ကျေးဇူးတင်ခြင်းဖြင့် ဘုရားသခင်အား ဂုဏ်ပြုခြင်း
မကြာသေးမီကမှ ကင်ဆာဟု ဆေးစစ်ချက်အဖြေထွက်လာသည့် ကျွန်မခင်ပွန်းဒမ်အား သူ၏ရောဂါအကြောင်းကို ဆရာဝန်မလေးက ပြောပြသည်။ သူ၌စိတ်ပျက်ဝမ်းနည်းသည့် အမူအရာမရှိ။ အပြုံးဖြင့် တစ်နေ့တာကို ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် အစပြုရန် အကြံပြုကာ
‘‘အနည်းဆုံး အရာ (၃)ခုအတွက် ကျေးဇူးတင်ရမယ်နော်’’ ဟုဆိုသည်။ ဆရာဝန်၏ အကြံပြုချက်ကို ဒမ် သဘောတူသည်။ ကျွန်မတို့၏စိတ်နှလုံးအတွက် အားပေးမစမှုခွန်အားကို ကျေးဇူးတင်စွာဖြင့် ဘုရားသခင်၏ကောင်းမြတ်ခြင်း၌ ရှာဖွေရမည်ကို ဒမ် သိသည်။ ‘‘အဘဘုရား၊ ကောင်းစွာ အိပ်စက်အနားယူခဲ့ရခြင်း၊ သန့်ပြန့်သောခုတင်၊ နွေးထွေး သောနေရောင်ခြည်၊ စားပွဲပေါ်ရှိ အစားအသောက်၊ ပြုံးနိုင်သောအခွင့်များအတွက် ကိုယ်တော်ကို ကျေးဇူးတင် ပါတယ်’’ဟု ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် တစ်နေ့တာကို ဒမ် အစပြုခဲ့သည်။
စိတ်နှလုံးပါလျက် ချီးမွမ်းခြင်းဖြစ်ပါသည်။ သို့သော် ၎င်းသည် အသေးအဖွဲအရာများ မဟုတ်ပါလား။ အသက်တာ၏အသေးအဖွဲ အရာများ အတွက် ချီးမွမ်းခြင်းသည် ကြီးမြတ်သော အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် အရေးပါ…
အကူအညီတောင်းခံခြင်း
ပင်ပန်းလွန်းလှသောနေ့တစ်နေ့တွင် အလွန်နောက်ကျမှ သူငယ်ချင်းထံမှ အီးမေးလ် တစ်စောင် ၀င်လာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ကျွန်မဖွင့်မဖတ်ခဲ့ပါ။ အပြင်းအထန် နေမကောင်းဖြစ်နေသည့် ဆွေမျိုးတစ်ဦးကို ကျွန်မ၀င်ကူညီလျက် အချိန်ပို အလုပ်လုပ်နေ ရပါသည်။ လူမှုရေးကိစ္စဖြင့် ကျွန်မမှာ အချိန်မရှိခဲ့ပါ။
သို့သော် နောက်နေ့တွင် ကျွန်မ သူငယ်ချင်း ၏စာကို ဖွင့်ဖတ်သောအခါ “ငါနင့်ကို ဘယ်လို ကူညီပေးနိုင်မလဲ” ဟု မေးထားသည်။ ရှက်စိတ်နှင့် မလိုတော့ဘူးဟု ဖြေလိုက်သည်။ ကျွန်မ သက်ပြင်းရှိုက်ရင်း သူ့မေးခွန်းမျိုး ကျွန်မ ကြားဖူးသည်၊ သိသလိုလို ရင်းနှီးနေကြောင်း ကျွန်မ ခံစားရသည်။
ထိုမေးခွန်းကို သခင်ယေရှုလည်း မေးခဲ့သည်။ ယေရိခေါမြို့ လမ်းမပေါ်မှ မျက်မမြင်တစ်ဦးသည် သူ့ကို အော်ကာ အကူအညီ တောင်းခံခြင်းကို သခင်ယေရှု ကြား သောအခါ ရပ်ကာ မျက်မမြင် ဗာတိမဲအား ဘာကူညီပေးနိုင်မလဲ ဟု မေးခဲ့သည်။…