စာရေးသူ

အားလုံးမြင်နိုင်ရန်
Winn Collier

ဝင်းကော်လီယာ

၂၅ နှစ်ကြာ သင်းအုပ်အဖြစ် ဆက်ကပ်လုပ်ဆောင်နေသော ဆရာ ဝင်းကော်လီယာ (Winn Collier)သည် သူ့မိသားစုနှင့်အတူ အမေရိကနိုင်ငံ၊ မီရှိဂန်ပြည်နယ်ရှိ ဟော်လန်မြို့တွင် နေထိုင်လျက်ရှိသည်။ ထိုမြို့ရှိ Western Theological Seminary (အနောက်ပိုင်းဆိုင်ရာ ဘာသာရေးယုံကြည်မှု ကျမ်းစာသင်ကျောင်း) တွင် ဆရာသည် သင်ကြားပို့ချပေးပြီး Eugene Peterson Center for Christian Imagination (ယူဂျင်း ပီတာဆန် - ခရစ်ယာန် စိတ်အာရုံဆိုင်ရာ စင်တာ) တွင်လည်း ဦးဆောင်ညွှန်ကြားသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မိတ်ဆွေအပေါင်းအသင်းဖွဲ့မည်၊ ကော်ဖီသောက်မည်၊ ရုပ်ရှင် ကြည့်မည်၊ အကျိုးရှိမည့်စာအုပ်ဖတ်မည်၊ တောင်တတ်မည်၊ အမေးအဖြေ လုပ်မည်၊ တောအုပ်ထဲ လမ်းလျှောက်မည်။ ဤသည်တို့မှာ ဆရာ ဝင်း၏ ဝါသနာများပါ။ ဟန်ဆောင်မှု၊ ကြောက်ရွံ့မှု၊ မတရားမှုများကိုဖြင့် ဆရာ နည်းနည်းလေးမျှ သဘောမကျ။ ဆရာသည် မဂ္ဂဇင်းများ၌လည်း စာမူများရေးသားလေ့ရှိပြီး ဆရာရေးသားသည့် စာအုပ်များမှာမှာ Restless Faith: Hanging on to a God၊ Let God: The Transforming Wisdom of François Fénelon၊ Holy Curiosity: Encountering Jesus’ Provocative Questions၊ ပေးစာဟန် ဝတ္ထုများဖြစ်သည့် Love Big, Be Well: Letters to a Small-Town Church နှင့် A Burning in My Bones: The Authorized Biography of Eugene Peterson တို့ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဝင်းကော်လီယာ

မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏

နယ်သာလန်နိုင်ငံ ရိုရ်မုတ်(Roermond)မြို့ရှိ ပရိုတက်စတင့်(Protestant)နှင့် ကက်သိုလစ်(Catholic)သင်္ချိုင်းအကြားရှိ အုတ်နံရံတစ်လျှောက် အပန်းဖြေလမ်းလျှောက်သွားလျှင် စူးစမ်းစရာမြင်ကွင်းကို သင်တွေ့မြင်ရပေမည်။ နံရံတစ်ဘက်စီ၌ တူညီသော အုတ်ဂူကျောက်တိုင်နှစ်ခု ကပ်ထားသည်ကိုတွေ့ရပြီး၊ တစ်ခုမှာ ပရိုတက်စတင့်ခင်ပွန်းအတွက်ဖြစ်ပြီး တစ်ခုမှာ ကက်သိုလစ်ဇနီးအတွက်ဖြစ်သည်။ ၁၉ ရာစုနှစ်အတွင်းက ထိုလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ဂိုဏ်းဂဏမတူသောကြောင့် သီးခြား သင်္ချိုင်းများတွင် မြှုပ်နှံကြရသည်။ သို့ရာတွင် သူတို့၏ကံကြမ္မာကို သူတို့လက်မခံကြပါ။ ပုံမှန်မဟုတ်သော သူတို့၏အုတ်ဂူကျောက်တိုင်သည် ကွယ်နေသော နံရံအထက် တစ်ပေနှစ်ပေခန့် လေထဲတွင် လွတ်နေသည်။ ကျောက်တိုင်၏ ထိပ်တွင် ပန်းပုလက်ရာ လက်မောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု လက်တွဲယှက်တင်လျက် ရှိသည်။ ထိုစုံတွဲသည် သေသွားကြသည့်တိုင်အောင် တစ်ဦးနှင့်တစ်ဦး ခွဲထားခြင်းကို ငြင်းပယ်ခဲ့ကြသည်။

