လှပသည့်အံ့ဖွယ်ရာတစ်ခု
ထွန်ယက်ထားသည့်မြေ၌ လျှို့ဝှက်ဖုံးကွယ်ထားသည့်အရာတစ်ခု ရှိနေသည်။ သူတို့၏ နှစ် (၅၀) ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ပြင်ဆင်ရာတွင် Lee Wilson (လီဝီလ်ဆင်)သည် သူ၏ဇနီးသည် မြင်ဖူးသမျှတွင် အခမ်းနားဆုံးဖြစ်နိုင်သည့် ပန်းလက်ဆောင်ပေးနိုင်ရန် သူပိုင်သည့်မြေဧက ၈၀ ကို သီးသန့်ဖယ်ကာ၊ နေကြာစေ့များစွာကို လျှို့ဝှက်စွာ စိုက်ပျိုးခဲ့သည်။ နောက်ဆုံး၌ ဇနီးသည် အနှစ်သက်ဆုံး ရွှေဝါရောင်နေကြာပန်း (၁.၂) သန်း ဖူးပွင်လာခဲ့သည်။ နေကြာပန်းများ၌ အဝါရောင် ပွင့်ချပ်များ ဖူးပွင့်လာသည့်အခါ Renee (ရီနီ)သည် ဝီလ်ဆင်၏ လှပသော မေတ္တာဖော်ကျူးမှုအပေါ် အံ့သြမှင်သက် စိတ်လှုပ်ရှားခဲ့သည်။
ပရောဖက်ဟေရှာယ မှတစ်ဆင့် ယုဒလူတို့အား မိန့်ကြားရာတွင် ဘုရားသခင် သည် လျှို့ဝှက်ချက်တစ်ခုကို ဝေမျှခဲ့သည်။ ယခုအချိန်တွင် သူတို့မမြင်နိုင်သော်လည်း ဘုရားသခင်အပေါ် သူတို့၏သစ္စာပျက်ယွင်းမှုကြောင့် ကတိတော်ရှိထားသည့်အတိုင်း သူတို့အား တရားစီရင်ပြီးနောက် (ဟေ ၃:၁-၄:၁)၊ ရွှေရောင်နေ့သစ် ရောက်ရှိလာမည်ဖြစ်သည်။…
အကျိုးရလဒ်
၁၉၂၁ ခုနှစ်တွင် ပန်းပုပညာရှင် Sam Rodia (ဆမ်ရိုဒီယာ) သည် သူ၏ ‘Watts Towers’ စတီးချောင်းများနှင့်ပြုလုပ်သော ပန်းပုမျှော်စင်များကို စတင်တည်ဆောက်ခဲ့သည်။ (၃၃) နှစ်အကြာတွင် အမေရိကန်နိုင်ငံ၊ လော့စ်အိမ်ဂျလစ်မြို့အနှံ့၌ မီတာ (၃၀) အမြင့်ရှိ မျှော်စင် (၁၇) ခု ပေါ်ထွက်လာခဲ့သည်။ ဂီတပညာရှင် Jerry Garcia (ဂျယ်ရီဂါစီးယား)က ရိုဒီယာ၏တစ်သက်တာလုပ်ဆောင်မှုကို အထင်သေးခဲ့သည်။ “ရလဒ်ကတော့ ဒါပါပဲ။ ကိုယ်သေပြီးမှ ထွက်ပေါ်လာတဲ့အရာတွေပေါ့။ ကျွန်တော့်အတွက်တော့ ဒီလိုမဖြစ်စေရဘူး”ဟု သူပြောခဲ့သည်။
သို့နှင့် ဂျယ်ရီအတွက် ရလဒ်ကားအဘယ်နည်း။ သူ့တီးဝိုင်းအဖွဲ့ဝင် Bob Weir (ဘော့ဘ်ဝီယာ) က “ထာဝရကာလမှာ မင်းနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမျှ လူတွေသတိရမှာ မဟုတ်ဘူး။ ဒါကြောင့် ပျော်ပျော်ပဲနေကြရအောင်” ဟု သူတို့၏ အယူအဆကို အကျဥ်းချုံးပြောပြခဲ့သည်။
ချမ်းသာသော ပညာရှိတစ်ဦးသည် သူတတ်စွမ်းသမျှ အရာခပ်သိမ်းကို…
အဆုံး၌ စည်းလုံးညီညွတ်ခြင်း
