စာရေးသူ

အားလုံးမြင်နိုင်ရန်
Patricia Raybon

Patricia Raybon

ပက်ထရေးရှာသည် The Denver Post မှ Sunday Magazine ၏ အယ်ဒီတာဟောင်း၊ ဘော်ဒယ်ဒေသရှိ ကိုလိုရာဒို တက္ကသိုလ်တွင် သတင်းပညာဘာသာရပ်ကို သင်ကြားပို့ချပေးသည့် တွဲဘက် ပါမောက္ခဟောင်းတစ်ဦးဖြစ်သည်။ ယခုတွင် ‘‘ဘုရားသခင်နှင့် လူလူချင်းကို လူတို့ ချစ်ရန် လှုံ့ဆော်ပေးသည့် ပေါင်းကူး-တည်ဆောက်စာစဉ်ကို ရေးသားလျက် ရှိသည်။ သူ၏ပန်းတိုင်မှာ ‘‘ယုံကြည်ခြင်းနှင့်လူမျိုး - ကျေးဇူးတော်’’ ဖြစ်သည်။ ကျမ်းစာကို ချစ်မြတ်နိုးသူဖြစ်သည့် အလျောက် ကမ္ဘာတစ်ဝှမ်းရှိ ကျမ်းစာဘာသာပြန်သည့် လုပ်ငန်းများကို အားပေးကူညီသည်။ သူရေးသားသည့် My First White Friend နှင့် I Told the Mountain to Move စာအုပ်တို့မှာ စာပေဆုချီးမြှင့်ခံခဲ့ရသည်။ ပက်ထရေးရှာသည် ခင်ပွန်းသည် ဒန်၊ သားသမီး ၂ ဦး၊ မြေး ၅ ဦး တို့နှင့်အတူ ကိုလိုရာဒိုပြည်နယ်တွင် နေထိုင်လျက်၊ ပြောင်းဖူးပေါက်ပေါက် ၀ါးရင်း၊ ရုပ်ရှင်၊ အပျော့စား လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်း (cozy mysteries)၊ PBS အပျော်တမ်း အခန်းဆက်ရေဒီယိုဇာတ်လမ်း စသည်တို့ကို ခံစား ပျော်မွေ့သောမိသားစု ဖြစ်သည်။ ပက်ထရေးရှာအား patriciaraybon.com တွင် သိကျွမ်း တွေ့ဆုံနိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ Patricia Raybon

ဘုရားသခင်ဝန်းရံထားသည်

ပျားပန်းခတ်နေသော လေယာဉ်ကွင်းထဲတွင် မိခင်ငယ်တစ်ဦးသည် တစ်ယောက်တည်း ရုန်းကန်နေရသည်။ သူ၏ကလေးငယ်က လေယာဉ်ပေါ်မတက်ချင်သောကြောင့် ဒေါသတကြီးနှင့် အော်ဟစ်ကန်ကြောက်နေသည်။ ကိုယ်ဝန်အရင့်အမာနှင့်မို့ ထိုအပူသည် မိခင်လေးမှာ မောဟိုက်စွာဖြင့် အရှုံးပေးပြီး ကြမ်းပြင်ပေါ်တွင် စိတ်ပျက် လက်ပျက်ထိုင်ချပြီး မျက်နှာကိုလက်ဖြင့်အုပ်ကာ စတင် ငိုကြွေးပါတော့သည်။

ရုတ်တရက်ပင် သူစိမ်း ခရီးသွားအမျိုးသမီး ခြောက်ယောက် ခုနှစ်ယောက်ခန့်က ထိုမိခင်နှင့်ကလေး အနားရောက်လာပြီး မုန့်ပဲသွားရေစားနှင့် ရေများ ဝေမျှကာပွေ့ဖက်ရုံသာမက ကလေးချော့တေးများပါ သီဆိုပေးကြ သည်။ ထိုမေတ္တာအဝန်းအဝိုင်းလေးသည် ထိုမိခင်နှင့် ကလေးငယ်အတွက် သက်သာမှုဖြစ်စေပြီး ထို့နောက် လေယာဉ်ပေါ် တက်သွားသည်။ ကျန်အမျိုးသမီးများလည်း မိမိနေရာ မိမိပြန်လာထိုင်ကြပြီး သူတို့လုပ်ခဲ့သောအရာအပေါ် ဘာမှဆွေးနွေးစရာပင်မလို၊ သူတို့၏ပံ့ပိုးထောက်မမှုသည် ထိုမိခင်ငယ် လိုအပ်နေသော အရာဖြစ်ပြီး သူ့အတွက်ခွန်အားဖြစ်စေခဲ့ကြောင်း သိကြသည်။

