ခြေရင်းသို့ မိမိကိုယ်ကိုပစ်လွှတ်ခြင်း
၂၀၂၁ ခုနှစ်တွင် သမိုင်းတစ်လျှောက် အဝေးဆုံး မြှားပစ်သမားတစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ရှိသော အင်ဂျင်နီယာတစ်ယောက်သည် ၂၀၂၈ ပေ အကွာအဝေးကို စံချိန်တင်ရန် ရည်ရွယ်ခဲ့သည်။ ဆားပြင်ပေါ်တွင် ပက်လက်လှဲလျောင်းလျက် သူကိုယ်တိုင် ပုံစံထုတ်ထားသော ခြေထောက်နှင့်ပစ်ရသောလေး၏ လေးကြိုးကို တင်ပြီး၊ တစ်မိုင်ကျော် (ပေ ၅၂၈၀) အကွာအဝေးကို စံချိန်သစ်တင်နိုင်မည်ဟု မျှော်လင့်ကာ မြှားတစ်စင်းကို ပစ်လွှတ်ရန် ပြင်ဆင်ခဲ့သည်။ အသက်ပြင်းပြင်းရှူရင်း မြှားကိုလွှတ်လိုက်သည်။ တစ်မိုင်ခရီး မရောက်ခဲ့ပါ။ လက်တွေ့တွင် ၎င်းသည် ၁ ပေ ထက်နည်းသော သူ၏ခြေရင်းသို့ကျပြီး၊ အောင်မလေး၊ သိသိသာသာ ထိခိုက်ပျက်စီးမှုသာ ဖြစ်စေခဲ့သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် လွဲမှားသော ရည်မှန်းချက်များဖြင့် မိမိကိုယ်ကို ချိန်မိ၊ ပစ်မိနိုင်သည်။ ယာကုပ်နှင့် ယောဟန်တို့သည် ကောင်းသောအရာတစ်စုံတစ်ခုကို ရည်မှန်းချက် ကြီးကြီးထားပြီး ရှာဖွေခြင်း၏ အဓိပ္ပာယ်ကို သိသည်။ သို့သော် ၎င်းတို့၏ အကြောင်းပြချက်က…
လွတ်လပ်ကျယ်ဝန်းသည့်နေရာကို ရှာဖွေခြင်း
“အနားယူအားဖြည့်ရမယ့်အချိန်ကို ကျွန်ုပ်တို့လိုအပ်တယ်။ တွေးတောဆင်ခြင်ဖို့ လွတ်လပ်မှုနဲ့ အနာကုစားဖို့အခွင့် ကျွန်ုပ်တို့လိုအပ်တယ်။ မြန်ဆန်တဲ့အရှိန်အဟုန်ကြောင့် ဆက်ဆံရေးတွေ သေဆုံးဖို့ တာစူနေပြီ။ အရှိန်အဟုန်မြင့် ကောင်းမွန်တဲ့ ရည်မှန်းချက်တွေရဲ့ဖိစီးမှုကြောင့် ကျွန်ုပ်တို့ရဲ့ ကလေးတွေ ဒဏ်ရာတွေနဲ့ လဲပြိုနေကြပြီ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့မောပန်းနွမ်းနယ်တာကို နှစ်ခြိုက်နေတယ်ဆိုတဲ့သဘောလား။ လူတွေကို သာယာတဲ့မြစ်နား သူမခေါ်သွားတော့ဘူးလား။ အတိတ်က လွတ်လပ်ကျယ်ဝန်းတဲ့နေရာတွေကို ဘယ်သူက အဓမ္မလုယူသွားတာလဲ။ အဲဒါတွေကို ကျွန်ုပ်တို့ ဘယ်လို ပြန်လည်ရယူနိုင်မလဲ” ဟု ‘Margin’ (အနားသတ်မျဉ်း) ဟူသည့်စာအုပ်၌ ဒေါက်တာ Richard Swenson (ရစ်ချတ်စွမ်စန်) ရေးသားထား သည်။ ဘုရားသခင်၌ အနားယူကာ သူနှင့်တွေ့ဆုံနိုင်မည့် ဆိတ်ငြိမ်လျက် အကျိုး ဖြစ်စေသည့် ဘဝ၏“နေရာ”ကို ကျွန်ုပ်တို့လိုအပ်သည်ဟု စွမ်စန်က ဆိုသည်။
၎င်းက မည်သည်ကို ထင်ဟပ်နေသနည်း။ လွတ်လပ်ကျယ်ဝန်းသော အနားယူ အားဖြည့်ရာနေရာများကို ရှာဖွေခြင်းသည် မောရှေကောင်းစွာ အသက်ရှင်ခဲ့သည့်…
ကိုယ်တိုင်တာဝန်ယူမှု
ကျွန်တော့်သူငယ်ချင်း၏မျက်လုံးများက ကျွန်တော်ကိုယ်တိုင်ခံစားနေရသည့် “ကြောက်ရွံ့မှု”ကို ဖော်ပြနေသည်။ ကျွန်တော်တို့ ဆယ်ကျော်သက်နှစ်ယောက်သည် ဆိုးဝါးစွာပြုမူခဲ့ပြီး၊ ယခု သင်တန်းတာဝန်ခံ ရှေ့မှောက်တွင် ကုပ်ကုပ်လေးဖြစ်နေပါသည်။ သူက ကျွန်တော်တို့ ဖခင်များကိုသိပြီး၊ မေတ္တာနှင့်ကျွန်တော်တို့ကို ပြောနေသော်လည်း ကျွန်တော်တို့ဖခင်များ မည်မျှ စိတ်ပျက်သွားမည်ကို ပြတ်သားစွာဖော်ပြခဲ့သည်။ ကိုယ့်အပြစ်ကြောင့် မိမိကိုယ်တိုင်၌သာ တာဝန်ရှိကြောင်း ဝန်ထုပ်ကြီးကြောင့် စားပွဲအောက်သို့သာ တိုးဝင်ပုန်းလိုက်ချင်တော့သည်။
ဘုရားသခင်သည် အပြစ်အတွက် ကိုယ်တိုင်တာဝန်ယူမှုနှင့် ပတ်သက်သည့် ကြီးလေးသော စကားလုံးများပါဝင်သော၊ သတင်းစကားကို ယုဒလူမျိုးအတွက် ပရောဖက်ဇေဖနိမှတစ်ဆင့် ပေးခဲ့သည် (ဇေ ၁:၁၊ ၆-၇)။ ယုဒ၏ရန်သူများထံ ကျရောက်စေမည့် ဘေးနှင့်စီရင်ချက်ချခြင်းများကို ဖော်ပြပြီးနောက် (အခန်းကြီး ၂)၊ ဘုရားသခင်သည် နေမထိထိုင်မသာဖြစ်နေသော အပြစ်ရှိသည့် သူ့လူများဘက်သို့ လှည့်ပြီး (အခန်းကြီး ၃)၊ “ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲတတ်သောမြို့သည် အမင်္ဂလာရှိ၏” (:၁)။ “သူတို့သည်ကြိုးစား၍ မှားယွင်းသောအကျင့်ကိုသာ ကျင့်ကြ၏”…
နာခံမှုအား လွှတ်ပေးလိုက်ခြင်း
ဆယ်ကျော်သက်လေး၏မျက်နှာ၌ စိတ်ပျက်မှုနှင့်ရှက်ရွံ့မှုတို့ အတိုင်းသားပေါ်နေသည်။ ချန်ပီယံဆုများစွာ အနိုင်ရထားခြင်းက သူမအား ရွှေတံဆိပ် ရမည်ဟု အာမခံနေသလို၊ စကိတ်လျှောစီး အားကစားသမားအနေနှင့် ပြိုင်ဘက်ကင်းသည့်အောင်မြင်မှုကို ရထားသည့် သူမသည် ၂၀၂၂ ခုနှစ်၊ ဆောင်းရာသီ အိုလံပစ်တွင် ပါဝင်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် သူမ၏သွေးထဲတွင် တားမြစ် ဆေးဝါးရှိနေကြောင်း ဆေးစစ်ချက်က ဖော်ပြနေသည်။ သူ့အပေါ် အလွန်ကြီးမားစွာ မျှော်လင့်ထားမှုနှင့် ဝေဖန်ရှုတ်ချမှု၏ ဖိစီးမှုကိုခံခဲ့ရပြီး၊ အလွတ်တမ်း လျှောစီးစဉ်တွင် အကြိမ်ကြိမ်ချော်လဲကာ၊ အောင်နိုင်သူတို့၏ စင်မြင့်ပေါ်သို့လည်း တက်ခွင့်မရ၊ ဆုလည်း မရခဲ့ပါ။ သတင်းမထွက်မီ သူမသည် ရေခဲပြင်ပေါ်တွင် အနုပညာနှင့်ဖန်တီးမှုတို့ကို ပြသခဲ့သော်လည်း စည်းကမ်းချိုးဖောက်သည်ဟူသော ယိုးစွပ်မှုသည် သူမ၏အိပ်မက်တို့ကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။
ကမ္ဘာဦးအစ ကျွန်ုပ်တို့လွတ်လပ်စွာ ရွေးချယ်ခွင့်ရချိန်တွင် နာခံခြင်း၏ အရေးပါမှုကို ဘုရားသခင်ဖော်ပြခဲ့သည်။ မနာခံခြင်းသည် အာဒံ၊ ဧဝနှင့် ကျွန်ုပ်တို့အားလုံးအပေါ် ဆိုးရွားသောအကျိုးဆက် သက်ရောက်စေခဲ့သည်။ အပြစ်တရားသည်…
ကျေးဇူးတော် နှင့် ပြောင်းလဲခြင်း
ပြစ်မှုက အလွန်တုန်လှုပ်စရာကောင်းပြီး ပြစ်မှုကျူးလွန်သူသည် တစ်သက် တစ်ကျွန်း စီရင်ချက်ချမှတ်ခံခဲ့ရသည်။ ထောင်သက် နှစ်အတန်ကြာပြီးနောက် တိုက်ပိတ်ခံရကာ စိတ်ပိုင်းဆိုင်ရာနှင့်ဝိညာဉ်ပိုင်းဆိုင်ရာကုသမှုကို စတင်ခံယူခဲ့ရသည်။ ထိုအမှုအရာက နောင်တစိတ်ကိုဖြစ်စေပြီး သခင်ယေရှုနှင့် မိတ်သဟာယကို ပြန်လည်ရရှိစေခဲ့သည်။ ယခုတွင် အာဏာပိုင်များက သူ့အား အခြားသောအကျဥ်းသားများနှင့် အကန့်အသတ်ဖြင့် တွေ့ဆုံခွင့်ပြုခဲ့သည်။ ထို့ပြင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် သူ၏သက်သေခံချက်ကို ကြားနာရသူအချို့မှာ သခင်၏ခွင့်လွှတ်ခြင်းကို တွေ့ရှိပြီး သခင်ခရစ်တော်အား ကယ်တင်ရှင်အဖြစ် လက်ခံလာခဲ့ကြသည်။
မောရှေသည် ယုံကြည်ခြင်း၌ အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံရသော်လည်း တုန်လှုပ်စရာပြစ်မှုကြီးကို ကျူးလွန်ခဲ့ဖူးသည်။ “မိမိအမျိုးသား ဟေဗြဲလူတစ်ယောက်ကို အဲဂုတ္တုလူက ရိုက်သည်ကိုမြင်လျှင်” သူသည် “ပတ်လည်ကို ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်”လေ၏ (ထွက် ၂:၁၁-၁၂)။ သူ၌အပြစ်ရှိစေကာမူ ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် မပြည့်စုံသောသူ၏ကျွန်ကို ဤနေရာ၌ ဇတ်လမ်းမပြီးစေပါ။ နောက်ပိုင်းတွင် သူ၏လူမျိုးတော်တို့ကို ဖိနှိပ်ညှဥ်းပန်းခြင်းဒဏ်မှ လွတ်မြောက်စေရန် မောရှေကိုသာရွေးချယ်ခဲ့သည်(၃:၁၀)။…
အရေပြားတစ်ထောက်ထက် သာလွန်သော
သခင်ယေရှုကိုယုံကြည်သူ လူငယ်လေး José (ဟိုစေး)သည် သူ့အစ်ကို၏ဘုရားကျောင်းသို့ ရောက်လာသည်။ ဝတ်ပြုခြင်းအစီအစဉ်မစမီ သန့်ရှင်းသော ဗိမ္မာန်သို့ဝင်လာစဉ် သူ့အစ်ကိုက သူ့ကိုမြင်လိုက်သည့်အခါ မျက်နှာငိုက်စိုက်ကျသွားသည်။ ဟိုစေး၏လက်မောင်းနှစ်ဘက်လုံး၌ ဆေးမင်ကြောင်များဖြင့်ဖုံးလွှမ်းနေပြီး တီရှပ်ဝတ်လာသည့်အတွက် ထင်းထင်းကြီးမြင်နေရသည်။ သူ့အစ်ကိုကသူ့အား အိမ်သို့ပြန်ပြီး အင်္ကျီလက်ရှည်ပြောင်းဝတ်ရန် ပြောသည်။ သူ့လက်မောင်းပေါ်ရှိ ဆေးမင်ကြောင်များက သူ၏အတိတ်မှအကြောင်းများကို ပြောပြနေသည်။ ဟိုစေးသည် သူ့ကိုယ်သူညစ်ညမ်းသည်ဟု ရုတ်တရက် ခံစားမိသည်။ သို့သော်လည်း အခြားသူတစ်ဦးက သူတို့ညီအကိုနှစ်ဦး ပြောဆိုနေသည်ကို ကြားပြီး ဟိုစေးအား သင်းအုပ်ဆရာထံ ခေါ်သွားကာ အကျိုးအကြောင်းကို ပြောပြသည်။ သင်းအုပ်က ပြုံးလျက် သူ၏အင်္ကျီကြယ်သီးကို ဖြုတ်ကာ သူ့အတိတ်ကိုဖော်ပြနေသည့် ရင်ဘတ်အပြည့် ထိုးထားသောဆေးမင်ကြောင်ကို ပြလိုက်သည်။ ဘုရားရှင်က သူ၏အတွင်းနှလုံးသားကို ဖြူစင်စေပြီးဖြစ်သည့်အတွက် သူ၏လက်မောင်းအား ဖုံးကွယ်ထားရန် မလိုပါဟု သင်းအုပ်က သူ့အား အသေအချာ ပြောပြခဲ့သည်။
သခင်ဘုရားက နှလုံးသားကို ဖြူစင်စေသည့်အတွက် ရရှိလာသည့်ဝမ်းမြောက်မှုကို…
အနည်းငယ်နှင့်အစပြုခြင်း
၁၈၈၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည့် Brooklyn Bridge (ဘရွတ်ကလင်း တံတား)သည် “အဌမမြောက် ကမ္ဘာ့အံ့ဘွယ်”အဖြစ် သတ်မှတ်ခြင်းခံရသည်။ သို့သော် တံတားတစ်စင်းမှတစ်စင်းသို့ သွယ်တန်းသော ကျစ်လစ်သောဝါယာကြိုးမျှင်သည် တံတားကြီးအတွက် အလွန်အရေးပါသောအရာဖြစ်သည်။ ပထမဝါယာကြိုးမျှင်တွင် နောက်ထပ်ဝါယာသုံးမျှင်ကို ထပ်ပြီး ခိုင်မာသောကြိုးဖြစ်လာသည်အထိ ယက်လုပ်ထားသည်။ ထို့နောက် သွပ်ရည်စိမ် သံကြိုးမျှင်ပေါင်း ငါးထောင်ကျော်ကို ထပ်ပိုး သွယ်တန်းခြင်းဖြင့် ယနေ့တွေ့ရသော ရှည်လျားခိုင်ခန့်သော တံတားတစ်စင်း ဖြစ်လာသည်။ သေးငယ်သောအရာဖြင့် အစပြုခဲ့သည့်အရာသည် ခိုင်ခန့်ကြီးမားသော ဘရွတ်ကလင်းတံတား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သခင်ယေရှု၏ဘဝသည် သေးနုပ်သောအရာမှ စတင်ခဲ့သည်။ မြို့ငယ်လေးတွင် ဖွားမြင်ပြီး၊ နွားစားခွက်တွင် သိပ်ထားခံရလျက် သူငယ်တော်၏ဘဝ အစပြုခဲ့သည် (လု ၂:၇)။ ပရောဖက်မိက္ခာက “အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း ဣသရေလအမျိုးကို အုပ်စိုးသောသခင်သည် ငါ့အဖို့ သင်၏အထဲမှာပေါ်ထွန်းလတံ့” (မိ…
ယုံကြည်ခြင်းဖြင့် ခိုင်မာစွာရပ်တည်နေခြင်း
Nokia (နိုကီယာ)သည် ၁၉၉၈ တွင် ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖုန်းကုမ္ပဏီ တစ်ခုဖြစ်လာခဲ့ပြီး ၁၉၉၉ တွင် အကျိုးအမြတ်ပေါင်း ၄ ဘီလီယံဒေါ်လာ နီးပါးထိ ရရှိခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် ရောင်းအားကျဆင်းလာခဲ့ပြီး၊ နာမည်ကျသွားသည့် ဖုန်းကုမ္ပဏီကို Microsoft (မိုက်ခရိုဆော့ဖ်)ကုမ္ပဏီမှ လွှဲပြောင်းရယူခဲ့သည်။ နိုကီယာ ဖုန်းကုမ္ပဏီ ကျရှုံးခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ ဆိုးရွားသည့်ဆုံးဖြတ်ချက်များကိုဖြစ်စေသည့် ကြောက်ရွံ့မှုကို အခြေခံသည့် ကုမ္ပဏီ၏ထုံးတမ်းကြောင့်ဖြစ်သည်။ မန်နေဂျာများသည် အလုပ်ဖြုတ်ခံရမှာစိုးသည့်အတွက် နိုကီယာ၏ အတွင်းပိုင်းစက်လည်ပတ်ရေးစနစ် ပရိုဂရမ်နှင့်အခြားဒီဇိုင်းပိုင်းဆိုင်ရာ ပြဿနာများကို အမှန်တိုင်းပြောရန် တွန့်ဆုတ်ခဲ့ကြသည်။
ယုဒရှင်ဘုရင်အာခတ်နှင့်သူ၏လူများသည် “တော၌ သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့” (ဟေရှာ ၇:၂) ကြောက်ရွံ့နေခဲ့ကြသည်။ ဣသရေလ ရှင်ဘုရင်နှင့် ရှုရိရှင်ဘုရင်တို့ ပူးပေါင်းပြီး ယုဒပြည်ကိုသိမ်းပိုက်ရန် စစ်ချီလာကြောင်း သူတို့သိကြသည် (:၅၊ ၆)။ ရန်သူများ၏အကြံအစည် အောင်မြင်မည်မဟုတ်ကြောင်း အာခတ်မင်းကို အားပေးပြောကြားရန် ဘုရားသခင်သည်…
သတိပေးချက်အသံ
ခလောက်မြွေနှင့် နီးနီးကပ်ကပ် သင်ရင်ဆိုင်ဖူးပါသလား။ ရင်ဆိုင်ဖူးပါက ခလောက်မြွေ၏မြည်သံသည် ၎င်းအနီးသို့ သင်တိုးသွားမိလျှင်ပို၍ ပြင်းထန်စွာမြည်လာသည်ကို သင်သတိပြုမိလိမ့်မည်။ ‘Current Biology’ (မျက်မှောက်ဇီဝဗေဒ)သိပ္ပံနည်းကျဂျာနယ်တွင် သုတေသနပြုချက်အရ ၎င်းတို့အနီးသို့ အန္တရာယ်တစ်စုံတစ်ရာချဥ်းလာပါက မြွေသည် ခလောက်မြည်သံနှုန်းကို မြှင့်ကြကြောင်း ဖော်ပြထားသည်။ ဤမြန်နှုန်းမြင့်ခလောက်သံကြောင့် ၎င်းတို့ရှိသည့်နေရာထက် ပိုနီးစွာရှိနေသည်ဟု ကျွန်ုပ်တို့ ထင်မိစေသည်။ သုတေသီတစ်ဦးက “ကြားရသူအတွက် အကွာအဝေးကို လွဲမှားခန့်မှန်းမိခြင်းက ... ၎င်းတို့အတွက် ပို၍လုံခြုံစိတ်ချရသည့် အကွာအဝေးကို ဖြစ်စေသည်” ဟုဆိုပါသည်။
