စာရေးသူ

အားလုံးမြင်နိုင်ရန်
Amy Peterson

အေမီ ပီတာဆန်

အေမီပီတာဆန် သည် Taylor တက္ကသိုလ်၏ Honors program ဌာနတွင် အလုပ်လုပ်သည်။ သူသည် အင်္ဂလိပ်စာပေကို Texas A&M တွင် သင်ကြားခဲ့ပြီး Wheaton ကောလိပ်တွင် Intercultural Studies ဘာသာရပ် ကို သင်ယူခဲ့သည်။ လက်ရှိတွင် Seattle Pacific တက္ကသိုလ်မှ Master of Fine Arts မဟာဘွဲ့အတွက် ပြင်ဆင်တက်ရောက်လျက်ရှိသည်။ အေမီသည် အရှေ့တောင်အာရှနိုင်ငံများတွင် အင်္ဂလိပ်စာကို ၂ နှစ်တာ သင်ကြားပို့ချခဲ့ပြီးနောက် ကယ်လီဖိုးနီးယား၊ အာကန်ဆက်၊ ၀ါရှင်တန်နှင့် အင်ဒီယားနားပြည်နယ်များတွင် အင်္ဂလိပ်စာကို ပြန်လည်သင်ကြားပို့ချသည်။ သူ ပထမဆုံးရေးသည့် Dangerous Territory: My Misguided Quest to Save the World စာအုပ်ကို Discovery House (dhp.org) တွင် ၀ယ်ယူရရှိနိုင်သည်။ ဂွမ်းထိုးစောင် ချုပ်လုပ်ခြင်း၊ စာဖတ်ခြင်း၊ တောင်တက်ခြင်းကို သူစိတ်ဝင်စားသည်။ ခက်ခဲသည့်အခြေအနေတစ်ရပ်တွင် လက်တွေ့ဘ၀ရှင်သန်နည်းများ စမ်းသပ်လုပ်ဆောင်ရခြင်းကိုလည်း နှစ်သက်သည်။

စာမူ/ အကြောင်းအရာ များ အေမီ ပီတာဆန်

အချင်းချင်းကို ကျွန်ုပ်တို့ လိုအပ်သည်

ကျွန်မကလေးများနှင့် တောင်တက်သွားစဉ် လမ်းတစ်နေရာ၌ ပေါက်နေသည့် စပရိန်ကဲ့သို့ အနွယ်အတက်များနှင့် အစိမ်းနုရောင် အပင်တစ်ပင်ကို တွေ့ခဲ့သည်။ ၎င်းကို ရေညှိပင်ဟု သာမန်ခေါ်ဆိုသော်လည်း ၎င်းသည် ရေညှိမဟုတ်ပါ။ အကျိုးပြုသည့် အပင်ဖြစ်သည်။ မှိုနှင့်စိမ်းပြာရေညှိမှော်ပင်သည် သီးခြားစီ မရှင်သန်နိုင်၊ သို့သော် ၎င်းတို့နှစ်ခု အတူရှင်သန်ခြင်းဖြင့် အယ်လ်ပိုင်း(alpine) ဒေသတွင် နှစ်ပိုင်း ၄၅၀၀ အထိ ရှင်သန်နိုင်သည်။ ထိုအပင်သည် မိုးခေါင်ရေရှားဒဏ်နှင့် အပူချိန်ကျဆင်းသည့် ဒဏ်ကို ခံရပ်နိုင်ခြင်းကြောင့် အလွန်အေးသည့် ဆောင်းရာသီ ကာလများတွင် သမင်များအတွက် တစ်ခုတည်းသောအစာ ဖြစ်သည်။

မှိုနှင့်စိမ်းပြာရေညှိမှော်ပင်၏ ဆက်နွယ်မှုအားဖြင့် လူသားတို့၏ဆက်နွယ်ပတ်သက်မှုများကို သတိပြုမိသည်။ ကျွန်မတို့လည်း တစ်ဦးအပေါ်တစ်ဦး အမှီသဟဲပြုနေရသည်။ အတူတကွ ရှင်သန်တိုးပွားနိုင်ရေး ကျွန်မတို့ အချင်းချင်း ဆက်သွယ်ဆက်ဆံမှုရှိရမည်။

