စာရေးသူ

အားလုံးမြင်နိုင်ရန်
Tim Gustafson

တင်မ်ဂပ်စ်ထက်ဖ်ဆန်

တင်မ်ဂပ်စ်ထက်ဖ်ဆန် (Tim Gustafson) သည် Our Daily Bread နှင့် Our Daily Journey စာစောင်များ ရေးသားပြီး၊ 'လေ့လာမှတ်သားဖွယ်စာစဉ်' ( Discovery Series) များကို တည်းဖြတ်ပေးသည်။ ဂါနာနိုင်ငံသို့ သာသနာသွားပြုသည့် အမှုတော်ဆောင် ဇနီးမောင်နှံ၏ မွေးစားသားတစ်ယောက်အနေနှင့် ၎င်းတွင် အနောက်နိုင်ငံ၌ နေရသည့် ဘဝနှင့်ပတ်သက်ပြီး တမူထူးသော ရှုထောင့် ရှိသည်။ သူ၏ဇနီးမှာ Leisa ဖြစ်ပြီး သမီးတစ်ဦးနှင့် သားခုနှစ်ယောက်ရှိသည်။ ထို့ကြောင့် သူ့အသက်တာ၏ လက်ဆွဲကျမ်းချက်မှာ "ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏" (ဆာလံကျမ်း ၆၈:၅-၆) ဖြစ်သည်မှာ အဆန်းမဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ကျွန်ုပ်၌ ရှိသမျှ

လူငယ်လေး အိုင်းဇက်ဝပ်စ် သည် မိမိအသင်းတော်၏တေးဂီတကဏ္ဍတွင် အားနည်းမှုရှိကြောင်းကို သတိထားမိပြီး၊ သူ့ဖခင်က ၎င်းကို ပိုမိုကောင်းမွန်အောင် ဖန်တီးရန် သူ့အား စိန်ခေါ်သည်။ အိုင်းဇက် ကလည်း ဖြစ်အောင်လုပ်ခဲ့သည်။ သူ၏ ‘‘လက်ဝါးကပ်တိုင်တော်ကိုကြည့်၍ အံ့ဩဖွယ်ကျူး’’ ဓမ္မသီချင်းသည် အင်္ဂလိပ်ဘာသာ ဖြင့် အလွန်မှအံ့မခန်းဖြစ်ပြီး အခြားသောဘာသာစကား ပေါင်းများစွာသို့ ပြန်ဆိုလျက် အသုံးပြုခြင်းခံရပါသည်။
ကြည်ညိုဖွယ်ရာ တတိယအပိုဒ်က ခရစ်တော် ကားတင်ခံရသည့်အရပ်သို့ ပို့ဆောင်ခံရသကဲ့သို့ ခံစားရစေ သည်။    ‘‘ကြည့်လော့ လက်ခြေ၊ နံဘေး၊ ခေါင်းတော်
ဒုက္ခမေတ္တာရောလျက် ယိုစီး၊ဤသို့ တစ်ခါတွေ့ဖူးသလော၊ ဆူးဦးရစ်တော်မတုနိုင်ပြီ။’’
အိုင်းဇက်ဝပ်စ် ခန့်ညားစွာ ဖော်ကျူးသည့် ကားတင် သတ်ခံရခြင်းသရုပ်သည် အလွန်ဆိုးဝါးပြီး စိတ်မသက်မသာ ဖြစ်စေသော ဖြစ်ရပ်အဖြစ် သမိုင်းတင်ကျန်ရစ်ခဲ့သည်။ ကားတိုင်အနီးရှိ သူတို့နှင့်အတူ ရှိနေသကဲ့သို့ ကျွန်ုပ်တို့ ခံစားရသည်။ ဘုရားသခင်၏ သားတော်သည် အသက်ရှူရန်ပင် ရုန်းကန်နေရသည်။…

