ကြည့်မှန်
သင် ဘယ်နှစ်ကြိမ်မှန်ကြည့်သနည်း။ လေ့လာချက်အချို့အရ လူတို့သည် တစ်နေ့လျှင် ပျမ်းမျှ ၈ ကြိမ်မှ ၁၀ကြိမ်အထိမှန်ကြည့်သည်ဟု ဆိုသည်။ အချို့ကလည်း စတိုးဆိုင်ရှိ မှန်နှင့် ဖုန်းမျက်နှာပြင်ရှိ မှန်များကိုကြည့်ခြင်း အပါအ၀င် ဆိုလျှင် တစ်နေ့လျှင် အကြိမ် ၆၀ မှ ၇၀ အထိ ကြည့်ကြောင်း ဆိုပြန်သည်။
ဘာကြောင့် မကြာခဏ မှန်ကြည့် သနည်း။ အထူးသဖြင့် အစည်းအဝေးနှင့် သာရေး နာရေး လူမှုရေးပွဲများမသွားမီ မိမိ၏ရုပ်သွင်ကို စစ်ဆေးရန် မှန်ကြည့်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူ အများစုက ဆိုကြသည်။ တစ်စုံတစ်ရာ လွဲချော် နေလျှင် ကျွန်ုပ်တို့ ပြုပြင်လိုသည်။ မှားနေသည်ကို ပြင်ရန် စိတ်ကူးမရှိပါက ဘာကြောင့် မှန်ကြည့်နေ ရဦးမည်နည်း။
ဘုရား၏နှုတ်ကပတ်တော်ကို ဖတ်နေ
ကြားနေပြီး နာခံလုပ်ဆောင်မှုမရှိခြင်းသည် မှန်ကိုကြည့်ပြီး ဘာမြင်ခဲ့သည်ကို မေ့လျော့ သွားခြင်းနှင့်တူကြောင်း ရှင်ယာကုပ်က ဆိုထားသည် (ယာ ၁း၂၂-၂၄)။…
တံတား တည်ဆောက်ခြင်း
ဂျိမ်းစ် မစ်ချန်နာ ရေးသည့် Centennial အပျော်ဖတ်ဝတ္တုမှာ အနောက်အမေရိကန်ဒေသသို့ အခြေချဝင်ရောက်ခြင်းအကြောင်း သမိုင်းမှတ်တမ်း ဖြစ်သည်။ ပြင်သစ်-ကနေဒီယန်လူမျိုး ကုန်သည်ကြီး ပါစကီနယ်၏ အမြင်ဖြင့် မစ်ချန်နာက Arapaho လွင်ပြင်ကြီးနှင့် ဥရောပသား လူမှုအသိုင်း အ၀န်းအခြေပြု စိန့်လူးဝစ်ဒေသအကြောင်းကို ရေးဖွဲ့သည်။ ကြမ်းတမ်းသောလူစွန့်စားကြီးက ဗြုတ်စဗျင်းတောင်းမြို့ပြနှင့် ကျယ်ဝန်းသော လွင်ပြင်ကြား ကျင်လည်ရင်း လုံးဝဆန့်ကျင်ဘက် ခြားနားသည့် ကမ္ဘာနှစ်ခုကြား ဆက်သွယ်ပေးသည့် တံတားသဖွယ်ဖြစ်လာသည်။
ခရစ်တော်နောက်လိုက်များ၌လည်း အလွန် ဆန့်ကျင်ဘက်ဖြစ်သည့် လောကနှစ်ခုကြား တံတားဆောက်ပေးရန် အခွင့်အရေး ရှိသည်။ သခင်ယေရှုကိုသိပြီး သခင့်နောက်လိုက်သူများနှင့် သခင်ကိုမသိသူများ၏ လောကနှစ်ခုဖြစ်ပါသည်။ သက်သာလောနိတ်မြို့ရှိ ကနဦးယုံကြည်သူများသည် ရုပ်တု ကိုးကွယ်သော ယဉ်ကျေးမှုအသိုင်းအ၀န်း၌ တံတားထိုးပေးခဲ့ခြင်းကြောင့် “သင်တို့ထံက သခင်ဘုရား၏နှုတ်ကပတ်တရားတော်အသံသည် မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက ... အရပ်ရပ်တို့၌ နှံ့ပြားလေ၏”(၁သက် ၁း၈) ဟု ရှင်ပေါလု မိန့်ခဲ့သည်။…
