စာရေးသူ

အားလုံးမြင်နိုင်ရန်
Winn Collier

ဝင်းကော်လီယာ

၂၅ နှစ်ကြာ သင်းအုပ်အဖြစ် ဆက်ကပ်လုပ်ဆောင်နေသော ဆရာ ဝင်းကော်လီယာ (Winn Collier)သည် သူ့မိသားစုနှင့်အတူ အမေရိကနိုင်ငံ၊ မီရှိဂန်ပြည်နယ်ရှိ ဟော်လန်မြို့တွင် နေထိုင်လျက်ရှိသည်။ ထိုမြို့ရှိ Western Theological Seminary (အနောက်ပိုင်းဆိုင်ရာ ဘာသာရေးယုံကြည်မှု ကျမ်းစာသင်ကျောင်း) တွင် ဆရာသည် သင်ကြားပို့ချပေးပြီး Eugene Peterson Center for Christian Imagination (ယူဂျင်း ပီတာဆန် - ခရစ်ယာန် စိတ်အာရုံဆိုင်ရာ စင်တာ) တွင်လည်း ဦးဆောင်ညွှန်ကြားသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မိတ်ဆွေအပေါင်းအသင်းဖွဲ့မည်၊ ကော်ဖီသောက်မည်၊ ရုပ်ရှင် ကြည့်မည်၊ အကျိုးရှိမည့်စာအုပ်ဖတ်မည်၊ တောင်တတ်မည်၊ အမေးအဖြေ လုပ်မည်၊ တောအုပ်ထဲ လမ်းလျှောက်မည်။ ဤသည်တို့မှာ ဆရာ ဝင်း၏ ဝါသနာများပါ။ ဟန်ဆောင်မှု၊ ကြောက်ရွံ့မှု၊ မတရားမှုများကိုဖြင့် ဆရာ နည်းနည်းလေးမျှ သဘောမကျ။ ဆရာသည် မဂ္ဂဇင်းများ၌လည်း စာမူများရေးသားလေ့ရှိပြီး ဆရာရေးသားသည့် စာအုပ်များမှာမှာ Restless Faith: Hanging on to a God၊ Let God: The Transforming Wisdom of François Fénelon၊ Holy Curiosity: Encountering Jesus’ Provocative Questions၊ ပေးစာဟန် ဝတ္ထုများဖြစ်သည့် Love Big, Be Well: Letters to a Small-Town Church နှင့် A Burning in My Bones: The Authorized Biography of Eugene Peterson တို့ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဝင်းကော်လီယာ

စင်ကြယ်စေသော ဝန်ချတောင်းပန်ခြင်း

ကွယ်လွန်တော့မည့်လူများက ငှားရမ်းသောလူတစ်ဦးရှိသည်။ ထိုသူသည် သူတို့၏ ဈာပနသို့လာ၍ သူတို့အသက်ရှင်စဉ် မပြောခဲ့သော လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုရန်ဖြစ်သည်။ ကွယ်လွန်သူအကြောင်း ဂုဏ်ပြုစကားပြောစဉ် ထိုသူက ကြားဖြတ် ဝင်ဖောက်ရာ၊ မှင်သက်သွားသော ဈာပနဦးဆောင်သူများက သူ့ကိုတားရန်ကြိုးစားကြသည့်အခါ သူက သူတို့ကို ထိုင်ရန်ပြောပြီး၊ ကွယ်လွန်သူအမျိုးသားသည် ထီပေါက်ခဲ့သော်လည်း လူတစ်ဦးကိုမျှမပြောဘဲ ဆယ်စုနှစ်များစွာ အောင်မြင်သောစီးပွားရေးသမားအဖြစ် ဟန်ဆောင်ခဲ့ကြောင်း သူရှင်းပြသည်။ ကွယ်လွန်သူ၏​ဖောက်ပြန်မှုအကြောင်ကို ကျန်ရစ်သူဇနီးအား အကြိမ်ကြိမ်ဝန်ခံခဲ့သည်။ ဤလုပ်ရပ်က ရိုးသားမှုကို အမြတ်ထုတ်ခြင်းလား၊ သဘောရိုးသက်သက်လားဟု မေးခွန်းထုတ်နိုင်သော်လည်း အတိတ်မှ အပြစ်များကို ဖြေလိုသည့် လူ့စိတ်ဆန္ဒက သိသာထင်ရှားသည်။

