဆိုလိုခြင်းဖြစ်တယ်”ဟု ဆရာကြီးက ဆိုသည်။ ဤအိုင်ဒီယာကို အမိအရယူကာ ခရစ်စမတ်ကာလအတွင်း “မာဂုပညာရှိများ၏ယုံကြည်ခြင်း”ဆိုသည့် ခေါင်းစဉ်ဖြင့် ကျွန်မ၏ ဆန်း‌ဒေးစကူးအတန်းအတွက် သင်ခန်းစာပြင်ဆင်လျက်၊ မြေပုံကို လေ့လာရာ၊ သူငယ်တော်ကို ဖူးမြင်ရရန် မာဂုပညာရှိတို့သည် မိုင်ပေါင်း ၉၀၀ ကျော်ခန့် ခရီးနှင်ခဲ့ရပြီး၊ ၎င်းသည် လပေါင်းများစွာကြာနိုင်သည်။ ခရစ်တော်ကို တွေ့ရှိချိန်တွင် သူငယ်တော်သည် နွားစားခွက်ထဲ၌ မဟုတ်တော့ဘဲ၊ မိဘနှင့်အတူရှိနေသည့် လမ်းလျှောက်တတ်စ အရွယ်ပင် ရောက်နေပါပြီ။ ထိုမျှလောက်ခရီးနှင်ခဲ့ပြီး သူငယ်ကို တွေ့သောအခါ မာဂုပညာရှိတို့၏ တုံ့ပြန်ပုံမှာ သူတို့သည် “သူငယ်တော်ကို ပြပ်ဝပ်ကိုးကွယ်”ခဲ့ကြသည်(မ ၂:၁၁)။

မာဂုပညာရှိတို့၏ခရီးစဥ်မှ သခင်ခရစ်တော်အကြောင်းကို ပိုမို၍ပြည့်စုံစွာ သိအောင် ရည်ရွယ်ချက်ရှိရှိ ရှာဖွေလုပ်ဆောင်ရန်…

ကိုယ်နှင့်စပ်ဆိုင်သူကား အဘယ်သူနည်း

မေရီကိုဘယ်လ်သည် သူမ၏အသက်ကို ကယ်ခဲ့သူတစ်ဦးဖြစ်နိုင်သော ပစ္စည်းပို့သမားကို ဆေးရုံကုတင်ပေါ်မှ လှမ်းမြင်ပြီး ပျော်ရွှင်သွားသည်။ သူမသည် ကားအဝင်အထွက်လမ်းတွင် ချော်လဲကာ ဦးခေါင်းထိခိုက်ခဲ့ပြီး၊ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုဖြစ်ခဲ့သည်။ ရာဟီးမ်ကူးပါးက သူမကိုတွေ့ပြီး၊ အရေးပေါ်ဌာနသို့ ဖုန်းခေါ်ခဲ့သည်။ သူမကို ဆေးရုံတွင် လာကြည့်နိုင်ကြောင်း ရာဟီးမ်အား သူမ၏ မိသားစုက ဖိတ်ခေါ်ရာ၊ သူမ ပြန်လည်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော သူမနှစ်သက်သည့် အချိုပွဲစားစရာများပါ ယူလာပေးသည်။

သူတို့၏ဇာတ်လမ်းက ကောင်းသောရှမာရိဥပမာကို သတိရစေသည်။ ၎င်းသည် ထာဝရအသက်ရရှိရန် မည်သို့ပြုရမည်ကို မေးလာသော ကျမ်းတတ်တစ်ဦးအား တုံ့ပြန်ဖြေကြားခဲ့သော သခင်ယေရှု၏အဖြေဖြစ်သည်။ သခင်ယေရှုက “ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။...ထိုသို့ပြုလော့”(လု ၁၀:၂၆)၊ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့”(:၂၇)ဟု မိန့်ကြားရာ၊ ကျမ်းတတ်က “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သူ ဖြစ်ပါသနည်းဟု”မေးပြန်သည်(:၂)။

လူတစ်ယောက်သည် ဓားပြတိုက်ခံရပြီး သေလုမျောပါးဖြစ်နေချိန်၌ အနီးမှ ဖြတ်သွားသော ယဇ်ပုရောဟိတ်နှင့်လေဝိလူတို့က သူ့ကို ရှောင်သွားသည်။ သို့သော်…

ဘုရားသခင်၏မစမှုကို တောင်းလျှောက်ခြင်း

ငယ်ရွယ်စဥ်က ကျွန်မသည် သတ်မှတ်ရက်အတွင်း အချိန်မီ စာမူအပြီးရေးနိုင်အောင် မစရန် ဘုရားသခင်ထံ ဆုတောင်းခြင်းက မသင့်တော်ဟုထင်ခဲ့သည်။ အခြားလူများတွင် မိသားစုပြဿနာများ၊ ကျန်းမာရေး အကြပ်အတည်း၊ အလုပ်အကိုင် အဆင်မပြေမှုများ၊ ငွေကြေးလိုအပ်ချက်စသော ပိုကြီးမားသော လိုအပ်ချက်များရှိသည်ဟု ကျွန်မဘာသာ တွေးနေခဲ့သည်။ ကျွန်မလည်း အထက်ပါအမှုအရာများကို ကြုံဖူးခဲ့ပါသည်။ ဘုရားသခင်ထံ ဆုတောင်းရလောက်အောင် အချိန်မီစာမူပြီးအောင် ရေးရမည့်ကိစ္စက သေးငယ်လွန်းသည်။ သို့သော်လည်း မည်သည့်အခက်အခဲများ ကြုံတွေ့ရပါစေ၊ လူအများအတွက် ဘုရားသခင်မစကူညီပေးသည့် နမူနာများစွာကို သမ္မာကျမ်းစာတွင် ရှာတွေ့ပြီးနောက် ကျွန်မ၏အမြင်ကို ပြောင်းလဲခဲ့သည်။

