စာရေးသူ

အားလုံးမြင်နိုင်ရန်
Poh Fang Chia

Poh Fang Chia

Poh Fang Chia သည် အသက်(၁၅)နှစ် အရွယ်၌သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့သူဖြစ်ပြီး အသက်တာများကို ထိတွေ့ပြောင်းလဲစေမည့်စာအုပ်များ ဖန်တီး လိုကြောင်း သခင့်ထံဆက်ကပ်ခဲ့သည်။ ဆရာမသည် Our Daily Bread အတွက် စာမူများကို ၂၀၁၄ ခုနှစ်မှ စ၍ ရေးသားပေးခဲ့ပြီး စင်္ကာပူနိုင်ငံရှိ Our Daily Bread Ministies ၌ အယ်ဒီတာအဖြစ် တာဝန် ထမ်းဆောင်နေပါသည်။

စာမူ/ အကြောင်းအရာ များ Poh Fang Chia

ရှိမုန်ပြောသည့်စကား

ရာဖြူ့ရာဘင်ဒရာနတ် အမည်တွင်သူသည် သီရိလင်္ကာနိုင်ငံတွင် ၁၀ နှစ်ကျော်မျှ လူငယ်ဌာနတွင် လုပ်ကိုင်ခဲ့သည်။ သူသည် ညနက်သည့်အထိ လူငယ်များနှင့် အတူသွား၊ အတူစားသည်။ သူတို့ပြောစကားများကို နားထောင်ပေးသည်။ သူတို့ကို ဆွေးနွေး အကြံပေးသည်၊ သူတို့ကို သင်ကြားပို့ချပေးသည်။ လူငယ်များနှင့် အလုပ်လုပ်ရ သည်ကို သူနှစ်သက်သော်လည်း အလားအလာကောင်းသည့် ကျောင်းသားများသည် ယုံကြည်ခြင်းမှ သွေဖည်သွား လျှင် သူအလွန်စိတ်ထိခိုက်သည်။ အချို့နေ့ရက်များတွင် သူသည် ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ တွင် ဖော်ပြသည့် ရှိမုန် ပေတရုကဲ့သို့ ခံစားရသည်။
ရှိမုန်သည် တစ်ညလုံး ကြိုးစားပမ်းစား ငါးရှာသော်လည်းငါးတစ်ကောင်မျှမရသဖြင့် (း၅)၊ ပင်ပန်းနွမ်းနယ်၍ စိတ်ပျက် နေခဲ့သည်။ ခရစ်တော်က “ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့” (း ၄) ဟု ပြောလျှင် ရှိမုန်က “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” ဟုပြန်လျှောက်လေ၏(း…

ပန်းတိုင်အရောက် ပြေးကြစို့

၂၀၁၆ ခုနှစ် ရီယို အိုလံပစ်ပြိုင်ပွဲ၏ မီတာ ၅၀၀၀ ပြေးပွဲတွင် ယှဉ်ပြိုင်သူ အပြေးသမားနှစ်ဦးကို ကမ္ဘာမှအာရုံစိုက် စိတ်ဝင်စားခဲ့သည်။ နယူးဇီလန်နိုင်ငံသူ နီကီ ဟမ်ဘလင်နှင့် အမေရိကန်နိုင်ငံသူ အက်ဘီ ဒီ ဒက်ဂိုစတီနိုတို့သည် မီတာ ၃၂၀၀ ခန့်တွင် တိုက်မိပြီး လဲကျသွားခဲ့ကြသည်။ အက်ဘီသည် လျင်မြန်စွာ ပြန်ထနိုင်ခဲ့သည်။ သို့သော် ရပ်ပြီးနီကီကို ကူညီခဲ့သည်။ သူတို့နှစ်ယောက် ပြန်စပြေးပြီး မကြာမီ အက်ဘီ မှာ ချော်လဲကျခြင်းကြောင့် သူ၏ ညာဘက် ခြေထောက်တွင် ဒဏ်ရာရသွားသဖြင့် ဒယီးဒယိုင် ဖြစ်လာသည်။ ဤတစ်ကြိမ်တွင် သူ၏မိတ်ဆွေကို ပန်းတိုင်အထိရောက်အောင်ပြေးရန် အားပေးရမည့် နီကီ့အလှည့် ရောက်လာသည်။ အက်ဘီ ပန်းဝင်လာသောအခါ သူ့ကို ဖက်ယမ်းရန် နီကီ စောင့်နေသည်။ အလွန်လှပသော အပြန်အလှန် ဖေးမမှုမြင်ကွင်းပါတကား။
ထိုမြင်ကွင်းက ကျွန်မအတွက် သမ္မာကျမ်းစာထဲမှ ကျမ်းချက်တစ်ပိုဒ်ကို…