၁၉၆၀ ခုနှစ်တွင် Otto Preminger (အော့တိုပရဲမင်ဂျာ)သည် သူ၏ “Exodus” (ထွက်မြောက်ခြင်း) ရုပ်ရှင်ဖြင့် အငြင်းပွားမှုများ ဖြစ်စေခဲ့သည်။ ထိုရုပ်ရှင်သည် Leon Uris (လီယွန်ယူရစ်)၏ဝတ္ထုကို အခြေခံ၍၊ ဒုတိယကမ္ဘာစစ်အပြီး ပါလက်စတိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သည့် ဂျူးဒုက္ခသည်များ၏ စိတ်ကူးယဉ်မှတ်တမ်းကို ဖော်ပြထားသည်။ ဤဇာတ်ကားသည် အသတ်ခံခဲ့ရသူနှစ်ဦးဖြစ်သော ဥရောပ-ဂျူးမိန်းကလေးနှင့် အာရပ်အမျိုးသားတို့ကို မကြာမီ အစ္စရေးနိုင်ငံဖြစ်လာတော့မည့် အရပ်၌ အုတ်ဂူတစ်ခုထဲတွင် အတူတူမြေမြှုပ်သင်္ဂြိုဟ်ခြင်းဖြင့် ဇာတ်သိမ်းထားသည်။
၎င်းသည် ထာဝရမြှုပ်နှံလိုက်ရသည့် အိပ်မက်တစ်ခုအပေါ် စိတ်ပျက်အားလျော့မှုကို တင်စားခြင်းလား၊ သို့မဟုတ် မုန်းတီးမှုနှင့်ရန်လိုမှု ရာဇဝင်ရှိသော လူနှစ်ဦး၏ သေခြင်းနှင့်အသက်ရှင်ခြင်းတွင် ပေါင်းစည်းသွားခြင်းက မျှော်လင့်ချက်၏ နိမိတ်သင်္ကေတလား။ ပရဲမင်ဂျာသည် နိဂုံးကို ကျွန်တော်တို့ ဆုံးဖြတ်ရန် ချန်ထားခဲ့သည်။
ဆာလံ ၈၇ ကို ရေးသားခြင်းဖြင့် ဂုဏ်ပြုခံရသော ကောရ၏သားများက ဒုတိယ အမြင်ကို ရွေးချယ်ခဲ့လိမ့်မည်။ ကျွန်တော်တို့…
သစ်တောအမှောင်ခန်း
စစ်တပ်က တိုနီ ဗက်ကာရိုကို ဓာတ်ပုံဆရာတစ်ဦးအနေဖြင့် အခွင့်မပေးခဲ့သော်လည်း ၎င်းသည် သူ့ကို မတားဆီးနိုင်ခဲ့ပါ။ သစ်ပင်ထက်မှ ကျလာသကဲ့သို့ တဖွဲဖွဲကျလာ သော အမြောက်ဆန်များနှင့် ကျည်စကျည်နများကို ရှောင်တိမ်းရင်း ကြောက်မက်ဖွယ်ကောင်းသည့်အခိုက်အတန့်ကြား၌ သူဓာတ်ပုံရိုက်ခဲ့သည်။ ထို့နောက် သူ၏ သူငယ်ချင်းများ အိပ်ပျော်သွားသောအခါ သူတို့၏သံခမောက်များကို သုံးပြီး ဓာတုပစ္စည်းများကို ရောနှောကာ သူ၏ရုပ်ရှင်ကို ဖန်တီးခဲ့သည်။ သစ်တော၏ညအချိန်က ဗက်ကာရိုအတွက် ဒုတိယကမ္ဘာစစ် ဟတ်ဂင်သစ်တောတိုက်ပွဲ၏ ကောင်းမွန်သော မှတ်တမ်းကို ဖန်တီးခဲ့သည့် သစ်တောအမှောင်ခန်း ဖြစ်လာခဲ့သည်။
ဒါဝိဒ်မင်းသည် သူ၏တိုက်ပွဲများနှင့် မှောင်မိုက်သောအချိန်များကို ဖြတ်သန်းခဲ့ရသည်။ ၂ ရာ၂၂ ၌ “ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ” ဟု ပြောထားသည် (:၁)။ ဒါဝိဒ်သည် ထိုအတွေ့အကြုံများကို အသုံးပြု၍ ဘုရားသခင်၏သစ္စာရှိမှုမှတ်တမ်းကို ပြုစုခဲ့သည်။ သူက “သေခြင်း…
