စာရေးသူ

အားလုံးမြင်နိုင်ရန်
Amy Peterson

အေမီ ပီတာဆန်

အေမီပီတာဆန် သည် Taylor တက္ကသိုလ်၏ Honors program ဌာနတွင် အလုပ်လုပ်သည်။ သူသည် အင်္ဂလိပ်စာပေကို Texas A&M တွင် သင်ကြားခဲ့ပြီး Wheaton ကောလိပ်တွင် Intercultural Studies ဘာသာရပ် ကို သင်ယူခဲ့သည်။ လက်ရှိတွင် Seattle Pacific တက္ကသိုလ်မှ Master of Fine Arts မဟာဘွဲ့အတွက် ပြင်ဆင်တက်ရောက်လျက်ရှိသည်။ အေမီသည် အရှေ့တောင်အာရှနိုင်ငံများတွင် အင်္ဂလိပ်စာကို ၂ နှစ်တာ သင်ကြားပို့ချခဲ့ပြီးနောက် ကယ်လီဖိုးနီးယား၊ အာကန်ဆက်၊ ၀ါရှင်တန်နှင့် အင်ဒီယားနားပြည်နယ်များတွင် အင်္ဂလိပ်စာကို ပြန်လည်သင်ကြားပို့ချသည်။ သူ ပထမဆုံးရေးသည့် Dangerous Territory: My Misguided Quest to Save the World စာအုပ်ကို Discovery House (dhp.org) တွင် ၀ယ်ယူရရှိနိုင်သည်။ ဂွမ်းထိုးစောင် ချုပ်လုပ်ခြင်း၊ စာဖတ်ခြင်း၊ တောင်တက်ခြင်းကို သူစိတ်ဝင်စားသည်။ ခက်ခဲသည့်အခြေအနေတစ်ရပ်တွင် လက်တွေ့ဘ၀ရှင်သန်နည်းများ စမ်းသပ်လုပ်ဆောင်ရခြင်းကိုလည်း နှစ်သက်သည်။

စာမူ/ အကြောင်းအရာ များ အေမီ ပီတာဆန်

ဘုရားအကြောင်း စကားဝိုင်း

၂၀၁၈ ခုနှစ်၌ ဘာနာအဖွဲ့မှဦးဆောင်သည့် လေ့လာမှုတစ်ခုတွင် အမေရိကန် အများစု သည် ဘုရားအကြောင်း ပြောဆိုဆွေးနွေးရန် မနှစ်မြို့ကြောင်း တွေ့ရှိခဲ့သည်။ ၇% သော အမေရိကန်တို့သာ ဝိညာဉ်ရေးရာအကြောင်း ပုံမှန်ပြောဆိုကြောင်း၊ အမေရိကန်နိုင်ငံ၌ သခင်ယေရှုအား ယုံကြည်သက်ဝင်ခြင်းသည် ခြားနားမှု သိပ်မရှိကြောင်း၊ ဘုရားကျောင်း ပုံမှန်တက်သူ ၁၃% သာ တစ်ပတ်တစ်ကြိမ်ခန့် ဝိညာဉ်ရေး ဆွေးနွေးမှု ပြောဆိုကြောင်း ပြောပြခဲ့သည်။

ဝိညာဉ်ရေးရာ ပြောဆိုဆွေးနွေးမှုများ ကျဆင်း လာခြင်းကို အံ့သြစရာမရှိပါ။ ဘုရားအကြောင်းပြောခြင်းက အန္တရာယ်ရှိသည့်ကိစ္စဖြစ်နိုင်သည်။ နိုင်ငံရေးအခြေအနေ ဂယက်များကြောင့်၊ သဘောထား မတိုက်ဆိုင်ခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေးတွင် အက်ကြောင်း ထင်လာနိုင်ခြင်း ကြောင့်၊ (သို့) ဝိညာဉ်ရေးရာ ပြောဆိုဆွေးနွေးမှုက သင့်ဘ၀၌ ပြောင်းလဲရန် လိုနေသည့်ကဏ္ဍကို သိလာစေနိုင်ခြင်း စသည်တို့ကြောင့် မပြောကြခြင်း ဖြစ်ကောင်းဖြစ်မည်။ ဤအရာများကြောင့် အန္တရာယ်များလှသည်ဟု ခံစားမိစေမည်ဖြစ်သည်။