ပထမခြေလှမ်း လှမ်းခြင်း

Tham Dashu သည် သူ့ဘ၀၌ တစ်ခုခုလိုနေသည်ဟု ခံစားရသည်။ သို့နှင့် သူ့သမီး တတ်ရောက်သည့် ဘုရားကျောင်းသို့ စတင်တက်ရောက်သည်။ သို့သော် သူတို့ သားအဖ နှစ်ဦးသည် တစ်ခါမှ အတူတူ တွဲမသွားကြပေ။ ယခင်က သမီးဖြစ်သူကို သူစိတ်ဒုက္ခ ပေးခဲ့သည့်အတွက် သူတို့ နှစ်ဦးကြား အမုန်းပွားခဲ့သည်။ ထို့ကြောင့် Tham သည် သီချင်းစဆိုသည့် အချိန်မှသာ ဘုရားကျောင်းထဲ လျှိုဝင် လာပြီး ၀တ်ပြုစည်းဝေးပြီးသည်နှင့် ချက်ခြင်းပြန်သွားသည်။
အသင်းသားများက သူ့ကို ဧ၀ံဂေလိသတင်းစကား ဝေမျှသော်လည်း သခင်ယေရှုကို ယုံကြည်လက်ခံရန် ဖိတ်ခေါ်ချက်ကို Tham က အမြဲလိုလိုပင် သိမ်မွေ့စွာ ငြင်းဆို ခဲ့သည်။ ထိုသို့ဖြစ်သည့်တိုင် ဘုရားကျောင်းသို့သူသွားမြဲသွားခဲ့သည်။
တစ်နေ့တွင် Tham သည် အပြင်းအထန် နာမကျန်း ဖြစ်လေရာ၊ သမီးက အားတင်းလျက် ဖခင်ထံ စာတစ်စောင်…

ထာဝရတည်မြဲသောအရာကား အဘယ်နည်း

များမကြာမီက အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့် ကျွန်ုပ်၏မိတ်ဆွေတစ်ဦးက “စာမေးပွဲ လေးကြိမ် ဖြေဆိုခဲ့ရတဲ့ ကျောင်းသားဘ၀ကို ပြန်ပြောင်းဆင်ခြင်ကြည့်တော့ ပြောင်းလဲသွားတဲ့အရာတွေ အများကြီးပဲ။ … ကြောက်ဖို့ကောင်းတယ်၊ တကယ့်ကို ကြောက်ဖို့ ကောင်းတယ်။ ဘယ်အရာမှ မမြဲဘူး” ဟု ရေးသားခဲ့သည်။
အချိန် ၂ နှစ်တာအတွင်း ကိစ္စများစွာ ဖြစ်ပျက်သွား နိုင်သည်။ အလုပ်ပြောင်းခြင်း၊ မိတ်ဆွေသစ်ရရှိခြင်း၊ ဖျားနာခြင်း၊ သေခြင်းတရားနှင့် ကြုံတွေ့ရခြင်း စသည်ဖြင့် ဖြစ်နိုင်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဘ၀ကို ပြောင်းလဲစေသည့် အတွေ့အကြုံများက ကျွန်ုပ်တို့ကို အလစ်ချောင်းလျက် ထုထောင်းရန် စောင့်နေသည်။ ၎င်းကို ကျွန်ုပ်တို့အနေဖြင့် မသိနိုင်၊ သို့သော် ချစ်တော်မူသော ကောင်းကင်ဘုံရှင် အဘဘုရားသည် ပြောင်းလဲတော်မမူကြောင်း သိရခြင်းက အလွန် နှစ်သိမ့်သက်သာရာဖြစ်သည်။
ဆာလံဆရာက “ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်ဆုံးရပါ”(ဆာ ၁၀၂း၂၇)ဟုဆိုသည်။ ဤသမ္မာတရား၏ရည်ညွှန်းချက်က…