လူမျိုးတော်စု စခန်းချခြင်း
ကျွန်တော်တို့နှင့် အဆုံးမရှိသော အနောက်အာဖရိက ကောင်းကင်ကြားတွင် ကြယ်များသာရှိသည့်နေရာတွင် စခန်းချခဲ့ကြသည်။ ခြောက်သွေ့သောရာသီတွင် တဲထိုးရန် မလိုအပ်သော်လည်း မီးကို မရှိမဖြစ်လိုအပ်ခဲ့သည်။ “ဘယ်တော့မှ မီးမငြိမ်းသွားစေနဲ့” ဟု သစ်လုံးများကို တုတ်တစ်ချောင်းဖြင့် ထိုးနေရင်း အဖေ ပြောခဲ့သည်။ မီးကြောင့် တောရိုင်းတိရစ္ဆာန်များ မချဥ်းကပ်ခဲ့ပါ။ ဘုရားသခင်ဖန်ဆင်းထားသည့် သတ္တဝါများသည် အံ့သြဖွယ်ကောင်းသော်လည်း မိမိစခန်းချရာနေရာတစ်လျှောက် ကျားသစ် သို့မဟုတ် မြွေတစ်ကောင် လှည့်ပတ်နေခြင်းကို မည်သူမျှ မလိုချင်ကြပါ။
အဖေသည် ဂါနာနိုင်ငံ၏ အထက်ပိုင်းဒေသ၌ သာသနာပြုနေသူတစ်ဦး ဖြစ်ပြီး၊ သူ၌ အရာရာကို သင်ကြားမှု အခိုက်အတန့်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် အရည်အချင်းရှိသည်။ စခန်းချခြင်းသည်ပင် ချွင်းချက် မဟုတ်ခဲ့ပါ။
ဘုရားသခင်သည် သူ၏လူများအတွက် စခန်းချခြင်းကို သွန်သင်မှုပြုရာနေရာ အဖြစ်လည်း အသုံးပြုခဲ့သည်။ ဣသရေလလူမျိုးများသည် တစ်နှစ်လျှင်တစ်ကြိမ်၊ တစ်ပတ်လုံး “ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော…
ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း
ဖိုးဘီးယား(Phobia) ဆိုသည်မှာ အရာအချို့ (သို့) အခြေအနေအချို့ကို “အကြောင်းမဲ့ အကြောက်လွန်ခြင်း”ဟု အနက်ဖွင့်သည်။ Arachnophobia သည် ပင့်ကူများကို ကြောက်ရွံ့ခြင်းဖြစ်သည်(အချို့ကကြောက်သင့်တာပဲ၊လုံးဝဖြစ်သင့်သည်ဟုဆိုမည်)။ ထိုနောက် globophobia - ပူဖောင်းကို ကြောက်ခြင်း၊ xocolatophobia- ချောကလက်ကို ကြောက်ခြင်း စသည်ဖြင့် ရှိသည်။ ၎င်းတို့နှင့် အခြားသော လူတို့အကြောက်လွန်သည့်အရာ ၄၀၀ခန့်မျှရှိပြီး၊ ၎င်းတို့သည် အမှန်တကယ်ရှိပြီး မှတ်တမ်းပြုစုထားသည်။ မည်သည့်အရာကိုမဆို ကျွန်ုပ်တို့ကြောက်နေတတ်ပုံ ပေါ်နေသည်။