ဤအဖြစ်အပျက်လေးသည် ဆာလံ ၁၂၅ မှ လှပသော အမှန်တရားတစ်ခုကို ဖော်ပြနေပါသည်။ အငယ် ၂…

ချေဖျက်လိုက်ပြီ

ဗြိတိသျှအင်ဂျင်နီယာ Edward Nairne သည် ခဲတံရှိ ခဲဖျက်ကို တီထွင်သည့်အချိန်က အမှန်တွင် သူသည် ပေါင်မုန့်ကို လှမ်းယူခြင်းဖြစ်သည်။ ၁၇၇၀ ခုနှစ်က ရေးမှတ်ထား သည်များကို ဖျက်ရန် ပေါင်မုန့်အပေါ်သားကို အသုံးပြုခဲ့သည်။ သူသည် ပေါင်မုန့်အစား ရာဘာစေးကို မှားယူမိပြီး ၄င်းက အမှားကို ဖျက်နိုင်ပြီး ကျန်ရစ်သည့်ရာဘာလိပ်များကို လက်ဖြင့် အလွယ်တကူ ဖယ်ရှားရုံသာဖြစ်ကြောင်း Nairne တွေ့ရှိခဲ့သည်။

ကျွန်ုပ်တို့ဘဝ၏ အဆိုးရွားဆုံးအမှားများကိုလည်း ဖျက်ပစ်နိုင်ပါသည်။ အသက်မုန့်ဖြစ်သည့် သခင်ယေရှုသည် သူ့အသက်အားဖြင့် အပြစ်များကို သန့်ရှင်းစင်ကြယ်စေပြီး ကျွန်ုပ်တို့၏အပြစ်များကို မည်သည့်အခါမှ အမှတ်မရတော့ ကြောင်း ကတိပေးသည်။ “ငါတစ်ပါးတည်းသာလျှင် ကိုယ် အတွက်ကြောင့် သင်၏အပြစ်တို့ကိုဖြေမည်။ သင်၏ ဒုစရိုက် တို့ကို မအောက်မေ့” ဟု မိန့်ကြားသည် (ဟေရှာ ၄၃း၂၅)။

ဤအမှုအရာမှာ မှတ်သားလောက်သည့် ပြုပြင်ခြင်း ဖြစ်ပြီး…

ဖီကာ စိတ်သဘော

ကျွန်မ၏အိမ်အနီးဝန်းကျင်ရှိ ကော်ဖီဆိုင်၏အမည်မှာ ဖီကာ ဖြစ်သည်။ ၎င်းသည် ဆွီဒင်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်မှာ မိသားစုများ၊ လုပ်ဖော်ဆောင်ဖက်များ၊ မိတ်ဆွေ များနှင့်အတူ ကော်ဖီနှင့်မုန့် လာသုံးဆောင်ရင်း ခေတ္တအနားယူပါဟူ၍ ဖြစ်သည်။ ကျွန်မက ဆွီဒင်လူမျိုး မဟုတ်ပါ။ သို့သော် ထိုအဓိပ္ပာယ်က ကိုယ်တော်သည်လည်း မုန်တစ်ဖဲ့ကိုယူ၍ အခြားမိတ်ဆွေများနှင့် အနားယူသည် ဟူသော ကျွန်မအနှစ်သက်ဆုံး သခင်ယေရှုအကြောင်း တစ်ချက်ကို ဖော်ပြနေသည်။

ကျွမ်းကျင်ပညာရှင်များက သခင်ယေရှု စားသော အစာသည် ကြုံရာကျပန်းစားခြင်း မဟုတ်ဟု ဆိုသည်။ ဓမ္မပညာရှင် မာ့ဂလဲန်ဗေးက ထိုအစာသည် ဓမ္မဟောင်း ကျမ်းမှ ဣသရေလလူတို့ စားသောက်ပွဲနှင့် ပွဲတော်ကျင်းပ ချိန်၌ စားသည့် ဝမ်းမြောက်စိတ်နှင့် စားသည့်အစာဟု ဆိုသည်။