သို့သော် ဘုရားသခင်၏လူမျိုးတော်…

မေတ္တာစားသောက်ပွဲ

ဒိန်းမတ်ရုပ်ရှင် Babette's Feast တွင် ပင်လယ်ကမ်းခြေရှိ ရွာတစ်ရွာသို့ ကူညီရာမဲ့သူ ပြင်သစ်အမျိုးသမီး ဘေဘီ ရောက်လာပြီး သူ့အား ရပ်ရွာရှိ ဘာသာရေးခေါင်းဆောင် သက်ကြီးအမျိုးသမီး ညီအစ်မနှစ်ဦးက သူ့ကို လက်ခံပေးခဲ့သည်။ သို့နှင့် ထိုအိမ်တွင် အိမ်ထောင်ထိန်းသိမ်းပေးသူအဖြစ် ဘေဘီ ၁၄ နှစ်တာမျှ လုပ်ကိုင်ခဲ့သည်။ ဘေဘီသည် ငွေအတော်အတန် စုမိဆောင်းမိသောအခါ အသင်းတော်မှ လူ ၁၂ ဦးကို ဖိတ်ကြားပြီး အံ့မခမ်းသော ပြင်သစ်အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အစားအသောက်များကို တစ်မျိုးပြီးတစ်မျိုး စားသောက်ကြရင်း ဧည့်သည်များမှာ စိတ်သက်သာရာရပြီး သက်သောင့်သက်သာဖြစ်လာသည်။ လူအချို့၏စိတ်၌ ခွင့်လွှတ်ခြင်း ခံစားရသည်။ အချို့တို့တွင် မေတ္တာစိတ် ပြန်လည်ဖြစ်ပေါ်လာသည်။ အချို့က ငယ်စဉ်ဘဝက သူတို့မြင်တွေ့ခဲ့ရသည့် အံ့သြဖွယ်အတိတ်နှင့် သင်ကြားခဲ့ ရသော သမ္မာတရားများကို ပြန်လည် မြင်ယောင်သတိရမိကြသည်။ “သူငယ်တို့၊ အချင်းချင်း ချစ်သောစိတ်ရှိကြလော့” ဟု…

အသင့်ရှိနေသော ဖြေဆေး

ဘာအာမီယံ ရှေးဟောင်းသစ်တောကြိုးဝိုင်း၌ လမ်းပြနောက်လိုက်ရင်း သူပြောပြသည့် အပင်များအကြောင်းကို ကျွန်မမှတ်စုလိုက်မှတ်သည်။ ရှောင်ရမည့်အပင်အကြောင်း ပြောပြရာ၌ အဆိပ်သစ်ပင်၌ အမဲရောင်အစေးများရှိပြီး ၎င်းကို ထိမိပါက နာကျင်မှုနှင့် အနီကွက်ထကာ ယားယံမှုကို ဖြစ်စေနိုင်ကြောင်း၊ သို့သော် ပူစရာမရှိပါ။ အဆိပ်ဖြေသည့် အပင်ကို အဆိပ်ပင်၏အနီးတွင် စိုက်ပျိုးထားသည်။ ထိုအပင်၏ အခေါက်နီနီကို ခွာလိုက်ပြီး ထွက်လာသည့် အစေးဖြင့် အနီကွက်ထသည့် နေရာကို ပွတ်လိမ်းပေးခြင်းဖြင့် ချက်ခြင်းသက်သာလိမ့်မည်ဟု ပြောပြသည်။