မုသာငယ်လေးနှင့် ကြောက်ပေါက်လေး

ကြောင်ပေါက်လေးများအပါးမှ ၄နှစ်သားလေး အဲလိယက်စ် လစ်ပြေးသွားသည်ကို မိခင်ဖြစ်သူက သတိပြုမိသည်။  ကြောင်ပေါက်လေးကို မကိုင်ရန် သူ့ကိုသတိပေးပြီးသား။ အမေက “ အဲလိယက်စ် ... ကြောင်လေးတွေကို သွားကိုင် သေးလား” ဟု မေးရာ၊ သူက “မကိုင်ပါဘူး” ဟု အတည်ပေါက် ပြန်ပြောသည်။ သို့နှင့်မိခင်က “ကြောင်လေးတွေက ပျော့အိအိလေးလား” ဟုထပ်မေးလိုက်ရာ “ပျော့အိနေ တာပဲ အမေရယ်၊ အမဲကောင်လေးဆို ညောင်လို့တောင် အော်နေတယ်” ဟု အလိုလိုပြောထွက်လာသည်။
ကလေးငယ်များ ထိုသို့ မရိုးမသားပြောဆိုခြင်းကို   ကျွန်ုပ်တို့ ပြုံးရယ်မိတတ်ကြသည်။ ထိုသို့ အဲလိယက်စ် ၏ မနာခံမှုက လူသားများ၏ အခြေအနေကို မီးမောင်းထိုးပြ နေပါသည်။ ၄ နှစ်သားလေးကို လိမ်လည်တတ်အောင် မည်သူမျှ သင်ပြပေးစရာမလိုပါ။ ဒါဝိဒ်မင်းကြီး၏ အပြစ်ဝန်ချ
တောင်းပန်သည့် ဆာလံကျမ်းတွင် “အကျွန်ုပ်သည် မွေးစ ကပင်…

သံသယ၏နိဂုံး

သူ့ကို “သံသယသမား သောမ” အဖြစ် သိကြသော်လည်း ထိုနာမည်က သူနှင့်  မသင့်လျော်
လှပေ (ယော ၁၀း၂၄-၂၉)။   ကျွန်ုပ်တို့ဆိုလျှင်လည်း ကားတင်သတ်ခြင်းခံရသည့် ခေါင်းဆောင်ကြီး ပြန်လည်ရှင်ပြန်ထမြောက်ကြောင်း ကျွန်ုပ်တို့ မည်သို့ယုံမည်နည်း။
သခင်အသေခံရမည့် ရည်ရွယ်ချက်အတိုင်း ဖြစ်ပျက်လာစဉ်  လာဇရုသေဆုံး သွားချိန်၌ ယေရှုက “ယုဒပြည်သို့ တစ်ဖန် သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်  တပည့်တော်တို့က အရှင်ဘုရား၊ ယုဒလူ တို့သည် ယခုပင် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ရှာကြံ လျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လော ဟု လျှောက်ကြ၏” (း၈)။ သောမ တစ်ဦးတည်း ကသာ “အကျွန်ုပ်တို့လည်း လိုက်၍ သခင်နှင့်အတူ အသေခံကြ ကုန်အံ့” ဟု တပည့်တော်ချင်းတို့အား ပြောဆို၏ (း၁၆)။ ရဲရဲတောက်သတ္တိကို သောမ ပြခဲ့ပါသည်။ သို့ဆိုလျှင် သောမကို “ရဲရင့်သော…

မည်သည့် အခမ်းအနားနည်း

လေးနှစ်သားလေး အာရှာ ၏ ပျော်ရွှင်မြူးတူးနေသော မျက်နှာသည် သူအနှစ်သက်ဆုံး ခေါင်းစွပ်အင်္ကျီအောက်မှ ပေါ်ထွက်လာသည်။ မိချောင်းခေါင်းပုံ ခေါင်းစွပ်အင်္ကျီမှ ပျော့အိအိ မေးရိုး များသည် သူ့ဦးခေါင်းကို မြိုချထားသလို ထင်နေရသည်။ သူ့အမေစိတ်ညစ်သွားသည်။ မတွေ့ရတာ ကြာပြီဖြစ်သည့် ဆွေမျိုးများထံ အလည်အပတ်သွားမည်ဖြစ်၍ သူတို့မိသားစု အပေါ် အကောင်းမြင်ရန်ကိုသာ ဖြစ်စေချင်သည်။
“အို... သားရေ ... အခုသွားမဲ့ ပွဲအတွက် မသင့်လျော်ဘူး ထင်တယ်နော်”ဟုပြောလိုက်သောအခါ အာရှာ က တက်ကြွစွာ
ဖြင့် “သိပ်သင့်လျော်တာပေါ့ မေမေ” ဟု ဖြေလိုက်သည်။
“ ငါ့နှယ်... ဘယ်လိုပွဲမျိုးကို ပြောတာလဲ သားရယ်” ဟုမေးသောအခါ အာရှာ က “မေမေသိပါတယ်။ ဘဝပွဲလေ” ဟုဖြေသည်။ သူ ထိုအင်္ကျီကို ဝတ်ရမှဖြစ်မည်။
ဒေသနာ ၃း၁၂ မှ “ ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်…