ရှောလမုန်သီချင်းတွင် ချစ်ခြင်းမေတ္တာ၏အစွမ်းတန်ခိုးကို ဖော်ပြထားသည်။ “မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏”(၈:၆) ဟု ရှောလမုန်မင်းကြီးက ပြောဆိုထားသည်။ မေတ္တာစစ်သည်…

ကောင်းစွာအသုံးပြုသောအချိန်

၂၀၁၉ ခုနှစ်၊ မတ်လ (၁၄) ရက်တွင် အာကာသယာဉ်မှူး Christina Koch (ခရစ်စတီးနားခုတ်) အား နိုင်ငံတကာအာကာသစခန်းသို့ ခေါ်ဆောင်သွားသည့် NASA (နာဆာ) ဒုံးပျံများ လွတ်တင်လိုက်သည်။ ခရစ်စတီးနား သည် အာကာသထဲတွင် (၃၂၈) ရက် နေရမည်ဖြစ်ပြီး အာကာသထဲ တစ်ဆက်တည်း အကြာဆုံးနေထိုင်သော အမျိုးသမီးအဖြစ် စံချိန်တင်သွားမည်။ ကမ္ဘာ့မြေပြင်အထက် (၂၅၄) မိုင်ခန့်၌ နေနေသည့်အချိန် ဖန်သားပြင်တစ်ခုက ထိုအာကာသယာဉ်မှူး၏အချိန်ကို (၅) မိနစ်တစ်ကြိမ် မှတ်ပေးသည်။ သူမတွင် အစာစားခြင်းမှအစ စမ်းသပ်မှုများလုပ်ခြင်းအဆုံး နေ့စဉ်တာဝန် များစွာရှိသည်။ တစ်နာရီပြီး တစ်နာရီ ဖန်သားပြင်မှ မျဉ်းနီလေးက ခရစ်စတီးနား သည် အချိန်ဇယားထက် စောသည်၊ နောက်ကျသည်ကို အမြဲမပြတ် ပြနေသည်။ အချိန်ဖြုန်းချိန်ပင် မရှိပါ။

တမန်တော်ပေါလုသည် ကျွန်ုပ်တို့၏ဘဝကို ပိုင်စိုးပိုင်နင်းစီမံသည့် မျဉ်းနီမျိုးထားရန် အကြံပြုခြင်း မဟုတ်သော်လည်း…

ဆာလောင်သူအတွက်အစားအစာ

သီးနှံများ ဆိုးရွားစွာ ပျက်စီးပြီး၊ တိရိစ္ဆာန်များသေကြေကာ လူသန်းပေါင်းများစွာ အန္တရာယ်ကြုံခဲ့သည့် ပြင်းထန်သော မိုးခေါင်ရေရှားမှုကို အာဖရိကတိုက် အရှေ့ဖျားဒေသ (Horn of Africa) သည် နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသည်။ စစ်ပွဲနှင့် ဖိနှိပ်မှုများရန်မှ ထွက်ပြေးလာခဲ့ကြသည့် ကင်ညာနိုင်ငံ၊ ခယ်ခူးမား (Kakuma)စစ်ရှောင်စခန်းရှိလူများနည်းတူ သဘာဝဘေးဒဏ်ခံရသူများအဖို့ ၎င်းသည် သေရေး ရှင်ရေးကိစ္စဖြစ်သည်။ မကြာမီက အစီရင်ခံစာတစ်ခု၌ မိခင်ငယ်တစ်ဦးသည် သူ၏ ကလေးငယ်ကို စခန်းတာဝန်ခံများထံ ခေါ်ဆောင်လာရာ၊ ပြင်းထန်သည့်အာဟာရချို့တဲ့မှုကြောင့် ထိုနိုစို့ကလေးငယ်၏ “ဆံပင်နှင့် အသားအရေမှာ ခြောက်သွေ့ ကြွပ်ဆတ်လျက်ရှိသည်”။ သူမသည် ပြုံးလည်း မပြုံး၊ အစာလည်း မစားပါ။ သူမ၏ သေးငယ်သောခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်းအလုပ်မလုပ်တော့၍ အထူးကုသမားတော်များက ချက်ချင်းဆိုသလို ကုသပေးခဲ့ရသည်။ လိုအပ်ချက်များစွာ ရှိနေသေးသော်လည်း မရှိမဖြစ်သော အရေးပေါ် လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အခြေခံအဆောက်အဦကို တည်ဆောက်ထားပြီးဖြစ်၍ ကျေးဇူးတင်စရာပင်။