သင်သည် မဆောက်ရ

ဒါဝိဒ်သည် အစီအစဉ်များ ရေးဆွဲကာ ပရိဘောဂဒီဇိုင်းပုံကို ဆွဲသည်။ တန်ဆာပလာ ပစ္စည်းများကို စုဆောင်းသည်။ စီစဉ်စရာများအားလုံးကို အကျအန စီစဉ်သည် (၅ ရာ ၂၈း၁၁-၁၉ ကို ကြည့်ပါ)။ သို့သော် ယေရုရှလင်မြို့၌ ပထမဦးဆုံး တည်သော ဗိမာန်တော် သည် ဒါဝိဒ်၏ဗိမာန်တော် မဟုတ်ဘဲ၊ ရှောလမုန်၏ ဗိမာန်တော်ဟု  ထင်ရှားခဲ့သည်။
ဘုရားသခင်က “သင်သည် ငါနေစရာဘို့ အိမ်ကို မဆောက်ရ” (၅ ရာ ၁၇း၎)ဟု မိန့်ကြားထားသည်။ ဤသို့ ဘုရားသခင်က သူ့ကို မဆောက်ခိုင်းသော်လည်း ဒါဝိဒ်၏ တုံ့ပြန်ပုံမှာ အတုယူစရာကောင်းလှသည်။ သူသည် သူကိုယ်တိုင် မလုပ်ဆောင်နိုင်သည့်အရာ၌ အာရုံမစိုက်ဘဲ ဘုရားသခင် လုပ်ဆောင်မည့်အရာအပေါ် အာရုံစိုက်သည် (၅ ရာ ၁၇း၁၆-၂၅)။ ကျေးဇူးတင်သော စိတ်သဘောကို စောင့်ထိန်းသည်။ သူလုပ်နိုင်သမျှကို လုပ်ဆောင်သည်။ ဗိမာန်တော် တည်ဆောက်ရာ၌…

ပြီးပြည့်စုံစွာ ချစ်ခြင်း

သမီးဖြစ်သူနှင့် ဖြစ်ပျက်ခဲ့သောပြဿနာကို ပြောပြနေစဉ်ပင် သူမ၏အသံမှာ တုန်ရင်
နေသည်။ ဆယ်ကျော်သက်သမီး၏အပေါင်းအသင်းများက ဘာမှန်းမသိ၊ စိုးရိမ်စိတ်နှင့် ပူပန်နေသည့်မိခင်မှာ သမီး၏ဖုန်းကို ပြန်သိမ်းကာ သမီးနောက်  တစ်ကောက်ကောက် လိုက်ခဲ့သည်။ သားအမိနှစ်ဦး၏ဆက်ဆံရေးမှာ ဆိုးဝါးနေရာမှ အဆိုးဆုံးအခြေအနေသို့ ရောက်တော့မည့်ပုံပေါ်နေသည်။
သမီးဖြစ်သူနှင့် ကျွန်မစကားပြောကြည့်ရာ၊ သမီးကမိခင်ကို လွန်စွာချစ်သော်လည်း မိခင်၏တင်းကြပ်သည့် ချစ်ခြင်းအောက်တွင် မွန်းကြပ်နေပြီး လွတ်လပ်မှုကို တောင့်တနေကြောင်း သိခဲ့ရသည်။
မပြည့်စုံသည့်လူသားများဖြစ်သည့် ကျွန်မတို့သည် လူမှုဆက်ဆံရေးများ၌ ရုန်းကန်နေကြရသည်။ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ၊ အပျိုလူပျိုဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ  ချစ်မေတ္တာကို မှန်ကန်စွာ ထုတ်ဖော်နိုင်ရန်၊ မှန်ကန်သည့် အချိန်တွင် မှန်ကန်စွာ ပြောနိုင်လုပ်နိုင်ရန် အားထုတ်ကြရ သည်။ ဘ၀တစ်လျှောက်တွင် ချစ်ခြင်းဖြင့် ရှင်သန်ကြရသည်။
၁ ကော ၁၃ တွင် ရှင်ပေါလုက ပြီးပြည့်စုံသော ချစ်မေတ္တာသည် မည်သည်နှင့်တူသည်ကို ဖော်ပြထားသည်။သူ၏ဖော်ပြချက်စံနှုန်းက အလွန်ကောင်းသော်လည်း ထိုမေတ္တာကို…

