စာရေးသူ

အားလုံးမြင်နိုင်ရန်
Xochitl Dixon

ဆိုချီးလ်ဒစ်စင်

ဆိုချီးလ်ဒစ်စင် (Xochitl Dixon)သည် စာဖတ်သူများအား ဘုရားသခင်၏ ကျေးဇူးတော်ကို ပွေ့ဖက်ပြီး၊ ခရစ်တော်နှင့်ကိုယ်တိုင် အချိန်ယူခြင်း၊ တစ်ပါးသူနှင့် အချိန်ယူခြင်းအမှုများ၌ မိတ်ဿဟာယ နက်နဲတိုးတက်မှုရှိရေးအတွက် ပြင်ဆင်ပေးသည်။ အားပေးသည်။ စာရေးဆရာနှင့် ဟောပြောပို့ချသူအဖြစ် အစေခံလျက် xedixon.com တွင် အင်တာနက်ဒိုင်ယာရီရေးသူ ဘလော့ကာဖြစ်သည်။ သူမသည် သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် မိခင်ဘဝကို ပျော်မွေ့သည်။ သူမ၏ မိတ်ဆွေကောင်း ဒေါက်တာ ဒဘလူ အယ်လန် ဒစ်စင် စီနီယာ (Dr. W. Alan Dixon Sr.) နှင့် လက်ထပ်ခဲ့သည်။

စာမူ/ အကြောင်းအရာ များ ဆိုချီးလ်ဒစ်စင်

သက်သာခြင်းခွက်ကို မျှဝေခြင်း

ကျွန်မသူငယ်ချင်းက သူ၏အိမ်လုပ်မြေထည်အချို့ကို စာတိုက်မှတစ်ဆင့် ပို့လာသည်။ စက္ကူပုံးကို ဖွင့်ကြည့်သောအခါ အဖိုးတန်မြေထည်အချို့မှာ လမ်းခရီးတွင် သယ်ယူ လာစဉ် ပျက်စီးသွားသည်ကို တွေ့ရသည်။ မြေခွက်တစ်လုံးသည် ပဲ့ပြီး အပိုင်းပိုင်း ဖြစ်သွားကာ အက်ကွဲစများ၊ မြေမှုန့် ရွှံ့တုံးအခဲကိုလည်း တွေ့ရသည်။
ကျွန်မ၏ခင်ပွန်းက ခွက်အပဲ့အခြမ်းများကို ကော်ဖြင့် ပြန်ဆက်ပြီးနောက် အနာအဆာများရှိသော်လည်း လှပသည့်
မြေခွက်ကို စင်ပေါ်၌ ကျွန်မ ခင်းကျင်းပြထားသည်။ အပိုင်းအစများကို ပြန်၍ဆက်ထားသော မြေခွက်ကဲ့သို့ ဘုရားသခင်က ခက်ခဲသောဘ၀ကို ပို့ဆောင်ကျော်ဖြတ်စေ ပြီးနောက် ကျွန်မကို ခိုင်ခံ့စွာ ရပ်တည်စေခဲ့ကြောင်း ကျွန်မ၌ ရှိသော အမာရွတ်များက သက်သေဖြစ်သည်။ ကျွန်မ အသက်တာနှင့် ဘ၀တစ်လျှောက်တွင် ကိုယ်တော်မည်သို့ အလုပ်လုပ်နေကြောင်း ဝေမျှခြင်းဖြင့် ဒုက္ခသောက ခံစားရ
သော အခြားသူများအတွက် အကူအညီ ဖြစ်စေကြောင်း ထိုသက်သာခြင်းခွက်က ကျွန်မအား သတိပေးနေသည်။
ဘုရားသခင်သည်…

အကျိုးမရှိသောအရာဟူ၍ မရှိ

ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း၊ နာတာရှည်ရောဂါကြောင့် စိတ်ဓာတ်ကျ၊ စိတ်ဖိစီးလျက် ရုန်းကန်နေရသည့် တတိယမြောက်နှစ်တွင် ‘‘ငါ့ခန္ဓာကိုယ်ကြီးက ယိုယွင်းပျက်စီးလာပြီ။ ဘုရားရှင်အတွက်၊ လူတစ်ဦးတစ်ယောက်အတွက် ပေးစရာ တန်ဖိုးရှိတဲ့အရာ ဘာတစ်ခုမှ မရှိတော့သကဲ့သို့ ခံစားမိလာကြောင်း’’ သူငယ်ချင်းတစ်ဦးကို ကျွန်မဖွင့်ဟ၀န်ခံမိသည်။
ထိုအခါ ကျွန်မလက်ပေါ် သူ့လက်ကို တင်ရင်း ‘‘ငါနင့်ကို ပြုံးပြီးနှုတ်ဆက်တဲ့အခါ၊ နင်ပြောတာကို နားထောင်ပေးတဲ့အခါ ဘာမှမထူးဘူးလို့ ပြောတာလား။ နင့်အတွက် ဆုတောင်းပေးတာ၊ နူးညံ့ကြင်နာတဲ့စကားတွေ ပြောတာရော ဒါဟာ အလကားသက်သက် အချည်းနှီးပဲလို့ ထင်တာလား’’ ဟု ပြန်မေးသည်။ အိပ်ယာပေါ် ပြန်လှဲချရင်း ‘‘ဘာလို့ အဲလို ပြောရမှာလဲ’’ ဟုကျွန်မပြောလိုက်သည်။
ထိုအခါ သူငယ်ချင်းက မျက်မှောင်ကြုတ်ရင်း ‘‘ဒါဆို ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလို အလိမ်အညာစကားတွေ ပြောနေတာလဲ။ ခုနက ပြောတဲ့ဟာတွေက ငါ့အတွက်ရော သူများတွေအတွက်ပါ နင်လုပ်ပေးနေတဲ့အရာတွေပဲလေ’’ ဟုပြောပါသည်။ ဘုရားသခင်အတွက်ပြုသော…

