စာရေးသူ

အားလုံးမြင်နိုင်ရန်
Peter Chin

ပီတာချင်း

ပီတာချင်းသည် သင်းအုပ်ဆရာ၊ စာရေးဆရာ၊ လူမျိုးစုများ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အကျိုးဆောင်ရှေ့နေဖြစ်သည်။ ယေးလ် တက္ကသိုလ်နှင့် ဖူးလာ ကျမ်းစာကျောင်းဆင်း ဘွဲ့ရတစ်ဦးဖြစ်ပြီး လော့စ်အင်ဂျလစ်၊ ဗာဂျီးနားပြည်နယ်၊ ၀ါရှင်တန်ဒီစီ၊ စီတယ်ပြည်နယ်များတွင် အသင်းတော်များကို တည်ထောင်လုပ်ကျွေးပြုစုခဲ့သူဖြစ်သည်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စု၏ လူမျိုးကွဲပြားမှု အများဆုံးဒေသရှိ Rainier Avenue Church တွင် ခေါင်းဆောင်သင်းအုပ်ဆရာအဖြစ် အစေခံလျက် ရှိသည်။ Christianity Today အင်တာနက်ဒိုင်ယာရီရေးသူ ဘလော့ကာများအနက် တစ်ဦးလည်းဖြစ်သည်။ တတိယမြောက်ရင်သွေးကို လွယ်ထားစဉ် ကင်ဆာရောဂါနှင့် လုံးပမ်းခဲ့ရသည့် သူ့ဇနီးသည်အကြောင်း ဘ၀မှတ်တမ်း - Blindsided By God စသည့် စာအုပ်များကို ရေးသားခဲ့သည်။ ပီတာတို့ မိသားစု၌ သားသမီးငါးယောက်ရှိပါသည်။ အားလပ်ချိန်၌ ပီတာ ဘာမှမလုပ်ပါ။ ကလေးငါးယောက် ဖခင်အနေဖြင့် ပီတာ၌ အားလပ်ချိန်လည်း မရှိခဲ့ပါ။

စာမူ/ အကြောင်းအရာ များ ပီတာချင်း

ကောင်းသောအသီး သီးခြင်း

လေယာဉ်ပြတင်းပေါက်မှ မြင်ရသော မြင်ကွင်းက စိတ်ဝင်စားဖွယ် လှပသည်။ ၀င်းမှည့် နေသောဂျုံခင်းနှင့် သစ်သီးခြံများက ဖဲကြိုးသေးသေးသွယ်သွယ်လေးပမာ တောင်နှစ်လုံး ကြားတွင် အတန်းလိုက် ရှိနေသည်။ တောင်ကြားကို ဖြတ်၍ မြစ်တစ်စင်းက စီးဆင်း နေသည်။ အသက်ကိုပေးသော ရေမရှိပါက အသီးလည်း ရှိမည် မဟုတ်ပေ။
အသီးအနှံဖြစ်ထွန်းအောင်မြင်ရန် သန့်စင်သော ရေ အရင်းအမြစ် လိုအပ်သကဲ့သို့၊ မိမိပြောသောစကား၊ ပြုသော
အမှု၊ စိတ်ထား စသည့်  အသက်တာ‘‘အသီး’’၏ အရည်အသွေး မှာ ကျွန်ုပ်တို့မှီဝဲသည့် ၀ိညာဉ်အစာအာဟာရပေါ်တွင် မူတည်သည်။ ဤအချက်ကို ဆာလံဆရာက ဆာလံ ၁ ၌ဖော်ပြထားသည်။ ‘‘ထာဝရဘုရား၏တရားတော်၌ မွေ့လျော် ... သောသူသည် ... မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏’’ (း၁-၄)။ ရှင်ပေါလုကလည်း ၀ိညာဉ်တော်နှင့် လျှောက်လှမ်းသူ တို့၏အမှတ်လက္ခဏာမှာ…