လူသားပေမို့

ဗြိတိသျှ စာရေးဆရာ Evelyn Waugh သည် သူ၏စရိုက်လက္ခဏာသည် အပြစ်မဲ့ကြောင်း
ကလောင်လက်နက်ဖြင့် ထင်ရှားစွာ အခိုင်အမာဖော်ပြသည်။ နောက်ဆုံးတွင် သူ
ခရစ်ယာန်ဖြစ်လာသော်ငြားလည်း ရုန်းကန်နေရဆဲ ဖြစ်သည်။ တစ်နေ့တွင် အမျိုးသမီး
တစ်ယောက်က “Mr. Waugh သင့်ကိုယ်သင် ခရစ်ယာန်လို့ပြောပြီး ဘယ်လိုဘ၀ ရှင်သန်နေတာလဲ”  ဟုမေးရာ၊ သူက “မဒမ် မင်းပြောသလို
ကျုပ်က ဆိုးသွမ်းကောင်း ဆိုးသွမ်းမယ်။ ဒါပေမဲ့ ကျုပ် ပြောတာ ယုံလိုက်။ ဒီဘာသာတရားကြောင့်သာမဟုတ်ခဲ့ရင် ကျုပ်လူပီသမှာတောင်မဟုတ်ဘူး” ဟု ပြန်ဖြေခဲ့သည်။
Waugh သည် “ငါသည် ကျင့်ချင်သောစိတ် ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍ မတွေ့နိုင်” (ရောမ ၇း၁၈)ဟု ရှင်ပေါလု ဖော်ပြသကဲ့သို့ အတွင်းစစ်ပွဲကို ဆင်နွှဲနေ ရသည်။ ရှင်ပေါလုက “ပညတ်တရားက ပြဿနာမဟုတ်ဘူး။ ငါကပြဿနာ ဖြစ်နေတာ၊ ငါကလူဖြစ်တယ်လေ” …

ဆပွားဆင့်ပွားသော ချစ်မေတ္တာ

ကာရင်၏ အသင်းတော်မှ အမျိုးသမီးတစ်ဦးသည် ကြွက်သားများ အားနည်းချိနဲ့ကာ အလုပ်မလုပ်တော့သည့် ရောဂါဖြစ်နေကြောင်း တွေ့ရှိလိုက်ရသောအခါ အခြေအနေက   ဆိုးရွားအကျည်းတန်လှသည်။ ဤရက်စက်လှသည့် ရောဂါဆိုးက အာရုံကြောများ ကြွက်သားများကို ထိခိုက်ဖျက်ဆီးပြီး နောက်ဆုံးတွင် ကိုယ်လက်ခြေသေသည့်အဖြစ်သို့ ရောက်သွားနိုင်သည်။ မိသားစုများ၏အာမခံငွေက လူနာကို အိမ်၌ ထားပြီး ဆရာဝန်ခေါ် ပြုစုကုသရန်လည်း မလောက်ငှ၊ စိတ်ထိခိုက်ခံစားရသော လူနာ၏ခင်ပွန်းသည်ကလည်း ဇနီးသည်ကို ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ပို့ရမည် ဟူသော အတွေးဖြင့် မခံစားနိုင်ဖြစ်နေသည်။
သူနာပြုတစ်ဦးအနေဖြင့် ကာရင် ၌ လူနာကို ကူညီ နိုင်သည့် အတတ်ပညာရှိပြီး ထိုအမျိုးသမီးအိမ်သို့ စတင် သွားရောက်ပြီး ပြုစုစောင့်ရှောက်မှုပေးခဲ့သည်။ သို့သော် မိတ်ဆွေ လူနာအမျိုးသမီး၏လိုအပ်ချက်များကို ကူညီပေး နေလျှင် ကာရင် အနေဖြင့် မိမိ၏မိသားစုဝတ္တရားများ လစ်ဟင်း ကုန်ကြောင်း တွေ့လာသည်။ သို့ဖြစ်၍ အသင်းတော်ရှိ အခြားသူများလည်း ၀င်ရောက်ကူညီနိုင်အောင် ၎င်းတို့ကို…

