ကျန်းမာရေး ယိုယွင်း အားနည်းလာခြင်း — သင်ဘာလုပ်နိုင်သလဲ။

နာမကျန်းဖြစ်လာမည်ကို သင်စိတ်ပူနေသလား။ ဆရာဝန်နှင့် တွေ့ဆုံရန် ဝန်လေးနေသလား။ ဆေးဝါးများ ဈေးကြီးခြင်းကြောင့် ဝန်လေးနေသလား။ အနာရောဂါအသစ် ဖြစ်ပေါ်လာသည်ဟု သိရှိလာပါက စိုးရိမ်လျက် စိတ်အနှောင့်အယှက် ဖြစ်နေသလား။ မိမိကြည့်ရှုပြုစု စောင့်ရှောက်နေရသော သက်ကြီးရွယ်အို မိဘများ၊ သို့မဟုတ် ကလေးငယ်များ၏ကျန်းမာရေး အတွက် စိတ်ပူနေသလား။ နာမကျန်းဖြစ်လာခြင်းအတွက် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုများနှင့် စိတ်ပူပန်မှုများအားလုံးကို ဖြေရှင်းပေးရန် နည်းလမ်းမရှိဟု ဆိုလိုပါသလား။ ဤအချက်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် နည်းလမ်း ရှိပါသလား၊ ကျွန်ုပ်တို့ကို နှစ်သိမ့်မှုနှင့် ယုံကြည်စိတ်ချမှုပေးနိုင်သည့် အဖြေ ရှိပါသလား။ ခရစ်ယာန်တို့၏ယုံကြည်ခြင်း အခြေခံဖြစ်သော သမ္မာကျမ်းစာတွင် ဤအဖြေကိုရှာရန် ဖိတ်ခေါ်လိုပါသည်။