စာရေးသူ

အားလုံးမြင်နိုင်ရန်
Sheridan Voysey

ရှရီဒန်ဗွိုင်စေး

ရှရီဒန်ဗွိုင်ဆေး (Sheridan Voysey)သည် စာရေးဆရာ၊ ဟောပြောပို့ချသူနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အောက်စဖို့ဒ် အခြေစိုက် အသံလွှင့်ဌာနမှ အစီအစဉ်ထုတ်လွှင့်တင်ဆက်သူတစ်ဦး ဖြစ်သည်။ သူသည် The Making of Us: Who We Can Become When Life Doesn’t Go as Planned၊ Resurrection Year: Turning Broken Dreams into New Beginnings၊ Discovery House ပုံနှိပ်တိုက်မှ ထုတ်ဝေသော Resilient: Your Invitation to a Jesus-Shaped Life နှင့် စာပေဆုရ Unseen Footprints စာအုပ်များ အပါအဝင် စာအုပ် (၇) အုပ်ကို ရေးသားခဲ့သည်။ သူသည် BBC Radio 2 ၏ Breakfast Show (လူ ၁၀ သန်း နေ့စဥ်နားထောင်လျက်ရှိသော “နံနက်စာ အစီအစဥ်”) ဖြစ်သည့် Pause for Thought (စိတ်ကူးအတွေးအတွက် ခေတ္တရပ်နားခြင်း) ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်တွင် အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်သည်။ သူသည် အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်း နှင့် ဩစတြေးလျနိုင်ငံများ သာမက ကမ္ဘာတစ်ဝန်းရှိ အခြား အသံလွှင့်အစီအစဥ်အစဥ်များတွင် ပုံမှန် ဧည့်သည်တစ်ဦး အနေနှင့်ပါဝင်တင်ဆက်ပြီး ညီလာခံနှင့် အခမ်းအနားများ၌ ပုံမှန် ဟောပြောပို့ချရသူဖြစ်သည်။ ရှရီဒန်သည် blogs နှင့် podcast များကို sheridanvoysey.com ဝဘ်ဆိုဒ်၌ တင်ဆက်လျက်ရှိပြီး၊ Facebook, Twitter နှင့် Instagram တို့တွင် သူနှင့် တွေ့ဆုံနိုင်ဖို့ သူက သင့်ကို ဖိတ်ခေါ်ပါသည်။

စာမူ/ အကြောင်းအရာ များ ရှရီဒန်ဗွိုင်စေး

စမတ်ဖုန်းကရုဏာ

မှာထားသည့် အစားအသောက် ပို့လာရန် နောက်ကျနေသလား။ ဖုန်းဖြင့် အစာပို့သူအား ကြယ်တစ်လုံးအဆင့် သတ်မှတ်လိုက်၍ရသည်။ ဆိုင်ရှင်က မချေမငံ ဆက်ဆံ နေသလား။ သူမနှင့်ပက်သက်၍ ဝေဖန်စာ ရေးနိုင်သည်။ စမတ်ဖုန်းများသည် ကျွန်ုပ်တို့ ဈေးဝယ်ထွက်နိုင်ရန်၊ သူငယ်ချင်းများနှင့် အဆက်အသွယ်ရှိနေရန် ကူညီပေး သည်သာမက ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦး လူသိရှင်ကြား အဆင့်သတ်မှတ်နိုင်သည့် အာဏာကိုပါ ပေးထားသည်။ ထိုအရာသည် ပြဿနာဖြစ်လာနိုင်ပါသည်။

ထိုသို့ တစ်ဦးနှင့်တစ်ဦး အဆင့်သတ်မှတ်ခြင်းက အခြေအမြစ်မရှိသော ဝေဖန် ဆုံးဖြတ်မှုများ ဖြစ်လာနိုင်ခြင်းကြောင့် ပြဿနာဖြစ်သည်။ အစားအသောက် ပို့သူက သူထိန်းချုပ်၍မရသည့် အခြေအနေကြောင့် နောက်ကျခဲ့၍ ကြယ်တစ်ပွင့်သာ ရခဲ့သည်။ ဆိုင်ရှင်သည် ကလေးနေမကောင်းသဖြင့် တစ်ညလုံး‌စောင့်ကြည့်ခဲ့ရ၍ မကောင်းသည့်ဝေဖန်စာကို ရခဲ့သည်။ ဤကဲ့သို့ အခြားသူများအပေါ် မတရား သဖြင့် အဆင့်သတ်မှတ်ခြင်းကို ကျွန်ုပ်တို့ မည်သို့ ရှောင်ရှားနိုင်မည်နည်း။

