စာရေးသူ

အားလုံးမြင်နိုင်ရန်
Peter Chin

ပီတာချင်း

ဆရာ ပီတာချင်းသည် သင်းအုပ်၊ စာရေးဆရာ၊ ဟောပြောသူ၊ လူမျိုးခွဲခြားမှုများကို စေ့စပ်ညှိနှိုင်းပေးသည့် ရှေ့နေဖြစ်သည်။ ယေးတက္ကသိုလ်နှင့် ဖူလာကျမ်းစာကျောင်းမှ အောင်မြင်ခဲ့သူဖြစ်ပြီး၊ ကယ်လီဖိုးနီးယား၊ ဗာဂျီးနီးယားနှင့် ဝါရှင်တန်ဒီစီတို့တွင် အသင်းတော်များကို တည်ထောင်ကြည့်ရှုခဲ့သည်။ ယခုတွင် အမေရိကန် ပြည်ထောင်စု၏ ယဉ်ကျေးမှုပေါင်းစုံ လူမျိုးစုံသည့်နေရာဖြစ်သည့် ဝါရှင်တန် - စီတယ် ဒေသရှိ ရိန်းနီးယားရိပ်သာ အသင်းတော်၏ ဦးဆောင်သင်းအုပ်အဖြစ် တာဝန်ယူ ဆောင်ရွက် နေပါသည်။ ဆရာ ပီတာချင်းသည် Christianity Today မဂ္ဂဇင်း၌လည်း ပင်တိုင်ဆောင်းပါးရှင် အဖြစ် စာမူများရေးသားခဲ့သူလည်းဖြစ်သည်။ ထို့ပြင် တတိယကိုယ်ဝန်လွယ်ထားစဉ် ကင်ဆာရောဂါနှင့် လုံးပမ်းခဲ့ရသည့် ဇနီးသည် အကြောင်းကို Blindsided by God ဟူသည့် အမှတ်တရစာအုပ် ရေးသားထုတ်ဝေခဲ့သည်။ ဆရာပီတာချင်းသည် ရင်သားကင်ဆာကို ရဲဝံ့စွာ တွန်းလှန်ကုသခဲ့သူ ဇနီးသည်အတွက် ခင်ပွန်းကောင်း ၊ ချစ်စဖွယ် သားသမီး ၅ ဦး တို့၏ ဖခင်ကောင်း ဖြစ်ပါသည်။

စာမူ/ အကြောင်းအရာ များ ပီတာချင်း

စောင့်ဆိုင်းရုံမျှမကသော

အမျိုးသမီးတစ်ဦးသည် လမ်းမပေါ် ကားမောင်းထွက်လာစဉ် ကျောင်းသားများ ဆင်းနေသည့် ကျောင်းကြိုပို့ယာဉ်ကို မစောင့်လိုဘဲ ပရမ်းပတာ မောင်းပြီး လမ်းဘေး လူသွားလမ်းပေါ်တက်သွားကာ ပြန်ဆုတ်လာသည်။ သူ့ကို ရဲဌာနမှ အရေးယူခဲ့သည်။

စောင့်ဆိုင်းရခြင်းက စိတ်မရှည်စရာဖြစ်သည် မှန်သော်လည်း စောင့်ဆိုင်းနေစဉ် လုပ်စရာ၊ သင်ယူစရာများရှိနေပါသည်။ ယေရုရှလင်မြို့မှ မထွက်သွားရန် တပည့်တော်များကို မိန့်ကြားစဉ် (း၎) ဤအချက်ကို သခင်ယေရှု သိမှတ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံယူရန် သူတို့စောင့်ဆိုင်းနေရခြင်း ဖြစ်သည် (း၅)။

အထက်ခန်း၌ သူတို့ စုရုံးနေကြစဉ် သူတို့ စိတ်လှုပ်ရှားလျက် မျှော်လင့်တကြီး စောင့်စားနေကောင်း စောင့်နေမည်။ သခင် သူတို့ကို စောင့်စားရန် မိန့်ကြားစဉ် သခင်က ဘာမှမလုပ်ဘဲ စောင့်ရန် မဆိုလိုကြောင်း သူတို့ နားလည်ပုံရသည်။ သူတို့ဆုတောင်းလျက် စောင့်သည် (း၁၄)။ နှုတ်ကပတ်တော်အလိုအရ ယုဒကို အစားထိုးရန် တပည့်တော်…