သနားခြင်းကရုဏာကို မျှော်လင့်ပြီး လက်ဆင့်ကမ်းခြင်း

ကျွန်မသူငယ်ချင်း၏ ရွေးချယ်မှုသည် သူ့ကို အပြစ်နွံတွင်းသို့ ပိုမိုနစ်မွန်းစေပြီး သူ၏ လုပ်ရပ်က ကျွန်မအပေါ်သက်ရောက်မှုရှိကြောင်း ကျွန်မညည်းတွားသောအခါ အပတ်စဉ် အတူတကွ ဆုတောင်းသည့် အမျိုးသမီးက သူ၏လက်ကို ကျွန်မလက်ပေါ်တင်ပြီး ‘‘အားလုံးအတွက် ဆုတောင်းကြစို့’’ ဟု ပြောပါသည်။ ‘‘အားလုံးအတွက် ဟုတ်လား’’ ဟု ကျွန်မက မျက်မှောင်ကြုတ်၍ ပြန်မေးမိသည်။
‘‘ဟုတ်တယ်လေ။ ခရစ်တော်က ကျွန်မတို့ရဲ့ သန့်ရှင်းမှုစံ အဆင့်ကို သတ်မှတ်ပေးတယ်။ ဒါကြောင့် ကိုယ့် အပြစ်ကို သူတစ်ပါးအပြစ်နှင့် မနှိုင်းယှဉ်ရဘူးလို့ ရှင်အမြဲ ပြောတယ်လေ’’ ဟု ဆက်ပြောသည်။
‘‘ ဒီအမှန်တရားက နည်းနည်းတော့ နာတယ်။ ဒါပေမဲ့ ရှင်ပြောတာမှန်တယ်။ ကျွန်မရဲ့ အခြားသူကို စီရင်တဲ့စိတ်နဲ့ ၀ိညာဉ်ရေး ဘ၀မြင့်မှုက သူ့ရဲ့အပြစ်ထက် ပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုပြီး မဖြစ်သင့်ပါဘူး’’ ဟုကျွန်မ ၀န်ခံလိုက်သည်။
‘‘နောက်ပြီး ရှင့်သူငယ်ချင်းအကြောင်းပြောနေတာဆိုတော့ ငါတို့အတင်းပြော…

ထာဝရပန်းများ

ကျွန်မ၏သား Xavier ငယ်စဉ်က ကျွန်မအား ပန်းပေးရသည်ကို သူသဘောကျသည်။ လတ်လတ်ဆတ်ဆတ် ခူးလာသော ပေါင်းပင် (သို့) ဆိုင်တွင် သူ့အဖေနှင့်အတူ ၀ယ်ခဲ့သော ဖူးပွင့်ဝေဆာသော ပန်းတိုင်းကို ကျွန်မလည်း နှစ်သက်သည်။ လက်ဆောင် တစ်ခုချင်းစီတိုင်းကို ညှိုးနွမ်းကာ ပစ်လိုက်ရသည့်အချိန်အထိ တန်ဖိုးထားခဲ့သည်။
တစ်နေ့တွင် သားက ကျွန်မကို ပိုးစနှင့်လုပ်ထားသည့် ပန်းတုတစ်ခိုင် လက်ဆောင်ပေးသည်။ အဖြူရောင် လေလီပန်း၊ အ၀ါရောင်နေကြာပန်းနှင့် ခရမ်းရောင်ပန်းကို ဖန်ပန်းအိုး၌ ထိုးနေရင်း သူပြုံးပြသည်။ ‘‘အမေရေ... ကြည့် ပါအုံး၊ ပန်းတွေက တစ်သက်လုံးခံမှာ၊ ... ဒါ ကျွန်တော် အမေ့ကို
အဲလောက်တောင် ချစ်တာနော်’’ ဟု သူက ပြောသည်။
ထို့နောက် သားလေး အရွယ်ရောက်လာသည်။ ပိုးစများ ဖွာလန်ကျဲလာပြီး အရောင်လွင့်ကုန်သည်။ သို့သော် သူပေးသည့် ထာဝရပန်းများသည် သူ၏မြတ်နိုးတန်ဖိုးထားမှု ကို…

