မျက်မှောက်တော်၌

သင်၏ဆုတောင်းခြင်းအသက်တာ မည်သို့ရှိသနည်း။

တစ်ခါတစ်ရံ၌ ပျားပန်းခတ်အလုပ်များမှုကြောင့် သင်နှင့် ဘုရားသခင် အချိန်ယူရန် အချိန်မရှိဖြစ်တတ်သည်။ ဆရာကြီး ဒဲနစ်ဖစ်ရှာ အကြံပြုသည့် လက်တွေ့ကျသည့် လမ်းညွှန်မှုများအတိုင်း ဘုရားသခင်နှင့် သင်၏ အချိန်ယူခြင်းကို စောင့်ထိန်းလုပ်ဆောင် နိုင်အောင် မှန်မှန်ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းအချိန်ကို ထားရှိရယူရန် နည်းလမ်းရှာကြံပါ။ ထိုအခါ သင်နှင့်အချိန်ယူရန် စောင့်ဆိုင်းနေသည့် ကျေးဇူးကရုဏာတော်ရှင် ထာဝရဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်ခွင့်ရပြီး ထိုအချိန်လေးမှ အသစ်သော အမြင်များကို သင်ရရှိ လိမ့်မည်။

ဆရာကြီး ဒဲနစ်ဖစ်ရှာသည် Our Daily Bread Ministries မှ သုတေသီ စာတည်းဖြတ်သူတစ်ဦးဖြစ်ပြီး ဒဲန်ဗာကျမ်းစာကျောင်းနှင့် ဖူလာကျမ်းစာကျောင်းမှ ဘွဲ့ရခဲ့သူဖြစ်သည်။ သူသည် မူးဒီဓမ္မတက္ကသိုလ်တွင် သင်ကြားပို့ချခဲ့သည့် ဆရာတစ်ဦးလည်း ဖြစ်သည်။ သူနှင့်ဇနီးသည် ဆရာမ ဂျဲနက်တို့သည် မီချီဂန်ပြည်နယ် ဒီဝစ်ထ်အရပ်၌ နေထိုင်ကြသည်။