ဘာသာတရားလော၊ ခရစ်တော်လော

ဘာသာတရားလော၊  ခရစ်တော်လော၊ မည်သို့သောခြားနားမှုရှိသဖြင့် …

ခြားနားချက် ပြုလုပ်လောက်ပါရဲ့လား။ သို့မဟုတ်ပါက ယင်းအချက်သည် စကားလုံးမျှသာလော။ ၈၅% သော အမေရိကန်ပြည်သူပြည်သားတို့သည် ဘာသာအယူဝါဒ၌ သက်ဝင်ယုံကြည်ကြောင်း လေ့လာချက်စစ်တမ်းက အားရကျေနပ်ဖွယ်ကောင်းပါသလား။ သခင်ယေရှု လောက၌အသက်ရှင်စဉ်က ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်ကြသည့် ဘာသာရေးဝါဒီများ၏မုန်းတီးခြင်းကို ခံခဲ့ရသည်ဟူသော အမှန်တရားအောက်၌ ဘာသာရေးအား ပြန်လည်ဆန်းစစ်ရန် မသင့်သလော။

ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘာသာတရားတို့အကြား အခြေခံကျသော ကွဲပြားခြားနားမှုရှိသည်ဟု ယုံကြည်သိမြင်ချက်ဖြင့် ဤစာအုပ်ငယ်ကလေးအား Mart DeHaan က ရေးသားလိုက်ခြင်းဖြစ်၏။ ခရစ်တော်ဘုရား ဤမြေပေါ်၌ အသက်ရှင်ခဲ့စဉ်က ဖာရိရှဲတို့၏အကြောင်းကို လေ့လာခြင်းဖြင့် ခရစ်တော်ကိုယုံကြည်ခြင်းနှင့် ဘာသာတရားအကြား ကွာခြားချက်ကိုသာမက မိမိအကြောင်းကို အတွင်းကျကျသိမြင်လာကြမည်ဖြစ်တော့သည်။