ကျွန်မ၏ခဲတံလွတ်ကျသွားမတတ် ကျွန်မအလွန် အံ့သြခဲ့ရသည်။ ဤသစ်တောထဲ၌ ကယ်တင်ခြင်းကို ပုံဆောင်သည့်အရာ တွေ့ရလိမ့်မည်ဟု မထင်ခဲ့ပါ။ သစ်ခေါက်နီအပင်၌ သခင်ယေရှုကို ကျွန်မမြင်ခဲ့သည်။ အပြစ်အဆိပ်သင့်သည့်နေရာ၌ ကိုယ်တော်သည် အသင့် ရှိနေသော ဖြေဆေးဖြစ်သည်။ သစ်ခေါက်နီနီကဲ့သို့ပင် သခင် ယေရှု၏ အသွေးတော်သည် အနာငြိမ်းစေပါသည်။

လူသားတစ်မျိုးနွယ်လုံးသည် အနာငြိမ်းခြင်းကို လိုအပ်နေကြောင်း ပရောဖက် ဟေရှာယ သိနားလည်သည်။ ယားယံသောအပြစ်…

ပေါင်းသင်းဆက်ဆံရန်အတွက် ရည်စူးဖန်ဆင်းခဲ့သည်

နိုင်ငံများစွာ၌ အထီးကျန်သူများအတွက် ‘‘မိသားစုငှားရမ်းသည့်လုပ်ငန်း’’ ဈေးကွက် တွင်ကျယ် တိုးတက်လာသည်။ အချို့က အပေါ်ယံ အမြင်ကောင်းအောင် ထိုလုပ်ငန်းကို ငှားရမ်းအသုံးချသည်။ လူမှုရေးပွဲတက်အခမ်းအနားတွင် မိသားစုလိုက်တက်ရောက်ကာ ပျော်ရွှင်သောမိသားစုဘဝပိုင်ဆိုင်သည့်ပမာ ဟန်ဆောင်ကြသည်။ အချို့က သရုပ်ဆောင်များ ငှားရမ်းပြီး၊ ကွဲကွာပြီး ခပ်တန်းတန်းဖြစ်နေသည့် ဆွေမျိုးသားချင်းအဖြစ် သရုပ်ဆောင်စေသည်။ ၎င်းတို့ တောင့်တသည့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စွာ အဆက်အဆံရှိမှုကို ခဏလေးပင်ဖြစ်စေ ရယူခံစားကြသည်။

ထိုခေတ်ရေစီးကြောင်းက လူသည် ပေါင်းသင်း ဆက်ဆံရန်အတွက် ရည်စူးဖန်ဆင်းခြင်းခံရသည် ဟူသည့် အခြေခံအမှန်တရားကို ထင်ဟပ်ပြနေသည်။ ကမ္ဘာဦးကျမ်းရှိ ဖန်ဆင်းခြင်းအကြောင်းတွင် ‘‘ဘုရားသခင်သည် မိမိဖန်ဆင်း သမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏’’ (၁း၃၁)။ သို့သော် အာဒံကို ကြည့်ပြီး ‘‘ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း’’ (၂း၁၈) ဟု အတွေးဝင်ခဲ့သည်။ ဤလူသားအတွက် အခြားလူသား အဖော်လိုအပ်သည်။

သမ္မာကျမ်းစာမှ…

လက်တွေ့သင်ယူခြင်း

ကျွန်မ၏ ၆ နှစ် အရွယ် သားလေး အိုဝင်သည် စားပွဲပေါ်တင်၍ ကစားနိုင်သည့် ကစားစရာ အသစ်တစ်ခုကို ရရှိသောကြောင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် နာရီဝက်ခန့်မျှ စည်းကမ်းများကိုဖတ်ပြီး သူစိတ်ရှုပ်သွားသည်။ ၎င်းကို မည်သို့ကစား ရမည်ကို သူမသိပါ။ သိပ်မကြာပါ။ ထိုကစားနည်းကို သိသော၊ သူငယ်ချင်းတစ်ယောက် ရောက်လာသောအခါ၊ အိုဝင်သည် သူ၏လက်ဆောင်ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကစားနိုင်ခဲ့ တော့သည်။

