ဖခင်၏ ကောင်းချီးမင်္ဂလာ
မကြာမီက ကျွန်ုပ်တို့အသင်းတော်၌ ဖခင်များနှင့်ရင်းနှီးကျွမ်းဝင်မှု အားနည်းသူများက ကျွန်ုပ်အား ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ဖခင်တစ်ယောက်ကဲ့သို့ ရပ်တည်ပြီး ၎င်းတို့ကို ကောင်းချီးပေးရန် တောင်းဆိုခဲ့သည်။ ကျွန်ုပ်ဆုတောင်းရာတွင် သားသမီးများ အပေါ် မျှော်လင့်ချက် ကြီးမားမြင့်မားစွာ ထားရှိခြင်း၊ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုကို မပေးခြင်း၊ ရပ်တည်ပေးရန် ပျက်ကွက်မှု စသည်တို့ကြောင့် သားသမီးများကို ဒဏ်ရာရနာကျင်စေသော ဖခင်၏လုပ်ရပ်များအတွက် ရှေ့ဦးစွာ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့သည်။ ထို့ပြင် ဝမ်းမြောက် ပျော်ရွှင်ခြင်း၊ ချစ်ခင်လေးစားခြင်းနှင့် ကြွယ်ဝသောချစ်ခြင်း မေတ္တာကို ခံစားရပါစေဟု ကောင်းချီးပေးကြွေးကြော်ခဲ့သည်။
ထိုသို့ဆုတောင်းကောင်းချီးပေးနေစဉ် ကျွန်ုပ်မျက်ရည်ကျခဲ့ သည်။ ထိုကောင်းချီးကို ကျွန်ုပ်လည်းလိုအပ်ဆဲဖြစ်ပြီး ကျွန်ုပ်၏ သားသမီးများလည်း အဘယ်မျှလိုအပ်လိမ့်မည်ကို နားလည်သဘောပေါက်ခဲ့သည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ဖခင်အဖြစ် ထပ်ခါထပ်ခါဖော်ပြလျက် ၎င်းသည် ပုံပျက်နေသောဖခင်၏ပုံရိပ်သဏ္ဌာန်ကို ပြန်လည်ဖော်ဆောင်ပေးသည့် အမှန်တရား ဖြစ်သည်။ ကျွန်ုပ်တို့၏ထာဝရအဘ ဖြစ်သော ဘုရားသခင်သည် ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာကို…
အပြစ်တင်ခြင်းမှ လွတ်မြောက်ခြင်း
ဇနီးမောင်နှံနှစ်ဦးသည် ခြောက်သွေ့သော မြောက်ကယ်လီဖိုးနီးယားကိုဖြတ်၍ ကားမောင်းလာစဉ် ကားဘီးပေါက်သွားပြီး လမ်းမျက်နှာပြင်နှင့် ကားဘီးခွေတို့ ပွတ်ဆွဲသံကို ကြားလိုက် ရသည်။ ယင်းမှလွှင့်စင်လာသည့် မီးပွားလေးက ဧက ၂၃၀,၀၀၀ နီးပါး လောင်ကျွမ်းခဲ့သည့် ၂၀၁၈ ခါးရ် တောမီးလောင်မှုကို ဖြစ်စေခဲ့ပြီး နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီးကာ၊ လူအတော်များများ သေဆုံးခဲ့ ရသည်။