ကောလောသဲအသင်းတော်ရှိ ယုံကြည်သူများထံ ရှင်ပေါလုထံ စာရေးပေးစဉ် ကျွန်ုပ်တို့၏ဆက်သွယ်ပေါင်းသင်း ဆက်ဆံရေးသည် မည်သို့မည်ပုံဖြစ်သင့်သည်ကို ဖော်ပြခဲ့သည်။ ကျွန်မတို့သည်…

သတိထား

ကျွန်မသည် နွေးထွေးသည့် တောင်ပိုင်းမြို့များတွင် ကြီးပြင်းလာရ၍ မြောက်ဘက်ခြမ်းသို့ ပြောင်းရွှေ့ရသောအခါ ရှည်ကြာသည့်ဆောင်းကာလတွင် အန္တရာယ်ကင်းကင်းနှင့် ကားမောင်းနိုင်အောင် အချိန်အတန်ကြာ သင်ယူခဲ့ရသည်။ ပထမဦးဆုံးဆောင်းရာသီ၌ နှင်းထုအတွင်း သုံးကြိမ်တိုင်အောင် ကျွန်မလမ်းပျောက်ခဲ့ဖူးသည်။ သို့သော် နှစ်အတန်ကြာ လေ့ကျင့်လာပြီးနောက် ဆောင်းရာသီတွင် သက်သောင့်သက်သာနှင့် စပြီး ကားမောင်းလာနိုင်သည်။ အမှန်စင်စစ် ကျွန်မအတော်လေး သက်သောင့်သက်သာ ခံစားရပါပြီး ဂရုတစိုက် သတိဝီရိယနှင့် ကျွန်မကားမမောင်း တော့ပါ။ သို့နှင့် ရေခဲပုံကို ဝင်ဆောင့်မိပြီး လမ်းချော်ကာ လမ်းတစ်ဖက်တစ်ချက်ရှိ ဖုန်းတိုင်ကို ဝင်တိုက်တော့သည်။

တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရမရ၍ ကျေးဇူးတော်ပါ။ သို့သော် ထိုနေ့တွင် အရေးကြီးသည့်အရာကို ကျွန်မ သင်ယူ ခဲ့ရသည်။ သက်သောင့်သက်သာရှိနေခြင်းက မည်မျှအန္တရာယ်ကြီးသည်ကို ကျွန်မသိရှိလိုက်ရသည်။ သေသေချာချာ သတိရှိရမည့်အစား ကိုယ်ကိုယ်ကိုယ်ပင် မသိလိုက်ဘဲ သူ့အလိုလို ပြုမိလုပ်မိခဲ့သည်။

ဝိညာဉ်အသက်တာ၌လည်း ထိုကဲ့သို့ သတိဝီရိယနှင့် ဂရုပြုခြင်းမျိုးကို ကျွန်မတို့လေ့ကျင့်ရန်…

ရတနာရှာဖွေခြင်း

မြေမြှုပ်ထားသောရတနာဟုဆိုလျှင် ကလေးပုံပြင်စာအုပ်မှ ရတနာနှင့်တူနေသည်။ သို့သော် မီလျံနာဖောရက်စ်ဖင်းက ဒေါ်လာ ၂ သန်းခန့်တန်ဖိုးရှိသည့် လက်ဝတ် ရတနာနှင့် ရွှေငွေသေတ္တာတစ်လုံးကို ရော့ကီတောင်တန်းတစ်နေရာတွင် ကျန်ရစ် ပျောက်ဆုံးသွားသည်ဟု ဆိုသည်။ လူများစွာတို့ ထိုသေတ္တာကို သွားရှာကြသည်။ ပျောက်နေသည့်ရတနာကို ရှာရင်း လူ ၄ ဦးတို့ အသက် ဆုံးရှုံးခဲ့ရသည်။