အခြားလူတစ်ဦးကို (အထူးသဖြင့် မိမိကွယ်လွန်ပြီးမှ) ကိုယ်စား အပြစ်ဝန်ခံစေခြင်းက အဓိပ္ပာယ်မရှိ၊ အရဲစွန့်လွန်းသောနည်းဖြင့် လျှို့ဝှက်ချက်များကို ဖြေရှင်းခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ဝန်ချတောင်းပန်ရန်၊ ရင်ဖွင့်ရန် လိုကြောင်း နက်နဲသည့်အမှန်တရားကို ဖော်ပြနေသည်။ ဝန်ချတောင်းပန်ခြင်းက ဖုံးကွယ်ထားသော၊လှိုက်စားစေတတ်သောအရာများမှ သန့်စင်စေသည်။ “အချင်းချင်း…

ပျော်ပွဲဆင်နွဲ ပွဲခံရန်အချိန်

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ကျွန်ုပ်တို့၏ ယခင်အသင်းတော်သည် ဗတ္တိဇံမင်္ဂလာကို Rivanna (ရီဗာနာ) မြစ်ထဲတွင် ပြုလုပ်ခဲ့သည်။ ထိုနေရာတွင် မကြာခဏ နေသာကာ နွေးထွေးသော်လည်း ရေမှာ အေးစက်လှသည်။ တနင်္ဂနွေနေ့ဝတ်ပြုခြင်း အပြီးတွင် ကားများနှင့် ခရီးသွားယာဥ်တို့ဖြင့် မြို့တော်ပန်းခြံသို့ ကျွန်ုပ်တို့ ခရီးပြုကြသည်။ ပန်းခြံထဲတွင် အနီးအနားရှိလူများသည် လေဝဲ ပလပ်စတစ်ပြားများကို ပစ်လွှတ်ဆော့ကစားကြပြီး ကလေးကစားကွင်းတွင် ကလေးများနှင့်ပြည့်နေ သည်။ ကျွန်ုပ်တို့သည် မြစ်ကမ်းနဘေးသို့ ဖြည်းဖြည်း လမ်းလျှောက်သွားခဲ့သည်။ ရေခဲတစ်မျှအေးစက်သော‌ရေတွင် မတ်တပ်ရပ်လျက် ကျွန်ုပ်သည် ကျမ်းပိုဒ်ကို ဖတ်ရှုကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ ဗတ္တိဇံခံသူများကို ရေနှစ်ခြင်းပေးခဲ့သည်။ အရိုးထဲထိ အေးစိမ့်မှုကို ခံစားရလျက် သူတို့ ရေထဲမှ ထလာသောအခါ ကောင်းချီးဩဘာ‌ပေးလျက် လက်ခုပ်တီးသံများ ပေါ်ထွက်လာသည်။ မြစ်ကမ်းပေါ်သို့ သူတို့တက်လာစဥ် မိတ်ဆွေများနှင့် မိသားစုတို့က ဗတ္တိဇံမင်္ဂလာခံယူခဲ့ကြသူများကို ပွေ့ဖက်ကြိုဆိုကာ အားလုံးလည်း စိုရွှဲကုန်ကြသည်။ ကိတ်မုန့်များ၊…

လွတ်မြောက်မှု၏ ဘုရားသခင်

သမ္မတအေဗရန်ဟန် လင်ကွန်းသည် နှစ်နှစ်ခွဲကြိုပြီး ကျွန်ပြုချုပ်နှောင်ခံရသူများ ကို လွတ်မြောက်စေခဲ့ပြီး၊ တောင်ပိုင်းခွဲထွက်ရေးတပ်က လက်နက်ချခဲ့သော်လည်း တက္ကဆက်ပြည်နယ်သည် ကျွန်ခံရသူများ၏ လွတ်လပ်ခွင့်ကို လက်မခံဘဲရှိနေ သည်။ သို့သော် ၁၈၆၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ပြည်ထောင်စုတပ်မတော်ဗိုလ်ချုပ်ကြီး ဂေါ်ဒန် ဂရန်ဂျာသည် တက္ကဆက်ပြည်နယ်၊ ဂတ်ဗ့်စတန်မြို့သို့သွားရောက်ခဲ့ပြီး ကျွန်ပြုခံရသူများအားလုံးကို လွတ်မြောက်ခွင့်ပေးရန် အမိန့်‌ပေး တောင်းဆိုခဲ့သည်။ သံခြေချင်းများ ကျွတ်လွတ်သွားပြီး လွတ်မြောက်ခြင်းကြေညာချက်ကို ကြားလိုက်ရသည့် အချုပ်အနှောင်ဘဝ၌ရှိနေသူများ၏ အံ့သြပျော်ရွှင်မှုကို မြင်ယောင်ကြည့်ပါ။