ဣသရေလလူတို့အနေဖြင့် ဘုရားသခင်ကို ဗဟိုပြု အာရုံပြုလျက် ဝမ်းမြောက်ရန်၊ ပွဲတော်ဆင်နွဲရန်၊ တစ်လောကလုံးအပေါ် တရားမျှတစွာ စီရင်ရန် ကိုယ်တော် အလိုရှိသည်။…

ဘုရားသခင်မြင်ပါသည်

ကျွန်မ ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးက ကျွန်မ၏အမြင်အာရုံကို တောက်ပ လင်းလက်သွားစေသည်။ ကျွန်မက အနီးမှုန်သဖြင့် မျက်မှန်ဖြင့် ကြည့်လိုက်စဉ် အရာရာ ကြည်လင်ပြတ်သားစွာ မြင်ရသည်။ မျက်မှန်မပါပါက အခန်းတွင်းရှိ ပစ္စည်း (သို့) အဝေးတစ်နေရာရာကို ကြည့်လျှင် အမြင်က မှုန်ဝါးနေသည်။ အသက် ၁၂ နှစ် အရွယ်က ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးဖြင့် ကျောက်သင်ပုန်းပေါ်မှ စာလုံး ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် ကျွန်မအမှန်ပင် အံ့သြတုန်လှုပ်သွားသည်။

ကျွန်မနှုတ်ဆက်စဉ် သူငယ်ချင်းများက ပြန်ပြုံး ပြသည်ကို မြင်ရ၍ သူများကိုမြင်ရခြင်းနှင့် အခြားသူများ မိမိကိုမြင်ခြင်းသည် ထူးမြတ်သောဆုဖြစ်ကြောင်း ကျွန်မ နားလည်ခဲ့သည်။

သခင်မစာရဲ၏မကြင်နာမှုကြောင့် ထွက်ပြေးခဲ့ရ သည့် ကျွန်မဟာဂရသည် အထက်ပါအချက်ကို သိနားလည် ခဲ့သည်။ သူ၏ယဉ်ကျေးမှုအသိုင်းအဝန်း၌ သူသည် ‘‘အလကားလူ’’၊ ကိုယ်လေးလက်ဝန်နှင့် အထီးကျန်နေသူ၊ ကူညီရာမဲ့ မျှော်လင့်ရာမဲ့စွာ ကန္တာရတောထဲ ထွက်ပြေးနေရသူဖြစ်သည်။…

ဒါလေးများ

မိသားစုတစ်စုသည် ဒီဇင်ဘာလ၌ အိမ်ငှားခပေးချေရမည့်ကိစ္စအတွက် အကူအညီ လိုနေသည်။ နှစ်ကုန်ပိုင်းဖြစ်၍ မမျှော်လင့်သော အခြားကုန်ကျစားရိတ်များကြောင့် ထိုပြဿနာက သူတို့အတွက် အတော်ကြီးလေးသည်။ သို့သော် ဘဏ်စုငွေများ၊ ဘုရားသခင်ပြင်ဆင်သည့် ကောင်းချီးနှင့် ဆွေမျိုးသားချင်းတို့၏ ကူညီမှုများဖြင့် အဆင်ပြေသွားသည်။

ထိုမိသားစုမှ ‘‘ဘာမှမဟုတ်သလို ဒါလေးများဆိုပြီး သင်ပေးကမ်းခဲ့တယ်၊ ကောင်းမှုတစ်ခု သင်ပြုပြန်ပြီ’’ ဟူသည့် စာသားလေးများရေးပြီး ကျေးဇူးတင်ကတ်လေးကို ပေးပို့ခဲ့သည်။

သူတစ်ပါးကို ကူညီခြင်းက ဘာမှမဟုတ်သော်လည်း ဘုရားသခင်အလေးထားပါသည်။ ထိုအချက်ကို ပရောဖက် ဟေရှာယက ဣသရေလလူတို့အား ထောက်ပြခဲ့သည်။ လူတို့သည် အစာရှောင်နေစဉ်မှာပင် အငြင်းပွားလျက် ခိုက်ရန်ပြုနေကြသည်။ ထို့ကြောင့် ‘‘မတရားသော အချည်အနှောင်ကို ချွတ်ရန်၊ သင့်အတွက် အလုပ်လုပ်ပေးသူအပေါ်တင်သည့် လေးသောဝန်ကို ချရန်၊ ... မွတ်သိပ်သူကို အစာကျွေးရန်၊ နေရာမရှိ ဆင်းရဲသောသူတို့ကို နေစရာပေးရန်၊ အဝတ်မရှိသောသူကို အဝတ်ပေးရန်၊ အကူအညီ လိုသည့် ဆွေမျိုးသားချင်းများကို…