ထိန်းမရသော အရာကို ယဉ်ပါးစေခြင်း
တောဝက်မှအစ မြေခွေးအထိ တောရိုင်း
တိရိစ္ဆာန်များကို ယဉ်ပါးအောင် မည်သို့ ထိန်းကျောင်းရမည်ကို လူသားတို့သိရှိခဲ့သည်။ ကြော်ငြာများ၌ မျောက်များ သရုပ်ဆောင်ရန်၊ လူ့လက်မှအစာကို စားတတ်အောင် သမင်ကို လေ့ကျင့်ပေးခြင်း စသည်ဖြင့် တိရိစ္ဆာန်များကို လေ့ကျင့်သင်ကြားပေးခြင်းကို လူတို့ နှစ်သက် သဘောကျသည်။ တမန်တော် ရှင်ယာကုပ် ကလည်း “လူသည် အခြားသတ္တ၀ါများဖြစ်သော သားရဲတိရိစ္ဆာန်၊ ငှက်၊ တွားတတ်သည့်သတ္တ၀ါ၊ ငါးတို့ကို ကျိုးနွံယဉ်ပါးအောင်ပြုနိုင်၏။ ပြုလည်း ပြုခဲ့ပေပြီ” (၃း၇)ဟု ရေးသားခဲ့သည် (ခေတ်သုံး)။
သို့သော် ကျွန်ုပ်တို့ယဉ်ပါးအောင် မပြုနိုင်သည့်အရာရှိသည်။ လျှာဟူသည့် အရာသေးသေးလေးကို ထိန်းချုပ်အောင်နိုင်ဖို့ အရေး အခက်တွေ့နေသည်။ “လျှာကိုကား၊ အဘယ်သူမျှ မအောင်နိုင်” (း၈) ဟု ရှင်ယာကုပ် မိန့််ကြားသည်။
အဘယ်ကြောင့်ဆိုသော် လျှာဖျားတွင်ရှိဆဲ ပြောတော့မည့်စကားလုံးများသည် ကျွန်ုပ်တို့အတွင်းစိတ်၌ မြစ်ဖျားခံပြီး “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” (မ ၁၂း၃၄)။…
သူငယ်ကို ငါ့ထံသို့ ဆောင်ယူခဲ့ကြ
“ဘုရားကို မယုံဘူး၊ ဘုရားကျောင်း မသွားဘူး” ဟု မာ့ခ်က ဆိုသည်။ အေမီအနေနှင့် လည်ချောင်းမှ အလုံးကြီးမျိုချရန် မနည်းကြိုးစား နေရသည်။ သားတော်မောင်က ပျော်ရွှင်သော သူငယ်ဘ၀မှ ရိုင်းစိုင်းဂွတိုက်သည့် လူငယ်လေး အဖြစ် ပြောင်းလဲသွားသည်။ ဘ၀က စစ်မြေပြင် ပမာ ရုန်းကန်ရင်ဆိုင်ရမှုများနှင့်အပြည့်ပါ။ မာ့ခ်က မိသားစုများနှင့်အတူ ဘုရားကျောင်းသွားရန် ငြင်းဆန်နေ၍ တနင်္ဂနွေနေ့က စိုးရိမ်စရာနေ့ ဖြစ်လာသည်။ နောက်ဆုံး မိဘများက ဆရာများနှင့် ဆွေးနွေးပြီး အကြံဉာဏ်ရယူရာ ဆရာက “မာ့ခ် က သူရဲ့ယုံကြည်ခြင်း အသက်တာကို သူပဲတည်ဆောက်ရမယ်။ ကောင်းကင်နိုင်ငံထဲ အတင်းသွတ်သွင်းလို့မရဘူး၊ ဘုရားသခင်အလုပ်လုပ်ဖို့ အခွင့်ပေးပါ။ ဆက်ဆုတောင်းပြီး စောင့်ဆိုင်းပါ” ဟု အကြံပေးသည်။
အေမီတစ်ယောက် စောင့်ဆိုင်းရင်း ဆုတောင်းသည်။ တစ်မနက်တွင် သူ ဖတ်ခဲ့သောကျမ်းစာမှ သခင်ယေရှု၏စကားသံကို သူပြန်ကြားယောင်သည်။ တပည့်တော် များက နတ်ဆိုးစွဲနေသည့်သူငယ်ကို…
ချစ်မေတ္တာရေးရာ