ခွင့်လွှတ်သင့်သလား

အသင်းတော်၏အစီအစဉ်တစ်ခုတွင် ပါဝင်ကူညီရန် ကျွန်မဘုရားကျောင်းသို့ စောစော ရောက်သွားသည်။ ၀တ်ပြုဆောင်၏မျက်နှာချင်းဆိုင် ထောင့်အစွန်းတစ်နေရာတွင် အမျိုးသမီးတစ်ဦး ရပ်လျက် ငိုနေသည်။ သူမသည် ယခင်က ကျွန်မအကြောင်း ရက်စက်စွာ အတင်းပြောခဲ့သူဖြစ်သည်။ ထို့ကြောင့် ဖုန်စုပ်စက် ဆူညံသံဖြင့် သူ့ငိုသံကို ဖုံးလွှမ်းပစ်လိုက်သည်။ ကျွန်မကို မနှစ်သက်သူအား ဘာကြောင့် ကျွန်မဂရုစိုက်ရမည်နည်း။
သို့သော် သန့်ရှင်းသော ၀ိညာဉ်တော်မှ ဘုရားသခင် ကျွန်မကို ခွင့်လွှတ်ခဲ့ကြောင်း သတိပေးသဖြင့် ကျွန်မသူ့ထံ သွားလိုက်သည်။ သူ့သမီးလေးကို ဆေးရုံတင်ထား ရသည်မှာလအတန်ကြာခဲ့ပြီဖြစ်ကြောင်း ပြောပြသည်။ ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လျက်၊ ငိုကြွေးလျက် သူ့သမီး အတွက် ဆုတောင်းခဲ့ကြသည်။ ကျွန်မတို့၏မတူညီမှုများကို ညှိနှိုင်းဖေးမလျက် ယခုတွင် ကျွန်မတို့သည် မိတ်ဆွေကောင်းများ ဖြစ်နေပါပြီ။
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၈ တွင် သခင်ယေရှုက ကောင်းကင် နိုင်ငံတော်သည် မိမိကျွန်များကို စာရင်းယူရန် ဆုံးဖြတ်လိုက်သည့်…

အဟုတ်သည် မဟုတ်ဖြစ်သောအခါ

လူကီးမီးယား ခေါ် သွေးကင်ဆာရောဂါနှင့် ရုန်းကန်လျက်ဆေးကုနေသည့် မိခင်အား   အနီးကပ်ပြုစုခွင့်ရ၍ ဘုရားသခင်အား ကျေးဇူးတင်မိသည်။ ဆေးဝါးများက မသက်သာ ဘဲ နာကျင်မှုကိုသာဖြစ်စေသောအခါ အမေက ဆေးဆက်မကုဘဲရပ်လိုက်ရန် ဆုံးဖြတ် လိုက်သည်။ `နာကျင်မှုကို ထပ်ပြီး မခံစားနိုင်တော့ဘူး။ `အမေ့ရဲ့ နောက်ဆုံးနေ့ရက် တွေကို မိသားစုနဲ့ပဲ ပျော်ရွှင်စွာ ကုန်လွန်စေချင်တယ်။ ကောင်းကင်အိမ်တော်ကိုပြန်ဖို့ အမေအဆင်သင့်ပဲဆိုတာ ဘုရားသခင်သိတယ်´ ဟု ပြောသည်။
သမားတော်ကြီးဖြစ်သည့် ကောင်းကင်ဘုံရှင်အဘ သည် အံ့ဖွယ်နိမိတ်လက္ခဏာ ပြုနိုင်ကြောင်း ယုံကြည် စိတ်ချလျက် ကျွန်ုပ် အသနားခံမိသည်။ သို့သော် မိခင်၏ ဆုတောင်းချက်ကို အဖြေပေးပါက ကျွန်ုပ်၏အသနားခံမှုကို ငြင်းပယ်မည်ပင်။ `သခင့်အလိုတော်အတိုင်းဖြစ်ပါစေ´ ဟု ၀မ်းနည်း ငိုကြွေးလျက် ၀န်ခံလိုက်သည်။
မကြာမီတွင် ကျွန်ုပ်မိခင်ကို နာကျင်မှု အလျင်းမရှိသည့် တမလွန်ဘ၀သို့ ကူးပြောင်းရန် သခင်ယေရှု ကြိုဆိုလက်ခံလိုက်သည်။
ကျဆုံးပျက်စီးသော ဤကမ္ဘာကြီးတွင်…