ဘုရားရှင်၏သဘောလက္ခဏာများကို အတုယူခြင်းဖြင့်…

ဧည့်သည်ကို ကြိုဆိုခြင်း

ထောင်နှင့်ချီသော စစ်ရှောင် ယူကရိန်းအမျိုးသမီးများနှင့် ကလေးများ ဘာလင်မီးရထားဘူတာသို့ ရောက်ရှိလာချိန်တွင် ဂျာမန်မိသားစုများက သူတို့၏နေအိမ်များတွင် ခိုလှုံရန် ကမ်းလှမ်းချက် လက်လုပ်ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည်ကို အံ့အားသင့်ဖွယ်မြင်တွေ့ခဲ့ကြသည်။ ဆိုင်းဘုတ်များတွင် “လူနှစ်ယောက် လက်ခံလို့ရတယ်”၊ “အခန်းကြီးကြီးရှိတယ်” စသည်ဖြင့် ရေးထားသည်။ သူစိမ်းများကို အဘယ့်ကြောင့် ဤသို့ ဧည့်ဝတ်ပြုရသနည်းဟု အမျိုးသမီးတစ်ဦးကိုမေးရာ နာဇီများရန်မှ ထွက်ပြေးစဉ်တွင် သူ၏မိခင်သည် ခိုလှုံရန်နေရာလိုအပ်ခဲ့သကဲ့သို့ ယခုကဲ့သို့ အချိန်တွင်လည်း အခြားလိုအပ်နေသူများကို ကူညီလို၍ဖြစ်ကြောင်း ပြောသည်။

တရားဟောရာကျမ်းတွင် မိမိတို့၏ဇာတိမြေနှင့် ဝေးကွာနေသူတို့အား ပြုစုစောင့်ရှောက်ရန် ဣသရေလလူမျိုးတို့အား ဘုရားသခင်မိန့်ကြားခဲ့သည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိဘမရှိသောသူငယ်၊ မုဆိုးမနှင့် ဧည့်သည်အာဂန္တုတို့ကို ကြည့်ရှုစောင့်ရှောက်သူ ဖြစ်သောကြောင့်တည်း (၁၀:၁၈)။ ထို့ပြင်ဣသရေလလူမျိုးတို့သည် ထိုသို့သော အားငယ်ဖွယ်အဖြစ်ကို ကြုံဖူးကြသည်။ “သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ” (၁၀:၁၉)။ ကိုယ်ချင်းစာ တရားသည် ၎င်းတို့၏ ကူညီဖေးမမှု ဖြစ်ပေါ်လာစေရန်…

မည်သည့်ပညာကို ဆည်းပူးမည်နည်း

၂၀၁၈ ခုနှစ် အီစတာနေ့မတိုင်မီလေးတွင် အကြမ်းဖက်သမားတစ်ဦးသည် စျေးထဲတွင် လူနှစ်ဦးကို သတ်ပစ်ခဲ့ပြီး၊ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ်ဖမ်းသွားသည်။ အမျိုးသမီးကို ပြန်လွှတ်ပေးရန် ကြိုးပမ်းမှု မအောင်မြင်သောအခါ ရဲတစ်ဦးက ထိုအမျိုးသမီးအစား သူ့ကိုခေါ်သွားရန် အကြမ်းဖက်သမားကို ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းမှုသည် လူများတွေးထင်နေကြ ဉာဏ်ပညာနှင့် ဆန့်ကျင်နေသောကြောင့် အံ့ဩစရာဖြစ်ခဲ့သည်။ လူမှုကွန်ယက်မီဒီယာတွင် တင်ထားသော လူတို့အမွမ်းတင်သည့် နာမည်ကြီး ကိုးကားချက် အဆိုများ၊ စကားများကို ကြည့်ခြင်းဖြင့် ခေတ်ယဉ်ကျေးမှုတစ်ခု၏ “အသိပညာ”ကို အမြဲပြောနိုင်သည်။ လူကြိုက်များသော ကိုးကားချက်တစ်ခုမှာ “ဘဝရဲ့အကြီးမားဆုံးစွန့်စားမှုက ကိုယ့်အိပ်မက်အတိုင်း ရှင်သန်နေထိုင်ခြင်းပါပဲ” ပင်ဖြစ်သည်။ တစ်ဖန် “ကိုယ့်ကိုယ်ကို အရင်ချစ်၊ ပြီးရင် တခြားအရာအားလုံးက အဆင်ပြေသွားလိမ့်မယ်”၊ “မင်းအတွက် မင်းလုပ်စရာရှိတာကို လုပ်ပါ” စသည်ဖြင့် ဆိုကြပြန်သည်။ ရဲအရာရှိသည် ထိုအကြံဉာဏ်များကို လိုက်နာခဲ့လျှင် သူ့အကျိုးကိုသာ ရှေ့တန်းတင်ပြီး ထွက်ပြေးသွားလိမ့်မည်။

တမန်တော်ရှင်ယာကုပ်က ကမ္ဘာပေါ်တွင် “ဇာတိပကတိပညာ”…

ခရစ်တော်၌ မတူညီခြားနားခြင်း

စီးပွားရေး သရုပ်ခွဲလေ့လာသူ Francis Evans (ဖရန်စစ်အဲဗန်စ်)သည် တစ်ချိန်က အာမခံပေါ်လစီရောင်းသူ (၁၂၅) ယောက်၏ အောင်မြင်မှုသော့ချက်ကို လေ့လာခဲ့ရာ၊ အံ့ဩစရာမှာ သူတို့၏ကျွမ်းကျင်မှုအရည်အချင်းက အဓိက မဟုတ်ဘဲ၊ သူတို့၏ဖောက်သည်များသည် နိုင်ငံရေး၊ ပညာရေးနယ်ပယ်များတွင် သူတို့စိတ်ဝင်စားသည့်ကဏ္ဍများ တူညီသူ၊ အရပ်အမောင်း မတိမ်းမယိမ်းတူညီသူ အရောင်းသမားများထံမှ ဝယ်ယူမှု ပိုများသည်ကို အဲဗန်စ် တွေ့ရှိခဲ့သည်။ ၎င်းကို ပညာရှင်များက ‘homophily’ (ဟိုမားဖီလီ) - မိမိနှင့်စိတ်တူကိုယ်တူဖြစ်သူများကို လိုလားခြင်း ဟုခေါ်ဆိုကြသည်။

အခြားသော ဘဝကဏ္ဍများတွင်လည်း ဟိုမားဖီလီများ ရှိနေပြီး၊ အသွင်တူသူ အချင်းချင်းသာ လက်ထပ်ခြင်း၊ မိတ်ဖွဲ့လိုခြင်း စသည်ဖြင့် တွေ့ရသည်။ ၎င်းသည် သဘာဝဖြစ်သော်လည်း သတိမချပ်ပါက ပျက်စီးခြင်းသို့ ရောက်သွားနိုင်သည်။ “မိမိနှင့်တူသောပုံစံ”ကိုသာ လိုလားမည်ဆိုလျှင်၊ လူ့အဖွဲ့အစည်းသည် လူမျိုးရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအက်ကြောင်းများအတိုင်း အက်ကွဲသွားနိုင်သည်။
ပထမရာစုတွင် ဂျူးလူမျိုးအချင်းချင်း၊ ဂရိလူမျိုးအချင်းချင်းသာ…

သင်္ဘောကုန်းပတ်အောက်ထပ်တွင် ရှိသူများ

ကျွန်တော့်သူငယ်ချင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ‘Africa Mercy’ (အာဖရိက ကရုဏာ) အမည်ရှိ သင်္ဘောဆေးရုံပေါ်တွင် အလုပ်လုပ်သည်။ ရာနှင့်ချီသောလူနာများစွာကို ဝန်ထမ်းများက နေ့စဉ်ဆေးကုသပေးရသည်။ သို့မဟုတ်ပါက သူတို့အနာသက်သာမည် မဟုတ်ပေ။

အခါအားလျော်စွာ တီဗွီရိုက်ကူးရေးအဖွဲ့များသည် သင်္ဘောပေါ်သို့ တက်လာကာ အာခေါင်ကွဲလူနာ၊ ခြေပြားခွင်သော လူနာများကို အံ့သြဖွယ်ကုသပေးနေသော ဝန်ထမ်းများအား ကင်မရာများချိန်၍ ရိုက်ကူးလေ့ရှိသည်။ တစ်ခါတစ်ရံ သူတို့သည် ကုန်းပတ်အောက်ထပ်ရှိ အခြားသောဝန်ထမ်းများကို တွေ့ဆုံမေးမြန်းတတ်သော်လည်း Mick (မစ်ခ်) လုပ်နေရသောအလုပ်ကို သတိမထားမိကြပေ။
မစ်ခ် သည် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူအား အလုပ်ခန့်သည့်နေ့က သင်္ဘော၏ အညစ်အကြေးများစွန့်ပစ်ရာ မိလ္လာဌာန၌ တာဝန်ချသည့်အတွက် သူအလွန်အံ့သြမိသည်။ နေ့စဉ် အဆိပ်အတောက် အညစ်အကြေး လီတာ (၄၀,၀၀၀) ခန့်ကို ရှင်းထုတ်ပေးရသောအလုပ်သည် အလွန်အရေးကြီးသောအလုပ်ဖြစ်သည်။ မစ်ခ် သာ ထိုပိုက်များ၊ ပန့်စုပ်စက်များကို ဂရုမစိုက်ပါက…

ရေမျောကမ်းတင် ယုံကြည်ခြင်း

၁၉၆၅ ခုနှစ်၊ ဇွန်လတွင် သမုဒ္ဒရာအတွင်း ပျံ့ကြဲနေသော ကျွန်းများဖြင့် ဖွဲ့စည်းထားသည့် Polynesia (ပိုလီနီးစီးယား) နိုင်ငံတစ်ခုဖြစ်သော Tonga (တုန်ဂါ) ကျွန်းမှ Tongan (တုန်ဂန်) လူငယ် (၆) ယောက်သည် စူးစမ်း စွန့်စားလျက် သူတို့နေထိုင်ရာကျွန်းမှ ထွက်ခွာလာခဲ့သည်။ သို့သော် ပထမညတွင်ပင် လေမုန်တိုင်းဒဏ်ကြောင့် သူတို့လှေ၏ ရွက်တိုင်နှင့်တက်မ ကျိုးသွားကာ အစားအစာနှင့်သောက်ရေ ပြတ်လပ်ပြီး လူမနေသော ‘Ata (အာတာ) ကျွန်းသို့ မရောက်မီ ရက်ပေါင်းများစွာ ရေထဲတွင် မျောနေသည်။ (၁၅) လကြာပြီးမှ သူတို့ကို ရှာတွေ့ခဲ့သည်။

လူငယ်လေးများသည် အာတာကျွန်းပေါ်တွင် ဆက်လက်အသက်ရှင်နိုင်ရန် စိုက်ပျိုးရေးခြံလေးတစ်ခုဖန်တီး၍ သစ်လုံးထွင်းပြီး မိုးရေသိုလှောင်ခဲ့ကြသည်။ ယာယီ အားကစားလေ့ကျင့်ရုံတစ်ခုကိုပင် ဆောက်လုပ်ခဲ့ကြသည်။ လူငယ်တစ်ဦး ချောက်ကမ်းပါးမှ လိမ့်ကျပြီး ခြေကျိုးသွားရာ၊ သူ့သူငယ်ချင်းများက သစ်ချောင်း၊ သစ်ရွက်များဖြင့် ဆေးကုပေးခဲ့ကြသည်။ အငြင်းပွားမှုများ…

ပြိုင်ကားငယ်ကို ပြုပြင်ခြင်း

ကျွန်တော်ကလေးဘဝက နေခဲ့သောအိမ်ရှိ ကားဂိုဒေါင်နှင့်ပတ်သက်ပြီး အမှတ်တရများစွာရှိခဲ့သည်။ စနေနေ့မနက်ခင်းများ၌ အဖေက ကားကို ဂိုဒေါင်အပြင်ဘက်ထုတ်ကာ ကျွန်တော်အနှစ်သက်ဆုံးအလုပ်ဖြစ်သည့် ပြိုင်ကားငယ်အပျက်တစ်စီးကို ပြုပြင်ရန်အတွက် နေရာပေးခဲ့သည်။ ကားဂိုဒေါင်ကြမ်းပြင်ပေါ်၌ ထိုကားလေးကို ဘီးအသစ်နှင့် ပြိုင်ကားဆန်ဆန် ပလပ်စတစ် လေကာတစ်ခု တပ်ဆင်ပေးခဲ့သည်။ အဖေက ကားအသွားအလာကို ကြည့်ပေးပြီး၊ ကျွန်တော်က ကားလမ်းအတိုင်း ပြိုင်ကားလေးကို မောင်းလိုက်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ အတိတ်ကိုပြန်လှည့်ကြည့်ရင်း ထိုကားဂိုဒေါင်၌ ပြိုင်ကားပြင်ခြင်းမက အမှုအရာများစွာဖြစ်ပျက်ခဲ့သည်ကို မြင်ယောင်မိသည်။ လူငယ်လေးတစ်ဦးသည် ဖခင်၏ပုံသွင်းပြုပြင်မှုကို ခံယူခဲ့ရပြီး ထိုဖြစ်စဉ်၌ ဘုရားသခင်ကို သူတစ်စွန်းတစ်စ သိမြင်ခဲ့ရသည်။

လူသားများသည် ဘုရားသခင်၏ သဘာဝသဏ္ဌာန်တော်အတိုင်း ပုံသွင်းဖန်ဆင်းခံကြရသည် (က ၁:၂၇-၂၈)။ လူသားမိဘများ၏ အုပ်ထိန်းစောင့်ရှောက်မှု မူလအရင်းအမြစ်မှာလည်း ဘုရားသခင်၌ အစပြုပါသည်။ အကြောင်းမှာ ဘုရားသခင်သည် “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံးတည်းဟူသော သားတော်အပေါင်းတို့၏အချုပ်အခြာ ... ခမည်းတော်” ဖြစ်တော်မူသောကြောင့်တည်း (ဧ…

ရာသီဥတုများ

မကြာမီက “ဆောင်းခိုခြင်း” ဟူသည့် အ‌ထောက်အကူပြု စကားလုံးကို ကျွန်တော်တွေ့ရှိခဲ့သည်။ ဆောင်းရာသီသည် သဘာဝလောက၏အရှိန်ကို နှေးစေသည့်အချိန်ဖြစ်သောကြောင့် စာရေးဆရာမ Katherine May (ကက်သရင်းမေ)က ဘဝ၏ “အေးစက်စက်နိုင်၍ခက်ခဲသော” ရာသီများတွင် အနားယူရန်နှင့် ပြန်လည်အားဖြည့်ရန် လိုအပ်မှုကို ဖော်ပြရန် ဤစကားလုံးကို သုံးခဲ့သည်။ ကင်ဆာရောဂါကြောင့် အဖေ့ကို ဆုံးရှုံးခဲ့ရပြီးနောက် လများစွာ ကျွန်တော်အားအင်မဲ့စွာခံစားခဲ့ရ၍ ထိုနှိုင်းယှဥ်ချက်က အထောက်အကူဖြစ်ခဲ့သည်။ ဤသို့အရှိန်လျှော့ရခြင်းကို မကျေမချမ်းဖြစ်ပြီး၊ နွေရာသီဘဝ ပြန်ရောက်လာရန်ဆုတောင်းရင်း ကျွန်တော်၏ ဆောင်းရာသီကို တွန်းလှန်ခဲ့သည်။ သို့သော် ကျွန်တော်သင်ယူစရာများစွာ ရှိခဲ့သည်။

စိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်၊ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်၊ ညဥ်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန် စသည်ဖြင့် “မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ”ကြောင်း ဒေသနာကျမ်း၏ဖော်ပြချက်က (၃:၁-၄) ထင်ရှားလှသည်။ ထိုကျမ်းပိုဒ်ကို ကျွန်တော်နှစ်ပေါင်းများစွာ ဖတ်ခဲ့သော်လည်း ကျွန်တော့်ဘဝ၏ ဆောင်းခိုချိန်တွင်မှ ၎င်းကို နားလည်သဘောပေါက်ခဲ့သည်။ ထိုအရာများအပေါ်…