သုတ္တံကျမ်းဆရာက “ရှာထိုက်သော ရတနာ တစ်ပါးပါး ရှိသလား” ဟု စဉ်းစားဆင်ခြင်ရန် သတိပေး သည်။ သုတ္တံ ၄ တွင် ဖခင်မှ သားဖြစ်သူထံသို့ ကောင်းမွန်စွာ နေထိုင်ကျင့်ကြံရန် စာရေးသားပေးပို့ပြီး ပညာရတနာကို မည်သည့်အဖိုးအခပင် ပေးရလင့်ကစား ရှာဖွေအပ်ကြောင်း အကြံပြုထားသည် (း၇)၊ ပညာသည် အသက်တာတစ်လျှောက် ပို့ဆောင်မည်။ ထိမိလဲခြင်းမှ ကွယ်ကာမည်။ ဂုဏ်အသရေနှင့် တင့်တယ်စေမည် ဟု ဆိုသည် (း၈-၁၂)။ နှစ်ပေါင်းရာချီ ကျော်လွန်ပြီးနောက်…

မိမိမည်သူမည်ဝါဖြစ်သည်ကို ရှာဖွေတွေ့ရှိခြင်း

မစ် အင့်ခ်ပဲန် ရေးသားသော “Nothing” ဟူသည့် ကလေးများအတွက်စာအုပ်၌ ခပ်မှိန်မှိန် အရုပ်ဟောင်းလေးက “ငါဘယ်သူလဲ” ဟု မေးသည်။ အိမ်ပြောင်းလာသူများက ထိုအရုပ်လေးကို “Nothing-ဘာမှမဟုတ်တဲ့အရုပ်” ဟုပြောပြီး ဖုံထူသော မျက်နှာကျက်ထောင့်တွင် ချောင်ထိုးခဲ့သည်။ အခြားတိရစ္ဆာန်အရုပ်များက ကြားပြီး ၎င်းကို သူ၏နာမည် ထင်သွားသည်။

အခြားတိရစ္ဆာန်များနှင့် ပြန်တွေ့သောအခါ သူမည်သူဖြစ်မှန်း Nothing ပြန်သတိရလာသည်။ သူ၌ အမြီးရှိသည်၊ နှုတ်ခမ်းမွှေးရှိသည်၊ ကိုယ်တွင် အစင်းကြောင်းများ ရှိသည်။ ထိုနောက် အညိုရောင်ပေါ်တွင် အနက်စင်းရှိသော ကြောင်တစ်ကောင်နှင့် တွေ့ဆုံပြီး သူ့သခင်အိမ်သို့ပြန်ရောက်အောင် ကူညီပေးခဲ့သည်။ သည့် နောက်တွင်မှ သူသည် ကြောင်ရုပ်ကလေး တိုဘီ ဖြစ်မှန်း သူ့ကိုယ်သူပြန်သိခဲ့သည်။ စုတ်ပြဲနေသော သူ၏ နားရွက်၊ အမြီး၊ နှုတ်ခမ်းမွှေးနှင့် ကိုယ်ပေါ်ရှိ အစင်းကြောင်းများကို သူ့သခင်က မေတ္တာပြလျက် ပြန်ချုပ်ပေးသည်။

ဤစာအုပ်ကို ကျွန်မဖတ်တိုင်း…

တည်မြဲသောမေတ္တာ

ကျွန်မသည် ကားတံခါးကို ဆောင့်ပိတ်ပြီး ကျောင်းထဲသို့ ဦးတည်ထွက်သွားချိန်၌ ‘‘သမီးကို ဖေဖေချစ်တယ်’’ ဟု အဖေက လှမ်းအော်ပြောသည်။ ထိုစဉ်က ကျွန်မသည် ခြောက်တန်းကျောင်းသူဖြစ်ပြီး ထိုမြင်ကွင်းက ကျွန်မတို့သားအဖနှစ်ဦးကြားတွင် လအတန်ကြာမျှ ရှိခဲ့ပါပြီ။ ကျောင်းသို့ရောက်လျှင် ‘‘တစ်နေ့လုံး ပျော်ရွှင်ပါစေ။ သမီးကို ဖေဖေချစ်တယ်’’ ဟု အဖေပြောနေကျ၊ ကျွန်မက ‘‘ဘိုင်းဘိုင်’’ ဟုသာ နှုတ်ဆက်နေကျ၊ အဖေ့ကို ကျွန်မစိတ်ဆိုးခြင်း၊ လျစ်လျူရှုခြင်း မဟုတ်ပါ။ ကျွန်မအတွေးထဲ နစ်နေပြီး အဖေ့စကားကို သတိမပြုမိခြင်းပါ။ မည်သို့ပင်ဖြစ်ဖြစ် အဖေ့ မေတ္တာက ခိုင်မြဲစွာ ရှိနေခဲ့သည်။