ဇာတ်လမ်းတစ်ပုဒ်တွင်၊ မိဇပါမြို့၌ ဣသရေလအမျိုးသားတို့သည် ရန်သူဖိလိတ္တိလူတို့၏တိုက်ခိုက်ခြင်း ခံရ၍ ကြောက်ရွံ့ကာ “ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဖို့ အစဉ်မပြတ် ဆုတောင်းပါလော့”ဟု ဆိုကြ၏(၁ ရာ ၇:၈)။ ထို့ကြောင့် ရှမွေလသည် ဣသရေလအမျိုးကိုယ်စား သိုးသူငယ်ကို…

ဘုရားသခင် ခွင့်လွှတ်သောအခါ

အသက် ၄ နှစ်အရွယ် သူငယ်လေးတစ်ဦးသည် ရုတ်တရက် မထင်မှတ်ဘဲ အစ္စရေးအမျိုးသား ပြတိုက်ရှိ နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိ ကြေးခေတ် ရှားပါး ရေခရားတစ်လုံးကို ခွဲမိသွားရာ၊ အံ့ဩဖွယ်ကြင်နာသည့်တုံ့ပြန်မှုကို သူရရှိခဲ့သည်။ ပြတိုက်ဝန်ထမ်းက သူ့ကိုခွင့်လွှတ်ပြီး နောက်တစ်ဖန် ပြန်လာရန် သူ့ကို ဖိတ်ခေါ်ခဲ့သည်။ ဟတ်ချ်(Hecht)အမျိုးသားပြတိုက်၏ ပြောရေးဆိုခွင့်ရှိသူ ရိုအီးရှဖီးယာ (Roee Shafir)က ထိုသို့ပြုခြင်းဖြင့် ပြန်လည်ထိန်းသိမ်းရေးဖြစ်စဥ်၌ ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုကို မြှင့်တင်နိုင်ခဲ့ပြီး၊ ထိုသူငယ်လေး၏ သမိုင်းနှင့်ရှေးဟောင်းသုတေသနကို စိတ်ဝင်စားမှုကို လှုံ့ဆော်အားပေးကောင်း အားပေးလိမ့်မည်။ ၎င်းသည် သက်သာမှုရစေပြီး အပြုသဘောဆောင်သည့်ရလဒ်ဖြစ်သည်ဟု ပြောခဲ့သည်။

ဤအကြောင်းအရာက ဣသရေလလူမျိုးတို့ သူ့အား မနာခံဆန့်ကျင်ခဲ့ ပြီးနောက် ခွင့်လွှတ်မည်ဟူသော ဘုရားသခင်၏စိတ်ဝင်စားဖွယ် ကြေညာချက်ကို သတိရစေသည်။ ဣသရေလလူမျိုးတို့သည် သူတို့ကိုးကွယ်ရန် နွားသူငယ်ရုပ်ထုကို လုပ်ပေးရန် မောရှေ၏အစ်ကို အာရုန်အား တောင်းဆိုခြင်းဖြင့် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည် (ထွက် ၃၂:၁)။…

ခရစ်တော်အတွက် တပည့်တော်များဖြစ်စေခြင်း

ဘတ်စကတ်ဘော၏အစောပိုင်းရာသီတွင် ကျွန်မတို့ရပ်ကွက်ရှိ အလယ်တန်းကျောင်း၏ နည်းပြဆရာက သူ၏ကစားသမားများအား ဘောလုံးကို စွန့်စားပစ်သွင်းရန် အလွန်အမင်း ကြိုးစားစည်းရုံးနေခဲ့သည်။ “သွင်းလိုက်”ဟု ကွင်းဘေးမှ သူအော်ဟစ်ခဲ့သည်။ စိတ်အားထက်သန်နေသော သူ၏ကစားသမားများသည် ဘောလုံးကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဘောလုံးကို ရိုက်ပုတ်သယ်သွားခြင်းကိုလည်း သူတို့နှစ်သက်သည်။ သူတို့၏သံသယများ မရှင်းမီ ဘောလုံးပစ်ကာဂိုးသွင်းရန်ကြိုးစားရင်းနှင့်ပင် ရာသီတစ်ဝက်ကုန်သွားခဲ့သည်။ သို့သော် “ဂိုးသွင်းရန် ကြိုးစားခြင်း”က အနေအထားကို တစ်မူကွဲပြားစေခဲ့သည်။ သူတို့၏သံသယများကို စွန့်ပြီး သူတို့၏နည်းပြကို နာခံခြင်းဖြင့်၊ မကြာခဏ ပစ်မှတ်ကို လွှဲချော်ခဲ့သည့်တိုင် သူတို့အနိုင်ယူရန် သင်ယူခဲ့သည်။

တပည့်တော်ဖြစ်ရန် သခင်ယေရှု၏ခေါ်သံကို နာခံလိုက်လျှောက်နိုင်ရေး သံသယများကိုစွန့်ပစ်ရန် သခင် ကျွန်ုပ်တို့ကို သွန်သင်ခဲ့သည်။ “ယေရှုသည် အနီး အပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌…