မတတ်နိုင်တော့ပါ။
စိတ်ဓာတ်ကျနေသည့် ကျောင်းသားလေးက ‘‘ကျွန်တော် မတတ်နိုင်တော့ဘူး’’ ဟု ညည်းတွားသည်။ စာအုပ်၌ သူမြင်ရသည်က စာလုံးသေးများနှင့် နားမလည်သည့်စာများ၊ အပြီးအစီးလုပ်ရန် သတ်မှတ်ထားသည့်နေ့ကလည်း မညှာမတာရောက်လာတော့မည်။ ဆရာ၏ အကူအညီကို သူလိုအပ်နေသည်။
သခင်ယေရှု၏ တောင်ပေါ်ဒေသနာကို ကျွန်ုပ်တို့ ဖတ်ရှုရာ၌လည်း အထက်ပါအတိုင်း စိတ်ပျက်မှုကို ခံစားရ နိုင်သည်။ ရန်သူကိုချစ်ရမည် (မ ၅း၄၄)။ အမျက်ဒေါသသည် လူသတ်မှုကဲ့သို့ပင် ဆိုးဝါးသောအမှု ဖြစ်သည် (း၂၂)။ ကိလေသာစိတ်က သူ့မယားကို ပြစ်မှားခြင်းသဘောနှင့် အတူတူဖြစ်သည် (း၂၈)။ ဤစံချိန်အတိုင်း ကျွန်ုပ်တို့ အသက်ရှင်နိုင်သည်ဟု တွေးရဲလျှင် ‘‘ကောင်းကင်ဘုံ၌ ရှိတော် မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့’’ (း၄၈) ဟူသည့် ကျမ်းပိုဒ်နှင့် ထိပ်တိုက်တွေ့ပြီမှတ်။
ဆရာကြီး အော့စ်ဝဲ ချိန်းဘာက ‘‘တောင်ပေါ် ဒေသနာသည် စိတ်ပျက် အားလျော့မှုကိုသာ ဖြစ်စေသည်။…
နက်နဲသော ဘုရားရှင်
အဏ္ဏ၀ါဇီဝဗေဒပညာရှင် ၀ါ့အက်ပယ်တန်စ် က ‘‘ နက်ရှိုင်းသောပင်လယ်ထဲမှ သက်ရှိ မျိုးစိတ်နမူနာကို ယူလာတိုင်း မျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိသည်’’ ဟု ပြောပါသည်။ မကြာမီနှစ်များက ရေနေသက်ရှိ မျိုးစိတ်သစ်ပေါင်း ၁၄၅၁ မျိုးကို သိပ္ပံပညာရှင်တို့ ရှာဖွေ တွေ့ရှိခဲ့သည်။ ပင်လယ်ရေအောက်ရှိ အရာများ၏တစ်ဝက်မျှကိုပင် ကျွန်ုပ်တို့ မသိနိုင်ပါ။
ယောဘဝတ္တု ၃၈ မှ ၄၀ တွင် ဘုရားသခင်သည် ယောဘကို ကျေးဇူးပြုရန် သူ၏ဖန်ဆင်းခြင်းအကြောင်းကို ဖော်ပြခဲ့သည်။ ထိုအခန်းကြီး ၃ ခန်း တွင် ရာသီဥတုများ၏ အံ့ဖွယ်ရာများ၊ စကြဝဠာ၏ကြီးမားကျယ်ပြန့်ပုံနှင့် နေရာဒေသ
အလိုက် အမျိုးမျိုးကွဲပြားနေသော သက်ရှိများအကြောင်းကို မီးမောင်းထိုး ဖော်ပြသည်။ ထိုအရာများကို ကျွန်ုပ်တို့လည်း လေ့လာနိုင်သည်။ ထို့နောက် ဘုရားရှင်က အခန်းကြီး ၄၁ တစ်ခုလုံးတွင် ငါးကြီးလဝိသန်အကြောင်း မြွက်ဆိုထား သည်။ လဝိသန်သည် အခြားသတ္တဝါများနှင့်မတူ၊…
ပိုင်ဆိုင်ပတ်သက်မှု
စနေနေ့ညတိုင်း ထုံးစံအတိုင်း ကျွန်တော် ညဥ့်နက်သည့်အထိ အပြင်ထွက်လည်ပတ် ခဲ့သည်။ ထိုစဉ်က အသက် ၂၀ အရွယ်မျှသာရှိပြီး ဘုရားသခင်နှင့် ဝေးသထက်ဝေးအောင် မြန်နိုင်သမျှမြန်မြန် ကျွန်တော်ရှောင်ပြေးသည်။ သို့သော် ရုတ်တရက် ထူးဆန်းစွာ ကျွန်တော့်ဖခင်ကြည့်ရှုသည့် အသင်းတော်သို့ တက်ရောက်ရန် သွေးဆောင်မှုကို ခံရသည်။ ဂျင်းဘောင်းဘီအနွမ်းနှင့် တီရှပ်အစုတ်နှင့် ခွာမြင့် ရှူးဖိနပ်တို့ ဝတ်ဆင်ပြီး မြို့ထဲသို့ ကားမောင်းချသွားသည်။
ထိုနေ့က အဖေမည်သည့်တရားဟောသည်ကို ကျွန်တော် မမှတ်မိပါ။ သို့သော် ကျွန်တော့်ကို တွေ့လိုက်၍ အဖေအလွန်ဝမ်းသာသွားသည်ကိုဖြင့် ကျွန်တော်မမေ့နိုင်ပါ။ ကျွန်တော့်ပခုံးကို ဖက်ပြီး တွေ့သမျှလူများနှင့် ‘‘ဒါကျွန်တော့် သားလေ’’ ဟု ဂုဏ်ယူစွာ မိတ်ဆက်ပေးသည်။ အဖေ့ ဝမ်းမြောက်ခြင်းက ဘုရားသခင်၏မေတ္တာတော်ကို ဖော်ကျူး လျက် ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော့်စိတ်ထဲ စွဲထင် နေခဲ့သည်။
ဘုရားသခင်ကို နှစ်သက်မြတ်နိုးဖွယ်ဖခင်အဖြစ် ဖော်ကျူးခြင်းကို ကျမ်းစာ တစ်အုပ်လုံးတွင်…
အမှန်တရားထဲမှာ
လွန်လေသောနှစ်များက နိုင်ငံမတူသည့် ချစ်သူနှစ်ဦး၏မင်္ဂလာပွဲသို့ ကျွန်တော် တက်ရောက်ခဲ့သည်။ ယဉ်ကျေးမှုနောက်ခံမတူညီသည့် လူသားနှစ်ဦး၏ပေါင်းစပ်မှုသည် လှပတင့်တယ်ရမည်ဖြစ်သော်လည်း ဤမင်္ဂလာပွဲတွင်မူ ခရစ်ယာန်ယုံကြည်မှုထုံးစံ ဓလေ့နှင့် နတ်ကိုးကွယ်မှု ထုံးစံဓလေ့တို့ ပေါင်းစပ်သည့် အခမ်းအနားတစ်ခုဖြစ်နေသည်။
ပရောဖက်ဇေဖနိသည် စစ်မှန်သော ဘုရားသခင်ကို ကိုးကွယ်ယုံကြည်မှုနှင့် အခြားသော ယုံကြည်ကိုးကွယ်မှုတို့ ရောနှောခြင်းကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပါသည်။ ယုဒလူမျိုးများသည် စစ်မှန်သောဘုရားသခင်ရှေ့၌ ဦးညွတ် ကိုးကွယ်ကြသည်သာမက မိလကုံဘုရားကို်လည်း ကိုးကွယ် သူများဖြစ်သည် (ဇေဖနိ ၁း၅)။ ဇေဖနိက ယုဒလူမျိုးတို့ ဗာဟီရ၀ါဒကို လက်ခံခြင်းကို ဖော်ပြပြီး (း၈) ရလဒ်အနေနှင့် ဘုရားသခင်သည် သူတို့ကို ၄င်းတို့၏မွေးရပ်ဌာနေ တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
သို့သော် ယုဒလူမျိုးများအပေါ် ဘုရားသခင်၏ ချစ်ခြင်းက ဘယ်တော့မှ ရပ်တန့်မသွားပါ။ ကိုယ်တော်၏ စီရင်ချက်သည် ယုဒလူမျိုးများအား သူ့ထံသို့ ပြန်လှည့်လာစေလိုကြောင်းကို ပြရန်ဖြစ်သည်။ ထို့ကြောင့် ဇေဖနိသည်…
နောက်ဆုံးအမိန့်ပြန်တမ်း
ရဟတ်ယာဉ်မောင်းအဖြစ် အနှစ် ၂၀ ကြာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက် သင်ကြားရေးဆရာတစ်ဦးအဖြစ် မိမိလူမှုအသိုင်းအ၀န်းကို အလုပ်အကျွေးပြု အစေခံရန် ဂျိမ်းစ် ဇာတိမြေသို့ ပြန်လာခဲ့သည်။ သို့သော် ရဟတ်ယာဉ်များကို သူလွမ်းသည်၊ သူမေ့မရသဖြင့် ဒေသန္တရဆေးရုံတစ်ခုသို့ ရဟတ်ယာဉ်ဖြင့် ကာကွယ်ဆေး ပစ္စည်းများ ပို့ဆောင်ပေးရသောအလုပ်ကို သူဝင်ရောက် လုပ်ကိုင်ခဲ့သည်။ သူ့အသက် အတော်ကြီးသည်အထိ ရဟတ်ယာဉ်မောင်းအလုပ်ကို သူလုပ်ကိုင်ခဲ့သည်။
ယခုတွင် သူ့ကို နောက်ဆုံးနှုတ်ဆက်ရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။ မိသားစု၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက် များက သင်္ချိုင်းကုန်းတွင် တန်းစီရပ်နေကြပြီး ရဲဘော်ရဲဘက်တစ်ဦးက ဆက်သွယ်ရေးစက်ဖြင့် အမိန့်ပေး အကြောင်းကြားလိုက်သည်။ မကြာမီ လေထုကို ပဲ့တင်ရိုက် ခတ်သော ပန်ကာလည်သံကို ကြားကြရသည်။ ရဟတ်ယာဉ်တစ်စီးက အောက်မေ့ဖွယ် ခြံဝင်းကို တစ်ပတ် ပျံသန်းပြီး အလေးပြုသည့်အနေဖြင့် ခေတ္တခဏ လေထဲတွင် ရပ်တန့် ပြီးနောက်…
ထင်သလိုမဟုတ်ပါ
ကျွန်တော့်ဇနီးက ဖုန်းမှတစ်ဆင့် ကျွန်တော့်အား ‘‘နားထောင်၊ ခြံထဲမှာ မျောက် တစ်ကောင်ရောက်နေတယ်’’ ဟုပြောသည်။ ဖုန်းထဲမှကြားရသည့်အသံက မျောက် အော်သံနှင့်တူသည်ဟုထင်ရသည်။ သို့သော်လည်း ထူးဆန်းသည်မှာ အနီးစပ်ဆုံး မျောက်ရှိသောနေရာသည်ပင် ကျွန်တော်တို့နှင့် မိုင်ပေါင်း ၂၀၀၀ ခန့် ဝေးနေသေးသည်။
နောက်ဆုံးတွင် ယောက္ခမကြီးက ကြားဖြတ်၍ ‘‘အဲဒါ အစင်းကြောင်းပါတဲ့ ဇီးကွက်ကြီးပါ’’ ဟုရှင်းပြသည်။ လက်တွေ့နှင့် အထင်သည် တစ်ခြားစီပင်။
အာရှုရိရှင်ဘုရင် သနာခရိပ်သည် ယုဒရှင်ဘုရင် ဟေဇကိကို ယေရုရှလင်မြို့၌ ပိတ်ဆို့ထားစဉ် အောင်နိုင်ခြင်း သည် သူတို့အတွက်ဟု အာရှုရိလူတို့ ထင်ခဲ့သည်။ သို့သော်လက်တွေ့တွင် ပြောင်းပြန်ဖြစ်ခဲ့သည်။ အာရှုရိရှင်ဘုရင်သည်ချိုသာသောစကားများဖြင့် ဘုရားသခင်၏စကားတော်ကို ပြန်ကြားချင်ယောင်ဆောင်ခဲ့သော်လည်း ဘုရားရှင်သည် သူ့လူမျိုးအပေါ်တွင် လက်တော် ဆန့်တန်းခဲ့သည်။
အာရှုရိရှင်ဘုရင်သည် ‘‘ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကို ဖျက်စီးခြင်းငှာ ငါလာသလော’’ (၄ ရာ ၁၈း၂၅)ဟု မေးသည်။ ထိုအပြင်…
စီရင်ခြင်း၏ အရင်းအမြစ်များ
သူစိမ်းတစ်ဦးနှင့် ပိုရင်းနှီးလာအောင် ‘‘ဘယ်ကလာသလဲ’’ ဆိုသည့်မေးခွန်းကို ကျွန်ုပ်တို့ မေးတတ်သည်။ သို့သော် လူအများစုအတွက် အဖြေက စိတ်ရှုပ်စရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ကိုယ့်အကြောင်းကို တိတိကျကျ မပြောပြချင် သောကြောင့်ပါ။
တရားသူကြီးမှတ်စာတွင် ယေဖသသည် ထိုမေးခွန်း ကို လုံးဝမဖြေချင်ခဲ့ပါ။ အဖေတူအမေကွဲ အစ်ကိုများက မသေချာသည့်ကိစ္စကြောင့် သူ့ကို သူ့မွေးရပ်မြေ ဂိလဒ်ပြည်မှ မောင်းထုတ်ခဲ့သည်။ ‘‘သင်သည် အခြားတစ်ပါးသော မိန်းမ၏ သားဖြစ်’’သည် ဟု အစ်ကိုများက ကြေညာခဲ့သည်(သူကြီး ၁၁း၂)။ ကျမ်းစာမှလည်း ‘‘အမိကား ပြည့်တန်ဆာဖြစ်၏’’ (း၁) ဟု ပြင်းထန်စွာ ဆိုထားသည်။
သို့သော် ယေဖသသည် ခေါင်းဆောင်အရည်အချင်းနှင့်ပြည့်ဝသူ ဖြစ်သော ကြောင့် ကြမ်းတမ်းသောလူမျိုးစုများ ဂိလဒ်ပြည်ကို လာတိုက်သောအခါ သူ့ကို မောင်းထုတ်ခဲ့သူများက သူ့ကို ပြန်လာ စေချင်ကြသည်။ ‘‘လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်း လုပ်ပါ’’…
ငြိုငြင်ခြင်းကို ခံရ၏
စူစဲန်နာစစ်ဘာသည် ၁၈-ရာစုနှစ်အချိန်ကာလတွင် သူ၏အဆိုကျွမ်းကျင်မှုဖြင့် နာမည်ကြီးခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏အိမ်ထောင်ရေးအရှုပ်အထွေးကြောင့်လည်း သူ့အား လူသိများခဲ့သည်။ ထိုကြောင့် ၁၇၄၂ ခုနှစ် ဧပြီလတွင် ပထမဆုံးသော ဟန်ဒဲလ်၏ ‘မေရှိယ’ တင်ဆက်မှုပွဲကို ဒက်ဘလင်မြို့၌ ကျင်းပရာ သူ၏တပင်တိုင်သီဆိုမှုကို ပရိသတ်များက အသိအမှတ်မပြုကြပါ။
ပွဲဦးထွက်ပြသမှုတွင် စစ်ဘာသည် ‘မေရှိယ’ သီချင်းကို သီဆိုခဲ့ရာ စာသားများမှာ “မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြဉ်ခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ” (ဟေရှာ ၅၃း၃)ဟူ၍ ဖြစ်သည်။ ထိုစာသားများကြောင့် သိက္ခာတော်ရဆရာ ပက်ထရစ် ဒယ်လနီ တစ်ယောက် ထခုန်လိုက်ပြီး “ဟေ့ အမိ၊ ဒီအကြောင်းကြောင့် သင့်အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီ” ဟုအော်လိုက်သည်။
စူစဲန်နာစစ်ဘာ၏အဖြစ်အပျက်နှင့် ဟန်ဒဲလ်၏ “မေရှိယ” သီချင်းတို့အကြား ဆက်နွယ်မှုရှိကြောင်း ထင်ရှားပါသည်။ “ငြိုငြင်သောသူ၊ နာကျင်ခြင်းဝေဒနာနှင့် အကျွမ်းဝင်သောသူ” ကယ်တင်ရှင်သခင်ယေရှုသည် အပြစ် ကြောင့်…
အိမ်သို့ပေးစာ
ဒုတိယကမ္ဘာစစ်အတွင်း အိမ်နှင့်ဝေးလျက် စစ်ရေးလေ့ကျင့်နေရသည့် အမေရိကန် တပ်သားသစ်များကို ၎င်းတို့ရင်ဆိုင်ရသောစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် အခြေစိုက်လေ့ကျင့်ရေးသင်တန်းမှ ရယ်မောဖွယ်ရာ အိမ်သို့ရေးစာ ရေးခွင့်ပေးခဲ့သည်။ လူငယ်လေးတစ်ယောက် ရေးသောစာတွင် ‘‘ဆေးတပ်သားနှစ်ယောက်က ကျွန်တော့်ကို မှိန်းနဲ့လိုက်ဖမ်းနေကြတယ်။ ကျွန်တော်တို့ကို ဖမ်းချုပ်ပြီး လက်တစ်ဘက်တစ်ချက်စီမှာ ဆေးထိုးပေးတယ်’’ ဟု ကာကွယ်ဆေးထိုးသည့်အကြောင်းကို အံ့မခန်း ပုံကြီးချဲ့ ရေးထားသည်။
စစ်သားတစ်ဦးမှာ ပျော်ရွှင်ရယ်မောစရာဟာသ များသည် သူ့အတွက်များစွာ အကျိုးဖြစ်စေကြောင်း သိလာသည်။ ထို့နောက် သူ ကျမ်းစာအုပ်တစ်အုပ်ကို လက်ခံရရှိခဲ့သည်။ ‘‘ဒီစာအုပ်ကို ကျွန်တော် အလွန်နှစ်သက် တယ်။ ညတိုင်းလည်း ဖတ်တယ်။ ကျမ်းစာအုပ်ထဲက အများကြီး သင်ယူရရှိလိမ့်မယ်ဆိုတာ ကျွန်တော် မထင်မှတ် ထားဘူး’’ ဟူ၍ ရေးသားခဲ့သည်။
ရှေးလွန်လေပြီးသောအခါက ဂျူးလူမျိုးများသည် ဗာဗုလုန်နိုင်ငံ၌ နှစ်ပေါင်းများစွာကျွန်ခံပြီးနောက် မိမိနိုင်ငံသို့ ပြန်လာရာတွင် ပြဿနာများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ယေရုရှလင်မြို့ရိုးကြီးကို ပြန်ဆောက်ရန်အတွက် ရုန်းကန်ရင်း…
မှန်ကန်သည့်နေရာ၌ ရှင်သန်ပွင့်လန်းခြင်း
‘‘ပေါင်းပင်ဆိုတာ သူ့ကို အလိုမရှိတဲ့နေရာမှာ ပေါက်တဲ့အပင်ပဲ’’ ဟု အဖေက ကျွန်ုပ်ထံ တူရွင်းပြားကိုကမ်းပေးပြီး ပြောလိုက်သည်။ ပဲပင်များကြားတွင် သူ့အလိုလိုပေါက်နေသည့် ပြောင်းပင်ကိုမူ ကျွန်ုပ်ချန်ထားလိုသည်။ သို့သော် လယ်တောထဲ၌ ကြီးပြင်းလာသည့် အဖေက ပြောင်းပင်ပါမချန် ရှင်းလင်းရန် ညွှန်ကြားသည်။ ပြောင်းတစ်ပင်တည်းက မည်သည့်အကျိုးမှ မရှိဘဲ ပဲပင်များ၏ အာဟာရမြေသြဇာကို လုယူသွားလိမ့်မည်ဖြစ်သည်။
လူသားများသည် အပင်များမဟုတ်၊ ကျွန်ုပ်တို့တွင် ကိုယ်ပိုင်စိတ်သဘောထားရှိပြီး ဘုရားသခင်ပေးထားသည့် လွတ်လပ်ခွင့်ရှိသည်။ သို့သော် တစ်ခါတစ်ရံတွင် ဘုရားသခင် အလိုမရှိသောနေရာတွင် ကျွန်ုပ်တို့ ပွင့်လန်းလိုကြသည်။
ရှောလုမင်း၏သားတော် အိမ်ရှေ့မင်းသားယောနသန်သည် ဘုရားသခင်၏အလိုတော်အတိုင်း အသက်ရှင်ခဲ့သည်။ သူ၌ ဘုရင်ဖြစ်ရန် အခွင့်အရေးများစွာ ရှိသည်။ သို့သော် ဒါဝိဒ် အပေါ်တွင်ရှိသည့် ဘုရားသခင်၏ကောင်းချီးကို သူမြင်ပြီး သူ့ခမည်းတော်၏မနာလိုမှုနှင့်မာနကို သူသိသည် (၁ ရာ ၁၈း၁၂-၁၅)။ သူ့အတွက် မဟုတ်သည့်ရာဇပလ္လင်ကို ဆုပ်ကိုင်ထားခြင်းထက် ယောနသန်သည်…