ဘာမှ မလို

ခရီးဆောင်အိတ်မပါဘဲ ခရီးသွားရန် တွေးကြည့်လိုက်ပါ။ အခြေခံလိုအပ်ချက်များ၊ လဲစရာ အ၀တ်အစားများ၊ ပိုက်ဆံ (သို့) အကြွေးနှင့်ဈေးဝယ်နိုင်သည့် ခရက်ဒစ်ကတ်များ မပါ၊ မိုက်မဲပြီး ထိတ်လန့်စရာ မဟုတ်ပေဘူးလား။
သို့သော် တပည့်တော် ၁၂ ပါးအား ပထမဦးဆုံးအကြိမ် ဟောပြောရန်နှင့် အနာငြိမ်းစေရန် သခင်ယေရှု စေလွှတ်ခဲ့စဉ်က အထက်ပါ အတိုင်း မိန့်ကြားခဲ့သည်။ သခင်ယေရှုက “သင်တို့သည် တောင်ဝေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။ ခြေနင်းကို စီးကြလော့။ အင်္ကျီ နှစ်ထပ် မဝတ် ကြနှင့်” ဟု မှာထားတော်မူ၏ (မာကု ၆း၈-၉)။
သို့သော်ငြားလည်း  သူပြန်တက်ကြွပြီးနောက်တွင် တပည့်တော်များ လုပ်ဆောင်ရမည့်အမှုအရာများအတွက် သခင်ပြင်ဆင်ရာ၌   ၎င်းတို့အား
“ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓားမရှိသောသူသည် အ၀တ်ကို…

ဘဝကို ရှာဖွေတွေ့ရှိခြင်း

အဖေ့ စကားလုံးများက ရာဗီ့ ရင်ကို နာကျင်စွာ ထိုးနှက်သည်။ “မင်းဟာ တကယ့်ကို အရှုံးသမားပဲ။ မိသားစုကိုလည်း အရှက်ရစေတဲ့သူပဲ” စွမ်းရည်ထူးချွန်သည့် သူ့မွေးချင်း မောင်နှမများနှင့် ယှဉ်လျှင် ရာဗီ သည် ဂုဏ်ယူစရာမရှိသူအဖြစ် ရှုမြင်ခံရသည်။ သူသည် အားကစားတွင်   ကြိုးစားခဲ့ပြီး ထူးချွန်ပါသော်လည်း သူ့ကိုယ်ကို အရှုံးသမားအဖြစ်သာ ခံစားရဆဲဖြစ်သည်။ “ငါဘာဖြစ်လာမှာလဲ။ ငါ တကယ်ပဲ လုံးဝကို အရှုံးသမား ဖြစ်နေသလား။ မနာကျင် မခံစားရဘဲ အဲဒီဘဝကနေ ရုန်းထွက်နိုင်မလား”ဟု သူ့ကိုယ်သူ မေးခွန်း ထုတ်မိသည်။ ဤအတွေးများက သူ့ကို ခြောက်လှန့်နေခဲ့ သော်လည်း သူဘယ်သူ့ကိုမှ ရင်ဖွင့်မပြောခဲ့ပါ။ ထိုသို့ ရင်ဖွင့်သည့်အလေ့အထလည်း မရှိပါ။ “ကိုယ့်ရဲ့ အတွင်းစိတ်က နာကျင်မှုကို စိတ်ထဲမှာပဲထား၊ ပြိုလဲနေတဲ့ ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ်ပဲ တောင့်ခံထား” ဟု သွန်သင်ခံခဲ့ရခြင်းကြောင့်လည်း ပါသည်။
သို့နှင့်…