“အသိဉာဏ်နှင့် စိတ်ခံစားချက်တို့ ပဋိပက္ခဖြစ်သောအခါ နှလုံးသားက ပို၍လိမ္မာ ပညာရှိသည်” ဟု “A General Theory of Love” စာအုပ်ကို ရေးသားသည့် စာရေးဆရာ များက ရေးသားကြသည်။ ယခင်က အသိ ဉာဏ်သည် နှလုံးသားကို ချုပ်ထိန်းသည်ဟု လူတို့ယုံကြည်ကြသော်လည်း ယခုတွင် ၎င်းနှင့် ဆန့်ကျင်ဘက် နှလုံးသားက အသိဉာဏ်ကို ထိန်းချုပ်ကြောင်းအချက်သည် အမှန်ဟု သိပ္ပံ ပညာက ဖော်ထုတ်တွေ့ရှိလာသည်။ “မိမိ မည်သူဖြစ်သည်၊ မိမိမည်သို့သောသူဖြစ်လာသည် ဆိုသည့်အချက်က မိမိချစ်သောသူအပေါ်၌ မူတည်သည်။”
သမ္မာကျမ်းစာနှင့် အကျွမ်းဝင်သူတို့ အနေဖြင့် ၎င်းသည် ရှာဖွေတွေ့ရှိမှုအသစ် မဟုတ်ဘဲ ရှေးဟောင်းအမှန်တရားအဖြစ် သိမှတ်မည်ပင်။ လူမျိုးတော်တို့အား ဘုရား သခင်ပေးသည့် အရေးကြီးဆုံးပညတ်တော်တွင် စိတ်နှလုံးကို အရေးပါသောကဏ္ဍ၌ ထားရှိခဲ့သည်။ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းရှိသမျှနှင့် ချစ်လော့” (တရား…
ကျွန်ုပ်တို့အတွင်းရှိ နှုတ်ကပတ်တော်
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ထံသို့ ပုံစံအမျိုးမျိုးနှင့်လာသည်။ ကျမ်းစာ
အခြေပြုတရားဟောချက်များ၊ ကျမ်းစာဖတ်ခြင်း၊ ဓမ္မသီချင်း၊ အဖွဲ့လိုက်ကျမ်းစာလေ့လာခြင်း၊ ၀တ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ စာအုပ်စာပေများ ဖတ်ရှုခြင်း စသည့်အားဖြင့် သမ္မာကျမ်းမှဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆောင်ကြဉ်းပေးလာသည်။ သို့သော် လူတစ်ဦးချင်းစီ၏ ကိုယ်တိုင်ဖတ်ရှု လေ့လာမှုကို လျစ်လျှူ၍မရပါ။
မကြာမီက တရားဟောရာကျမ်းနှင့် မဿဲ အခန်းကြီး (၅ - ၇) ကို ယှဉ်ပြီး တစ်ပိုဒ်ချင်းစီ သေချာစွာလေ့လာခဲ့ရာ ကျွန်တော့်စိတ်နှလုံး၌ ထိတွေ့အကျိုးရှိခဲ့သည်။ ပညတ်တော်ဆယ်ပါး (တရား ၅း၆-၂၁) နှင့် တောင်ပေါ်ဒေသနာ (မ ၅း၃-၁၂) ကို လေ့လာခြင်းဖြစ်ပါသည်။ တရားဟောရာကျမ်းတွင် ဘုရားသခင်က သူ့လူများ နာခံလိုက်လျှောက်ရန် ပဋိညာဉ်တရားဟောင်းကို သင်ပြပါသည်။
ရှင်မဿဲခရစ်ဝင်ကျမ်းတွင်မူ သခင်ယေရှုက ပညတ္တိကျမ်းကို ပြည့်စုံစေပြီး ပဋိညာဉ်တရားသစ်ကို တည်ထောင်ရန် သူကြွလာကြောင်း၊ ထိုတရားသစ်သည် ကျွန်ုပ် တို့ကို…
ရေ၀သော အသက်တာ