အမှန်တရားကို ရှာဖွေသူများ

အမျိုးသမီးတစ်ဦးသည် သူမ၏အသင်းတော်ကို တစ်စစီကွဲစေသည့် သဘောထားကွဲလွဲမှုတစ်ခုအကြောင်း ကျွန်တော့်အား ပြောပြခဲ့ဖူးသည်။ “ဘာသဘောထားကွဲလွဲမှုလဲ” ဟု သူ့ကိုမေးရာ “ကမ္ဘာကြီးက ပြားတယ်၊ မပြားဘူးဆိုတဲ့ အချက်နဲ့” ဟု ပြန်ဖြေသည်။ လအနည်းငယ်အကြာတွင် စားသောက်ဆိုင်နောက်ခန်းတွင် ညှဥ်းပန်း နှိပ်စက်ခံရသည်ဟု ယူဆရသော ကလေးငယ်များကို ကယ်တင်ရန် ထိုဆိုင်ထဲသို့ လက်နက်ကိုင် ခရစ်ယာန်အမျိုးသားတစ်ဦး ဗြုန်းခနဲ ဝင်ရောက်ခဲ့သည့်သတင်း ထွက်ပေါ်လာသည်။ ထိုဆိုင်တွင် နောက်ခန်းမရှိပေ။ သူလည်း အဖမ်းခံခဲ့ရသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် ပါဝင်ပတ်သက်သူများသည် အင်တာနက်ပေါ်တွင် သူတို့ဖတ်ခဲ့ရသော မမှန်မကန်လုပ်ကြံသတင်းများကို ယုံပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သခင်ယေရှုကို ယုံကြည်သူများအား နိုင်ငံသားကောင်းများဟု ခေါ်ဆိုကြပြီး (ရော ၁၃:၁-၇)၊ နိုင်ငံသားကောင်းများသည် သတင်းမှားကို မဖြန့်ဝေကြပေ။ ရှင်လုကာခေတ်တွင် သခင်ယေရှုနှင့်ပတ်သက်သော အဖြစ်အပျက်များစွာပြန့်ခဲ့ပြီး (လု ၁:၂) အချို့မှာ မတိကျပါ။ သူကြားသမျှကို သတင်းဖြန့်မည့်အစား ရှင်လုကာသည် အခြေခံကျကျ စုံစမ်းသော…

သူငယ်ချင်း ငှားရမ်းမလို့လား

ကမ္ဘာပေါ်ရှိ လူများစွာအတွက် ဘဝကြီးက ပို၍ အထီးကျန်စရာကောင်းလာသည်။ ၁၉၉၀ ခုနှစ်မှစ၍ မိတ်ဆွေသူငယ်ချင်းမရှိသည့် အမေရိကန် လူဦးရေမှာ လေးဆအထိ တိုးလာခဲ့သည်။ ဥရောပနိုင်ငံအချို့တွင် အထီးကျန်နေသည်ဟု ခံစားနေရသူ (၂၀၀) ရာခိုင်နှုန်း အထိ တိုးလာပြီး၊ ဂျပန်နိုင်ငံတွင်လည်း သက်ကြီး ရွယ်အိုများသည် ထောင်ထဲတွင် အဖော်ရှာရန် ရာဇဝတ်မှုများကို ကျူးလွန်လာကြသည်။

စီးပွားရေးလုပ်ငန်းရှင်များက ထိုအထီးကျန်မှုကပ်ရောဂါအတွက် ‘rent-a-friend’ (သူငယ်ချင်းငှားရမ်းမှု) ဟူသည့် “အဖြေ”ကို ရှာတွေ့ခဲ့သည်။ ထိုလူများကို တစ်နာရီစာ ငှားရမ်း၍ရနိုင်ပြီး ကဖေးဆိုင်၌ တွေ့ဆုံစကားပြောခြင်း (သို့) ပါတီပွဲသို့အဖော်လိုက်ပေးခြင်းများ ပြုလုပ်ပေးသည်။ ထိုကဲ့သို့ “အငှားသူငယ်ချင်း” တစ်ယောက်အား သူမ၏ဖောက်သည် မည်သူဖြစ်သည်ကို မေးမြန်းရာ၊ “အထီးကျန်နေတဲ့ အသက် (၃၀) နှင့် (၄၀) ကြားအရွယ် အတတ်ပညာရှင်တွေပေါ့။ အချိန်အများကြီး အလုပ်တွေလုပ်နေကြလို့ မိတ်ဆွေသူငယ်ချင်းဖွဲ့ဖို့ အချိန်မရှိကြဘူးလေ” ဟု သူမ…