ခေါင်းဆောင်နောက်လိုက်လျှောက်ခြင်း

ကျွန်မတို့၏အိမ်အထက်ကောင်းကင်မှ ဂျက်လေယာဉ်သုံးစင်း ဖြတ်သွားရာ တစ်စင်းနှင့် တစ်စင်း နီးကပ်လွန်းလှ၍ လေယာဉ်တစ်စင်းတည်း ရှိနေသည့်အလား မြင်ရသည်။ ကျွန်မ၏ခင်ပွန်းက ‘‘အရမ်းမိုက်တာပဲ’’ ဟုဆိုသည်။ ကျွန်မတို့သည် လေတပ်စခန်းအနီးတွင် နေထိုင်၍ ဤသို့သောမြင်ကွင်းမျိုးက မထူးဆန်းပါ။

သို့သော် ဂျက်လေယာဉ်များ ကောင်းကင်ယံထက် ပျံသွားတိုင်း ဟန်ချက်မပျက်ဘဲ နီးနီးကပ်ကပ်နှင့် ဘယ်လိုများ ပျံနိုင်တာလဲ ဟူသည့် မေးခွန်းတစ်ခုတည်း ကိုပင် ကျွန်မ မေးနေတတ်သည်။ ကျွန်မသိရသည့် အကြောင်းရင်း အဖြေတစ်ခုမှာ နှိမ့်ချခြင်းပင်ဖြစ်သည်။ ခေါင်းဆောင် လေယာဉ်မှူးက တိကျမှန်ကန်သည့် အရှိန် အဟုန်နှင့် ကွေ့ဝိုက် မောင်းနှင်နေကြောင်း ယုံကြည်လျက် ခြံရံထားသည့် လေယာဉ်မှူးများက သူတို့၏ဦးတည်ရာ ပြောင်းလိုသည့် ဆန္ဒ (သို့) ခေါင်းဆောင်ရွေးချယ် ထားသည့် လမ်းကြောင်းအပေါ် မေးခွန်းထုတ်လိုသည့် ဆန္ဒများကို ၀ကွက်အပ်နှံ ချိုးနှိမ်ထားသည်။ ရလဒ်ကား အဘယ်နည်း။ ပို၍အစွမ်းထက်သော အသင်း ဖြစ်လာခြင်းပင်…

မေရှိယအား မျှော်လင့်ပါ

ကားစက်နှိုးမရသဖြင့် ပြင်ပေးရန် ရောက်လာသည့် ကားပြင်ဆရာက အသက်ငယ် ပုံရသည်၊ တော်တော် ငယ်ပါသည်။ ‘‘သူက ကလေးပဲရှိသေးတယ်’’ ဟု ကျွန်မ၏ခင်ပွန်း ဒန်က ကျွန်မကို တီးတိုးပြောလိုက်ပြီး မယုံမကြည်ဖြစ်နေသည်။ လူငယ်လေးကို သူ မယုံကြည်မှုက သခင်ယေရှု မည်သူမည်ဝါဖြစ်သည်ကို သံသယဝင်နေသည့် နာဇရက် မြို့သားများ၏ ညည်းတွားမှုနှင့် ဆင်တူနေသည်။

တရားဇရပ်၌ သခင်ယေရှုသွန်သင်သည့်အခါ ‘‘သူသည် လက်သမားသား မဟုတ်လော’’ဟု ထိုသူတို့ မေးခွန်းထုတ်ကြသည် (မ ၁၃း၅၅)။ သူတို့သိသည့်သူက အနာငြိမ်းခြင်း၊ သွန်သင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ကြားသိရသောအခါ သူတို့အံ့အားသင့်ကြပြီး အရိုအသေ မဲ့စွာနှင့် ‘‘ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကို လည်းကောင်း အဘယ်မှာရသနည်း’’ ဟု မေးကြသည် (း၅၄)။ သခင်ယေရှုကို ယုံကြည်ရမည့်အစား သခင်ပြသည့် အခွင့်တန်ခိုးအာဏာကြောင့် သူတို့ စိတ်ဆိုးကြသည် (း၁၅၊ ၅၈)။