မိတ်ဆွေပေးသော ဒဏ်ရာများ

ချားလ်စ် လိုဝယ်ရီ သည် ကျောအောက်ပိုင်း နာကျင်မှုအကြောင်းကို သူ့သူငယ်ချင်းအား ညည်းညူကာ ရင်ဖွင့်သည်။ သူကို စာနာနားလည်နှစ်သိမ့်ရန် သူ မျှော်လင့်ခဲ့သော်လည်း ရိုးသားပွင့်လင်းစွာ ဝေဖန်ချက်ကိုသာ ရရှိခဲ့သည်။ သူ့မိတ်ဆွေက ‘‘ခင်ဗျားရဲ့ ပြဿနာက ကျောနာနေတယ်လို့ ကျွန်တော်မထင်ဘူး၊ ခင်ဗျားရဲ့ အစာအိမ်က ပြဿနာပဲလို့ ထင်တယ်။ ခင်ဗျားရဲ့ အစာအိမ်က သိပ်ကြီးလွန်းနေတဲ့ အတွက် အနောက်ဘက်ကို တွန်းထုတ်နေတာဘဲဖြစ်မှာ’’ ဟု  ပြောခဲ့သည်။
REV! မဂ္ဂဇင်းတွင် ချားလ်စ် က သူသည် စိတ်မကောင်းဖြစ်လျက် စိတ်နာသွားရန် သွေးဆောင်မှုကို ခံနိုင်ရည်ရှိခဲ့ကြောင်း ဝေမျှခဲ့သည်။ သို့နှင့် သူဝိတ်ချလိုက်ရာ   ခါးနာသည့်ဝေဒနာ ပျောက်ကင်းသွားသည်။ `ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက်သာ၍ ကောင်း၏။ အဆွေခင်ပွန်း သည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေးကြောင်း´ ချားလ်စ်  နားလည်ခဲ့ရသည် (သု ၂၇း၅-၆)။
မကြာခဏဆိုသလို…

လုံခြုံစိတ်ချရသောနေရာ

ဂျပန်လူငယ်လေးတစ်ယောက်သည် အိမ်မှထွက်မသွားရဲသည့် ကြောက်စိတ်ပြဿနာ ရှိသည်။ သူတစ်ပါးနှင့် မဆက်ဆံချင်သောကြောင့် နေ့ဘက်တွင် အိပ်ပြီး ညဘက်တွင် တစ်ညလုံးမအိပ်ဘဲ တီဗွီကြည့်နေသည်။ သူသည် ဟီကီကိုမိုရီ ခေါ် ခေတ်သစ်ရသေ့ တစ်ပါးဖြစ်လာသည်။ ပြဿနာက ကျောင်းတွင် အဆင့်မကောင်း၍ ကျောင်းမသွားခြင်းမှ
စသည်။ လူမှုအသိုင်းအ၀န်းနှင့် အနေဝေးလာသည်နှင့်အမျှ လူများနှင့် အဆင်မပြေတော့ဟု  ပိုခံစားလာရသည်။ တဖြည်းဖြည်းနှင့်   သူငယ်ချင်း၊ မိသားစုများနှင့် အကုန် အဆက်အသွယ်  ဖြတ်ခဲ့သည်။ ထို့နောက် ကျိုးပဲ့ကြေကွဲနေ သူများ ပတ်ဝန်းကျင်နှင့် ပြေလည် အစပြု ဆက်ဆံနိုင်အောင် မစပေးသည့် လုံခြုံစိတ်ချရသော တိုကျိုမြို့ရှိ Ibasho ခေါ်  လူငယ်ကလပ်အဖွဲ့သို့ သွားရောက်ခြင်းဖြင့် သူ့ကို ပြန်လည် ကျန်းမာလာအောင် ကူညီပေးခဲ့သည်။
ကျွန်ုပ်တို့၏အသင်းတော်ကို   Ibasho ကဲ့သို့ နေရာမျိုး (သို့) ထိုထက်ပိုအဓိပ္ပာယ်ရှိသောနေရာတစ်ခုအဖြစ် တွေးမြင်ကြည့်မည်ဆိုလျှင်  မည်သို့ဖြစ်မည်နည်း။ ကျွန်ုပ်တို့သည် ကျိုးပဲ့ကြေမွသူများအစုအဝေး…