ထိုမောင်နှံနှစ်ဦးသည် ဝမ်းနည်းမှုဖြင့် စိတ်ဖိစီးခံနေ ရကြောင်း တောမီးကြောင့် အသက်မသေဘဲ ကျန်ရစ်သူများက ကြားသော် “ရှက်စိတ်နှင့်စိတ်ပျက်အားငယ်မှုတို့ လွှမ်းခြုံနေသူ ကို ကျေးဇူးပြုလျက် အကြင်နာတရားပြ” ဟူသည့်ဖေ့စ်ဘွတ် စာမျက်နှာတစ်ခု ထောင်ခဲ့သည်။ အမျိုးသမီးကြီးတစ်ဦးက “မီးကြောင့် နေအိမ်ဆုံးရှုံးသွားရတဲ့သူတစ်ဦးအနေနဲ့... ငါရဲ့ မိသားစုနဲ့ အခြားနစ်နာသူတွေလည်း မင်းတို့ကို အပြစ်မတင် ပါဘူးဆိုတာကို သိစေချင်တယ်။... မတော်တဆဆိုတာဖြစ်တတ် ပါတယ်။ ဒီသတင်းစကားလေးက မင်းတို့ရဲ့ဖိစီးမှုဝန်ကို သက်သာစေမယ်လို့ ငါတကယ်ပဲ မျှော်လင့်ပါတယ်။…
စစ်မှန်နက်ရှိုင်းသော တောင့်တစိတ်ဆန္ဒ
The Chronicles of Narnia ဇာတ်ကားတွင် အသံစူးစူးနှင့် ရက်ပီချိကြွက်သည် အရဲရင့်ဆုံး သရုပ်ဆောင်ဖြစ်မည်။ သူ့ဓားသေးသေးလေးကို ဝှေ့ယမ်းပြီး တိုက်ပွဲသို့ တစ်ဟုန်ထိုး ပြေးဝင်သည်။ ‘‘အမှောင်ကျွန်း’’ဆီသို့ မကြောက်မရွံ့ချဉ်းကပ်သည်။ ရက်ပီချိ သတ္တိရှိရသည့် လျို့ဝှက်ချက်ကား အဘယ်နည်း။ ခြင်္သေ့ကြီး အာစလန်၏ နိုင်ငံထဲသို့ ဝင်လိုသည့် ဆန္ဒစိတ်က သူ့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ‘‘ဒါငါ့နှလုံးသားရဲ့ဆန္ဒပဲ’’ ဟု သူက ဆိုသည်။ သူဘာလိုချင်သည်ကို ရက်ပီချိ ကောင်းကောင်း သဘောပေါက်သည်။ ဤစိတ်ဆန္ဒက သူ့ကို ခြင်္သေ့မင်းထံ တွန်းပို့ခေါ်ဆောင်သွားခဲ့သည်။
ယေရိခေါမြို့မှ မျက်မမြင်ဗာတိမဲသည်လည်း သူထိုင်နေကျနေရာတွင် သူများ စွန့်ကြဲမည့် အကြွေစေ့ကို မျှော်ရင်း ခွက်ခေါက်နေစဉ် သခင်ယေရှုနှင့် လူအုပ်ကြီး ရောက်လာခြင်းကို သူကြားလိုက်ရသည်။ ‘‘ဒါဝိဒ်၏သားတော် ယေရှု၊ ကျွန်ုပ်ကို ကယ်မ သနားတော်မူပါ’’ (မာ ၁၀း၄၆) ဟု…
မကြောက်တော့ပါ
ကလေးမလေးတစ်ယောက် ပြန်ပေးဆွဲခံရပြီးနောက် တစ်ပတ်အကြာတွင် သူ့ကို အီသီယိုးပီးယားရဲများ ပြန်တွေ့သောအခါ လည်ဆံမွေးအမဲရောင်ရှိသည့် ခြင်္သေ့ ၃ ကောင်က သူမကို သူတို့ကလေးကဲ့သို့ စောင့်ရှောက်ထားကြောင်း တွေ့ရသည်။ လူ ၇ ယောက်က ၁၂နှစ် အရွယ် ကလေးမလေးကို တောအုပ်ထဲ ပြန်ပေးဆွဲသွားပြီး ရိုက်နှက်ခဲ့ကြသည်။ အံ့သြဖွယ်ရာမှာ ထိုကလေးမလေး၏ အော်သံကို
ခြင်္သေ့များကြားပြီး အမြန်ရောက်လာကာ ထိုသူများကို လိုက်သဖြင့် သူတို့ ထွက်ပြေးသွားကြတော့သည်။ ‘‘ကျွန်တော်တို့ သူ့ကို ရှာတွေ့ပြီး ရောက်လာချိန်အထိ ခြသေ့င်္တွေက သူ့ဘေးက စောင့်နေပြီး နောက်မှ လက်ဆောင်လေးလိုသူ့ကို ချန်ထားပြီး တောအုပ်ထဲသို့ ပြန်ဝင်သွားတယ်’’ဟု ရဲအရာရှိ ၀န်ဒီမူ က သတင်းထောက်ကို ပြောပြပါသည်။