ဤစိုးရိမ်ဖွယ်…

ဘုရားသခင်၌ စည်းကမ်းရှိသောအသက်တာ

အဲလစ်ဇဘက်ဘုရင်မကြီး၏ နှစ် (၉၀) ပြည့်မွေးနေ့ကို တရားဝင်ကျင်းပသော ၂၀၁၆ ခုနှစ် ဇွန်လက ဖြစ်သည်။ ဘုရင်မကြီးက သူမ၏ရထားလုံးပေါ်မှ လူအုပ်ကြီးဆီသို့ လက်ပြရင်း၊ ဦးလည်မသုန်အာရုံစိုက်မှုဖြင့် မှန်ကန်တိကျစွာ ရပ်နေသော ကုတ်အင်္ကျီ အနီရောင်ဝတ် စစ်သားတန်းရှည်ကို ဖြတ်ကျော်လာခဲ့သည်။ ထိုနေ့သည် အင်္ဂလန်နိုင်ငံ၌ ပူနွေးသောနေ့တစ်နေ့ဖြစ်ပြီး၊ အစောင့်များသည် သူတို့၏ ရိုးရာဝတ်စုံဖြစ်သော သိုးမွှေးဘောင်းဘီ အမဲရောင်၊ မေးစေ့အထိကြယ်သီးတပ်ထားသော သိုးမွှေးအပေါ်အင်္ကျီနှင့် လေးလံကြီးမားသော ဝက်ဝံမွှေးဦးထုပ်ကို ဝတ်ဆင်ထားခဲ့သည်။ စစ်သားများသည် နေရောင်အောက်တွင် မတ်မတ်အနေအထားဖြင့် အတန်းလိုက်ရပ်နေချိန်တွင် အစောင့်တစ်ဦးသည် မူးလဲသွားသည်။ ထူးခြားသည်မှာ သူ၏တင်းကျပ်သောထိန်းချုပ်မှုကို ထိန်းထားပြီး၊ ရှေ့သို့သာလဲကျကာ သူ၏ကိုယ် ခန္ဓာသည် ပျဉ်ချပ်ကဲ့သို့ ဖြောင့်တန်းလျက် မျက်နှာမှာ သဲကျောက်စရစ်ထဲ စိုက်နေသည်။ သူလဲနေသော်လည်း သတိ အနေအထားဖြင့်ပင် လဲသွားခြင်းဖြစ်သည်။

သတိလစ်သွားသည့်တိုင် မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်ရန် ဤကိုယ်ရံတော်သည် လေ့ကျင့်မှု၊ စည်းကမ်းကြပ်မတ်မှုဖြင့်…

ချုပ်တည်းမှုကင်းမဲ့ခြင်းနှင့် အတင့်ရဲခြင်း

အင်္ဂလန်နိုင်ငံရှိ Holy Island (သန့်ရှင်းမြင့်မြတ်သောကျွန်း) ဟုခေါ်သော Lindisfarne (လင်ဒစ်ဖာန်း) ကျွန်းသည် လမ်းကျဉ်းလေးတစ်ခုဖြင့်သာ ကုန်းမကြီးနှင့် ဆက်သွယ်ထားသည်။ ထိုတာရိုးလမ်းကို တစ်ရက်လျှင် ၂ ကြိမ် ပင်လယ်ရေ လွှမ်းသည်။ ဒီရေတက်ချိန်တွင် ထိုလမ်းမှသွားပါက အန္တရာယ်များတတ်ကြောင်း ဆိုင်းဘုတ်များက ခရီးသွားများကို သတိပေးသည်။ သို့သော်လည်း ခရီးသွားများက သတိပေးချက်များကို လျစ်လျူရှုမြဲ လျစ်လျူရှုလျက်၊ သူတို့ကားများ ရေမြှုပ်လေမှ ကားခေါင်မိုးပေါ် တက်ထိုင်ပြီး၊ သို့မဟုတ် ခြေတံရှည်ဆောက်ထားသော လုံခြုံရေးတဲများသို့ ရေကူးသွားပြီး လာကယ်မည့်အချိန်ကို စောင့်ရသည်။ နေထွက်မည်မှာ သေချာသကဲ့သို့ ဒီရေတက်မည်မှာလည်း သေချာပါသည်။ သတိပေးချက်များလည်း နေရာတိုင်းတွင် ရှိပါသည်။ မတွေ့ဘဲ မနေပါ။ သို့သော်လည်း စာရေးဆရာတစ်ယောက် ရေးသားခဲ့သကဲ့သို့ “လင်ဒစ်စ်ဖာန်းကျွန်းသည် မဆင်ခြင်တတ်သူ များက ဒီရေထက်မြန်အောင် ပြေးရန် ကြိုးစားကြသောနေရာ” ဖြစ်သည်။