မွန်တာနာ ပြည်နယ် ကွင်းပြင်ကျယ်ရှိ မွေးမြူရေးခြံ၌ နေထိုင်သည့် ကျွန်တော့်အသိ မိတ်ဆွေ တစ်ဦးရှိသည်။ သူ့အိမ်သို့သွားသော လမ်းက ပူပြင်းခြောက်သွေ့သည့် လွင်တီးခေါင်၌ ရှည်လျားစွာ ကွေ့ပတ်သွားရသည်။ သူ့အိမ်သို့ ကားဖြင့်သွားလျှင် ခြောက်သွေ့သောဒေသနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့် မြင်ကွင်းကို သတိမပြုဘဲ မနေနိုင်။ ကွေ့ကောက်သောလမ်းတစ်လျှောက် စိမ်းလန်းသောသစ်ပင်များ၊ စိုလွင်သောစိုက်ခင်း များကို တွေ့ရသည်။ မြောက်အမေရိကရှိ အကောင်းဆုံး ရေချိုမြစ်များအနက် မြစ်တစ်စင်းက ထိုဒေသကို ဖြတ်သန်း စီးဆင်းပေရာ မြစ်ကမ်းအနီး စိုက်ပျိုးလေသမျှ မကုန်ဆုံးသော အရေးပါသည့် ရေအရင်းအမြစ်၏ အကျိုးကျေးဇူးကို ခံစားရသည်။
“ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည်... ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာ”သောအပင်နှင့်တူကြောင်း (ယေ ၁၇း၈) ပရောဖက် ယေရမိ တင်စားခဲ့သည့်အချက်က အထက်ပါမြင်ကွင်း၏သရုပ်ပေတည်း။ ဘုရားနှင့် ကင်းကွာလျက် ညှိုးနွမ်းခြောက်သွေ့စွာရှင်သန်သည့်ဘ၀မျိုးကို လူတို့ရွေးချယ်ကောင်း ရွေးချယ် ကြလည်း ဘုရားသခင်ကို ကိုးစားရန်…
သေရာမှ ပြန်လာသူ
သေဆုံးပြီဟု တရားဝင်ထုတ်ဖော် ကြေငြာပြီးနောက်တွင် လူတစ်ဦးသည် ပြန်ရှင်နိုင်
ပါမည်လား။ အိုဟိုင်အို မှ လူတစ်ဦးသည် ၂၅ နှစ်
အစောပိုင်းက ပျောက်ဆုံးသွားသည်ဟု သတင်းပို့ ခံရပြီးနောက် ကျန်းမာပကတိ ပြန်ပေါ်လာသော အခါ အထက်ပါမေးခွန်းက နိုင်ငံတကာသတင်းဖြစ် သွားသည်။ သူပျောက်ကွယ်သွားစဉ်က အလုပ် လက်မဲ့၊ မူးယစ်ဆေးစွဲသူ၊ ကလေးများရသော ထောက်ပံ့ကြေးနှင့် ရပ်တည်နေရသူဖြစ်သော ကြောင့် သူက ပုန်းလျိုးနေရန် ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။ သူပြန်ပေါ်လာသောအခါ သေခြင်းမှ ပြန်ရှင်ရသည်က ခက်ခဲသောအမှုဖြစ်ကြောင်း သူ
သိလိုက်ရသည်။ သူသေဆုံးပြီဟု တရားဝင်ကြေငြာထားမှုကို ပြန်ပြောင်းရန် တရားရုံးသို့ သွားရောက်ရာ သေဆုံးခြင်းနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများ ပြောင်းလဲနိုင်ရေး ၃နှစ် အချိန် ကန့်သတ်ထားကြောင်း ရည်ညွှန်းကာ တရားသူကြီးက လျှောက်ထားမှုကို ပယ်ချ လိုက်သည်။
လူသားတရားရုံး၏ သာမန်မဟုတ်သည့် လျှောက်ထားခြင်းက ဘုရားသခင် အတွက်…
ဧည့်သည်