ထိုကလေးမလေးကြုံရသကဲ့သို့ အကြမ်းဖက်မှုနှင့် ဆိုးညစ်မှုဒုစရိုက်များက ကျွန်ုပ်တို့ကို လွှမ်းမိုးလျက် ကျွန်ုပ်တို့မျှော်လင့်ချက်မဲ့အောင် ခြောက်လှန့်နေသောခေတ် ဖြစ်သည်။ ရှေးခေတ် ယုဒလူမျိုးများလည်း ထိုသို့အဖြစ်နှင့်…
ကျေးဇူးတော်မျိုးစေ့
အိန္ဒိယနိုင်ငံမှ လူတစ်ဦးသည် ခြောက်သွေ့သည့် သဲမြေမြေလွတ်မြေရိုင်းကို ပြန်လည် အသက်သွင်းရန် နှစ်ပေါင်း ၄၀ နီးပါးမျှ ကြိုးစားလျက် လုပ်ဆောင်ခဲ့သည်။ ရာသီဥတု တိုက်စားမှုနှင့် ပြောင်းလဲသော ဂေဟစနစ်များကြောင့် သူမြတ်နိုးသည့် မြစ်ချောင်း များနှင့် ကျွန်းမှာ တိမ်ကောပျက်စီးခဲ့ရသည့်ကို သူတွေ့မြင်ခံစားခဲ့ရသည်။ သို့ဖြင့် သူသည် သစ်တစ်ပင်၊ ဝါးတစ်ပင်၊ မှို့တစ်ပင် မှစ၍ ဖြည်းဖြည်းပုံမှန် စတင်စိုက်ပျိုးခဲ့သည်။ ယခုတွင် သစ်တောများနှင့် ၎င်းတို့ကို မှီတင်းနေထိုင်သည့် တိရိစ္ဆာန်မျိုးစုံတို့သည် ဧက ၁၃၀၀ မျှသော မြေပြင်ကို ဖုံးလွှမ်းပြည့်စေခဲ့လေပြီ။ သဘာဝလောကကြီး၏ဖန်တီးဖြစ်တည်မှုက အံ့သြဖွယ်ဟု သူအသိအမှတ်ပြုလျက် ထိုသို့ သစ်တောသစ်ပင်နှင့် သက်ရှိသတ္တ၀ါများ ပြန်လည်ရှင်သန်လာခြင်းသည် သူ၏ ဆောင်ရွက်မှုကြောင့် မဟုတ်ဟု ထိုသူက ဆိုသည်။ သစ်စေ့ အချို့မှာ လေအားဖြင့် မျိုးပွားသည်။ ငှက်များနှင့် တိရိစ္ဆာန်များ အားဖြင့်လည်း အပင်များ မျိုးပွားသည်။…
အဓိကဇာတ်ဆောင်
ထင်ရှားသည် ကျမ်းစာကျောင်းတစ်ခု၌ ဟောပြောခြင်းဘာသာရပ်ကို တက်ရောက်သူ ကျောင်းသားတစ်ဦးအကြောင်း တစ်ခါက ကျွန်ုပ်ကြားဖူးသည်။ ထိုလူငယ်သည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် အဟောအပြော ကောင်းကောင်း၊ အချက်ကျကျနှင့် တရားဟောခဲ့ပြီး မိမိကိုယ်ကို ကျေနပ်လျက် သူ့နေရာ၌ ပြန်ထိုင်လိုက်သည်။ ပါမောက္ခက သုံးသပ်ချက်မပေးမီတွင် ခဏဆိုင်းပြီး ‘‘တကယ့်ကို အစွမ်းထက်တဲ့ တရားဟောချက်ပဲ။ သေသေ ချာချာ ပြင်ဆင်ထားလို့ စိတ်ကို တို့ထိစေတယ်။ တစ်ခုတည်း သော ပြဿနာကတော့ မင်းပြောတဲ့ ဝါကျတစ်ခုစီတိုင်းမှာ ဘုရားသခင်အကြောင်း မပါတာဘဲ’’ဟု ပြောခဲ့သည်။
ကျွန်ုပ်တို့အားလုံး အချိန်အတော်များများ နပန်းလုံး နေရသည့် ပြဿနာကို ပါမောက္ခကြီးက မီးမောင်းထိုးပြခဲ့သည်။ အမှန်စင်စစ် ဘုရားသခင်သည် အသက်တာ၌ အဓိကသရုပ်ဆောင်ဖြစ်သော်လည်း ကျွန်ုပ်တို့က မိမိသည် အဓိကဇာတ်ကောင်များ ဖြစ်သည့်အလား (မိမိလုပ်သည့်အရာ၊ မိမိ ပြောသည့် အရာကိုသာ အသားပေး) ပြောဆိုတတ်ကြသည်။ ဘုရားသခင်သည် ‘‘တာဝန်ခံ’’…