“မဆင်မခြင်နေထိုင်ကာ ချုပ်တည်းမှုကင်းမဲ့ခြင်းနှင့် အတင့်ရဲခြင်း”သည်…

စင်ကြယ်စေသော ဝန်ချတောင်းပန်ခြင်း

ကွယ်လွန်တော့မည့်လူများက ငှားရမ်းသောလူတစ်ဦးရှိသည်။ ထိုသူသည် သူတို့၏ ဈာပနသို့လာ၍ သူတို့အသက်ရှင်စဉ် မပြောခဲ့သော လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုရန်ဖြစ်သည်။ ကွယ်လွန်သူအကြောင်း ဂုဏ်ပြုစကားပြောစဉ် ထိုသူက ကြားဖြတ် ဝင်ဖောက်ရာ၊ မှင်သက်သွားသော ဈာပနဦးဆောင်သူများက သူ့ကိုတားရန်ကြိုးစားကြသည့်အခါ သူက သူတို့ကို ထိုင်ရန်ပြောပြီး၊ ကွယ်လွန်သူအမျိုးသားသည် ထီပေါက်ခဲ့သော်လည်း လူတစ်ဦးကိုမျှမပြောဘဲ ဆယ်စုနှစ်များစွာ အောင်မြင်သောစီးပွားရေးသမားအဖြစ် ဟန်ဆောင်ခဲ့ကြောင်း သူရှင်းပြသည်။ ကွယ်လွန်သူ၏​ဖောက်ပြန်မှုအကြောင်ကို ကျန်ရစ်သူဇနီးအား အကြိမ်ကြိမ်ဝန်ခံခဲ့သည်။ ဤလုပ်ရပ်က ရိုးသားမှုကို အမြတ်ထုတ်ခြင်းလား၊ သဘောရိုးသက်သက်လားဟု မေးခွန်းထုတ်နိုင်သော်လည်း အတိတ်မှ အပြစ်များကို ဖြေလိုသည့် လူ့စိတ်ဆန္ဒက သိသာထင်ရှားသည်။

အခြားလူတစ်ဦးကို (အထူးသဖြင့် မိမိကွယ်လွန်ပြီးမှ) ကိုယ်စား အပြစ်ဝန်ခံစေခြင်းက အဓိပ္ပာယ်မရှိ၊ အရဲစွန့်လွန်းသောနည်းဖြင့် လျှို့ဝှက်ချက်များကို ဖြေရှင်းခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ဝန်ချတောင်းပန်ရန်၊ ရင်ဖွင့်ရန် လိုကြောင်း နက်နဲသည့်အမှန်တရားကို ဖော်ပြနေသည်။ ဝန်ချတောင်းပန်ခြင်းက ဖုံးကွယ်ထားသော၊လှိုက်စားစေတတ်သောအရာများမှ သန့်စင်စေသည်။ “အချင်းချင်း…