ပညတ်တော်ဆယ်ပါးကိုခံယူပြီးနောက် ဣသရေလလူမျိုးတို့၏ကြောက်ရွံ့မှုကို သမ္မာကျမ်းစာက “လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း …ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏”(ထွက် ၂၀:၁၈)ဟု ဆိုထားသည်။မောရှေသည် သူတို့ကို နှစ်သိမ့်ကာ စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ဤစကားများကို မိန့်မြွက်ခဲ့သည်။ “မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့်လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏”…
ရှေဗန၏သင်္ချိုင်း
အိုင်ယာလန်ကဗျာဆရာ ဒဗလျူ ဘီ ရိစ် (W.B.Yeats) သည် သူသေဆုံးပါက တောင်ထိပ်၌မြေပြန့်သည့် ထည်ဝါသည့်“ဘန်ဘူလ်ဘန်တောင်ခြေ၌” သူကို မြှုပ်နှံပေးစေလိုပြီး၊ သူနောက်ဆုံးရေးစပ်ခဲ့သောကဗျာများထဲမှတစ်ပုဒ်၏ခေါင်းစဥ်ကို ထိုနာမည်ပေးခဲ့သည်။ ထိုကဗျာ၏အဆုံးသတ်စာသား “ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအပေါ်/ မသိလိုက်ဘာသာ အလေးမထားနဲ့ / ကျွန်ုပ်တို့ သေလွန်သွားလည်း ဘဝများ ဆက်ပြီးရှင်သန်နေဦးမှာပဲ”ကို သူ့အုတ်ဂူကျောက်တိုင်၌ ရေးထိုးထားသည်။
ထိုစာသား၏အဓိပ္ပာယ်အပေါ် မှန်းဆချက်များစွာ ရှိခဲ့သည်။ အသက်ရှင်ခြင်းနှင့် သေခြင်းတရား၏ လက်တွေ့သဘောသဘာဝကို ကဗျာဆရာက အသိ အမှတ်ပြုခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူ့အား မြှုပ်နှံပေးရမည့်နေရာနှင့် သူ့အုတ်ဂူကျောက်တိုင်၌ မည်သည့်စာရေးထွင်းရမည်ဆိုသည့် ရိစ်၏ဆန္ဒ ပြည့်ဝခဲ့သည်။ စိတ်မချမ်းမြေ့စရာအမှန်တရားမှာ ကျွန်ုပ်တို့၏ထွက်ခွာမှုကို စိတ်မဝင်စားဘဲ ကျွန်ုပ်တို့ မပါဘဲ ဘဝအသက်တာသည် ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။
ယုဒနိုင်ငံသမိုင်း၏ သေရေးရှင်ရေးတမျှဖြစ်သောကာလ၌ “နန်းတော်အုပ်” ရှေဗနသည် သူသေပြီးနောက် အမွေ ချန်ရစ်နိုင်ရန် သူ့အတွက် အုတ်ဂူတစ်ခုကို ပြုလုပ်ခဲ့သည်။ “သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့…
ဖခင်များနေ့အထူးစာမူ
ဖေဖေများထံသို့
အဗ္ဗ အဘ
ဖတ်ရန်- ရောမသြဝါဒစာ ၈:၁၂-၁၇
ဘုရားသခင်သည် ဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိသော သူတို့၏အဘဖြစ်၍ မုဆိုးမတို့ ဘက်မှာ တရားစီရင်တော်မူ၏။ဆာ ၆၈:၅
ဖခင်များနေ့ ပို့စကတ်လေးထဲမှ သရုပ်ဖော်ပုံလေးက ဟာသမြောက်လှသည်။ ဖခင် တစ်ဦးသည် လက်တစ်ဘက်တည်းနှင့် မြက်ရိတ်စက်ကို တွန်းကာ…
အထီးကျန်သောအသံ