သူတို့ကစားနေသည်ကိုကြည့်ရင်း၊ အသစ်အဆန်း တစ်ခုကို သင်ယူရာ၌ အတွေ့အကြုံရှိသော ဆရာသမား ရှိပါက၊ ပို၍လွယ်ကူစွာ သင်ယူနိုင်ကြောင်း၊ ကျွန်မ သတိပေး ခံရသည်။ သင်ယူမှုပြုစဉ် လမ်းညွှန်ချက်များကို ဖတ်ရှုခြင်းက အထောက်အကူဖြစ်သော်လည်း သေချာစွာ ညွှန်ပြပေးမည့် မိတ်ဆွေရှိပါက အနေအထားက အကွာကြီး ကွာသွားမည်။

ရှင်ပေါလုသည်လည်း ဤအချက်ကို သဘောပေါက်ခဲ့သည်။ အသင်းတော်ကို ယုံကြည်ခြင်းအရာ၌ ကြီးထွားအောင် သူမည်သို့မစပေးနိုင်သည်ကို တိတုထံ…

ကိုယ်တော်၏ဝမ်းမြောက်ခြင်းများ

မကြာမီက ဓာတ်ပုံဟောင်းများပါသည့် ဓာတ်ပုံစာအုပ်ကို အဖွားက ကျွန်မထံပို့ပေးခဲ့ သည်။ ၎င်းတို့အနက် ဓာတ်ပုံတစ်ပုံက ကျွန်မ၏အာရုံကို ဖမ်းစားသည်။ ဓာတ်ပုံတွင် ကျွန်မသည် ၂ နှစ်အရွယ်သာရှိပြီး မီးဖိုရှေ့အစွန်းတစ်ဘက်တွင် ထိုင်နေသည့်ပုံ ဖြစ်သည်။ အခြားအစွန်း တစ်ဘက်တွင် အဖေက အမေ့ပုခုံးပေါ်တွင် လက်တင်ထား သည်။ သူတို့နှစ်ဦးစလုံးက ကျွန်မကိုချစ်၍ ကြည်နူးသော အကြည့်ဖြင့် ကြည့်နေသည်။

ထိုပုံလေးကို နေ့စဉ်တွေ့မြင်နိုင်ရန် ကျွန်မ၏ အဝတ်ဘီဒိုတွင် ပင်အပ်နှင့်စိုက်၍ကပ်ထားသည်။ သူတို့၏ ချစ်မေတ္တာကို ကျွန်မအား သတိပေးနေသလို ခံစားမိသည်။ ကောင်းမြတ်သောမိဘများ၏ ချစ်ခြင်းမေတ္တာသည် မပြည့်စုံသည့်တိုင်အောင် ထိုအချစ်သည် အမှန်တရားပင် ဖြစ်သည်။ ကျွန်မဤပုံကို ထိန်းသိမ်းထားရခြင်းမှာ လူ့အချစ် လူ့မေတ္တာသည် တစ်ခါတစ်ရံ ပျက်ကွက်နိုင်သော်လည်း ဘုရားသခင်၏အချစ်မှာ မည်သည့်အခါမျှ မပျက်ကွက်ကြောင်း နှုတ်ကပတ်တော်၏ သွန်သင်ချက်ကို အမှတ်ရ စေရန် ဖြစ်သည်။ ဓာတ်ပုံထဲတွင် ကျွန်မ၏မိဘများက…

အချင်းချင်းကို ကျွန်ုပ်တို့ လိုအပ်သည်

ကျွန်မကလေးများနှင့် တောင်တက်သွားစဉ် လမ်းတစ်နေရာ၌ ပေါက်နေသည့် စပရိန်ကဲ့သို့ အနွယ်အတက်များနှင့် အစိမ်းနုရောင် အပင်တစ်ပင်ကို တွေ့ခဲ့သည်။ ၎င်းကို ရေညှိပင်ဟု သာမန်ခေါ်ဆိုသော်လည်း ၎င်းသည် ရေညှိမဟုတ်ပါ။ အကျိုးပြုသည့် အပင်ဖြစ်သည်။ မှိုနှင့်စိမ်းပြာရေညှိမှော်ပင်သည် သီးခြားစီ မရှင်သန်နိုင်၊ သို့သော် ၎င်းတို့နှစ်ခု အတူရှင်သန်ခြင်းဖြင့် အယ်လ်ပိုင်း(alpine) ဒေသတွင် နှစ်ပိုင်း ၄၅၀၀ အထိ ရှင်သန်နိုင်သည်။ ထိုအပင်သည် မိုးခေါင်ရေရှားဒဏ်နှင့် အပူချိန်ကျဆင်းသည့် ဒဏ်ကို ခံရပ်နိုင်ခြင်းကြောင့် အလွန်အေးသည့် ဆောင်းရာသီ ကာလများတွင် သမင်များအတွက် တစ်ခုတည်းသောအစာ ဖြစ်သည်။

