ယုဒရှကာရုတ် – အမှောင်၏သား

ယုဒရှကာရုတ် မည်သို့များ ဖြစ်သွားပါသနည်း။ ခရစ်တော်နှင့်အနီးဆုံးတွင် (၃)နှစ်တာ အတူနေထိုင်သွားလာခဲ့သူဖြစ်ပါလျက် သူ၏အကောင်းဆုံးမိတ်ဆွေ ခရစ်တော်ကို အဘယ်ကြောင့် သစ္စာဖောက်ရက်နိုင်ရသနည်း။

ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာသင်ယူမှုတွင် ယုဒရှကာရုတ်အကြောင်းသည် အရေးပါသည်။ ကျွနု်ပ်တို့၏အကျိုးအလို့ငှာ သူ၏ မျှော်လင့်ချက်များ၊ အိပ်မက်များ၊ မှားယွင်းသော လုပ်ဆောင်မှုအားလုံးတို့ကို မှတ်တမ်းတင်ထားသည်။ သူ့ကိုဝန်းရံခဲ့သော အမှောင်သည် ကျွန်ုပ်တို့အားလုံးအတွက် အသိတရားအလင်းဖြစ်ခဲ့သည်။ သူ၏ဝမ်းနည်းကြေကွဲခြင်းနှင့်နောင်တများက ကျွန်ုပ်တို့ကို ဘုရားသခင်၏မေတ္တာနှင့် နီးကပ်စေခဲ့သည်။

ယုဒရှကာရုတ်၏ အသက်တာအကြောင်းသည် ကျွန်ုပ်တို့၌ရှိသော လူ့ဇာတိအားနည်းမှုကိုလည်းကောင်း၊ အလင်းထဲ၌ပင် ပုန်းကွယ်တည်ရှိနေသော အမှောင်၏အန္တရာယ်ကိုလည်းကောင်း နားလည်ရန်အတွက် အထောက်အကူပေးနိုင်ကြောင်း Our Daily Bread Ministries သုတေသန အယ်ဒီတာဆရာကြီး ဒဲနစ် ဖစ်ရှာ က ယုဒရှကာရုတ် – အမှောင်၏သား တွင် ဖော်ပြထားပါသည်။