လူတို့သည်လည်း ပဋိပက္ခဖြစ်ပြီဆိုလျှင် ဒေါသထွက်ပြ၊ အော်ဟစ်လျက် အသံကိုမြှင့်ပြီး ကြားရသူများကို အဝေးသို့ပြေးစေသည့် ပြင်းထန်သောစကားလုံးများကို သုံးတတ်ကြသည်။ သုတ္တံကျမ်းကို ရေးသူက “ဖြည်းညင်းသောစကားသည် စိတ်ကို ဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏” (သု ၁၅:၁)ဟု ထိုအချိန်မျိုး၌ လုပ်ဆောင်သင့်သည့် ပညာသတိနှင့်ပြည့်စုံသည့်အကြံဉာဏ်ကို ပေးထားသည်။ ဆက်လက်၍လည်း “ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏”…
မဆင်မခြင် ဆုံးဖြတ်ချက်များ
ဆယ်ကျော်သက်အရွယ်က အထက်တန်းကျောင်း ဘတ်စကတ်ဘောလေ့ကျင့်မှုအပြီး ကျွန်တော့်သူငယ်ချင်းအိမ်သို့ လိုက်လည်ရန် အရှိန်ပြင်းပြင်းနှင့် သူ့ကားကိုအမီ ကြိုးစားလိုက်မောင်းခဲ့သည်။ မိုးသည်းနေသဖြင့် သူ့ကားကိုမီရန် ခက်နေသည်။ ရုတ်တရက် ကားရေသုတ်တံက ရေစိုနေသည့်လေကာမှန်ကို ရှင်းလင်းလိုက်စဉ် သူငယ်ချင်း၏ နောက်ဖုံးဖွင့်ဆီဒင်ကားသည် ကျွန်တော့်ကားရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရပြီး၊ ဘရိတ်ကို ဆောင့်နင်းလိုက်သော်လည်း လမ်းချော်ကာ သစ်ပင်ကြီးတစ်ပင်ကို တိုက်မိပြီး ကျွန်တော့်ကား ပျက်စီးသွားသည်။ သည့်နောက်တွင် ဒေသခံဆေးရုံ၏ သတိမေ့မြောသူများထားရာအဆောင်၌ ကျွန်တော်နိုးလာခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် အသက်ရှင်ခဲ့ပြီး၊ ကျွန်တော်၏ မဆင်မခြင် လုပ်ရပ်သည် အဖိုးအခကြီးကြောင်း သက်သေပင်ဖြစ်သည်။
မောရှေ၏ မဆင်မခြင်ဆုံးဖြတ်ချက်တစ်ခုက သူ့အား အလွန်နစ်နာစေခဲ့သည်။ ၎င်း၏ညံ့ဖျင်းသောရွေးချယ်မှုတွင် (ကျွန်ုပ်ကိစ္စကဲ့သို့) ဘာမှမဟုတ်သည့် ရေမရှိခြင်းပြဿနာကြောင့်ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် ဇိနတော၌ ရေမရှိ၍ မောရှေကို ဆန့်ကျင်ဘက်ပြု၍ စုဝေးခဲ့ကြသည် (တော၂၀:၂)။ ဘုရားသခင်သည် ခြေကုန်လက်ပန်းကျနေသော ခေါင်းဆောင်အား ကျောက်တုံးကို အမိန့်ပေးရန်၊ ထို့နောက် ကျောက်သည်…