ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသက်တာများကို ပြောင်းလဲစေလျက်ရှိသည်
တစ်ပတ်လျှင် အနည်းဆုံး (၄) ကြိမ်မျှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ခံယူ ဆင်ခြင်လျက် နာခံတုံ့ပြန်လိုက်လျှောက်ပါက ကျွန်ုပ်တို့၏အသက်များ ပြောင်းလဲသွားပါသည်။ ဤပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်ပါ။
အသက်တာကိုပြောင်းလဲပေးစေနိုင်သော မျိုးစေ့များကို စိုက်ပျိုးလျက်ရှိသည်
၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းသည် ဝိညာဥ်ရေးရာ အရင်းအမြစ်စာပေများကို ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိပြီး နှစ်စဥ် အင်္ဂလိပ်ဘာသာနှင့် ၅,၀၀၀ ကျော်၊ မြန်မာဘာသာနှင့် ၁၁၅,၀၀၀ ကျော်နှင့် ကရင်ဘာသာဖြင့် ၂,၅၀၀ ကျော်သော စာဖတ်သူများ၏အသက်တာကို ထိတွေ့ခွန်အားပေးလျက်ရှိပါသည်။
သမ္မာတရားကို အွန်လိုင်းမှ ဖြန့်ဝေလျက်ရှိသည်
ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် စာမူများကို ဝဘ်ဆိုဒ်၊ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်၊ ယူကျု့၊ Our Daily Bread မိုဘိုင်းအက်ဖ် နှင့် အီးမေးလ်မှတဆင့် ထုတ်ဝေဖြန့်ချိပေးပါသည်။
မီးမောင်းထိုးပြလိုသော လုပ်ဆောင်ချက်စီမံကိန်းများ
ကျွန်ုပ်တို့၏လူငယ်လူရွယ်များ အခက်ကြုံလေပြီ။
ကိုဗစ်-၁၉ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများက သူတို့၏ဘဝ၊ သူတို့၏ပညာရေး၊ သူတို့၏အလုပ်အကိုင် အခွင့်အလမ်းများကို နှုတ်ယူပစ်ခဲ့လေပြီ။ အချို့က အရှုံးပေးလက်လျော့လျက် များစွာသောသူတို့မှာမူ စိတ်ပျက်အားလျော့မှု၊ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ရုန်းကန်နေကြရသည်။
သို့သော် ကျွန်ုပ်တို့ကို အမြင်သစ်၊ မျှော်လင့်ချက်နှင့် ခွန်အားများပေးရန် ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိနေပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းသည် သမ္မာကျမ်းသွန်သင်ချက်နှင့်အညီ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်သက်ဆိုင်သည့် စာပေအကြောင်းအရာများအားဖြင့် ဤလူငယ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့တည်ဆောက်ပေးလိုပါသည်။
ထိုပြဿနာများကို ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် လူငယ်လူရွယ်များ ရေးသားထားသည့် ဝေမျှချက်များကို ကျွန်ုပ်တို့ ပေးကမ်းလိုက်ပါသည်။ ထိုသက်သေခံချက်များအားဖြင့် ဖတ်ရှုသူတို့သည် အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာမှ ပညာတော်ကို တွေ့ရှိပြီး တိုက်တွန်းခွန်အားပေးမှုများ တွေ့ရှိနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
ပိုမိုသိရှိလိုပါက “အားနည်းမှုမှခွန်အားအစွမ်း” ဝဘ်စာမျက်နှာ သို့သွားရောက်ဖတ်ရှုပါ။
ကလေးသူငယ်များသည် ကျွန်ုပ်တို့၏အနာဂတ်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ၎င်းတို့၏အနာဂတ်နှင့် မျှော်လင့်ခြင်းများ ပျောက်ဆုံးနေပါသည်။ Discovery House Distributors Singapore နှင့် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းတို့ ပူးပေါင်းလျက်၊ ဤခရစ္စမတ် အချိန်နှင့် ၂၀၂၄ နှစ်သစ် အချိန်ခါမယတွင် ဆိုလာစွမ်းအင်သုံးမီးအိမ်သာမက နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် “ကလေးသူငယ်များအတွက် နေ့စဥ်ခွန်အား” ဝတ်ပြုကိုးကွယ်ခြင်းစာအုပ်ကို အတူပူးတွဲလျက် ကလေးသူငယ် ၁,၀၀၀ ဆီသို့ ကမ်းလှမ်းပေးပို့ရန် စီစဥ်လုပ်ဆောင်လျက်ရှိနေပါသည်။