Related Topics

> God's Care

Einfühlsam-2

Generalmajor Mark Graham war zwei Jahre Kommandant von Fort Carson in Colorado und bei Mitarbeitern und Untergebenen gleichermaßen beliebt. Ein Kollege sagt: „Ich kenne keinen anderen Offizier, der so einfühlsam ist und dem das Wohl der Soldaten und ihrer Familien so am Herzen liegt.“ Mark und seine Frau Carol haben selbst einen Sohn im Kampf verloren. Ein anderer beging Selbstmord. Das war für sie der Auslöser, anderen Soldaten und ihren Familien zu helfen, mit arbeitsbedingtem Stress, Depressionen und Verlust umgehen zu lernen.

Selbsersorger-1

Die jungen Adler hatten Hunger, aber Mama und Papa war das anscheinend egal. Der älteste der drei versuchte das Problem selbst zu lösen, und begann an einem Ast zu knabbern. Aber der schmeckte wohl nicht, denn er hörte schnell wieder damit auf.

> odb

ရွက်ဖျင်တဲ၌ နေခြင်း

လှပသောရေကန်များ ပေါများသည့် မင်နီဆိုးတားပြည်နယ်တွင် ကြီးပြင်းလာသူ ဖြစ်သည့် အလျှောက် ကျွန်ုပ်သည် ဘုရားသခင် အံ့ဖွယ်ဖန်ဆင်းထားသောနေရာများကို ကြည့်ရှု ခံစားရန် ထိုနေရာများသို့ ခရီးသွားစခန်းချခြင်းကို အလွန်နှစ်သက်သည်။ သို့ရာတွင် ပါးလွှာသောရွက်ဖျင်တဲတွင် အိပ်စက်ရခြင်းကို မနှစ်သက်ပါ။ အထူးသဖြင့် မိုးရွာလျှင် မိုးယိုပြီး အိပ်ယာစိုသည့်အတွက်ကြောင့် စိတ်ညစ် ရပါသည်။
နှစ်ပေါင်းတစ်ရာမျှ တဲတွင် အချိန်ကုန်ခဲ့ရသော ယုံကြည်ခြင်း သူရဲကောင်းတစ်ဦး အကြောင်းကို စဉ်းစားမိတိုင်း ကျွန်ုပ်အလွန်အံ့သြမိသည်။ အသက် ၇၅ နှစ်အရွယ်တွင် အာဗြဟံသည် သူ၏ပြည်နှင့် အမျိုးသားချင်းပေါက်ဘော်များ ထဲကထွက်ကာ ကိုယ်တော်ပြသောပြည်သို့သွားရန်နှင့် သူအား လူမျိုးကြီးဖြစ်စေမည်ဟုမိန့်ကြားသည့် ဘုရားသခင် ၏ခေါ်သံကို ကြားခဲ့သည် (က ၁၂း၁-၂)။ ဘုရားသခင် သည် ကတိတော်အတိုင်း သူ့ကိုမစမည်ဟု အာဗြဟံ ယုံကြည်လျက် နာခံခဲ့သည်။ သူ့အသက် ၁၇၅ နှစ် အရွယ် (က ၂၅း၇)…