အဖိနှိပ်ခံများကို ဘုရားသခင်မြင်ပြီး၊ အဆုံးတွင် မတရားမှုအောက်တွင်ရှိ‌‌နေသူများအတွက် လွတ်လပ်မှုကို ကြေညာပါလိမ့်မည်။ ၎င်းသည် မောရှေလက်ထက်က မှန်နေသကဲ့သို့ ယခုလည်း မှန်ကန်သည်။ ဘုရားသခင်သည် မီးလောင်နေသော ခြုံပုတ်မှထင်ရှားလျက်၊ “...အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဥ်းဆဲခြင်း ကို ငါစေ့စေ့မြင်ခဲ့ပြီ”(ထွက် ၃:၇)ဟု အရေးကြီးသောသတင်းစကားဖြင့် မောရှေထံ ပေါ်လာသည်။ ဣသရေလလူမျိုးအပေါ် အဲဂုတ္တုလူတို့၏ရက်စက်ကြမ်းကြုတ်မှုကို ဘုရားရှင်မြင်ရုံသာမက…

ပွင့်လန်းသော သဲကန္တာရများ

လွန်ခဲ့သော ရာစုနှစ်တစ်ခုက အီသီယိုးပီးယား၏ (၄၀) ရာခိုင်နှုန်းခန့်ကို စိမ်းလန်းသော သစ်တောများ ဖုံးလွှမ်းခဲ့သော်လည်း ယနေ့တွင် (၄) ရာခိုင်နှုန်းခန့်သာရှိသည်။ သစ်ပင်များကို မကာကွယ်နိုင်ဘဲ သီးနှံစိုက်ဧကများ ခုတ်ထွင်ရှင်းလင်းခြင်းသည် ဂေဟဗေဒဆိုင်ရာ ကပ်ဆိုက်လာသည်။ ကျန်ရှိသော အစိမ်းရောင်အကွက်လေးများ အများစုကို ဘုရားကျောင်းများက ကာကွယ်ထားသည်။ ဒေသခံ အီသီယိုးပီးယား Orthodox Tewahedo (ရှေးရိုး ထွီဟီဒို) အသင်းတော်များသည် လွင်တီးခေါင်သဲကန္တာရအလယ်တွင် ဤအိုအေစစ်များကို ရာစုနှစ်များစွာ ပြုစုပျိုးထောင်ပေးခဲ့ရသည်။ ဝေဟင်မှပုံများကို ကြည့်လျှင် အညိုရောင် သဲများဖြင့် ဝန်းရံထားပြီး စိမ်းလန်းစိုပြေသော ကျွန်းများကို မြင်တွေ့ရသည်။ ဖန်ဆင်းခံအရာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း -သစ်ပင်များကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် ဘုရားသခင်အား နာခံခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အသင်းတော်ခေါင်းဆောင်များက အခိုင်အမာ ပြောဆိုသည်။

ပရောဖက်ဟေရှာယသည် လွင်တီးခေါင် ကန္တာရနှင့် ပြင်းထန်သောမိုးခေါင်မှု ခြိမ်းခြောက်ဒဏ်ခံရသည့် မိုးနည်းသောပြည်တွင် နေထိုင်ကြသော ဣသရေလလူမျိုးများထံ စာရေးခဲ့သည်။ ထို့ပြင် “တောကန္တာရနှင့်ခြောက်သွေ့သော​အရပ်သည် ရွှင်မြူးကြလိမ့်မည်။…