ကျွန်ုပ်တို့လည်း…

ကျေးဇူးတင်ခြင်းဖြင့် ဘုရားသခင်အား ဂုဏ်ပြုခြင်း

မကြာသေးမီကမှ ကင်ဆာဟု ဆေးစစ်ချက်အဖြေထွက်လာသည့် ကျွန်မခင်ပွန်းဒမ်အား သူ၏ရောဂါအကြောင်းကို ဆရာဝန်မလေးက ပြောပြသည်။ သူ၌စိတ်ပျက်ဝမ်းနည်းသည့် အမူအရာမရှိ။ အပြုံးဖြင့် တစ်နေ့တာကို ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် အစပြုရန် အကြံပြုကာ
‘‘အနည်းဆုံး အရာ (၃)ခုအတွက် ကျေးဇူးတင်ရမယ်နော်’’ ဟုဆိုသည်။ ဆရာဝန်၏ အကြံပြုချက်ကို ဒမ် သဘောတူသည်။ ကျွန်မတို့၏စိတ်နှလုံးအတွက် အားပေးမစမှုခွန်အားကို ကျေးဇူးတင်စွာဖြင့် ဘုရားသခင်၏ကောင်းမြတ်ခြင်း၌ ရှာဖွေရမည်ကို ဒမ် သိသည်။ ‘‘အဘဘုရား၊ ကောင်းစွာ အိပ်စက်အနားယူခဲ့ရခြင်း၊ သန့်ပြန့်သောခုတင်၊ နွေးထွေး သောနေရောင်ခြည်၊ စားပွဲပေါ်ရှိ အစားအသောက်၊ ပြုံးနိုင်သောအခွင့်များအတွက် ကိုယ်တော်ကို ကျေးဇူးတင် ပါတယ်’’ဟု ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် တစ်နေ့တာကို ဒမ် အစပြုခဲ့သည်။

စိတ်နှလုံးပါလျက် ချီးမွမ်းခြင်းဖြစ်ပါသည်။ သို့သော် ၎င်းသည် အသေးအဖွဲအရာများ မဟုတ်ပါလား။ အသက်တာ၏အသေးအဖွဲ အရာများ အတွက် ချီးမွမ်းခြင်းသည် ကြီးမြတ်သော အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် အရေးပါ…

အကူအညီတောင်းခံခြင်း

ပင်ပန်းလွန်းလှသောနေ့တစ်နေ့တွင် အလွန်နောက်ကျမှ သူငယ်ချင်းထံမှ အီးမေးလ် တစ်စောင် ၀င်လာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ကျွန်မဖွင့်မဖတ်ခဲ့ပါ။ အပြင်းအထန် နေမကောင်းဖြစ်နေသည့် ဆွေမျိုးတစ်ဦးကို ကျွန်မ၀င်ကူညီလျက် အချိန်ပို အလုပ်လုပ်နေ ရပါသည်။ လူမှုရေးကိစ္စဖြင့် ကျွန်မမှာ အချိန်မရှိခဲ့ပါ။

သို့သော် နောက်နေ့တွင် ကျွန်မ သူငယ်ချင်း ၏စာကို ဖွင့်ဖတ်သောအခါ “ငါနင့်ကို ဘယ်လို ကူညီပေးနိုင်မလဲ” ဟု မေးထားသည်။ ရှက်စိတ်နှင့် မလိုတော့ဘူးဟု ဖြေလိုက်သည်။ ကျွန်မ သက်ပြင်းရှိုက်ရင်း သူ့မေးခွန်းမျိုး ကျွန်မ ကြားဖူးသည်၊ သိသလိုလို ရင်းနှီးနေကြောင်း ကျွန်မ ခံစားရသည်။

ထိုမေးခွန်းကို သခင်ယေရှုလည်း မေးခဲ့သည်။ ယေရိခေါမြို့ လမ်းမပေါ်မှ မျက်မမြင်တစ်ဦးသည် သူ့ကို အော်ကာ အကူအညီ တောင်းခံခြင်းကို သခင်ယေရှု ကြား သောအခါ ရပ်ကာ မျက်မမြင် ဗာတိမဲအား ဘာကူညီပေးနိုင်မလဲ ဟု မေးခဲ့သည်။…