ဘုရားသခင်၏ မေတ္တာတော်သည်လည်း ထိုနည်းတူဖြစ်သည်သာမက ထိုထက်ပင် ပိုသည်။ ထာဝရတည်မြဲသည်။ ဟေဗြဲဘာသာ၌ တည်မြဲသောမေတ္တာကို ဖော်ပြသည့် စကားလုံးမှာ Hesed ဖြစ်သည်။ ထိုစကားလုံးကို ဓမ္မဟောင်းကျမ်းတွင် ထပ်တလဲလဲ ဖော်ပြ ရေးသားပြီး ဆာလံ ၁၃၆…

ခိုင်မြဲသော အခြေခံအုတ်မြစ်

လွန်ခဲ့သောနှစ် နွေရာသီက ကျွန်မတို့ဇနီးမောင်နှံသည် ပင်ဆာဗေးနီးယားပြည်နယ် ကျေးလက် ဒေသရှိ Fallingwater အိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုအိမ်ကို ဗိသုကာ ပညာရှင် ဖရင့် လွိုက် ရိုက် က ၁၉၃၅ ခုနှစ်တွင် ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်နှင့်တူသည့် အိမ်မျိုး ကျွန်မတစ်ခါမျှ မမြင်ဖူးခဲ့ပါ။ ရိုက်က ထိုအိမ်ကို မြေပြင်မှ ပေါက်လာသည့်အလား နဂိုသဘာဝအတိုင်း ထိုးထွက်နေသည့် အိမ်ပုံစံကို ဖန်တီးလိုခဲ့ပြီး၊ သူ့ရည်မှန်းချက်အောင်မြင်ခဲ့သည်။ သူက အိမ်ကို နဂိုရှိပြီးသား ရေတံခွန် အနီး၌ ဆောက်လုပ်ခဲ့ပြီး ၎င်းပုံစံသည် အနီးဝန်းကျင်ရှိ ကျောက်သားကို ထင်ဟပ်ပြသည်။

‘‘ဒီအဆောက်အအုံရဲ့ ပင်မဒေါင်လိုက်တိုင်တစ်ခုလုံး ကို ကျောက်တုံးကြီးပေါ်မှာ တည်ဆောက်ထားတာပါရှင့်’’ ဟု ဧည့်လမ်းညွှန်လေးက အဆောက်အအုံ၏ ခိုင်ခံ့စိတ်ချရမှုကို ဖြစ်စေသည့် အကြောင်းအရင်းကို ရှင်းပြသည်။

ဧည့်လမ်းညွှန်လေး၏စကားကို နားထောင်ရင်း တပည့်တော်များအား သွန်သင်မိန့်ကြားသည့်…

တုံးအသောသိုးနှင့် ကောင်းသောသိုးထိန်း

ကျွန်ုပ်၏မိတ်ဆွေ ချက်ဒ်သည် ယိုးမင်းဒေသ၌ သိုးထိန်းအဖြစ် ၁ နှစ်လုပ်ကိုင်ခဲ့သည်။ ‘‘သိုးတွေကလေ သိပ်တုံးတာပဲ။ သူတို့မျက်စိရှေ့တင်ရှိတဲ့အရာတွေကိုပဲ စားတယ်။ သူတို့ရှေ့က သူတို့စားနေတဲ့ မြက်ကုန်သွားရင် အခြားဘယ်မှာ မြက်ရှိမလဲ ဘေးဘီတောင် လှည့်မရှာကြဘူး။ သူတို့ရှေ့က အမှိုက်သရိုက်တွေပဲ စားနေရော’’ ဟု ပြောပြသည်။