မကြာသေးမီကမှ အငြိမ်းစားယူသွားသူ တစ်ဦးကို အလုပ်မလုပ်တော့သောကြောင့် ယခု ဘာလုပ်နေလဲဟု သူငယ်ချင်းတစ်ယောက်က မေးရာ၊ ထိုလူက “ကျွန်တော့်ကိုယ်ကျွန်တော် ဧည့်သည်လို့ ပြောရမှာဘဲ၊ ကျွန်တော့်အနီးဝန်းကျင် နဲ့ အသင်းတော်ကလူတွေ ဆေးသွားကုတဲ့ဆေးရုံနဲ့ ကြပ်မတ်ဆောင်တွေကို ကျွန်တော်သွားတယ်။ အထီးကျန်နေသူတွေ၊ တစ်ယောက်ယောက်နဲ့ စကားပြောချင်နေတဲ့သူတွေဆီ သွားတယ်။ သူတို့နဲ့ စကားပြော အားပေးပြီး အတူတကွ ဆုတောင်းကြ တယ်။ ဒီလိုလုပ်ရတာကိုလည်း ပျော်ပါတယ်” ဟူ၍ ဖြေကြားခဲ့သည်။ ကျွန်တော့် သူငယ်ချင်းလည်း ထိုသူ၏ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်နှင့် ဂရုစိုက်မှုတို့ကို အားကျမိခဲ့ရသည်။
သခင်ယေရှု ကားစင်တင် အသတ်မခံ ရမီ ရက်ပိုင်းအလိုတွင် ယေရှုက တပည့်တော်များအား အကူအညီလိုအပ်နေသူများထံ သွားရောက်လည်ပတ်ရန် အရေးကြီးပုံကို အလေးအနက် ထားလျက် ပုံဥပမာဖြင့် ပြောခဲ့သည်။ “ထိုအခါ လက်ျာတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက ငါသည် အ၀တ်အချည်းစည်းရှိသောအခါ သင်တို့သည် အ၀တ်နှင့်ဖုံးလွှမ်း…
အ၀ါရောင်အင်္ကျီနှင့် မိန်းကလေး
သူမ၏ အ၀ါရောင်မိုးကာ အင်္ကျီလေးက ကျွန်တော့်အာရုံကို ဖမ်းစားသွားသည်။ တစ်ချိန် တည်းမှာ အညိုရောင်ဆံပင်ရှည်နှင့် ကျောင်းသူ သစ်လေးအပေါ် စိတ်ဝင်စားမှုများ တစ်စစ မြှင့်တက် လာခဲ့သည်။ အိမ်မှပို့လာသောစာကို လမ်းလျှောက်ရင်း ဖတ်နေသော စူး အား အရဲစွန့်ပြီး
တွဲကြရအောင်ဟု အူကြောင်ကြောင်နှင့် ကျွန်တော် မေးလိုက်သည်။ သူမက လက်ခံသဖြင့် ကျွန်တော် အံ့ဩသွားသည်။
နှစ်ပေါင်း ၄၀ ကျော်ပြီးနောက်ပိုင်းတွင် ကောလိပ်၌ စူးနှင့်ကျွန်တော်တို့၏ အဆင်မပြေ လှသော ပထမဆုံးတွေ့ဆုံမှုအကြောင်းကို ပြန်ပြောပြီး ရယ်မောခဲ့ရသည်။ ထို့ပြင် အိုဟိုင်အို ဒေသမှ အလွန်အရှက်သန်သောကောင်လေးနှင့် မီချီဂန် ပြည်နယ်မှ ရှက်စနိုးနှင့် ကောင်မလေးတို့အား ဆုံစည်းစေသည့် ဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုကိုလည်း မြင်တွေ့ခဲ့ရသည်။ နှစ်ပေါင်းများစွာအတွင်း အိမ်ထောင်ကို အတူတကွပျိုးထောင်ရင်း မရေမတွက်နိုင်သော ဘေးကျပ်နံကျပ်ကာလများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ကလေး ၄ ယောက်ကို ကောင်းမွန်စွာ…