
အနည်းငယ်နှင့်အစပြုခြင်း
၁၈၈၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည့် Brooklyn Bridge (ဘရွတ်ကလင်း တံတား)သည် “အဌမမြောက် ကမ္ဘာ့အံ့ဘွယ်”အဖြစ် သတ်မှတ်ခြင်းခံရသည်။ သို့သော် တံတားတစ်စင်းမှတစ်စင်းသို့ သွယ်တန်းသော ကျစ်လစ်သောဝါယာကြိုးမျှင်သည် တံတားကြီးအတွက် အလွန်အရေးပါသောအရာဖြစ်သည်။ ပထမဝါယာကြိုးမျှင်တွင် နောက်ထပ်ဝါယာသုံးမျှင်ကို ထပ်ပြီး ခိုင်မာသောကြိုးဖြစ်လာသည်အထိ ယက်လုပ်ထားသည်။ ထို့နောက် သွပ်ရည်စိမ် သံကြိုးမျှင်ပေါင်း ငါးထောင်ကျော်ကို ထပ်ပိုး သွယ်တန်းခြင်းဖြင့် ယနေ့တွေ့ရသော ရှည်လျားခိုင်ခန့်သော တံတားတစ်စင်း ဖြစ်လာသည်။ သေးငယ်သောအရာဖြင့် အစပြုခဲ့သည့်အရာသည် ခိုင်ခန့်ကြီးမားသော ဘရွတ်ကလင်းတံတား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သခင်ယေရှု၏ဘဝသည် သေးနုပ်သောအရာမှ စတင်ခဲ့သည်။ မြို့ငယ်လေးတွင် ဖွားမြင်ပြီး၊ နွားစားခွက်တွင် သိပ်ထားခံရလျက် သူငယ်တော်၏ဘဝ အစပြုခဲ့သည် (လု ၂:၇)။ ပရောဖက်မိက္ခာက “အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း ဣသရေလအမျိုးကို အုပ်စိုးသောသခင်သည် ငါ့အဖို့ သင်၏အထဲမှာပေါ်ထွန်းလတံ့” (မိ…

ဝမ်းမြောက်ခြင်းကို ရွေးချယ်ပါ
ကိသ်သည် စူပါမားကက်၏သစ်သီးနှင့်ဟင်းသီးဟင်းရွက်တန်းသို့ စိတ်ဓာတ်ကျလျက် စိတ်လက်မပါဘဲ တစ်လှမ်းချင်း လှမ်းသွားနေသည်။ ပါကင်ဆန် စိတ်ရောဂါ (Parkinson’s disease)၏ ပထမဆုံးလက္ခဏာဖြစ်သည့် လက်တုန်ခြင်းကို သူခံစားနေရသည်။ “မည်မျှအကြာတွင် သူ၏ဘဝအရည်အသွေးအဆင့် လျှောနိမ့်သွားမည်နည်း။” “သူ့ဇနီးနှင့်သူ့ကလေးများသိလျှင် မည်သို့ခံစားရမည်နည်း။” ရယ်မောသံတစ်ခုက ကိသ်ကို ပို၍စိတ်ဓာတ်ကျစေသည်။ အာလူးတန်းအနီးတွင် ဖခင်တစ်ဦးက ဘီးတပ်ကုလားထိုင်ပေါ်မှ တခစ်ခစ်ရယ်နေသည့် သားငယ်ကို တွန်းလာကာ ကိုယ်ကိုကိုင်းညွတ်ပြီး ပြုံးပျော်နေသောသားကို တီးတိုးစကားပြောနေသည်။ သားလေးသည် ကိသ်ထက် သိသိသာသာ ပိုဆိုးသောအခြေအနေရှိသော်လည်း သူတို့သားအဖသည် ကြံဖန်လျက် ဝမ်းမြောက်ပျော်ရွှင်နေကြသည်။
သူ့အပေါ် ချမှတ်မည့်တရားစီရင်ချက်ကို စောင့်ဆိုင်းရင်း ထောင်တွင်းမှ (သို့) အကျယ်ချုပ်အကျဥ်းကျခံရစဥ် စာရေးသားပေးပို့ရာ၌ ရှင်ပေါလုအတွက် ဝမ်းမြောက် စရာအကြောင်းမရှိဟု ထင်ရသည် (ဖိ ၁:၁၂-၁၃)။ ဧကရာဇ်မင်းနီရိုသည် အလွန်ကောက်ကျစ်ပြီး ရက်စက်သောဂုဏ်သတင်းဆိုးဖြင့် နာမည်ကျော်နေသောကြောင့် ရှင်ပေါလုအနေဖြင့် စိုးရိမ်စရာဖြစ်သည်။ သူ့နောက်ကွယ်တွင် အခွင့်ကောင်းယူပြီး သူတို့၏ဂုဏ်သတင်းကျော်ကြားရန် ဟောပြောနေသူများရှိကြောင်းကိုလည်း…