မှိုနှင့်စိမ်းပြာရေညှိမှော်ပင်၏ ဆက်နွယ်မှုအားဖြင့် လူသားတို့၏ဆက်နွယ်ပတ်သက်မှုများကို သတိပြုမိသည်။ ကျွန်မတို့လည်း တစ်ဦးအပေါ်တစ်ဦး အမှီသဟဲပြုနေရသည်။ အတူတကွ ရှင်သန်တိုးပွားနိုင်ရေး ကျွန်မတို့ အချင်းချင်း ဆက်သွယ်ဆက်ဆံမှုရှိရမည်။

ကောလောသဲအသင်းတော်ရှိ ယုံကြည်သူများထံ ရှင်ပေါလုထံ စာရေးပေးစဉ် ကျွန်ုပ်တို့၏ဆက်သွယ်ပေါင်းသင်း ဆက်ဆံရေးသည် မည်သို့မည်ပုံဖြစ်သင့်သည်ကို ဖော်ပြခဲ့သည်။ ကျွန်မတို့သည်…

သတိထား

ကျွန်မသည် နွေးထွေးသည့် တောင်ပိုင်းမြို့များတွင် ကြီးပြင်းလာရ၍ မြောက်ဘက်ခြမ်းသို့ ပြောင်းရွှေ့ရသောအခါ ရှည်ကြာသည့်ဆောင်းကာလတွင် အန္တရာယ်ကင်းကင်းနှင့် ကားမောင်းနိုင်အောင် အချိန်အတန်ကြာ သင်ယူခဲ့ရသည်။ ပထမဦးဆုံးဆောင်းရာသီ၌ နှင်းထုအတွင်း သုံးကြိမ်တိုင်အောင် ကျွန်မလမ်းပျောက်ခဲ့ဖူးသည်။ သို့သော် နှစ်အတန်ကြာ လေ့ကျင့်လာပြီးနောက် ဆောင်းရာသီတွင် သက်သောင့်သက်သာနှင့် စပြီး ကားမောင်းလာနိုင်သည်။ အမှန်စင်စစ် ကျွန်မအတော်လေး သက်သောင့်သက်သာ ခံစားရပါပြီး ဂရုတစိုက် သတိဝီရိယနှင့် ကျွန်မကားမမောင်း တော့ပါ။ သို့နှင့် ရေခဲပုံကို ဝင်ဆောင့်မိပြီး လမ်းချော်ကာ လမ်းတစ်ဖက်တစ်ချက်ရှိ ဖုန်းတိုင်ကို ဝင်တိုက်တော့သည်။

တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရမရ၍ ကျေးဇူးတော်ပါ။ သို့သော် ထိုနေ့တွင် အရေးကြီးသည့်အရာကို ကျွန်မ သင်ယူ ခဲ့ရသည်။ သက်သောင့်သက်သာရှိနေခြင်းက မည်မျှအန္တရာယ်ကြီးသည်ကို ကျွန်မသိရှိလိုက်ရသည်။ သေသေချာချာ သတိရှိရမည့်အစား ကိုယ်ကိုယ်ကိုယ်ပင် မသိလိုက်ဘဲ သူ့အလိုလို ပြုမိလုပ်မိခဲ့သည်။

ဝိညာဉ်အသက်တာ၌လည်း ထိုကဲ့သို့ သတိဝီရိယနှင့် ဂရုပြုခြင်းမျိုးကို ကျွန်မတို့လေ့ကျင့်ရန်…

