စာရေးသူ

အားလုံးမြင်နိုင်ရန်
Peter W. Chin

ပီတာချင်း

ဆရာ ပီတာချင်း (Peter Chin)သည် သင်းအုပ်၊ စာရေးဆရာ၊ ဟောပြောသူ၊ လူမျိုးခွဲခြားမှုများကို စေ့စပ်ညှိနှိုင်းပေးသည့် ရှေ့နေဖြစ်သည်။ ယေး(Yale) တက္ကသိုလ်နှင့် ဖူလာ(Fuller) ကျမ်းစာကျောင်းမှ အောင်မြင်ခဲ့သူဖြစ်ပြီး၊ ကယ်လီဖိုးနီးယား၊ ဗာဂျီးနီးယားနှင့် ဝါရှင်တန်ဒီစီတို့တွင် အသင်းတော်များကို တည်ထောင်ကြည့်ရှုခဲ့သည်။ ယခုတွင် အမေရိကန် ပြည်ထောင်စု၏ ယဉ်ကျေးမှုပေါင်းစုံ လူမျိုးစုံသည့်နေရာဖြစ်သည့် ဝါရှင်တန် - စီအေတယ်လ် ဒေသရှိ ရိန်းနီးယားရိပ်သာ အသင်းတော် (Rainier Avenue Church)၏ ဦးဆောင်သင်းအုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ ဆရာ ပီတာချင်းသည် Christianity Today မဂ္ဂဇင်း၌လည်း ပင်တိုင်ဆောင်းပါးရှင် အဖြစ် စာမူများရေးသားခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် တတိယကိုယ်ဝန်လွယ်ထားစဉ် ကင်ဆာရောဂါနှင့် လုံးပမ်းခဲ့ရသည့် ဇနီးသည် အကြောင်းကို Blindsided by God ဟူသည့် အမှတ်တရစာအုပ် ရေးသားထုတ်ဝေခဲ့သည်။ ဆရာပီတာချင်းသည် ရင်သားကင်ဆာကို ရဲဝံ့စွာ တွန်းလှန်ကုသခဲ့သူ ဇနီးသည်အတွက် ခင်ပွန်းကောင်း ၊ ချစ်စဖွယ် သားသမီး ၅ ဦး တို့၏ ဖခင်ကောင်း ဖြစ်ပါသည်။

စာမူ/ အကြောင်းအရာ များ ပီတာချင်း

ပစ္စည်းများထက်သာလွန်သော အရာများကို ဝေမျှခြင်း

အငယ်ဆုံးသားလေးက သူ၏ LEGO အရုပ်အပိုင်းအစလေးများထဲမှ တစ်ခုနှင့်ခွဲရမည်ကို နှလုံးကြေကွဲစွာဖြင့် “သား ဝေမျှမကစားချင်ဘူး” ဟု အော်ဟစ်ငိုကြွေးနေပါသည်။ သူ၏ မရင့်ကျက်မှုကို စိတ်ပျက်မိသော်လည်း အမှန်အတိုင်းပြောရလျှင် ထိုအပြုအမူများက ကလေးများသာ ဖြစ်သည့်အရာမဟုတ်ပါ။ ကျွန်ုပ်၏အသက်တာနှင့် လူ့ဘ၀ အတွေ့အကြုံများတွင်လည်း ခေါင်းမာစွာဖြင့် ဆုတ်ကိုင်လျက် သူတစ်ပါးကို ကြည်ဖြူ ရက်ရောစွာ မဝေမျှနိုင်ခဲ့ခြင်းများ မည်မျှရှိသနည်း။

သခင်ယေရှုကို ယုံကြည်သူတဦးအနေဖြင့် တစ်ဦးနှင့် တစ်ဦး ဘ၀ကိုဝေမျှရန်အတွက် စေစားခေါ်တော်မူခြင်း ခံရ ပါသည်။ ရုသသည်လည်း သူ့ယောက္ခမ နောမိအပေါ်တွင် ထိုနည်းအတိုင်း ပြုမူခဲ့ပါသည်။ ဆင်းရဲမွဲတေလှသော မုဆိုးမဖြစ်သောကြောင့် နောမိတွင် ရုသကို ကျေးဇူးပြု၍ ဝေမျှစရာ အနည်းအကျဉ်းသာရှိပါသည်။ သို့တိုင်အောင် ရုသသည် ယောက္ခမနှင့် အတူရှိနေပြီး သူတို့အတူတူ ဘ၀ခရီးကို ရင်ဆိုင်မည့် အကြောင်း သေခြင်းတရားပင် မခွဲခွာနိုင်ကြောင်းကို ကတိက၀တ်ပြုခဲ့သည်။ ရုသက နောမိအား…