မည်သည်နှင့်မှနှိုင်းယှဉ်မရသည့် အသက်တာ

ရုပ်သံအစီအစဉ်တစ်ခု၌ အရွယ်ရောက်လူငယ်များက ဆယ်ကျော်သက်ဘဝကို ပို၍ နားလည်ရန် အထက်တန်းကျောင်းသားအဖြစ် ဟန်ဆောင်ကြသည်။ ဆယ်ကျော်သက် များသည် မိမိတို့၏တန်ဖိုးကို မည်သို့ တိုင်းတာကြောင်းလေ့လာရာ လူမှုဆက်သွယ်ရေး မီဒီယာနည်းလမ်းက အဓိကအခန်းကဏ္ဍ၌ပါဝင်နေကြောင်း ထိုသူတို့ တွေ့ရှိခဲ့ကြသည်။“ကျောင်းသားလူငယ်များ၏ မိမိကိုယ်ကို တန်ဖိုးထားမှုမှာ လူမှုမီဒီယာများနှင့် တွဲလျက် ရှိတယ်။ ဓာတ်ပုံတစ်ပုံ အတွက် သူတို့ ‘Likes’ ဘယ်လောက်ရသည့်အပေါ် အမှီပြုနေတယ်” ဟု အစီအစဉ်၌ ပါဝင်သူတစ်ဦးက လေ့လာတွေ့ရှိခဲ့သည်။ ဤသို့ တစ်ပါးသူ၏ လက်ခံမှုကိုလိုလားခြင်းက လူငယ်များကို အွန်လိုင်းပေါ် အစွန်းရောက် ပြုမူကျင့်ကြံရန် တွန်းပို့နိုင်သည်။

တစ်ပါးသူ၏လက်ခံမှုကို လိုလားတောင့်တခြင်းက အမြဲရှိနေသည်။ က ၂၉ တွင် လေအာသည် ခင်ပွန်း ယာကုပ် ထံမှမေတ္တာကို တောင့်တသည်ကို နားလည်နိုင်ပါသည်။ သူ၏ အထီးကျန်မှုကို အမိအရ ဖော်ကျူးနေသည့် သူ့သားသုံးဦး၏နာမည်များက ဤအချက်ကို ထင်ဟပ်ပြနေသည် (း၃၁-၃၄)။…

ပစ္စည်းများထက်သာလွန်သော အရာများကို ဝေမျှခြင်း

အငယ်ဆုံးသားလေးက သူ၏ LEGO အရုပ်အပိုင်းအစလေးများထဲမှ တစ်ခုနှင့်ခွဲရမည်ကို နှလုံးကြေကွဲစွာဖြင့် “သား ဝေမျှမကစားချင်ဘူး” ဟု အော်ဟစ်ငိုကြွေးနေပါသည်။ သူ၏ မရင့်ကျက်မှုကို စိတ်ပျက်မိသော်လည်း အမှန်အတိုင်းပြောရလျှင် ထိုအပြုအမူများက ကလေးများသာ ဖြစ်သည့်အရာမဟုတ်ပါ။ ကျွန်ုပ်၏အသက်တာနှင့် လူ့ဘ၀ အတွေ့အကြုံများတွင်လည်း ခေါင်းမာစွာဖြင့် ဆုတ်ကိုင်လျက် သူတစ်ပါးကို ကြည်ဖြူ ရက်ရောစွာ မဝေမျှနိုင်ခဲ့ခြင်းများ မည်မျှရှိသနည်း။

သခင်ယေရှုကို ယုံကြည်သူတဦးအနေဖြင့် တစ်ဦးနှင့် တစ်ဦး ဘ၀ကိုဝေမျှရန်အတွက် စေစားခေါ်တော်မူခြင်း ခံရ ပါသည်။ ရုသသည်လည်း သူ့ယောက္ခမ နောမိအပေါ်တွင် ထိုနည်းအတိုင်း ပြုမူခဲ့ပါသည်။ ဆင်းရဲမွဲတေလှသော မုဆိုးမဖြစ်သောကြောင့် နောမိတွင် ရုသကို ကျေးဇူးပြု၍ ဝေမျှစရာ အနည်းအကျဉ်းသာရှိပါသည်။ သို့တိုင်အောင် ရုသသည် ယောက္ခမနှင့် အတူရှိနေပြီး သူတို့အတူတူ ဘ၀ခရီးကို ရင်ဆိုင်မည့် အကြောင်း သေခြင်းတရားပင် မခွဲခွာနိုင်ကြောင်းကို ကတိက၀တ်ပြုခဲ့သည်။ ရုသက နောမိအား…