ရတနာရှာဖွေခြင်း

မြေမြှုပ်ထားသောရတနာဟုဆိုလျှင် ကလေးပုံပြင်စာအုပ်မှ ရတနာနှင့်တူနေသည်။ သို့သော် မီလျံနာဖောရက်စ်ဖင်းက ဒေါ်လာ ၂ သန်းခန့်တန်ဖိုးရှိသည့် လက်ဝတ် ရတနာနှင့် ရွှေငွေသေတ္တာတစ်လုံးကို ရော့ကီတောင်တန်းတစ်နေရာတွင် ကျန်ရစ် ပျောက်ဆုံးသွားသည်ဟု ဆိုသည်။ လူများစွာတို့ ထိုသေတ္တာကို သွားရှာကြသည်။ ပျောက်နေသည့်ရတနာကို ရှာရင်း လူ ၄ ဦးတို့ အသက် ဆုံးရှုံးခဲ့ရသည်။

သုတ္တံကျမ်းဆရာက “ရှာထိုက်သော ရတနာ တစ်ပါးပါး ရှိသလား” ဟု စဉ်းစားဆင်ခြင်ရန် သတိပေး သည်။ သုတ္တံ ၄ တွင် ဖခင်မှ သားဖြစ်သူထံသို့ ကောင်းမွန်စွာ နေထိုင်ကျင့်ကြံရန် စာရေးသားပေးပို့ပြီး ပညာရတနာကို မည်သည့်အဖိုးအခပင် ပေးရလင့်ကစား ရှာဖွေအပ်ကြောင်း အကြံပြုထားသည် (း၇)၊ ပညာသည် အသက်တာတစ်လျှောက် ပို့ဆောင်မည်။ ထိမိလဲခြင်းမှ ကွယ်ကာမည်။ ဂုဏ်အသရေနှင့် တင့်တယ်စေမည် ဟု ဆိုသည် (း၈-၁၂)။ နှစ်ပေါင်းရာချီ ကျော်လွန်ပြီးနောက်…

မိမိမည်သူမည်ဝါဖြစ်သည်ကို ရှာဖွေတွေ့ရှိခြင်း

မစ် အင့်ခ်ပဲန် ရေးသားသော “Nothing” ဟူသည့် ကလေးများအတွက်စာအုပ်၌ ခပ်မှိန်မှိန် အရုပ်ဟောင်းလေးက “ငါဘယ်သူလဲ” ဟု မေးသည်။ အိမ်ပြောင်းလာသူများက ထိုအရုပ်လေးကို “Nothing-ဘာမှမဟုတ်တဲ့အရုပ်” ဟုပြောပြီး ဖုံထူသော မျက်နှာကျက်ထောင့်တွင် ချောင်ထိုးခဲ့သည်။ အခြားတိရစ္ဆာန်အရုပ်များက ကြားပြီး ၎င်းကို သူ၏နာမည် ထင်သွားသည်။

အခြားတိရစ္ဆာန်များနှင့် ပြန်တွေ့သောအခါ သူမည်သူဖြစ်မှန်း Nothing ပြန်သတိရလာသည်။ သူ၌ အမြီးရှိသည်၊ နှုတ်ခမ်းမွှေးရှိသည်၊ ကိုယ်တွင် အစင်းကြောင်းများ ရှိသည်။ ထိုနောက် အညိုရောင်ပေါ်တွင် အနက်စင်းရှိသော ကြောင်တစ်ကောင်နှင့် တွေ့ဆုံပြီး သူ့သခင်အိမ်သို့ပြန်ရောက်အောင် ကူညီပေးခဲ့သည်။ သည့် နောက်တွင်မှ သူသည် ကြောင်ရုပ်ကလေး တိုဘီ ဖြစ်မှန်း သူ့ကိုယ်သူပြန်သိခဲ့သည်။ စုတ်ပြဲနေသော သူ၏ နားရွက်၊ အမြီး၊ နှုတ်ခမ်းမွှေးနှင့် ကိုယ်ပေါ်ရှိ အစင်းကြောင်းများကို သူ့သခင်က မေတ္တာပြလျက် ပြန်ချုပ်ပေးသည်။

ဤစာအုပ်ကို ကျွန်မဖတ်တိုင်း…