အောက်တိုဘာလခေါင်းစဥ် | ဝိညာဉ်ပကတိအသီးအပွင့်

သခင်ယေရှုကို ယုံကြည်သူတစ်ဉီးသည် ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းနှင့် အတ္တ အလိုဆန္ဒနောက်လိုက်ပါခြင်း၏ ဆက်တိုက်ဆွဲအားများကြားတွင် ရုန်းကန်နေရသည်။ ဤပြဿနာကို ဖြေရှင်းရန် နည်း (၂) နည်းသာ ရှိသည်။ ပထမတစ်နည်းမှာ သေလိုက်ပြီး ဘုရားသခင်ထံ ဘုန်းတော်ဝင်စားရန်ဖြစ်သည်။ ဒုတိယနည်းမှာ ရုန်းကန်ရမှုကို အလျော့ပေးပြီး ဇာတိအလိုေနောက်လိုက်ပါရန်ဖြစ်သည်။ ဒုတိယနည်းကိုဖြင့် ကျွန်ုပ်တို့ရှောင်ကြဉ်ရမည်။

အပြစ်တန်ခိုးတော်အောက်၌ ကျွန်ုပ်တို့ရှိမနေတော့ခြင်းကြောင့် ဇာတိကို ဆန့်ကျင်သောတိုက်ပွဲသည် မျှော်လင့်ချက်မဲ့ မဟုတ်ပါ။ ရောမသြဝါဒစာ ၆ တွင် အပြစ်ဒုစရိုက်သည် ကျွန်ုပ်တို့ကို အစိုးမရတော့သည့်အကြောင်းရင်းကို ရှင်ပေါလုက ရှင်းပြထားသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူသေလျှင် အပြစ်ဒုစရိုက်မှလွတ်မြောက်ခွင့် ရပြီးဖြစ်သည် (:၇)။ အပြစ်ဒုစရိုက်သည် ကျွန်ုပ်တို့ကို အစိုးမရတော့သည်မှာ မှန်သော်လည်း (:၁၄)၊ အပြစ်၏ ဆွဲဆောင်မှုနှင့်တန်ခိုးက အမှန်တကယ်ရှိနေသည်။ သို့သော် အပြစ်၏ဆွဲဆောင်မှုနောက်သို့ ကျွန်ုပ်တို့လိုက်ပါသွားရန် မလိုပါ။

တစ်ချိန်က အပြစ်ဒုစရိုက်သည် ကျွန်ုပ်တိုကိုအုပ်စိုးသော်လည်း ယခု ကျွန်ုပ်တို့သည် ခရစ်တော်၌ အပြစ်၏ကျေးကျွန် မဟုတ်တော့ပါ။ ကျွန်ုပ်တို့၏သခင်ဟောင်း (အပြစ်နှင့် ဇာတိပကတိ)နှင့် ဝိညာဉ်တော်ကြားတွင် ဖိအားများနှင့် ကျွန်ုပ်တို့ ဘဝအသက်ရှင်သန် ကြရသည်။ ကျွန်ုပ်တို့သည် ယခုတွင် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်သောကြောင့် ဝိညာဉ်တော်ကို အစဥ်ဆက်လက်ရွေးချယ်ရန် ဖြစ်သည်။

ဒုတိယအချက်မှာ ဇာတိပကတိကို ဆန့်ကျင်သောတိုက်ပွဲသည် မျှော်လင့်ချက်မဲ့ မဟုတ်ပါ။ တစ်နေ့တွင် တိုက်ပွဲအဆုံးသတ်လိမ့်မည်။ ဧဖက်သြဝါဒစာ ၁:၁၃-၁၄ တွင် ရှင်ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်ကိုယုံကြည်ပြီး ကိုယ်တော်နှင့်သက်ဆိုင်ကြောင်းပြရန် သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။ ဝိညာဉ်တော် သည် ကျွန်ုပ်တို့အနာဂတ်၏သက်သေ ဖြစ်သည်။ ဝိညာဉ်တော်နှင့်ပြည့်ဝသူတို့သည် တစ်နေ့သောအချိန်တွင် အသစ်သောထမြောက်သောခန္ဓာဖြင့် ပြီးပြည့်စုံစွာ ပြောင်းလဲပြီး၊ အပြစ်ဒုစရိုက်နှင့် အကြွင်းမဲ့ ကင်းရှင်းကြမည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့သိရှိသည်။

ကျွန်ုပ်တို့၏အသက်တာများ၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်တည်ရှိခြင်းသည် အပြစ်ဒုစရိုက်၊ ဆင်းရဲဒုက္ခနှင့် အကျိုးနည်းခြင်းများ ကင်းမဲ့သည့် ဘုန်းတော်အသရေနှင့်ပြည့်သော၊ ဘုန်းတော်ထင်ရှားသော ဘုရားသားသမီးများ၏အနာဂတ်ကို ပြညွှန်နေတော့သည်။

<<ယခင်လစာမူ ပြန်ဖတ်ရန်