စစ်မှန်သောရန်ငြိမ်းစေသူ သခင်ယေရှု

၁၈၆၂ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်တွင် အမေရိကန် ပြည်တွင်းစစ်မှာ ပြင်းထန်နေခဲ့သည်။ ယူနီယံ(ပြည်ထောင်စု)တပ် နှင့် ပြည်ထောင်စုမှတောင်ပိုင်းသို့ခွဲထွက်သောတပ် တို့သည် တဲနစီပြည်နယ် Stones (စတုံး)မြစ်ကမ်းတစ်ဘက်စီ ကိုက် (၇၀၀) အကွာတွင် အသီးသီး စခန်းချသည်။ စခန်းမီးပုံအနီး မီးလှုံနေကြစဥ် ယူနီယံတပ်မှစစ်သည်များက တယောများ၊ ဘာဂျာများနှင့် Yankee Doodle (အမေရိကန်သား၏ တောင်ခြစ်မြောက်ခြစ်) သီချင်းကို တီးခတ်ကြသည်။ တောင်ပိုင်းခွဲထွက်တပ်ဘက်မှ Dixie (စစ်တပ်သံအိုးကြီး) သီချင်းတီးခတ်ရန် ကမ်းလှမ်းခဲ့သည်။ မှတ်မှတ်ရရ နှစ်ဘက်တပ်ဖွဲ့များသည် နောက်ဆုံး၌ Home, Sweet Home (ပျော်ရွှင်စွာအိမ်ပြန်ရောက်ပြီ) သီချင်းကို အတူတီးခတ်ခဲ့ကြသည်။ အဓိဌာန်ပြုထားသည့် နှစ်ဘက်ရန်သူတို့သည် ညအမှောင်၌ စိတ်ကူးယဥ်ရန်ပင် မဖြစ်နိုင်သော ငြိမ်သက်ခြင်း မှုန်ဝါးဝါးနှင့် တေးဂီတကို မျှဝေခံစားခဲ့ကြသည်။ သို့သော် တေးဂီတနှင့်အတိုက်အခိုက်ရပ်စဲမှုက ခေတ္တခဏသာဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ၎င်းတို့၏တယောများကို ချပြီး ရိုင်ဖယ်သေနတ်များ ပြန်ကိုင်ပြီး တိုက်ခိုက်ကြရာ နှစ်ဘက်စစ်သည်…

မြို့၌ ဝမ်းမြောက်ခြင်း

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်နောက်ဆုံးပွဲတွင် ပြင်သစ်နှင့် အာဂျင်တီးနားတို့ တွေ့သည့်ပွဲသည် “သမိုင်းတွင် အကြီးကျယ်ဆုံး ကမ္ဘာ့ဖလားပွဲ” ဟု လူအများက တင်စားခေါ်ကြသော မယုံနိုင်လောက်စရာ ပြိုင်ပွဲတစ်ခုဖြစ်သည်။ အချိန်ပိုတွင် ၃-၃ ဂိုးဖြင့် သရေကျခဲ့ပြီး၊ ပင်နယ်တီကန်ရမည်ဖြစ်သည်။ အာဂျင်တီးနားက အနိုင်ဂိုးသွင်းပြီးနောက် တစ်နိုင်ငံလုံး အောင်ပွဲခံခဲ့တော့သည်။ Buenos Aires (ဘွေနိုစိုင်းရိစ်) မြို့လယ်တွင် အာဂျင်တီးနားနိုင်ငံသား တစ်သန်းကျော်နှင့် ပြည့်နေသည်။ ဒရုန်းဖြင့် ရိုက်ထားသော ဗီဒီယိုဖိုင်သည် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ပြီး ကျယ်လောင်သော ပျော်ရွှင်ဖွယ်မြင်ကွင်းကို ပြသထားသည်။ ဘီဘီစီသတင်းတစ်ပုဒ်တွင် “ပျော်ရွှင်မှုပေါက်ကွဲထွက်ပေါ်ခြင်း”ကြောင့် မြို့တော်လှုပ်ရှားသက်ဝင်နေပုံကို ဖော်ပြခဲ့သည်။

ဝမ်းမြောက်ခြင်းသည် အစဥ်အမြဲ အံ့သြစရာကောင်းသော ဆုကျေးဇူး ဖြစ်သည်။ သုတ္တံကျမ်း၌ မြို့တစ်မြို့(သို့) လူတစ်ဦးသည် ပို၍နက်ရှိုင်းပြီးကြာရှည်သော ဝမ်းမြောက်ခြင်းကို မည်သို့ခံစားရနိုင်သည်ကို ဖော်ပြထားသည်။ “တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏” (၁၁:၁၀) ဟု သုတ္တံကျမ်းက…