နောက်ပြန် လမ်းလျှောက်ခြင်း
ဗြိတိသျှသတင်းတိုရိုက်ကူးရေးအဖွဲ့မှ ၁၉၃၂ ခုနှစ်က မိသားစုပိုင်လယ်တော၌ ရိုက်ကူးခဲ့သည့် အသက် (၆) နှစ်အရွယ် ဖလဲန်နရီအိုကော်နာ အကြောင်းကို ကျွန်တော် မထင်မှတ်ဘဲ တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၏ဂုဏ်ထူးဆောင် စာရေးဆရာမ ဖြစ်လာမည့် ဖလဲန်နရီ သည် ကြက်ကို နောက်ပြန်လမ်းလျှောက်ရန် သင်ပေးသည့် အတွက် ရိုက်ကူးရေးအဖွဲ့မှ အလွန် စိတ်ဝင်စားခဲ့သည်။ ဤလျှပ်တစ်ပြက် ရိုက်ချက်က ဖလဲန်နရီ အကြောင်းနှင့် စပ်လျဉ်း၍ လုံလောက်သည့် ဥပမာဟု ကျွန်တော် မြင်မိသည်။ ဖလဲန်နရီ သည် သူမ၏စာအရေးအသားကျွမ်းကျင်မှုနှင့် ခိုင်မာသော ဘာသာရေးခံယူချက်အတိုင်း (၃၉)နှစ်လုံးလုံး အများနည်းတူ မဟုတ်ဘဲ ကွဲပြားစွာတွေးပြီး စာများ ရေးသားခဲ့သည်။ ခေတ်ယဉ်ကျေးမှုကိုဆန့်ကျင်ပြီး နောက်ပြန်လျှောက်ခဲ့သည်။ ထုတ်ဝေသူ များနှင့် စာဖတ်ပရိသတ်များက သူတို့ မျှော်လင့်ထားသော ဘာသာရေးရှုထောင့်နှင့် ဆန့်ကျင်သော သူမ၏သမ္မာကျမ်းစာ ဆိုလိုရင်းများကို နားမလည်နိုင် ဖြစ်ရသည်။
သခင်ယေရှု၏စံနမူနာအတိုင်း အမှန်အသက်ရှင်လိုက်လျှောက်လိုသူများ၏…
ဝမ်းနည်းဖွယ်အဖြစ်အပျက်ဇာတ်လမ်း
အချိန်ကြာမြင့်စွာ ဖုန်းကွယ်ထားသည့် အင်အားကြီးသည့် ယောက်ျားသားများ၏ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ဒုစရိုက်ဆိုးညစ်မှုကြီး ဘွားကနဲပေါ်လာပါပြီ။ နာကျင်ကြေကွဲစရာဖြစ်ပါသည်။ သတင်းခေါင်းစီးများကို ဖတ်ရင်း ကျွန်ုပ်အထင်ကြီး လေးစားသူ ပုဂ္ဂိုလ် ၂ ဦး၏ မတရားအကြမ်းဖက်မှုအတွက် သက်သေ ရှာတွေ့ပြီဟု တွေ့ရ၍ ကျွန်ုပ်ကြေကွဲရသည်။ အသင်းတော်သည် ထိုကိစ္စမျိုးနှင့် အကျွမ်းတ၀င်မရှိပါ။
ဒါဝိဒ်မင်းသည် သူ့အပြစ်အတွက် သူရင်ဆိုင် ရမည့်အချိန်ရောက်လေပြီ။ တစ်ညနေတွင် ဒါဝိဒ်မင်းသည် ရေချိုးနေသည့် အမျိုးသမီးတစ်ဦးကို မြင်ပြီး (၂ ရာ ၁၁း၂)၊ သူမကို လိုချင်တပ်မက်ခဲ့သည်။ ဗာသရှေဘသည် သူ၏သစ္စာရှိစစ်သည် ဥရိယ၏ဇနီးမယားဖြစ်သော်လည်း သူမကို ဒါဝိဒ်မင်း သိမ်းပိုက်ခဲ့သည်။ ဗာသရှေဘက သူမ၌ ကိုယ်ဝန်ရှိနေကြောင်း ဒါဝိဒ်မင်းအား ပြောကြားရာ ဒါဝိဒ်မင်း ဆောက်တည်ရာမရဖြစ်လေပြီ။ သို့နှင့် စက်ဆုပ်အထင်သေးဖွယ် လုပ်ရပ်အားဖြင့် စစ်မြေမြင်၌ ဥရိယ ကျဆုံးသွားအောင် ယွာဘအား စီစဉ်စေလျက် ဒါဝိဒ်မင်း…
