ကျွန်ုပ်တို့၏လူငယ်လူရွယ်များ အခက်ကြုံလေပြီ။

ကိုဗစ်-၁၉ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများက သူတို့၏ဘဝ၊ သူတို့၏ပညာရေး၊ သူတို့၏အလုပ်အကိုင် အခွင့်အလမ်းများကို နှုတ်ယူပစ်ခဲ့လေပြီ။ အချို့က အရှုံးပေးလက်လျော့လျက် များစွာသောသူတို့မှာမူ စိတ်ပျက်အားလျော့မှု၊ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ရုန်းကန်နေကြရသည်။

သို့သော် ကျွန်ုပ်တို့ကို အမြင်သစ်၊ မျှော်လင့်ချက်နှင့် ခွန်အားများပေးရန် ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိနေပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းသည် သမ္မာကျမ်းသွန်သင်ချက်နှင့်အညီ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်သက်ဆိုင်သည့် စာပေအကြောင်းအရာများအားဖြင့် ဤလူငယ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့တည်ဆောက်ပေးလိုပါသည်။

ထိုပြဿနာများကို ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် လူငယ်လူရွယ်များ ရေးသားထားသည့် ဝေမျှချက်များကို ကျွန်ုပ်တို့ ပေးကမ်းလိုက်ပါသည်။ ထိုသက်သေခံချက်များအားဖြင့် ဖတ်ရှုသူတို့သည် အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာမှ ပညာတော်ကို တွေ့ရှိပြီး တိုက်တွန်းခွန်အားပေးမှုများ တွေ့ရှိနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

စစ်မှန်သော မျှော်လင့်ခြင်းဖြစ်သည့် သခင်ယေရှုခရစ်တော်ထံသို့ လူအပေါင်းတို့ လှည့်ပြန်လျက် “အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏” (ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁၂:၁၀)ဟု မြွက်ဆိုနိုင်ကြပါစေ။


ပုံကို နှိပ်ပြီး ဝေမျှချက်များကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။



မစကူညီနိုင်သည့်နည်းလမ်းများ


ယနေ့အတွက် လုံလောက်သောကျေးဇူးတော် နှင့် စိုးရိမ်ပူပန်မှု ခံစားနေရလား ဟူသည့် မြန်မာဘာသာဖြင့် ထုတ်ဝေဖြန့်ချိမည့် စာအုပ်ငယ်နှစ်အုပ်ရှိပြီး၊ စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုပြဿနာများနှင့် ဒဏ်ရာရနာကျင်နေသူများဆီသို့ သခင်ခရစ်တော်ကို ပို့ဆောင်နိုင်ရေး တန်ဖိုးသတ်မှတ်ခြင်းမရှိဘဲ စာအုပ်များကို ဝေမျှမည်ဖြစ်ပါသည်။ သင်သည် အသင်းတော် (သို့) လူငယ်ဌာနနှင့် လူငယ်အဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်နေသူ ဖြစ်ပါက၊ (သို့) မိမိဘာသာ မိမိ ကူညီပါဝင်လိုပါက ဆုတောင်းခြင်း၊ အလှူငွေပါဝင်ခြင်း၊ ကူညီဖြန့်ဝေခြင်း၊ ဤသတင်းကို လက်ဆင့်ကမ်းပြောကြားခြင်း စသည်ဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို ပါဝင်လျက် ဤအစီအစဥ်ဖြစ်မြောက်ရေးအတွက် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။


ယနေ့အတွက် လုံလောက်သောကျေးဇူးတော်

"ဘဝခရီးလမ်းသည် ရှည်လျားသော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်သည် လုံလောက်ပေ၏။"

ဖတ်ရှုလေ့လာရာတွင် နားလည်လွယ်ပြီး စိတ်သက်သာရာရစေသော ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာဝေမျှချက် (၁၀) ခုသည် စာဖတ်သူများနှင့်အတူ လိုက်ပါစီးမျောလျက် မျှော်လင့်ချက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ထံသို့ ပို့ဆောင်ပေးလိမ့်မည်။ ကိုယ်တော်၏နှုတ်ကပတ်တော်များသည် စိတ်ပျက်ပြီး စိတ်ဓါတ်ကျနေသူများ၏ စိတ်နှလုံးကို အားဖြည့်ပေးပြီး ဘဝခရီးလမ်းကို ရဲရင့်စွာ ရှေ့သို့ဆက်လက်ချီတက်ရန် ခွန်အားပေးပါစေ။

 