ရှိမုန်ပြောသည့်စကား

ရာဖြူ့ရာဘင်ဒရာနတ် အမည်တွင်သူသည် သီရိလင်္ကာနိုင်ငံတွင် ၁၀ နှစ်ကျော်မျှ လူငယ်ဌာနတွင် လုပ်ကိုင်ခဲ့သည်။ သူသည် ညနက်သည့်အထိ လူငယ်များနှင့် အတူသွား၊ အတူစားသည်။ သူတို့ပြောစကားများကို နားထောင်ပေးသည်။ သူတို့ကို ဆွေးနွေး အကြံပေးသည်၊ သူတို့ကို သင်ကြားပို့ချပေးသည်။ လူငယ်များနှင့် အလုပ်လုပ်ရ သည်ကို သူနှစ်သက်သော်လည်း အလားအလာကောင်းသည့် ကျောင်းသားများသည် ယုံကြည်ခြင်းမှ သွေဖည်သွား လျှင် သူအလွန်စိတ်ထိခိုက်သည်။ အချို့နေ့ရက်များတွင် သူသည် ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ တွင် ဖော်ပြသည့် ရှိမုန် ပေတရုကဲ့သို့ ခံစားရသည်။
ရှိမုန်သည် တစ်ညလုံး ကြိုးစားပမ်းစား ငါးရှာသော်လည်းငါးတစ်ကောင်မျှမရသဖြင့် (း၅)၊ ပင်ပန်းနွမ်းနယ်၍ စိတ်ပျက် နေခဲ့သည်။ ခရစ်တော်က “ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့” (း ၄) ဟု ပြောလျှင် ရှိမုန်က “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” ဟုပြန်လျှောက်လေ၏(း…

အချိုနှင့်အချဉ်

လမ်းလျှောက်တတ်ခါစကျွန်မသားငယ်သည် သံပုရာသီးခြမ်းကို ကိုက်မိရာ နှာခေါင်းကိုရှုံ့၊လျှာကိုထုတ်၊ မျက်လုံးကိုမှိတ်ပြီး “ရှဉ်တယ်”(ချဉ်တယ်) ဟု စကား မပီကလာ ပီကလာနှင့်ပြောသည်။ ကျွန်မ တခစ်ခစ်ရယ်လျက် သံပုရာသီးခြမ်းကိုယူပြီး အမှိုက်တောင်းထဲသို့ ပစ်ထည့်ရန် ပြင်လိုက်သည်။
သူက ကျွန်မထံ ကမူးရှူးထိုးပြေးလာရင်း “မပစ်နဲ့၊ ထပ်ပေးအုံး” ဟုပြောရင်း သံပုရာခြမ်းကို စုပ်လျက် တစ်မြုံ့မြုံ့ လုပ်နေသည်။ နောက်ဆုံး ကျွန်မကို သံပုရာခွံပေးပြီး ထွက်သွားရာ ကျွန်မ မျက်နှာရှုံမိပါသည်။
ကျွန်မ၏အသက်တာတွင် ချိုမြိန်သော အတွေ့အကြုံ များကိုသာ တွေ့ကြုံခံစားလိုသည်။ ထို့ကြောင့် ခါးသီးသော အရာကို မကြုံတွေ့လိုသော ချဉ်တူးသောဆင်းရဲဒုက္ခကို မနှစ်မြို့သော ကျွန်မ၏ခံစားမှုကို မျှဝေခံစားသူ ယောဘ၏ ဇနီးကို ပြန်လည် သတိရမိသည်။
အမှန်စင်စစ် ဆင်းရဲခြင်းဒုက္ခဝေဒနာများ ရင်ဆိုင် ရခြင်းကို ယောဘလည်း မပျော်ပါ။ သို့သော် သူမလိုလားသည့် အခြေအနေများကြားတွင် ဘုရားသခင်ကို ချီးမြှောက်ခဲ့သည်…