ကျွန်ုပ်တို့ရယ်မောခဲ့ကြပြီး ကျမ်းစာမှလည်း လူကို သိုးနှင့် ခိုင်းနှိုင်းထားကြောင်း ကျွန်ုပ် မတွေးဘဲ မနေနိုင် ခဲ့ပါ။ ကျွန်ုပ်တို့ သိုးထိန်းကို လိုအပ်ခြင်းက မဆန်းပါ။ သိုးများက တုံးအသည် ဆိုကတည်းက ၎င်းတို့ကို ဂရုပြု စောင့်ရှောက်မည့် သိုးထိန်းကို လိုအပ်သည်။ တိုင်းတစ်ပါး ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဘုရားလူတို့အတွက် ပရောဖက်ယေဇကျေလ စာရေးခဲ့စဉ် ၎င်းတို့အား မကောင်းသော သိုးထိန်း၏လက်၌ရှိသည့် သိုးများနှင့် ခိုင်းနှိုင်းခဲ့သည်။ သိုးများကို ကြည့်ရှုပြုစု ရမည့်အစား ဣသရေလလူမျိုးခေါင်းဆောင်များသည် သိုးများအပေါ် ခေါင်းပုံဖြတ်…

သေနတ်သမားများကိုသီချင်းဆိုပြခြင်း

အမျိုးသား ၂ ဦးသည် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ၁၀ နှစ်ကြာမျှ စစ်ဆေးခံရပြီး သေဒဏ်စီရင်ချက်ကျခံရသည်။ အကျဉ်းထောင်တွင် သခင်ယေရှုအားဖြင့် သူတို့အပေါ် ထားရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သိခဲ့ရပြီး အသက်တာ ပြောင်းလဲသွားသည်။ သေနတ်ပစ်အဖွဲ့များနှင့် ရင်ဆိုင်ရမည့်အချိန် ရောက်လာသောအခါ သူတို့ကို သတ်မည့် သူများရှေ့တွင် ပတ္ထနာတော်ကို ဆုတောင်းရွတ်ဆိုကာ“Amazing Grace” သီချင်းကို သီဆိုကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသော တန်ခိုးတော်အားဖြင့် သူတို့သည် သေခြင်းတရားကို အံ့ဖွယ်ခွန်အားဖြင့် ရင်ဆိုင်သွားခဲ့သည်။

ကယ်တင်ရှင်ယေရှုပြခဲ့သော ယုံကြည်ခြင်းစံနမူနာ အတိုင်း သူတို့လုပ်ဆောင်ခဲ့သည်။ သခင်ယေရှုသည် သူအသေသတ်ခြင်းခံရမည့်အချိန် နီးကပ်လာစဉ် ထိုညတွင် မိတ်ဆွေများနှင့်အတူ ဂုဏ်တော်ချီးမွမ်းခဲ့သည်။ ထိုအခြေအနေ၌ သီချင်းဆိုနိုင်ခြင်း သည် အံ့သြစရာဖြစ်သော်လည်း ပို၍အံ့သြစရာကောင်းသည့်အရာမှာ သူချီးမွမ်းသီဆို ခဲ့သည့် သီချင်းဖြစ်သည်။ ထိုညတွင် သခင်ယေရှုနှင့်တပည့်တော်များသည် Hallel ဟုခေါ်သည့် ဆာလံသီချင်းရှည်ကို ဆိုပြီးနောက် (ဆာလံ…

သူတို့ထံမှ ခရစ်တော်၏မွှေးရနံ့ သင်းကြိုင်သည်

ဘော့သည် သူ့အိမ်နှင့် အလွန်ဝေးသောမြို့၊ ပူပြင်းပြီး ဖုန်ထူသောအရပ်သို့ ကားဖြင့် ခရီးပြုခဲ့သည်။ တစ်နေ့လုံး ကားစီးလာရသောကြောင့် ပင်ပန်းနေသော်လည်း ထိုဒေသမှ မိတ်ဆွေသူငယ်ချင်းများနှင့် ညစာအတူစား ရမည်ဖြစ်သောကြောင့် ဝမ်းမြောက်မိသည်။ သူ့ကို ပျူငှာလှိုက်လှဲစွာ ကြိုဆိုသောကြောင့် ချက်ခြင်းပင် ငြိမ်သက်ခြင်းကို ခံစားရပြီး၊ မိမိအိမ်ယာကဲ့သို့ သက်တောင့်သက်သာဖြစ်လျက် လုံခြုံမှုနှင့် လေးစားတန်ဖိုးထားမှု ခံရသည်ဟု ကျေနပ်မိသည်။