ပထမကမ္ဘာစစ်ကို အဆုံးသတ်ခဲ့သည့် ပါရီငြိမ်းချမ်းရေးညီလာခံပြီးနောက် “ဒါက ငြိမ်းချမ်းရေးမဟုတ်ဘူး။ အနှစ် (၂၀) ယာယီ စစ်ပြေငြိမ်းရေးသာဖြစ်တယ်”ဟု ပြင်သစ်စစ်ဗိုလ်ချုပ် Ferdinand Foch (ဖာဒီနန် ဖော့ရှ်) က ခါးသီးစွာ မှတ်ချက်ချခဲ့သည်။ ကြောက်မက်ဖွယ်တိုက်ပွဲသည် “စစ်ပွဲအားလုံးကို ချုပ်ငြိမ်းစေမည့်စစ်ပွဲ” ဖြစ်သည်ဟူသောနာမည်ကျော်ယူဆချက်နှင့် ဖော့ရှ်၏အမြင်တို့ ကွဲလွဲလျက်ရှိသည်။ နှစ်ပေါင်း (၂၀) နှင့် (၂) လ အကြာတွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။ ဖော့ရှ် မှန်ပါသည်။
ရှေးယခင်က ဘုရားသခင်၏တစ်ဦးတည်းသော စစ်မှန်သည့်ပရောဖက် မိက္ခာသည် ဣသရေလပြည်အတွက် သေရေးရှင်ရေးတမျှဖြစ်သော စစ်ရေးရလဒ်များကို တစိုက်မတ်မတ် ပရောဖက်ပြုခဲ့သည် (၆ ရာ ၁၈:၇)။ ဆန့်ကျင်ဘက်အနေဖြင့်
အာဟပ်မင်း၏ ပရောဖက် ၄၀၀ က အောင်ပွဲရမည်ဟု ပရောဖက်ပြုခဲ့ကြသည်။
“ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါ”ဟု…
ဘုရားသခင်၏ငြိမ်းချမ်းရေးကိုယ်စားလှယ်များ
Nora (နိုရာ) သည် တရားမျှတမှုနှင့် ပတ်သက်ပြီး စိတ်အားပြင်းပြသူတစ်ယောက်ဖြစ်ရာ ငြိမ်းချမ်းစွာဆန္ဒပြခြင်းတွင် ပါဝင်ခဲ့သည်။ စီစဉ်ထားသည့်အတိုင်း အသံတိတ်ဆန္ဒပြရန် ဖြစ်သည်။ ဆန္ဒပြသူများသည် ကြီးမားသော တိတ်ဆိတ်မှုဖြင့် မြို့ထဲလမ်းလျှောက် ဆန္ဒပြကြသည်။ ထို့နောက် သူတို့အနီးသို့ ဘတ်စ်ကားနှစ်စီး ရောက်လာခဲ့သည်။ မြို့ပြင်မှ သောင်းကျန်းသူများ ရောက်လာခြင်းဖြစ်ပြီး ဆူပူအုံကြွမှု ဖြစ်ပွားခဲ့သည်။ စိတ်ကြေကွဲစွာဖြင့် နိုရာ အိမ်ပြန်လာခဲ့သည်။ သူတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်သည် အချည်းနှီးဖြစ်သွားခဲ့ပုံရသည်။
တမန်တော် ရှင်ပေါလုသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ သွားရောက်စဉ် ထိုနေရာ၌ သူ့ကို ဆန့်ကျင်သည့် လူများနှင့် တွေ့ခဲ့သည်။ ထိုလူများသည် “အာရှိပြည်” မှလာသောလူများ ဖြစ်ကြပြီး (တ ၂၁:၂၇)၊ သခင်ယေရှုကို သူတို့၏ဘဝ ရှင်သန်မှုပုံစံအတွက် ခြိမ်းခြောက်မှုအဖြစ် မြင်ကြသည်။ ရှင်ပေါလုနှင့်ပတ်သက်၍ အလိမ်အညာနှင့် ကောလဟာလများကို ဟစ်ကြော်ရင်း ပြဿနာဖြစ်အောင် လှုံ့ဆော်ခဲ့ကြသည် (:၂၈-၂၉)။ လူအုပ်ကြီးသည်…