လ - ဧပြီ 2025

နေ့ - ၆ - နှစ်ချို့အကြွေး

ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၈-၃၇

ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို
ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ - ရှင်ယောဟန်ခရစ်ဝင် ၁၉:၃၀

၂၀၁၄ ခုနှစ်တွင် ပေါင်၂.၆ ဘီလီယံ ခန့်ရှိသည့် ရှေးနှစ်များစွာက အကြွေးများကို…

“Pastry”မုန့် စစ်ပွဲ

တိုင်းနိုင်ငံများကို စစ်ဖြစ်စေသည့် မိုက်မဲသည့်အရာများအနက် မုန့်ကြောင့် စစ်ဖြစ်ခြင်းက အဆိုးဆုံးဖြစ်နိုင်ပါသလား။ ၁၈၃၂ ခုနှစ်တွင် ပြင်သစ်နှင့်မက်ဆီကိုတို့ တင်းမာမှုများကြားတွင် မက်စီကိုစစ်တပ်မှ အရာရှိတစ်ဖွဲ့သည် မက်ဆီကိုမြို့ရှိ ပြင်သစ်မုန့်ဆိုင်သို့ သွားရောက်ကာ မုန့်ဖုတ်သမား၏ ကုန်ပစ္စည်းအားလုံးကို ငွေမရှင်းဘဲ ယူခဲ့ကြသည်။ အသေးစိတ်အချက်အကြောင်းအရာများက ရှုပ်ထွေးသော်လည်း (အခြားရန်စမှုများက ပြဿနာများကို ပိုကြီးစေသည်)။ ရလဒ်မှာ ပထမဆုံးအကြိမ် ပြင်သစ်နှင့်မက်ဆီကိုတို့ စစ်ဖြစ်ပြီး(၁၈၃၈-၃၉)၊ “မုန်ညှက်ဖြင့် ပြုလုပ်သောမုန့် -Pastry”စစ်ပွဲဟု ထင်ရှားသည့် စစ်ပွဲတွင် စစ်သား သုံးရာကျော် သေဆုံးခဲ့သည်။ ဒေါသစိတ်၏လှုံ့ဆော်မှုကြောင့် စစ်ဖြစ်ခဲ့ခြင်းက ဝမ်းနည်းစရာ ဖြစ်သည်။

အိမ်ထောင်ရေးပြိုကွဲခြင်းနှင့် ခင်မင်ရင်းနှီးမှုဆက်ဆံရေးပျက်ခြင်း စသည့် လူသား၏ပြဿနာအများစုသည် ပုံစံအမျိုးမျိုးဖြင့် အမျက်ဒေါသကို မထိန်းနိုင်ခြင်းသဘော၌ အမြစ်တွယ်လာဖွယ်ရှိသည်။ တစ်ကိုယ်ကောင်းဆန်မှုနှင့် အာဏာပြမှု၊ နားလည်မှုလွဲမှားခြင်းကို မဖြေရှင်းခြင်း၊ အနည်းငယ်သော တန်ပြန်ရန်လိုမှု- ထိုအရာ အားလုံးသည် မိုက်မဲမှုဖြစ်သည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့၏မှားယွင်းသော ခံယူချက်…

နေ့ - ၅ - ရေငတ်သည်

ယနေ့ဖတ်ရန်ကျမ်းစာ |  ရှင်ယောဟန်ခရစ်ဝင် ၄:၅-၁၄

“ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။” - ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၈

မက္ကဆီကိုနိုင်ငံ ကျေးလက်ဒေသမှ ရွာတစ်ရွာရှိ လူမျိုးတစ်စုသည် ရိုးရှင်းပြီး အရေးကြီးသော ရေသန့်စင်စနစ်ကို လာရောက်တပ်ဆင်ပေးမည့် လူမှုကူညီရေး…

ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း

ဖြစ်ရပ်မှန်များကို ပုံဖော်ထားသည့် The Courier ရုပ်ရှင်တွင် အဓိကဇာတ်ကောင် ဂရေးဗီးလ်(Greville)သည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုချရန်ကိစ္စနှင့် ရင်ဆိုင်ခဲ့ရသည်။ သူနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးမှာ အဖမ်းခံရမည်ဖြစ်ပြီး၊ အလွန်ကြမ်းတမ်းသော ထောင်ဒဏ်ကို ရင်ဆိုင်ရဖွယ်ရှိကြောင်းကို သူသိလိုက်ရသည်။ ဂရေးဗီးလ်သည် နိုင်ငံတွင်းမှ ချက်ချင်းထွက်ပြေးပြီး သူ့သူငယ်ချင်းနှင့် ပတ်သက်မှုမရှိကြောင်းကို ငြင်းဆိုပါက ထိုကံကြမ္မာမှ သူ့ကိုယ်သူ ကယ်တင်နိုင်မည်ဖြစ်သည်။ သို့သော် သနားကရုဏာစိတ်ဖြင့် ဂရေးဗီးလ်သည် သစ္စာရှိစွာဖြင့် နိုင်ငံမှ ထွက်ခွာရန် ငြင်းဆန်ပြီး သူ့သူငယ်ချင်းနှင့်ထပ်တူ ညှဥ်းဆဲခြင်းဝေဒနာကို ခံစားရလျက် ထောင်ကျခဲ့သည်။ သူတို့ တစ်ဦးနှင့်တစ်ဦးအပေါ် သစ္စာမဖောက်ကြပါ။ အဆုံး၌ ဂရေးဗီးလ်သည် ချည့်ချည့်နဲ့နဲ့နှင့် လွတ်မြောက်ခဲ့သော်လည်း၊ သစ္စာရှိပြီး စစ်မှန်သော အဖော်ဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။

နောမိသည် ထိုကဲ့သို့သော မိတ်ဆွေမျိုး လိုအပ်ခဲ့သည်။ သူမ၏ခင်ပွန်းနှင့် သားများ ကွယ်လွန်သောအခါ၊ သူသည် ခိုးကိုးရာမဲ့ဘဝသို့ ရောက်ရှိခဲ့ပြီး ရှည်လျားသော ဇာတိမြေသို့…

နေ့ - ၄ - မည်သည့်အခါမှ မစွန့်ပစ်ပါ

ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်မဿဲခရစ်ဝင် ၂၇:၄၅-၅၀

သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ - ရှင်မဿဲခရစ်ဝင် ၂၇:၄၆

နာတာရှည်ရောဂါဖြင့်…

နေ့ - ၃ - ဂရုပြုစောင်မသောစကားတစ်ခွန်း

ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၅-၂၇

‌(ယေရှုက)...မယ်တော်အား“အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍ လည်းကောင်း၊
တပည့်တော်အားလည်း သင်၏အမိကို ကြည့်ပါဟူ၍ လည်းကောင်း မိန့်တော်မူ၏။  - ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၆-၂၇

ကျွန်မမိဘများ၏ နှစ် ၄၀ မြောက် မင်္ဂလာနှစ်ပတ်လည်ပွဲကျင်းပပြီးစီး၍မကြာမီမှာပင် ကျွန်မဖခင်ကွယ်လွန်သွားရာ၊ အမေ့ခမျာ…

ဧဝံဂေလိတရားအရင်းအမြစ်များကို မျှဝေခြင်း

ချီကာဂိုမြို့လယ်တွင် ကျင်းပခဲ့သော ခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာနေရာနှင့် နေရာထိုင်ခင်းတို့သည် ကျွန်တော်တို့ ထိုနေရာသို့သွားရာလမ်းတွင် ကြုံတွေ့ခဲ့ရသော ဆင်းရဲခြင်းကပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်း၌ အခြေခံလိုအပ်ချက်ဖြစ်သည့် စားနပ်ရိက္ခာနှင့် အမိုးအကာများပင်မရှိသည့်လူများပါဝင်သည်။ ထိုကွဲပြားမှုများက မြို့နှင့် အခြားနေရာများတွင် အမှုတော်ဆောင်ရန် ကျွန်တော်တို့၏ ရူပါရုံစီမံကိန်းရေးဆွဲရာတွင် - ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းသတင်းတရားကို ဖြန့်ဝေရာ၌ ဘုရားရှင်ပြင်ဆင်ပေးသည့် အထောက်အကူဖြစ်သည့် အရာမှန်သမျှ- ဧဝံဂေလိတရားအရင်းအမြစ်များကို ရယူကာ အလိုအပ်ဆုံးသော နေရာများဆီသို့ ရောက်ရှိ‌စေရေးဟူသည့် ပါဝင်သင့်သော လိုအပ်ချက်များကို ရှင်းလင်းစွာ ပြောဆိုနိုင်ရန် မစပေသည်။

ရှင်ပေါလုသည် သခင်ယေရှုကို ယုံကြည်သူရောမမြို့သားများထံ စာရေးသော အခါ ၎င်းတို့ထံ သူသွားချင်သောဆန္ဒရှိသော်လည်း မရောက်ဖူးသေးပါ။ “သင်တို့ သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့…