ပိုမိုသိရှိလိုပါက “မြန်မာပြည်အတွက်အလင်းဖြစ်စေ” ဝဘ်စာမျက်နှာ သို့သွားရောက်ဖတ်ရှုပါ။
ပါဝင်ပေးလှူရန်
နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း (မြန်မာပြည်)အား အဖွဲ့အစည်းတစ်ခုခု၊ ဂိုဏ်းဂဏအသင်းတော် တစ်ပါးပါးမှ၊ အမေရိကန်နိုင်ငံရုံးအဖွဲ့မှ ငွေရင်းရံပုံငွေ မတည်ပေးခြင်း၊ အမြဲအထောက်အပံ့ရရန် ငွေပင်ငွေရင်း ပစ္စည်းတစ်စုံတစ်ရာ စောင်ထားခြင်းများမရှိပါ။ ကျွန်ုပ်တို့သည် မြန်မာပြည်နှင့် အခြားသောနေရာဒေသ အသီးသီးမှ လူတစ်ဦးချင်းစီ၏ထောက်ပံ့ပေးလှူမှုဖြင့်သာ ရပ်တည်ပြီး၊ ဘုရားလူတို့အတွက် အမှုတော်ကို ဆက်လက်လုပ်ဆောင်နေပါသည်။ မြန်မာနိုင်ငံ၌ အသက်တာကို ပြောင်းလဲစေသော သမ္မာကျမ်းစာမှ ပညာတော်ကို လူတိုင်းနားလည်စေရေး၊ လူတိုင်း ရရှိစေရေး အမှုတော်တာဝန်အတွက် သင်လည်းပူးပေါင်းပါဝင်ပါ။
သင့်အလှူငွေကို အောက်ပါလိပ်စာသို့ ပေးပို့နိုင်ပါသည်။
ဖုန်း – ၀၁-၈၂၁၀၇၉၅၊ ၀၉-၄၂၆၄၉ ၂၀၁၇
COPYRIGHT © 2022 Our Daily Bread Ministries နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ မူပိုင်ပြုလုပ်ပြီးဖြစ်သည်။ Payment icons by icons8.

KBZPay မှတစ်ဆင့် ပေးလှူရန်
မြန်မာပြည်တွင်းတွင် KBZPay မှတစ်ဆင့် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း ရုံးဖုန်းနံပါတ် ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ ငွေလွှဲပေးပို့နိုင်ပါသည်။ KBZPay နှင့် ငွေလွှဲမှုအောင်မြင်ပါက မိတ်ဆွေ၏ဖုန်းတွင် လွှဲပြောင်းထားကြောင်း အက်ဖ်မှ အတည်ပြုမှုကို screenshot ပြုလုပ်၍ မိတ်ဆွေ၏ နာမည်အပြည့်အစုံနှင့် ဖုန်းနံပါတ်တို့နှင့် အတူတကွ ကျွန်ုပ်တို့ထံ ပေးပို့ပေးပါ။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၏ Facebook Messenger မှသော်လည်းကောင်း၊ ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ Viber အားဖြင့်သော်လည်းကောင်း ပေးပို့နိုင်ပါသည်။

Wave Money မှတစ်ဆင့် ပေးပို့ရန်
မြန်မာပြည်တွင်းတွင် Wave Money မှတစ်ဆင့် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း ရုံးဖုန်းနံပါတ် ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ ငွေလွှဲပေးပို့နိုင်ပါသည်။ ငွေလွှဲပြီးသွားပါက မိတ်ဆွေ၏ နာမည်အပြည့်အစုံ၊ လွှဲလိုက်သောပမာဏ၊ အလှူငွေပေးလိုသည့်အကြောင်းရင်းနှင့် ဖုန်းနံပါတ်တို့ကို ကျွန်ုပ်တို့ထံ ပေးပို့ပေးပါ။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၏ Facebook Messenger မှသော်လည်းကောင်း၊ ၀၉၄ ၂၆၄၉ ၂၀၁၇ သို့ Viber အားဖြင့်သော်လည်းကောင်း ပေးပို့နိုင်ပါသည်။
COPYRIGHT © 2022 Our Daily Bread Ministries နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ မူပိုင်ပြုလုပ်ပြီးဖြစ်သည်။ Payment icons by icons8.