ခွင့်လွှတ်သင့်သလား
အသင်းတော်၏အစီအစဉ်တစ်ခုတွင် ပါဝင်ကူညီရန် ကျွန်မဘုရားကျောင်းသို့ စောစော ရောက်သွားသည်။ ၀တ်ပြုဆောင်၏မျက်နှာချင်းဆိုင် ထောင့်အစွန်းတစ်နေရာတွင် အမျိုးသမီးတစ်ဦး ရပ်လျက် ငိုနေသည်။ သူမသည် ယခင်က ကျွန်မအကြောင်း ရက်စက်စွာ အတင်းပြောခဲ့သူဖြစ်သည်။ ထို့ကြောင့် ဖုန်စုပ်စက် ဆူညံသံဖြင့် သူ့ငိုသံကို ဖုံးလွှမ်းပစ်လိုက်သည်။ ကျွန်မကို မနှစ်သက်သူအား ဘာကြောင့် ကျွန်မဂရုစိုက်ရမည်နည်း။
သို့သော် သန့်ရှင်းသော ၀ိညာဉ်တော်မှ ဘုရားသခင် ကျွန်မကို ခွင့်လွှတ်ခဲ့ကြောင်း သတိပေးသဖြင့် ကျွန်မသူ့ထံ သွားလိုက်သည်။ သူ့သမီးလေးကို ဆေးရုံတင်ထား ရသည်မှာလအတန်ကြာခဲ့ပြီဖြစ်ကြောင်း ပြောပြသည်။ ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လျက်၊ ငိုကြွေးလျက် သူ့သမီး အတွက် ဆုတောင်းခဲ့ကြသည်။ ကျွန်မတို့၏မတူညီမှုများကို ညှိနှိုင်းဖေးမလျက် ယခုတွင် ကျွန်မတို့သည် မိတ်ဆွေကောင်းများ ဖြစ်နေပါပြီ။
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၈ တွင် သခင်ယေရှုက ကောင်းကင် နိုင်ငံတော်သည် မိမိကျွန်များကို စာရင်းယူရန် ဆုံးဖြတ်လိုက်သည့်…
အဟုတ်သည် မဟုတ်ဖြစ်သောအခါ
လူကီးမီးယား ခေါ် သွေးကင်ဆာရောဂါနှင့် ရုန်းကန်လျက်ဆေးကုနေသည့် မိခင်အား အနီးကပ်ပြုစုခွင့်ရ၍ ဘုရားသခင်အား ကျေးဇူးတင်မိသည်။ ဆေးဝါးများက မသက်သာ ဘဲ နာကျင်မှုကိုသာဖြစ်စေသောအခါ အမေက ဆေးဆက်မကုဘဲရပ်လိုက်ရန် ဆုံးဖြတ် လိုက်သည်။ `နာကျင်မှုကို ထပ်ပြီး မခံစားနိုင်တော့ဘူး။ `အမေ့ရဲ့ နောက်ဆုံးနေ့ရက် တွေကို မိသားစုနဲ့ပဲ ပျော်ရွှင်စွာ ကုန်လွန်စေချင်တယ်။ ကောင်းကင်အိမ်တော်ကိုပြန်ဖို့ အမေအဆင်သင့်ပဲဆိုတာ ဘုရားသခင်သိတယ်´ ဟု ပြောသည်။
သမားတော်ကြီးဖြစ်သည့် ကောင်းကင်ဘုံရှင်အဘ သည် အံ့ဖွယ်နိမိတ်လက္ခဏာ ပြုနိုင်ကြောင်း ယုံကြည် စိတ်ချလျက် ကျွန်ုပ် အသနားခံမိသည်။ သို့သော် မိခင်၏ ဆုတောင်းချက်ကို အဖြေပေးပါက ကျွန်ုပ်၏အသနားခံမှုကို ငြင်းပယ်မည်ပင်။ `သခင့်အလိုတော်အတိုင်းဖြစ်ပါစေ´ ဟု ၀မ်းနည်း ငိုကြွေးလျက် ၀န်ခံလိုက်သည်။
မကြာမီတွင် ကျွန်ုပ်မိခင်ကို နာကျင်မှု အလျင်းမရှိသည့် တမလွန်ဘ၀သို့ ကူးပြောင်းရန် သခင်ယေရှု ကြိုဆိုလက်ခံလိုက်သည်။
ကျဆုံးပျက်စီးသော ဤကမ္ဘာကြီးတွင်…