သာမန်လူများ
ဂိဒေါင်သည် သာမန်လူ တစ်ဦးပါ။ တရားသူကြီးမှတ်စာ ၆ တွင် မှတ်တမ်းတင်ထားသော
သူ၏အကြောင်းကို ကျွန်ုပ် ခွန်အားရသည်။ သူသည် လယ်သမားတစ်ဦးသာဖြစ်ပြီး
ရှက်ကြောက်တတ်သောသူ ဖြစ်သည်။ မိဒျန်လူမျိုးတို့၏ရန်မှ ဣသရေလလူမျိုးတို့
လွတ်မြောက်စေရန် သူ့ကို ဘုရားသခင် ခေါ်သောအခါ
ဂိဒေါင်၏မူလတုံ့ပြန်မှုမှာ ‘‘အိုသခင်၊ အကျွန်ုပ်သည်
ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။
အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲ
ပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌
အယုတ်ဆုံးသောသူဖြစ်ပါ၏’’ (သူကြီး ၆း၁၅)။ ဘုရားသခင်
က ဂိဒေါင်နှင့်အတူ ရှိမည်ဖြစ်ပြီး စေခိုင်းသောအရာကို
အောင်မြင်ပြီးမြောက်လိမ့်မည်ဟု ကတိပေးခဲ့သည် (း ၁၆)။
ဂိဒေါင်၏နာခံမှုကြောင့် ဣသရေလလူတို့ အောင်ပွဲရခဲ့ပြီး
ကြီးမြတ်သော ယုံကြည်ခြင်းသူရဲကောင်းတစ်ဦးအဖြစ်
စာရင်းဝင်ခဲ့သည် (ဟေဗြဲ ၁၁း၃၂)။
အင်အားတောင့်တင်းသော ရန်သူများလက်မှ ဣသရေလလူမျိုးတို့အား
ကယ်တင်ခဲ့သော အကြံအစည်၌ အခြား လူတစ်ဦးချင်းစီသည်လည်း အရေးပါသော
နေရာမှ ပါဝင်ခဲ့ကြသည်။ တိုက်ပွဲအောင်မြင်ရန် ဘုရားသခင်သည် ဂိဒေါင်အား လူ ၃၀၀
ထောက်ပံ့ပေးခဲ့ပြီး သူတို့အားလုံးမှာ ရဲရင့်သောသူရဲကောင်းများ ဖြစ်ကြသည်။ သူတို့၏
နာမည်များကို မဖော်ပြသော်လည်း သူတို့၏ရဲစွမ်းသတ္တိနှင့်နာခံမှုကို ကျမ်းစာက
မှတ်တမ်းတင်ထားသည် (တရား…