ပျော်ပွဲဆင်နွဲ ပွဲခံရန်အချိန်

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ကျွန်ုပ်တို့၏ ယခင်အသင်းတော်သည် ဗတ္တိဇံမင်္ဂလာကို Rivanna (ရီဗာနာ) မြစ်ထဲတွင် ပြုလုပ်ခဲ့သည်။ ထိုနေရာတွင် မကြာခဏ နေသာကာ နွေးထွေးသော်လည်း ရေမှာ အေးစက်လှသည်။ တနင်္ဂနွေနေ့ဝတ်ပြုခြင်း အပြီးတွင် ကားများနှင့် ခရီးသွားယာဥ်တို့ဖြင့် မြို့တော်ပန်းခြံသို့ ကျွန်ုပ်တို့ ခရီးပြုကြသည်။ ပန်းခြံထဲတွင် အနီးအနားရှိလူများသည် လေဝဲ ပလပ်စတစ်ပြားများကို ပစ်လွှတ်ဆော့ကစားကြပြီး ကလေးကစားကွင်းတွင် ကလေးများနှင့်ပြည့်နေ သည်။ ကျွန်ုပ်တို့သည် မြစ်ကမ်းနဘေးသို့ ဖြည်းဖြည်း လမ်းလျှောက်သွားခဲ့သည်။ ရေခဲတစ်မျှအေးစက်သော‌ရေတွင် မတ်တပ်ရပ်လျက် ကျွန်ုပ်သည် ကျမ်းပိုဒ်ကို ဖတ်ရှုကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ ဗတ္တိဇံခံသူများကို ရေနှစ်ခြင်းပေးခဲ့သည်။ အရိုးထဲထိ အေးစိမ့်မှုကို ခံစားရလျက် သူတို့ ရေထဲမှ ထလာသောအခါ ကောင်းချီးဩဘာ‌ပေးလျက် လက်ခုပ်တီးသံများ ပေါ်ထွက်လာသည်။ မြစ်ကမ်းပေါ်သို့ သူတို့တက်လာစဥ် မိတ်ဆွေများနှင့် မိသားစုတို့က ဗတ္တိဇံမင်္ဂလာခံယူခဲ့ကြသူများကို ပွေ့ဖက်ကြိုဆိုကာ အားလုံးလည်း စိုရွှဲကုန်ကြသည်။ ကိတ်မုန့်များ၊…

လွတ်မြောက်မှု၏ ဘုရားသခင်

သမ္မတအေဗရန်ဟန် လင်ကွန်းသည် နှစ်နှစ်ခွဲကြိုပြီး ကျွန်ပြုချုပ်နှောင်ခံရသူများ ကို လွတ်မြောက်စေခဲ့ပြီး၊ တောင်ပိုင်းခွဲထွက်ရေးတပ်က လက်နက်ချခဲ့သော်လည်း တက္ကဆက်ပြည်နယ်သည် ကျွန်ခံရသူများ၏ လွတ်လပ်ခွင့်ကို လက်မခံဘဲရှိနေ သည်။ သို့သော် ၁၈၆၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ပြည်ထောင်စုတပ်မတော်ဗိုလ်ချုပ်ကြီး ဂေါ်ဒန် ဂရန်ဂျာသည် တက္ကဆက်ပြည်နယ်၊ ဂတ်ဗ့်စတန်မြို့သို့သွားရောက်ခဲ့ပြီး ကျွန်ပြုခံရသူများအားလုံးကို လွတ်မြောက်ခွင့်ပေးရန် အမိန့်‌ပေး တောင်းဆိုခဲ့သည်။ သံခြေချင်းများ ကျွတ်လွတ်သွားပြီး လွတ်မြောက်ခြင်းကြေညာချက်ကို ကြားလိုက်ရသည့် အချုပ်အနှောင်ဘဝ၌ရှိနေသူများ၏ အံ့သြပျော်ရွှင်မှုကို မြင်ယောင်ကြည့်ပါ။

အဖိနှိပ်ခံများကို ဘုရားသခင်မြင်ပြီး၊ အဆုံးတွင် မတရားမှုအောက်တွင်ရှိ‌‌နေသူများအတွက် လွတ်လပ်မှုကို ကြေညာပါလိမ့်မည်။ ၎င်းသည် မောရှေလက်ထက်က မှန်နေသကဲ့သို့ ယခုလည်း မှန်ကန်သည်။ ဘုရားသခင်သည် မီးလောင်နေသော ခြုံပုတ်မှထင်ရှားလျက်၊ “...အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဥ်းဆဲခြင်း ကို ငါစေ့စေ့မြင်ခဲ့ပြီ”(ထွက် ၃:၇)ဟု အရေးကြီးသောသတင်းစကားဖြင့် မောရှေထံ ပေါ်လာသည်။ ဣသရေလလူမျိုးအပေါ် အဲဂုတ္တုလူတို့၏ရက်စက်ကြမ်းကြုတ်မှုကို ဘုရားရှင်မြင်ရုံသာမက…