ကိုယ်တွေ့ အဖြစ်အပျက်

နယူးယောက်မြို့ ဘုရားကျောင်းတစ်ခု၏အပြင်ဘက်၌ ခင်းကျင်းထားသည့် ခရစ်တော် ဖွားမြင်တော်မူခန်းရှိ နွားစာခွက်၌ မွေးကင်းစကလေးငယ်လေးကို ငယ်ရွယ်ပြီး ခိုကိုးရာမဲ့ မိခင်ဖြစ်သူက စွန့်ပစ်ထားခဲ့သည်။ ကလေးကို နွေးနွေးထွေးထွေး ထုပ်ပိုးထားပြီး ထင်သာမြင်သာရှိသည့်နေရာ၌ ထားရစ်ခဲ့သည်။   ဝေဖန်ရမည်ဆိုလျှင် ကလေးငယ်
အသက်ရှင်ခွင့်ရအောင် ပြုလုပ်ခဲ့သည့်အတွက် ကျေးဇူးပင် တင်ရဦးမည်။
၎င်းသည် ကျွန်ုပ်တစ်ဦးတည်း၏ကိုယ်ပိုင် ခံစားချက် ဖြစ်ပါ သည်။ ကျွန်ုပ်ကိုယ်၌က မွေးစားခံရသောကလေးဖြစ်ပြီး ကျွန်ုပ်မွေးဖွားစဉ်က အခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး ဘာမျှ မသိရပါ။ သို့သော် စွန့်ပစ်ခံရသည်ဟု စိုးစင်းမျှ ကျွန်ုပ် မခံစားခဲ့ရပါ။ ကျွန်ုပ်အတွက် သေချာသည့်အရာကတော့ ကျွန်ုပ်ကို အသက်ရှင်စေလိုသည့် အမေနှစ်ဦးရှိပါသည်။ တစ်ဦးက ကျွန်ုပ်ကို အသက်ပေးခဲ့သူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ သူ့အသက်တာကို ကျွန်ုပ်၌ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
မျှော်လင့်ချက်မဲ့နေသော အခြေအနေ၌ ချစ်ခင်ကြင်နာသည့် မိခင်တစ်ဦး အကြောင်းကို ထွက်မြောက်ရာကျမ်း၌ ဖတ်ရှုရသည်။ ဂျူးလူမျိုးမှ…

ပိုက်ဆံ

အလုပ်ဟု ဆိုခြင်းထက် ဘုရားသခင်စေခိုင်းသောအမှုဟု ကျွန်တော်ခံယူထားသော ကျွန်တော့်၏ အစောပိုင်း အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင်စဉ် အခြားကုမ္ပဏီ တစ်ခုမှ ပို၍ သိသာများပြားသော လစာဖြင့် ရာထူးတစ်ခု ကမ်းလှမ်းလာသည်။ ထိုပြောင်းရွေ့မှုသည် ကျွန်တော့်မိသားစုအတွက် သေချာပေါက် အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ကျွန်တော်က အလုပ်သစ်ကို လိုက်ရှာဖွေနေခြင်း မဟုတ်ဘဲ
လက်ရှိအလုပ်ကို ကျွန်တော် နှစ်သက်ပြီး ၎င်းသည် ခေါ်ယူ စေစားခံရသည့် အလုပ်ဖြစ်သည်မှာ သေချာသည်ထက် သေချာသည်။
သို့သော် ပိုက်ဆံ...။ အသက် ၇၀ ရှိပြီဖြစ်သော အဖေထံဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြသည်။ တစ်ချိန်က
ထက်မြက်ခဲ့သော အဖေ့၏အသိဉာဏ်မှာ နှစ်ကြာရှည်စွာ လေဖြတ်မှုကြောင့် နှေးသွားသော်လည်း အဖေ့၏ အဖြေက ပြတ်သည်။ “ပိုက်ဆံအကြောင်းပဲ ခေါင်းထဲထည့်မထားနဲ့လေ၊ မင်းဘာလုပ်မှာလဲ။”
ချက်ခြင်းပင် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ မိမိနှစ်သက်သောအလုပ်ကို…