စိုးရိမ်ပူပန်မှု ခံစားနေရလား

"စိုးရိမ်ပူပန်မှုနှင့် ယုံကြည်ခြင်းအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောကြပါစို့။"

ဤစာအုပ်ငယ်သည် အာရှပစိဖိတ်ဒေသတစ်လွှားရှိ ခရစ်ယာန်လူငယ်များကြား ဖြစ်ပေါ်နေသည့် စိုးရိမ်ပူပန်မှုနှင့်စပ်လျဥ်း၍ အလင်းပြရန် ရည်ရွယ်ပြီး၊ အသင်းတော်အတွင်း စိတ်ကျန်းမာရေးနှင့် ယုံကြည်ခြင်းအကြောင်းကို စကားစနိုင်အောင် လမ်းဖွင့်ပေးလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်မိပါသည်။ စိုးရိမ်ပူပန်မှုနှင့် လုံးပမ်းနေရသူများနှင့် ၎င်းတို့ကို ကူညီစောင်မလိုသည့် စိတ်ဆန္ဒရှိသူများအတွက် ရည်ရွယ်ပါသည်။

 

ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းပါ

(၁) စိတ်မကျန်းမာမှုပြဿနာနှင့် ချောင်ပိတ်မိနေပြီး ထိုအခြေအနေမှ လွတ်မြောက်အောင် ရုန်းကန်နေသူများ ခွန်အားရှိရန် ဆုတောင်း‌ပေးပါ။

(၂) လူငယ်လူရွယ်တို့ သခင်ယေရှု ခရစ်တော်ထံ နီးကပ်တိုးဝင်လာအောင် သူတို့နှင့်ချိတ်ဆက် ထိတွေ့နိုင်ရန် ကြိုးစားရာ၌ ကျွန်ုပ်တို့အတွက် ဉာဏ်ပညာနှင့်အသိတရားရှိရန် ဆုတောင်းပေးပါ။

(၃) ကျွန်ုပ်တို့ထုတ်ဝေလိုက်သည့် စာအုပ်စာပေများသည် စာဖတ်သူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့၏အသက်တာ၌ ထိတွေ့စေရေး အထောက်အကူပြုမစပါမည့်အကြောင်း ဆုတောင်းပေးပါ။

(၄) စိတ်ကျန်းမာရေးဆိုင်ရာ စာအုပ်ငယ်လေးများ ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်ရေး လိုအပ်သော ငွေကြေးအထောက်အပံ့နှင့် နည်းလမ်းများကို ဘုရားရှင်ပြင်ဆင်ပေးရန် ဆုတောင်းပေးပါ။

(၅) စာအုပ်များ မျှဝေဖြန့်ချိရေးအတွက် ကျွန်ုပ်တို့ကို ကူညီပေးမည့် သာသနာလုပ်ငန်း၏ မိတ်ဆွေများကို ဘုရားရှင်ပို့ဆောင်ပေးရန် ဆုတောင်းပေးပါ။

ဤအစီအစဥ်တွင် သင်ပါဝင်လိုပါက အောက်ပါအချက်များတွင် သင်စိတ်ဝင်စားသည့် အချက်ကို ဖော်ပြပေးပို့ပေးပါရန်။

ပေးလှူရန်နည်းလမ်းများကို သိရှိရန် ဤနေရာတွင်နှိပ်ပါ။ “အားနည်းမှုမှ ခွန်အားအစွမ်းအတွက်” ဟု မှတ်ချက်အနေနှင့် ဖော်ပြပေးပါ။

(မှတ်ချက် - မြန်မာပြည်တွင်းလိပ်စာသို့သာ ပို့ပေးပါမည်။)

အမည်အပြည့်အစုံ (ဖြည့်စွက်ရန်လိုအပ်သည်)

အီးမေးလ် (ဖြည့်စွက်ရန်လိုအပ်သည်)

မိုဘိုင်းလ်ဖုန်း (ဖြည့်စွက်ရန်လိုအပ်သည်)

*အချက်အလက်များကို ဖြည့်စွက်ခြင်းသည် နေ့စဉ်ခွန်အားမှ ဘုရားသခင်နှင့်ရင်းနှီးအကျွမ်းဝင်လျက် ရင့်ကျက်လာအောင် အထောက်အကူပြုသည့် အဖြစ်အပျက် ဇာတ်လမ်းများ၊ စာပေအရင်းအမြစ်များ၊ သတင်းများ အပါအဝင် အီးမေးလ်စာများ လက်ခံရယူရန် သဘောတူခြင်းဖြစ်ပါသည်။

©၂၀၂၂ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ မူပိုင်ပြုလုပ်ပြီးဖြစ်သည်။