အခြေခံအကြောင်းအရာများ လွဲချော်ခြင်း

McDonald's (မက်‌ဒေါနယ်) ကုမ္ပဏီသည် အသား ၁/၄ အောင်စပါ အသားညှပ်‌ ပေါင်မုန့်ဖြင့် အသင့်စားသောက်ကုန်များတွင် ဆယ်စုနှစ်များစွာ ထိပ်ဆုံးစာရင်း ဝင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များတွင် မက်‌ဒေါနယ်ကို ဆွဲချရန် ပြိုင်ဘက်စီးပွားရေးလုပ်ငန်း A&W ‌ပေါ်ထွက်လာခဲ့သည်။ A&W သည် မက်ဒေါနယ်မုန့်ထက် ပိုကြီးသော အသား ၁/၃ အောင်စပါ အသားညှပ်မုန့်ကို ဈေးကွက်တင်ခဲ့ပြီး တူညီသော ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်။ ထိုမျှမက A&W ၏အသားညှပ်မုန့်သည် မမြင်ရဘဲ စားရသည့် စမ်းသပ်မှုများစွာ၌ အနိုင်ရခဲ့သည်။ သို့သော် မည်သူမျှ မဝယ်ကြဘဲ ၎င်း၏ စီမံကိန်းကျရှုံးခဲ့သည်။ နောက်ဆုံးတွင် အစားအသောက်မီနူးထဲမှ ထိုအသားညှပ်မုန့်ကို ထုတ်ဖယ်ခဲ့ရသည်။ စားသုံးသူများက သုံးပုံတစ်ပုံအောင်စ မုန့်သည် လေးပုံတစ်ပုံ အသားညှပ်မုန့်ထက်ပိုသေးမည်ဟု တွေးထင်ကာ သင်္ချာသဘောတရား နားလည်မှုလွဲမှား‌ခြင်းကြောင့်ဟု သုတေသီများက သုံးသပ်ကြသည်။ ပြောင်မြောက်သောအ‌ကြံသည် လူတို့ အခြေခံသဘောတရားကို လွဲချော်မှုကြောင့် ကျရှုံးခဲ့ရသည်။

အခြေခံအကြောင်းအရာများကို နားလည်မှုလွဲရန် မည်မျှလွယ်ကူကြောင်း…

မင်္ဂလာရှိသော ယုံကြည်ခြင်း

ခွေးလေး Rudy (ရူဒီ) အသတ်မခံရမီ ရက်ပိုင်းအလိုတွင် အမျိုးသမီးတစ်ဦးက ၎င်းကို တိရစ္ဆာန်ဂေဟာမှ ကယ်တင်ခဲ့ပြီး၊ ထိုခွေးလေးသည် သူမ၏အဖော် ဖြစ်လာခဲ့သည်။ ရူဒီ သည် Linda (လင်းဒါ)၏ကုတင်ဘေးတွင် ငြိမ်သက်စွာ အိပ်လေ့ရှိခဲ့သော်လည်း ဆယ်နှစ်ကြာပြီးနောက်တွင် သူမဘေးနားသို့ ရုတ်တရက်ခုန်လာပြီး မျက်နှာကို နမ်းလေ့ရှိသည်။ လင်းဒါ က သူ့ကို ဆူသော်လည်း ညတိုင်း ရူဒီက ထိုအပြုအမူကို ထပ်ခါထပ်ခါ လုပ်လေ့ရှိသည်။ “ကျွန်မထိုင်ပြီဆို ခဏနေရင် သူ ကျွန်မပေါင်ပေါ် ခုန်တက်လာပြီး၊ မျက်နှာကို လျှာနဲ့လျက်တယ်” ဟု လင်းဒါ က ပြောသည်

သူမသည် ရူဒီ ကို နာခံမှုရှိရန်လေ့ကျင့်ရေးကျောင်းသို့ ခေါ်ဆောင်ရန် စီစဉ်နေချိန်တွင် ရူဒီ သည် သူမမေးရိုး၏ နေရာတစ်နေရာတည်းကိုပင် အတင်းအကြပ် အမြဲနမ်းလေ့ရှိကြောင်းကို သေသေချာချာ စဉ်းစားမိလာသည်။ မလုံမလဲဖြင့် လင်းဒါ သည် ဆရာဝန်ထံ သွားပြခဲ့ပြီး…

