လ - မေ 2022

မုသာ၏အဘ

ဗစ်တာသည် ညစ်ညမ်းဗီဒီယိုများကို တဖြည်းဖြည်းစွဲလာသည်။ သူ့သူငယ်ချင်း အများစုကလည်း ကြည့်ကြပြီး သူကပါ ကြည့်ဖြစ်သွားသည်။ ၄င်းသည် လုံးဝမှားယွင်းကြောင်း၊ ဘုရားသခင်အား ပြစ်မှားရာရောက်ကြောင်း သူသဘောပေါက်လာသည်။ သူ့မိန်းမလည်း ကြေကွဲခံစားနေရသည်။ နောက်ထပ် မကြည့်ရန် သူ့အသက်တာကို ကွယ်ကာရန် သူသန္နိဌာန်ချလိုက်သည်။ သို့သော် အရမ်းနောက်ကျနေပြီလားဟု သူစိတ်ပူမိသည်။ ‘သူ့အိမ်ထောင်ရေးကို အဖတ်ဆည်၍ ရပါဦးမည်လား။ သူလွတ်မြောက်ပါမည်လား။ အကြွင်းမဲ့အပြစ်လွှတ်ခံရမည်လား။’

ကျွန်ုပ်တို့၏ရန်သူဖြစ်သော မာရ်နတ်သည် ဖြားယောင်းသွေးဆောင်မှုကို “လူတိုင်းလုပ်နေတာပဲ။ ဘာမှမဖြစ်ပါဘူး”ဟု အရေးမကြီးသကဲ့သို့ ပုံဖမ်းပြတတ်သည်။ သို့သော် ကျွန်ုပ်တို့ သူ့ထောင်ချောက်မိသွားသည်နှင့် “အရမ်းနောက်ကျသွားပြီ၊ မင်းလွန်သွားပြီ။ မင်းအခုမျှော်လင့်ချက်မရှိတော့ဘူး” ဟု သူက အချိုးပြောင်းတော့သည်။

ကျွန်ုပ်တို့ကို ဝိညာဥ်ရေးဆိုင်ရာတိုက်ပွဲ၌ ဖျက်ဆီးနိုင်ရန် ရန်သူသည် ဘာမဆို ပြောလိမ့်မည်။ ရှင်ယေရှုက “မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူ့အသက်ကို သတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည်…

အလင်းဖြစ်စေ

ကျွန်မသမီးလူမမည်အရွယ်က သူမ မရင်းနှီးသေးသောအရာများကို လက်ညှိုး ထိုးပြ (သို့) ထိကိုင်ခွင့်ပေးပြီး ကျွန်မက နာမည်များကို ပြောပြလေ့ရှိသည်။ သူမ စူးစမ်းနေသောကမ္ဘာကြီးကို နားလည်စေရန်နှင့် ဝေါဟာရကြွယ်ဝစေရန် ဖြစ်ပါ သည်။ ကျွန်မနှင့်ကျွန်မခင်ပွန်းတို့က သမီးလေး၏ပထမဆုံးစကားလုံးသည်မေမေ (သို့) ဖေဖေ ဖြစ်မည်ဟု ထင်ခဲ့မျှော်လင့်ခဲ့ကြသော်လည်း သမီးလေးက ကျွန်မတို့ကို အံ့အားသင့်စေခဲ့သည်။ တစ်ရက်တွင် သမီးလေး၏နှုတ်ခမ်းသေးသေးလေးမှ ‘ဒိုက်’ (dight)ဟု တိုးတိုးရေရွတ်ခဲ့သည်။ သမီးလေးကို ကျွန်မ ပြောလိုက်သည့် ‘လိုက်’(light-အလင်း) ဟူသောစကားလုံးကို သံယောင်လိုက်၍ အသံထွက်မှားခြင်း ဖြစ်ပါသည်။

‘အလင်း’သည် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏ ပထမဆုံးစကားဖြစ်သည်။ ဘုရားသခင်၏ဝိညာဥ်တော်သည် မှောင်မိုက်ဖုံးလွှမ်း၍ အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်နေသည့် မြေကြီးအပေါ် လှုပ်ရှားနေစဥ် ဘုရားသခင်က “အလင်းဖြစ်စေ” (က ၁:၃) ဟုအမိန့်တော်ရှိ၍ အလင်းကို ဖန်ဆင်းခဲ့သည်။ အလင်းကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍ ကျမ်းစာမှလည်း ၎င်းကိုသက်သေထူနေပါသည်။…