နောက်ပိုင်းတွင် ဤသို့ အသိအကျွမ်းမရှိသော အရပ်၌ ငြိမ်သက်ခြင်းကို ခံစားရသည့်အကြောင်းရင်းကို ၂ ကော တွင် ဘော့ တွေ့ရှိခဲ့သည်။ တမန်တော်ရှင်ပေါလုက ခရစ်တော်၏နောက်တော်လိုက်သော ယုံကြည်သူများကို ‘‘ခရစ်တော်၏ မွှေးကြိုင်သောရနံ့’’ရှိသူအဖြစ် ဖော်ပြခဲ့သည်။ ‘‘ဒါ့ကြောင့်ကိုး’’ ဟု ဘော့ တစ်ကိုယ်တည်းရေရွတ်မိသည်။ ထိုအိမ်ရှင်များ၌ ခရစ်တော်၏မွှေးရနံ့ရှိနေပါသည်။

ဘုရားသခင်သည် သူ့လူများကို ခရစ်တော်၏ အောင်ခြင်းဖြင့် ပို့ဆောင်လျက် မွှေးကြိုင်သောသမ္မာတရား ကို သင်းပျံ့စေသည်ဟု ရှင်ပေါလု ညွှန်းဆိုသောအခါ…

မျှော်လင့်လျက် မြည်တမ်းခြင်း

ဗဟားမားစ်နိုင်ငံ၊ နာဆာဒေသရှိ Clifton Heritage အမျိုးသားဥယျာဉ်သို့ သွားရောက် လည်ပတ်ခြင်းသည် သမိုင်း၏ ဝမ်းနည်းဖွယ်ခေတ်တစ်ခုသို့ ပြန်ရောက် သွားခြင်းဖြစ်သည်။ ရေနှင့်ထိစပ်နေသည့် ကုန်းမြင့်၌ မြင့်မားသောကျောက်ဆောင် များဆီသို့ ဦးတည်သွားသည့် ကျောက်လှေကားထစ်ရှိသည်။ ၁၈ ရာစုနှစ်က ဗဟားမားစ် ကျွန်းနိုင်ငံသို့ ခေါ်ဆောင်လာခြင်းခံရသည့် ကျွန်များသည် ထိုလှေကားထစ်၌ ခြေချခဲ့ကြပေလိမ့်မည်။ ၎င်းတို့၏ မိသားစု များကို စွန့်ခွာလျက် လူမဆန်စွာ ဆက်ဆံခံရသည့်ဘဝသို့ ရောက်ရှိခဲ့ကြသည်။ ကျောက်ဆောင်ထိပ်၌ ကျွန်များအတွက် အောက်မေ့ဖွယ်အမှတ်တရ အမျိုးသမီးရုပ်ထုများ ရှိသည်။ ၎င်းတို့ကို သစ်ကတိုးသားဖြင့် ထုလုပ်ထားပြီး ၎င်းတို့ ဆုံးရှုံး ခဲ့ရသည့် ဇာတိမြေနှင့် မိသားစုရှိရာအရပ်သို့ မှန်းဆကာ ပင်လယ်ထဲ လှမ်းမျှော်ကြည့်နေပုံ ဖြစ်သည်။ ရုပ်ထု အသီးသီး၌ ကျွန်အမှတ်သညာအဖြစ် ကြာပွတ်ဒဏ်ရာများ ပါရှိသည်။

ဆုံးရှုံးသွားသည့်အရာအတွက် စိတ်မသာမြည်တမ်း နေသည့် အမျိုးသမီးရုပ်ထုများက လောကကမ္ဘာ၏ယိုယွင်းသောစနစ်နှင့် မတရားမှု…