ဘုရားသခင်ပေးသောအရာကို အသုံးပြုခြင်း

သြစတေးလျနိုင်ငံ၊ Brisbane (ဘရစ်ဘိန်) မြို့တော်ခန်းမစီမံကိန်းသည် ၁၉၂၀ ခုနှစ် များအတွင်း ပြောင်မြောက်သောစီမံကိန်းတစ်ခုဖြစ်သည်။ ဒါဝိဒ်မင်းကြီးပန်းပုရုပ် အတွက် Michelangelo (မိုက်ကယ်အန်ဂျယ်လို) အသုံးပြုခဲ့သည့် စကျင်ကျောက်မိုင်း တစ်ခုတည်းမှထွက်ရှိသည့် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသောခန်းမ၏အဖြူရောင်လှေကားထစ်များသည် ဝင့်ကြွားလှသည်။ မျှော်စင်ကြီးကလည်း အီတလီနိုင်ငံ၊ Venice (ဗဲနစ်)မြို့ရှိ St. Mark’s Basilica (စိန်မာ့ခ်ဘီစီလီကာ) ဘုရားကျောင်းကို  ထင်ဟပ်နေကာ ၎င်း၏ကြေးနီ အမိုးခုံးသည် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် အကြီးဆုံးဖြစ်သည်။ ဆောက်လုပ်သူများက မျှော်စင်ထိပ်၌ ကြီးမားသောငြိမ်းချမ်းရေးကောင်းကင်တမန်ကို အလှဆင်ရန် ရည်ရွယ်ထားခဲ့သော်လည်း ပိုက်ဆံမရှိတော့ပါ။ သို့နှင့် ရေပိုက်သမား Fred Johnson (ဖရက် ဂျွန်စင်)သည် အိမ်သာရေတိုင်ကီ၊ မီးတိုင်ဟောင်းနှင့် သတ္တုအပိုင်းအစများကို အသုံးပြုကာ ထိုမျှော်စင်ထိပ်တွင် နှစ်ပေါင်းတစ်ရာနီးပါးခံသည့် အထင်ကရ သရဖူ အလုံးပုံစံကို ဖန်တီးခဲ့သည်။

ဖရက် ဂျွန်စင် သည် သူ၌ရှိရာကို အသုံးပြုခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့၌ရှိသည့် ကြီးငယ်မဟူသောအရာများဖြင့် ဘုရားရှင်၏အမှုတော်တွင် ပါဝင်နိုင်သည်။ ဣသရေလ လူမျိုးကို…

အတူရှိခြင်းသည် သာ၍ ကောင်းသည်

ကောင်းကင်ထက်ဝယ် အရည်များ ရွေ့လျားသည့်ပုံစံဖြင့် ဧရာမ စတာလင်ငှက်အုပ်ကြီး၏ အံ့ဩဖွယ် ပျံသန်းလှုပ်ရှားမှုကို Søren Solkær (ဆိုရင်း ဆိုကာ)သည် နှစ်ပေါင်းများစွာ အချိန်ယူကာ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သည်။ ဤသို့ အံ့ဖွယ် မြင်ကွင်းကို စောင့်ကြည့်ရခြင်းက စီစဥ်တကျ တစ်ရိပ်ရိပ်နှင့် ပြောင်းလဲ ကွေ့ကောက်လှုပ်ရှားနေသောလှိုင်းလုံးများ (သို့) ကြီးမားသော အနက်ရောင် ပန်းချီစုတ်ချက်များ  ရုပ်စုံမှန်ပြောင်းထဲ စီးဆင်းသွားသည့်  ဒီဇိုင်းပုံစံ အောက်တွင် ထိုင်နေရသကဲ့သို့ဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် ဤစတာလင်ငှက်များ၏ပျံသန်းလှုပ်ရှားမှုကို ‘Black Sun’ (အမဲရောင်နေလုံးကြီး) ဟု ခေါ်ကြသည် (၎င်းသည် ဆိုကာ၏ ထူးခြားသောဓာတ်ပုံစာအုပ်အမည်လည်းဖြစ်သည်)။ အထူးခြားဆုံးအချက်မှာ စတာလင်ငှက်များသည် ၎င်းတို့၏အနီးဆုံးအဖော်၏နောက်၌ ကပ်လျက် အလိုလို ပျံသန်းကြခြင်းဖြစ်သည်။ တစ်ကောင်သည် လမ်းကြောင်းမှ လွဲချော်ခဲ့ပါက ကြီးမားသော ထိခိုက်ဆုံးရှုံးမှုကို ခံစားရမည့်အလားပင်။ သို့သော် စတာလင်ငှက်များသည် အချင်းချင်းကာကွယ်ရန် အုပ်စုလိုက် ရွေ့လျားပျံသန်းမှုပုံစံကို အသုံးပြုခဲ့သည်။ လင်းယုန်ငှက်တစ်ကောင်သည် ၎င်းတို့ထံသို့ပျံသန်းလာလျှင်…