ကောင်းကင်ကို ကြည့်ရှုသူ

လုပ်ငန်းခွင်မှကိစ္စများ၊ အိမ်တွင်းရေးအမှုကိစ္စများကြောင့် မတည်မငြိမ်ဖြစ်ကာ မက် တစ်ယောက် လမ်းလျှောက်ထွက်ခဲ့သည်။ နွေဦးညချမ်းလေပြေလေးက သာသာ ယာယာနှင့် လက်ယပ်ခေါ်နေသည်။ အဆုံးစမဲ့ကောင်းကင်ကြီးက အပြာရောင်မှ မဲမှောင် သွားစဉ် စိမ့်တောပေါ်သို့ မြူမှုန်များသိပ်သည်းစွာ တဖြည်းဖြည်းကျဆင်းလာသည်။ အရှေ့အရပ်မှပေါ်ထွက်လာမည့် လမင်းကြီး၏ရှေ့ပြေးအဖြစ် ကြယ်များလည်း စတင်ပြီး မှုန်ဝါးဝါး လင်းလက်လာသည်။ မက်အတွက် ထိုအခိုက်အတန့်လေးတွင် နက်ရှိုင်းစွာ ၀ိညာဉ်ခွန်အား ရခဲ့သည်။ "ကိုယ်တော် ရှိတယ်။ ဘုရားသခင် အဲဒီမှာရှိနေတယ်။ ငါ့ကိစ္စတွေကို ကိုယ်တော် သိနေတယ်" ဟု မက် တွေးတောဆင်ခြင်မိသည်။
လူအချို့က ညကောင်းကင်ကိုကြည့်ပြီး သဘာဝ တရားမှလွဲ၍ အခြားဘာကိုမှ မမြင်။ အခြားသူများကလည်း ဘုရားကို လွန်စွာဝေးသောအရပ်၌ရှိပြီး ဂျူပီတာဂြိုဟ် ကဲ့သို့ အေးစက်စက်ဟု မြင်ကြသည်။ သို့သော် "မြေကြီးစက် အပေါ်မှာထိုင်"တော်မူသော ဘုရားသခင်သည် ကြယ်အစုအဝေး"အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူသော" (ဟေရှာ ၄၀း၂၂၊၂၆)…

နိမိတ်လက္ခဏာနှင့် စိတ်ခံစားမှုများ

ကျွန်တော့်အသိလူငယ်တစ်ယောက်သည် ဘုရားထံမှ နိမိတ်လက္ခဏာ တောင်းခံသော  အကျင့်တစ်ခုရှိသည်။ မှားသည်ဟု မပြောလိုငြားလည်း သူ့ဆုတောင်းချက်က သူ့ စိတ်ခံစားချက်ကို အတည်ပြုရန် ရှာကြံခြင်းဖြစ်သည်။ ဥပမာ - သူက "ဘုရားရှင်၊ က ကို လုပ်စေချင်ရင် ခ ကို ဖြစ်စေပါ။ ဒါမှ အဆင်ပြေမယ်ဆိုတာ  ရှင်းရှင်းသိမယ်" ဟု ဆုတောင်းသည်။
၎င်းသည် ဝေခွဲရခက်ပြီး အကျပ်ရိုက်စေပါသည်။ သူဆုတောင်းပုံနှင့် သူတွေးထားသည့် ဘုရားရှင် အဖြေပေး ရမည့် ပုံစံအရ သူ့ရည်းစားဟောင်းနှင့် ပြန်တွဲရမည်ဟု သူခံစားရသည်။ သို့သော် တစ်ဘက်မိန်းကလေးက   သူ့နည်းတူ မခံစားရဘဲ၊ ဘုရားရှင် အလိုမရှိဟု အခိုင်အမာ ခံစားရသည်မှာ မဆန်းပါ။
သခင်ယေရှုခေတ်အခါက ဘာသာရေးခေါင်းဆောင် များက ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ နိမိတ်လက္ခဏာကို တောင်းခံကြသည် (မ ၁၆း၁)။ ဘုရား၏လမ်းပြမှုကို မရှာဘဲ ဘုရားတန်ခိုးတော်ကို…