ပွင့်လန်းသော သဲကန္တာရများ

လွန်ခဲ့သော ရာစုနှစ်တစ်ခုက အီသီယိုးပီးယား၏ (၄၀) ရာခိုင်နှုန်းခန့်ကို စိမ်းလန်းသော သစ်တောများ ဖုံးလွှမ်းခဲ့သော်လည်း ယနေ့တွင် (၄) ရာခိုင်နှုန်းခန့်သာရှိသည်။ သစ်ပင်များကို မကာကွယ်နိုင်ဘဲ သီးနှံစိုက်ဧကများ ခုတ်ထွင်ရှင်းလင်းခြင်းသည် ဂေဟဗေဒဆိုင်ရာ ကပ်ဆိုက်လာသည်။ ကျန်ရှိသော အစိမ်းရောင်အကွက်လေးများ အများစုကို ဘုရားကျောင်းများက ကာကွယ်ထားသည်။ ဒေသခံ အီသီယိုးပီးယား Orthodox Tewahedo (ရှေးရိုး ထွီဟီဒို) အသင်းတော်များသည် လွင်တီးခေါင်သဲကန္တာရအလယ်တွင် ဤအိုအေစစ်များကို ရာစုနှစ်များစွာ ပြုစုပျိုးထောင်ပေးခဲ့ရသည်။ ဝေဟင်မှပုံများကို ကြည့်လျှင် အညိုရောင် သဲများဖြင့် ဝန်းရံထားပြီး စိမ်းလန်းစိုပြေသော ကျွန်းများကို မြင်တွေ့ရသည်။ ဖန်ဆင်းခံအရာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း -သစ်ပင်များကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် ဘုရားသခင်အား နာခံခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အသင်းတော်ခေါင်းဆောင်များက အခိုင်အမာ ပြောဆိုသည်။

ပရောဖက်ဟေရှာယသည် လွင်တီးခေါင် ကန္တာရနှင့် ပြင်းထန်သောမိုးခေါင်မှု ခြိမ်းခြောက်ဒဏ်ခံရသည့် မိုးနည်းသောပြည်တွင် နေထိုင်ကြသော ဣသရေလလူမျိုးများထံ စာရေးခဲ့သည်။ ထို့ပြင် “တောကန္တာရနှင့်ခြောက်သွေ့သော​အရပ်သည် ရွှင်မြူးကြလိမ့်မည်။…

စစ်မှန်သောရန်ငြိမ်းစေသူ သခင်ယေရှု

၁၈၆၂ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်တွင် အမေရိကန် ပြည်တွင်းစစ်မှာ ပြင်းထန်နေခဲ့သည်။ ယူနီယံ(ပြည်ထောင်စု)တပ် နှင့် ပြည်ထောင်စုမှတောင်ပိုင်းသို့ခွဲထွက်သောတပ် တို့သည် တဲနစီပြည်နယ် Stones (စတုံး)မြစ်ကမ်းတစ်ဘက်စီ ကိုက် (၇၀၀) အကွာတွင် အသီးသီး စခန်းချသည်။ စခန်းမီးပုံအနီး မီးလှုံနေကြစဥ် ယူနီယံတပ်မှစစ်သည်များက တယောများ၊ ဘာဂျာများနှင့် Yankee Doodle (အမေရိကန်သား၏ တောင်ခြစ်မြောက်ခြစ်) သီချင်းကို တီးခတ်ကြသည်။ တောင်ပိုင်းခွဲထွက်တပ်ဘက်မှ Dixie (စစ်တပ်သံအိုးကြီး) သီချင်းတီးခတ်ရန် ကမ်းလှမ်းခဲ့သည်။ မှတ်မှတ်ရရ နှစ်ဘက်တပ်ဖွဲ့များသည် နောက်ဆုံး၌ Home, Sweet Home (ပျော်ရွှင်စွာအိမ်ပြန်ရောက်ပြီ) သီချင်းကို အတူတီးခတ်ခဲ့ကြသည်။ အဓိဌာန်ပြုထားသည့် နှစ်ဘက်ရန်သူတို့သည် ညအမှောင်၌ စိတ်ကူးယဥ်ရန်ပင် မဖြစ်နိုင်သော ငြိမ်သက်ခြင်း မှုန်ဝါးဝါးနှင့် တေးဂီတကို မျှဝေခံစားခဲ့ကြသည်။ သို့သော် တေးဂီတနှင့်အတိုက်အခိုက်ရပ်စဲမှုက ခေတ္တခဏသာဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ၎င်းတို့၏တယောများကို ချပြီး ရိုင်ဖယ်သေနတ်များ ပြန်ကိုင်ပြီး တိုက်ခိုက်ကြရာ နှစ်ဘက်စစ်သည်…