တစ်ခုတည်းဖြစ်အောင်ပြုလုပ်ခြင်း
‘‘ကြည့်ပြီးမြင်ပါ - ၀မ်ဒဲလ် ဘယ်ရီ၏ ရုပ်ပုံ’’ မှတ်တမ်းရုပ်ရှင်တွင် စာရေးသူ ဘယ်ရီက ကွာရှင်းပြတ်စဲခြင်းက ကျွန်ုပ်တို့၏ ကမ္ဘာလောက၏အခြေအနေ မည်ကဲ့သို့ ဖြစ်နေသည်ကို ဖော်ပြနေသည်ဟု ဆိုသည်။ ကျွန်ုပ်တို့သည် မိမိ၏နေရာဒေသမှ၊ သမိုင်းကြောင်းမှ၊ ကျွန်ုပ်တို့ အချင်းချင်းမှ ကွဲထွက်သည်၊ တစ်စုတစ်စည်း တစ်လုံးတစ်ဝတည်း ရှိသင့်သောအရာများက တစ်စစီ ပြိုကွဲနေသည်။ ဤကဲ့သို့ ဝမ်းနည်းစရာ ကောင်းသော အခြေအနေအတွက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မေးသော အခါ ဘယ်ရီက ‘‘ရှိသမျှ အရာရာကို အတူ ပြန်ထားဖို့ဆိုတာ မရဘူး၊ မဖြစ်နိုင်ဘူး။ အရာနှစ်ခုကိုပဲ ယူပြီး အတူပြန်ထားရ မယ်’’ ဟု ဆိုခဲ့သည်။ ကွဲနေသည့် အရာနှစ်ခုကို တစ်ခုတည်း ပြန်ဖြစ်အောင် လုပ်ရမည်ဖြစ်သည်။
သခင်ယေရှုက ‘‘ရန်ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏’’ (မ ၅း၉) ဟု ဆိုသည်။ ရန်ငြိမ်းစေခြင်းသည်…
ဘုရားသခင် သာ၍လွှမ်းမိုးသည်
တောင်အာဖရိကမှ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအရာရှိ ဂီးစ် ကယ်မင်ဆန် ပြောပြသည့် မယုံနိုင်ဖွယ် အဖြစ်အပျက်တစ်ခုမှာ အင်အားကြီးသည့် ခြင်္သေ့ ၆ ကောင်နှင့် ခွေးတူဝက်တူ နှစ်ကောင်၏ တိုက်ပွဲဖြစ်သည်။ အင်အားချင်း မမျှသော်လည်း သူတို့ထက် ၁၀ ဆ ခန့် အရွယ်ကြီးမားသည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို အရှုံးမပေးပါ။ ၎င်းတို့ကို လွယ်လွယ်သတ်နိုင်မည်ဟု ခြင်္သေ့များထင်ထား သော်လည်း ဗီဒီယိုမှတ်တမ်းတွင် ခွေးတူဝက်တူ နှစ်ကောင် သည် ရင်ကော့၍ ထွက်သွားသည်ကို တွေ့ရသည်။
ဒါဝိဒ်နှင့် ဂေါလျတ်၏အဖြစ်အပျက်က ပို၍ပင် ယုံရ ခက်သည်။ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော ဒါဝိဒ်သည် ကြောက်မက်ဖွယ် ဖိလိတ္တိလူ ဂေါလျတ်ကို ရင်ဆိုင်ခဲ့သည်။ ငယ်ရွယ်သော ပြိုင်ဘက်ထက် ဂေါလျတ်၏အရပ်က မိုးထိုး နေပြီး သူ၌ ရက်စက်ကြမ်းကြုတ်သည့်ခွန်အား၊ ကြေးဝါ သံချပ်ကာအင်္ကျီနှင့် ကြေးဝါလက်နက်ကို ပိုင်ဆိုင်ထားသည် (၁ ရာ…